အချိန်တွေကတော့ တရက်ပြီးတရက် တပါတ်ပြီးတပါတ်
တလပြီး တလ ကုန်လာခဲ့ပြီ.....
အချိန်တွေသာပြောင်းသွားခဲ့ပေမယ့်..
ကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ ဖြစ်နေကြ ပြသာာနာတွေကတော့
မပြောင်းလဲသွားခဲ့ပါဘူး....
ဖြစ်မြဲဖြစ်နေဆဲပါပဲ.... နောက်လဲဖြစ်နေဦးမယ်ထင်တာပါပဲ...
တခါပြသာနာဖြစ်လိုက်တိုင်း တခါ တော်တော်ကိုဆိုးပါတယ်....
အဲ့ဒီလို ပြသာနာတွေကို မဖြစ်စေချင်လို့ နှစ်ယောက် သေသေချာချာ တိုင်ပင်တာလဲ
မနည်းတော့ပါဘူး...
ဒါပေမယ့် အခြေအနေ အချိန်အခါ အရ ကံကြမ္မာကပေးလာတဲ့ ပြသာာနာတွေကို
မဖြေရှင်းနိုင်ခဲ့ဘူး....
ဒီလိုနဲ့ ကောင်မလေးနဲ့ကောင်လေး အရင်ကလိုပါပဲ ပြသာနာတွေပုံမှန်ဖြစ်ရင်း
ပြန်ချစ်ရင်းနဲ့ သူတို့ရဲ့ ချစ်ခြင်းနေ့တွေကို အသက်ဆက်နေကြပါတယ်....
ပြသာနာဖြစ်တိုင်း များသောအားဖြင့်ထည့်မရေးတတ်ခဲ့ပါဘူး...
ဒါပေမယ့် ဒီတခါဖြစ်တဲ့ ပြသာနာက အရင်ကနဲ့မတူဘူးထင်လို့ ရေးမှာပါ...
အရင်ကထက်လဲဆိုးပါတယ် ဖြစ်သမျှထဲမှာ အဆိုးဆုံးလို့ပြောရမလားမသိပါဘူး...
အဲ့ဒီနေ့ မနက် ကောင်မလေးရဲ့ အလုပ်သွားချိန် မှာ
ဖုန်းပြောဖြစ်ခဲ့တာပေါ့...
မနက်နေအရမ်းပူတော့ ကောင်ငမလေးက ပူတာကိုအရမ်းမုန်းတဲ့သူလေ
နေပူလေလေ ကောင်မလေးက တယောက်ထဲဒေါသတွေထွက်လေလေပါပဲ
ကောင်လေးကလဲ ကောင်မလေး ဒေါသထွက်နေမှန်းသိပါတယ်
ဒါကြောင့် ကောင်မလေး စိတ်ပြောင်းသွားအောင်
ကောင်မလေးကို စလိုက်နောက်လိုက် လုပ်နေတာပေါ့
ဒါပေမယ့် ကံဆိုး ချင်တော့ ကောင်လေးပြောနေတာကို ကောင်မလေးက
ကောင်း ကောင်းမကြားရဘူးဖြစ်နေတယ်
နဂိုကမှဒေါသထွက်နေတဲ့ ကောင်မလေး အဲ့ဒီလိုဖြစ်တော့ ဒေါသတွေပိုထွက်လာပြီး
ကောင်လေးကို အော်လိုက်မိတယ်....
ကောင်လေးကလဲ စိတ်ထဲမှာချက်ချင်း တင်းသွားတယ်...
ကောင်မလေး ကို ပျော်စေချင်လို့ စိတ်ပြောင်းသွားဖို့ စနေနောက်နေတာကို
အအော်ခံလိုက်ရတော့ စိတ်ထဲတင်းသွားတာပေါ့....
ဒါနဲ့ ကောင်မလေးကို ပြောလိုက်တယ်...
ဒေါသတွေ ဒီဖက်လှည့်လာတော့မယ်ထင်တယ် အခြေအနေမကောင်းဘူးလို့
ပြောလိုက်တော့ ကောင်မလေးက နေအရမ်းပူနေလို့ပါတဲ့
ရပါတယ်လို့ပြန်ပြောတယ်.....
ကောင်လေးက ဆက်ပြောလို့ဖြစ်သေးရဲ့လားလို့ မေးလိုက်တော့
ကောင်မလေး အရမ်းကိုဒေါသထွက်သွားတယ်....
ရပါတယ်ပြောနေရင်းနဲ့ ပြောလို့ဖြစ်သေးလားလို့မေးရမလားဆိုပြီး
ကောင်မလေးရဲ့ ဒေါသအားလုံး ကောင်လေးပေါ်ရောက်သွားတော့တယ်
ကောင်လေးကို ဒေါသသံတွေနဲ့ အော်လိုက် ပြောလိုက် လုပ်တော့တာပေါ့
ကောင်လေး ကောင်မလေး ကို အေးအေးဆေးဆေးပြန်ပြောပါသေးတယ်
ကောင်ငမလေးကို ဒေါသတွေလျော့ဖို့ စိတ်တွေလျော့ဖို့ပြန်ပြောပါတယ်
ဒါပေမယ့် မရပါဘူး ကောင်မလေး ဒေါသတွေက အထွတ်အထိပ်ကိုရောက်နေပြီဆိုတော့
နဲနဲမှမလျော့ခဲ့ဘူး.....
ကြာတော့ ကောင်လေး လဲ စိတ်တိုလာပြီး......
ကောင်မလေးကိုပြန်အော်လိုက်မိတယ်......
ပြီးတော့ဖုန်းချသွားတယ်......
ဒီလို ကောင်မလေးနဲ့ ကောင်လေး တို့ ပြသာာနာတခုကို အစဖော်ပြီး
ဖုန်းချသွားလိုက်တာ....
အဲ့ဒီပြသာနာရဲ့ နောက်ဆက်တွဲကို နှစ်ယောက်လုံး မစဥ်းစားခဲ့ကြဘူး.........
ဒီလိုနဲ့.....
ကောင်လေးလဲအရမ်းစိတ်တိုသွားပြီး ပြန်အိပ်လို့မရတော့ဘူး
မနက် ၇ နာရီခွဲလောက်မှ အိပ်ပျော်သွားခဲ့တယ်
တညလုံးလဲမအိပ်ရသေးတော့ လုံးဝမနှိုးတော့ပဲ အိပ်ပျော်သွားတယ်
ကောင်မလေးရဲ့ရုံးဆင်းချိန်တောင် ကောင်လေး မနှိုးတော့ပါဘူး
ဒါကြောင့် ကောင်မလေးဆီဖုန်းမဆက်လိုက်နိုင်ဘူး
ကောင်မလေး အိမ်ပြန်ရောက်လာတဲ့ အထိ ကောင်လေး မနှိုးခဲ့ဘူး....
ကောင်မလေးကလဲ ဒေါသထွက်ပြီးစိတ်တိုနေခဲ့တော့....
ပြန်ရောက်ရောက်ချင်း အရင်က ကောင်လေး အမြဲစောင့်နေကြ
အခုကောင်လေးကိုမတွေ့တော့ ပိုဆိုးသွားပြီး....
ကောင်လေးကို ဘယ်တော့မှမတွေ့စေရဘူး တသက်လုံးအတွက် နှုတ်ဆက်ပါတယ်လို့
စာရေးခဲ့တယ်...
ကောင်လေး နှိုးလာတော့ ... အဲ့ဒီစာကိုတွေ့တာနဲ့
ချက်ချင်း ကောင်မလေးဆီကို ဖုန်းခေါ်တယ်..
ဒါပေမယ့် ကောင်မလေးက ဖုန်းမယူသွားခဲ့ဘူး...
ဖုန်းကို အခန်းထဲမှာ ထည့်ထားခဲ့တယ်...
ကောင်လေး ခနခန ခေါ်တယ် ဖုန်းမကိုင်တော့
ကောင်လေးရဲ့ မနက်က ဒေါသတွေကပြန်ဖြစ်လာပြီး
ပြန်စိတ်တိုလာတယ်...
အဲ့ဒီမှာ နှစ်ယောက်စလုံး ဒေါသကိုယ်စီနဲ့ ပြန်ဖြစ်သွားတာပေါ့.....
ဒီလိုနဲ့ ကောင်မလေး အိမ်ကိုပြန်ရောက်လာတော့
ကောင်လေး ဖုန်းဆက်ပြီး ကောင်မလေးကို ဘယ်သွားနေတာလဲဘာလုပ်နေတာလဲမေးတော့တာပေါ့
ကောင်မလေးကလဲ အလုပ်ကိစ္စ္စတခုနဲ့ သွားနေရတဲ့အကြောင်းပြောပြတယ်
အေးအေးဆေးဆေးပြောပြတာပါပဲ...
ဒါပေမယ့် ကောင်လေးကလဲ စိတ်တိုနေပြီဆိုတော့
အခြေအနေက မအေးဆေးခဲ့ဘူး....
ဒီလိုနဲ့ မပြေမလည်စကားတွေပြောနေရင်း
တယောက်နဲ့ တယောက် အခြေအတင် စကားတွေများလာလိုက်တာ
အဆိုးဆုံးအခြေအနေတခုကိုရောက်သွားခဲ့တယ်.....
ကောင်လေးက ကောင်မလေးကို မေးတယ်
ချစ်သေးရဲ့လားလို့ မေးတော့ ......
ကောင်မလေး ကလဲ မချစ်ဘူးဆိုရင် ဘာဖြစ်မှာလဲတဲ့...
ကောင်လေးကလဲ သိချင်ရင် မချစ်ဘူးလို့ ပြောကြည့်လိုက်လို့ ပြန်ပြောလိုက်တယ်
ကောင်မလေးကလဲ ချက်ချင်းပဲ မချစ်ဘူး တဲ့....
အဲ့ဒီလိုလဲပြောလိုက်ရော ကောင်လေးရဲ့စိတ်ထဲမှာ
စိတ်မကောင်းသလိုလို စိတ်ထဲမှာ တခုခုလွတ်သွားသလိုလို
တခုခုကိုဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရတယ်...
ကောင်မလေးကတော့ဘယ်လိုခံစားချက်နဲ့ပြောလိုက်လဲမသိပါဘူး
ကောင်လေးဖက်ကတော့ တော်တော်ထိသွားပါတယ်...
ကောင်မလေးရဲ့ အဲ့ဒီမချစ်တော့ဘူးဆိုတဲ့ စကားကြားပြီးတာနဲ့
ကောင်လေးချက်ချင်းကိုအေးစက်စက်ဖြစ်သွားခဲ့တယ်...
ဒါကြောင့်ပဲလားတော့ မသိပါဘူး အခြေအနေက ပိုဆိုးသွားခဲ့တယ်
နောက်ဆုံး အဆိုးဆုံး အခြေအနေတခုကို ကောင်မလေး နှုတ်ခမ်းတစုံက
ပြောထွက်လာတယ်.......
မေ့လိုက်ပါတော့ တဲ့...........
အဲ့ဒီလိုပြောပြီး ကောင်မလေး ချက်ချင်း ဖုန်းချသွားတယ်.....
တနေ့လုံး ပြသာတွေဖြစ်နေခဲ့ တာ
နောက်ဆုံး အခြေအနေတခု တောင် ရောက်လာတဲ့ဖြစ်သွားတော့
ကောင်လေး ဘယ်လိုမှမခံနိုင်ဘူး...
ကောင်မလေး ကိုချက်ချင်းဖုန်းပြန်ခေါ်ပြီး...
ပြန်မေးတယ်....
ကောင်မလေး အသက်ရှူတွေကြပ်နေပြီလေ....
ကောင်လေးကလဲ ကောင်မလေးအသက်ရှူကြပ်နေတာကိုသိသိကြီးနဲ့
ဘာမှဂရုမစိုက်ပဲ လိုချင်တာကိုပဲ ရအောင်မေးပြီး
ပြောချင်တာတွေပဲ ပြောနေလိုက်မိတယ်...
ကောင်မလေး စကားတောင်ပြန်မပြောနိုင်လောက်အောင်
အသက်ရှူတွေကြပ်လာခဲ့တယ်...
ကောင်မလေးအသက်ရှူကြပ်နေတာနဲ့ ပတ်သက်ပြီး
ကောင်လေး တခွန်းမှမပြောခဲ့ဘူး....
နောက်ဆုံး ကောင်မလေးလဲလုံးဝ မခံနိုင်တော့လို့
ခနလေး သက်သာသွားအောင်နေပါရစေ
ပြီးမှပြန်ပြောမယ်ဆိုပြီး....ဖုန်းချသွားခဲ့တယ်....
ဒီလိုနဲ့ ကောင်မလေး သက်သာလာတော့ .. ကောင်လေးကိုပြန်ခေါ်ပြီးပြောတာပေါ့
မေ့လိုက်ပါတော့ ဆိုတဲ့ စကားကမပြောင်းသွားပါဘူး...
ပိုဆိုးလာတာပါပဲ....
မေ့လိုက်ပါတော့တဲ့
နောက်ထပ်ကောင်မလေး တယောက်ထပ်ရှာပေါ့တဲ့...
နေနိုင်နေတာပဲတဲ့.....
အဲ့ဒီလိုစကားတွေပြောထွက်လာတယ်.....
ကောင်လေး ဘယ်လိုမှနေလို့မရတော့ဘူး..... တခါမှလဲ ကောင်မလေးနဲ့လမ်းခွဲဖို့မစဉ်းစားဖူးဘူး
ကောင်မလေးကို အမြဲတမ်းချစ်နေမယ်... ကောင်မလေးနဲ့ ဘယ်တော့မှမခွဲရဘူးလို့
ကောင်လေးစိတ်ထဲမှာ စွဲနေခဲ့တာလေ......
ဒေါသတွေနဲ့ စိတ်တိုနေတာတွေ မာနတွေအားလုံးဘေးမှာထားပြီး
ကောင်မလေးကို တခုချင်း အေးအေးဆေးဆေးနဲ့ ပြန်ရှင်းပြတယ်...
ပြန်ဆွေးနွေးတယ်...ပြန်တိုင်ပင်တယ်..
ကောင်မလေး ဖက်ကလက်ခံခဲ့ပါတယ်...
ဘယ်လိုစိတ်မျိုးနဲ့ လက်ခံခဲ့တယ်ဆိုတာတော့ ကောင်လေးမသိနိုင်ပါဘူး...
စိတ်ထဲမှာဒဏ်ရာတခုခုရှိလျှက်နဲ့ ဘာမှမဖြစ်ချင်ဟန်ဆောင်ပြီး
ပြန်လက်ခံခဲ့တာလား....
ဒါမှမဟုတ် တကယ်ပဲ နားလည်နိုင်လို့ ပြန်လက်ခံခဲ့တာလားတော့မသိပါဘူး...
ကောင်မလေးရဲ့ စိတ်ထဲမှာဒဏ်ရာ တခုခုကျန်နေပြီး
ပြန်လက်ခံတာမျိုးတော့ ကောင်လေး မဖြစ်စေချင်ဘူး.....
အခုတော့ ကောင်မလေးရီရီပြုံးပြုံး နဲ့ စကားတွေပြန်ပြောနေပါပြီ
ဒါပေမယ့် ကောင်မလေးရဲ့ စိတ်ထဲမှာရော ရီရီပြုံးပြုံးနဲ့ပျော်နေရဲ့လား
ကောင်လေးအရမ်းသိချင်ပါတယ်.....
ဒါပေမယ့် ကောင်လေး သိချင်လို့ ကောင်မလေးကို မေးရင်
သေချာတဲ့ အဖြေကတော့ ပျော်ပါတယ်လို့ပြောမှာပါ....
ကောင်မလေးရေ..............
စိတ်ထဲမှာ ဒဏ်ရာ တွေကိုမွေးမထားပါနဲ့...........
စိတ်ထဲမှာ ရှိနေတာကို ပြောပြပေးပါလား....................
အခု ဒီလိုပြသာနာ ကို မရေးဘူးလို့ စဉ်းစားထားပေမယ့်
ဒီမှာရေးလိုက်တဲ့ အတွက်များ......
ပြသာနာဖြစ်တဲ့အကြောင်းတွေပြန်ဖတ်ပြီး.....
နောက်ဒီလိုပြသာနာမျိုးမဖြစ်အောင် နှစ်ယောက်လုံး ရှောင်နိုင်မလားဆိုပြီး
ရေးလိုက်တာပါ..........
ဘာပဲဖြစ်ဖြစ်ပါ....... ဘယ်လိုပြသာနာတွေပဲဖြစ်ဖြစ်
ကောင်မလေးကို ကောင်လေးဖက်က မမုန်းခဲ့ပါဘူး.....
စွန့်လဲမစွန့်လွှတ်နိုင်ခဲ့ပါဘူး.......
လမ်းလဲမခွဲနိုင်ခဲ့ပါဘူး........
အချစ်တွေလဲ မလျော့သွားခဲ့ပါဘူး.........
ဒါပေမယ့် ကောင်မလေးဖက်ကတော့..............
အချိန်တိုင်းသာ ..........
Friday, October 23, 2009
၂၁-၁၀-၀၉ (သို့) ဒဏ်ရာ
Posted by ချစ်ရသူအတွက်အမှတ်တရ at 12:51 AM 0 comments
Wednesday, October 14, 2009
၉-၇-၂၀၀၉(သို့)ချစ်ခြင်းရဲ့နေ့တွေ
ဒီနေရာကိုမရောက်ဖြစ်တာ ဘယ်နှရက်တောင်ရှိပြီမှန်းမသိတော့ဘူး
ကောင်မလေး တယောက်ကတော့ ပုံမှန်ရောက်လာပြီး စာတွေရေးပေးနေတယ်....
ဒီလိုစာတွေရေးပေးတဲ့ ကောင်မလေးကိုကျေးဇူးတင်ပါတယ်...
ဘာပဲပြောပြော ကောင်မလေးရေးလိုက်တဲ့ စာလေး တကြောင်းက
ပျော်ရွှင်မှုတွေဖန်တီးပေးတယ် ကြည်နူးမှုတွေကိုဖန်တီးပေးတယ်.....
ကောင်မလေးရဲ့စာတွေဖတ်နေရင်း ကိုယ့်ရင်ခုန်သံတွေ
ကိုယ်ပြန်ကြားရလောက်တဲ့အထိ ရင်ခုန်သံတွေပြင်းအောင်လဲ လုပ်ပေးတယ်.......အများကြီးအများကြီးပေါ့......
ကောင်မလေး ဒီလိုစာတွေရေးပေးနေပေမယ့်
ကျွန်တော် ကိုယ်တိုင် ဒီနေရာမှာ စာတွေမရေးနိုင်ခဲ့ဘူး.....
(တယောက်သောသူဖတ်ဖို့ပေါ့)
မရေးနိုင်ခဲ့တာကလဲ အခြေအနေအမျိုးမျိုးကြောင့်ပါ
ဒီရက်ပိုင်းတွေမှာ နေမကောင်းတာနဲ့
အင်တာနက်အခြေအနေမကောင်းတာနဲ့
ကောင်မလေးနဲ့ ပြသာနာတွေဖြစ်နေတာတွေကြောင့်
ဘာမှမရေးဖြစ်ခဲ့ဘူး
အခုတော့ ပြန်ရောက်လာပြီးရေးတော့မယ်..... ကောင်မလေးရေ.......
သည်းခံပြီးဖတ်ပေးပါဦး...
တကယ်လို့များ လိုတာတွေရှိ ပိုတာတွေရှိခဲ့ရင်တော့ ခွင့်လွှတ်ပေးပါလို့......
ဒီနေ့ကတော့ အရင်နေ့တွေကရေးခဲ့ဖူးတဲ့
ရင်ခုန်ခဲ့သောသင်္ကြန်နဲ့ ခိုးပြီးရင်ခုန်ဖူးသူရဲ့အဆက် ကောင်မလေးနဲ့ကောင်လေးတို့ချစ်သူတွေဖြစ်ခဲ့တဲ့အကြောင်းလေးပါ......
ခိုးပြီးရင်ခုန်ဖူးသူမှာရေးခဲ့ပြီးသား ...
ကောင်မလေး နဲ့ ကောင်လေးတို့ ရင်ခုန်သံတချို့ကြောင့်
အဆက်အသွယ်တွေပြတ်ပြီး ပြန်အဆင်ပြေလို့
စကားတွေအများကြီးပြန်ပြောဖြစ်ခဲ့တယ်.....
ဒီလိုပဲ အဆင်ပြေပြေနဲ့စကားတွေဆက်ပြောနေရင်း
ကောင်မလေး က သူ့ရဲ့ သူငယ်ချင်းတယောက်နဲ့
ကောင်လေးကို မိတ်ဆက်ပေးခဲ့တယ်လေ
ပြီးတော့ အဲ့ဒီ သူငယ်ချင်းနဲ့ပဲကောင်လေးကို ချိတ်ပေးတယ်
အောင်သွယ်ပေးခဲ့တာပေါ့....
ကောင်မလေး က တော့ အဆင်ပြေအောင် လုပ်ပေးတာပါပဲ
ဒါပေမယ့် အဲ့ဒီသူငယ်ချင်းကလဲ ကောင်လေးအပေါ်မှာ ဘယ်လိုစိတ်မှမရှိသလို ကောင်လေးကိုယ်တိုင်ကလဲ အဲ့ဒီကောင်မလေးရဲ့သူငယ်ချင်းအပေါ်မှာ
ဘယ်လိုစိတ်မျိုးမှမရှိခဲ့ပါဘူး..
အဲ့ဒီတုန်းကတော့ ကောင်မလေး က ကောင်လေးကို
"ကို" လို့မခေါ်သေးဘူး ချစ်သူတွေမှမဖြစ်သေးပဲမဟုတ်လား....
အဲ့ဒီတုန်းက ကောင်မလေး ခေါ်ခဲ့တာ ......... အရူးတဲ့
နောက်ပြီး သူ့သူငယ်ချင်းကိုလဲ အရူးမတဲ့...
အရူးနဲ့ အရူးမ စုံတွဲလို့ ပြောပြောပြီး ကောင်မလေးအရမ်းရီတတ်တယ်....
အဲ့လိုပြောပြီးရီနေရင် ကောင်လေးကလဲပြန်ပြောတတ်တယ်
အရူးမက ကောင်မလေးပါဆိုတော့ ....
ကောင်လေးက ဘာ ဆိုပြီး ဒေါသထွက်သလိုလို အသံကြီးနဲ့
သူ့သူငယ်ချင်းကိုတိုင်ပြောလိုက်ရမလား ဘာလားဆိုပြီး
ခြိမ်းခြောက်တတ်သေးတယ်....
ဒီလိုပြန်ပြောတိုင်းကောင်လေးကလဲ အားရပါးရရီတတ်တယ်
ကောင်မလေးက ကောင်လေးကို အရူးလို့ ခေါ်ပြီး
သူ့သူငယ်ချင်းကို အရူးမလို့ခေါ်တတ်သလို
ကောင်မလေးရဲ့ သူငယ်ချင်းကလဲ ကောင်မလေးကို
အရူးမလို့ခေါ်တတ်တယ်
ကောင်မလေး ကအဲ့ဒါကိုပြောပြီး အရူးမ နှစ်ယောက်ဖြစ်နေပြီတဲ့.... ကောင်လေးကအရမ်းကိုရီတာပေါ့...
ကောင်မလေးကလဲ တကယ်အရူးမ က သူ့ သူငယ်ချင်း
သူမဟုတ်ဘူးလို့ အတင်းငြင်းပြီးရီတယ်
ဒီလို အမြဲတယောက်နဲ့တယောက်
အမြဲတမ်းစလိုက်နောက်လိုက်နဲ့ ရီနေလိုက်တာ
အချိန်တွေတောင်တော်တော်ကုန်ခဲ့ပြန်တယ်.....
ကောင်လေး စိတ်ထဲမှာတော့
ဒီလိုပျော်စရာကောင်းတဲ့ အချိန်တွေ ဒီလိုရီနေရတဲ့ အချိန်တွေ
အရင်လို ထပ်ဆုံးရှုံးမှာကြောက်လို့
တယောက်ထဲ ကောင်မလေးရဲ့ အရင်ကရင်ခုန်သံတွေ
အပြီးတိုင်ပျောက်ပါစေလို့
ကြိတ်ပြီးဆုတောင်းနေတတ်တယ်
ဒါပေမယ့် ....... တနေ့မှာ တော့
ကောင်လေးဆုတောင်းမပြည့်ခဲ့ဘူးလို့ပြောရမှာလား
ကောင်မလေးရဲ့ ရင်ခုန်သံတွေအသစ်ပြန်ဖြစ်လာတယ်တဲ့လေ...
ကောင်မလေးမှာ ရင်ခုန်ရမယ့်သူရှိလာပြီတဲ့.... ကောင်မလေးရဲ့သူငယ်ချင်းကိုယ်တိုင်အဲ့ဒါတွေကိုပြောပြခဲ့တယ်....
သူနဲ့ ကောင်မလေး နဲ့ ဘာတွေပြောဖြစ်ခဲ့ကြတယ်ဆိုတာတွေ
ကောင်မလေးက သူ့ ကိုဘာတွေရင်ဖွင့်တယ်ဆိုတာတွေ အားလုံးကိုပြောပြတယ်....
ဘယ်လိုတွေပြောပြတာလဲဆိုတော့.....
ကောင်မလေးက ပြောတယ်တဲ့....
လူတယောက်ကိုချစ်မိနေပြီလားမသိဘူးတဲ့....
အဲ့ဒီလူတယောက်နဲ့တွေ့ရင် မတည့်ဘူးတဲ့
ရန်ဖြစ်နေတတ်တယ်.....
ဒါပေမယ့် အဲ့ဒီလူနဲ့မတွေ့ရပြန်တော့လဲ တွေ့ချင်နေမိတယ် ..
မျှော်နေမိတယ်တဲ့...
ပြီးတော့ အဲ့ဒီလူလာမလားဆိုပြီး တညလုံးမအိပ်ပဲ
အင်တာနက်ပေါ်မှာစောင့်နေခဲ့မိတယ်တဲ့...
ကောင်မလေး က စောင့်နေပေမယ့် အဲ့ဒီလူကမလာလို့
အရမ်းဝမ်းနည်းပြီးငိုဖူးတယ်တဲ့.....
နောက်ပြီး အဲ့ဒီလူက ကောင်မလေးကို မချစ်ဘူးတဲ့....
အဲ့ဒီလူမှာက ချစ်နေတဲ့သူရှိတယ်တဲ့......
ကောင်မလေးရဲ့သူငယ်ချင်းက
ကောင်လေး ကို အဲ့လိုတွေအားလုံးနီးပါးပြောပြတယ်
ကောင်လေးစိတ်ထဲမှာ ဘာတွေဖြစ်နေမှန်းမသိဘူး
ဒုတိယအကြိမ် ဆုံးရှုံးရပြန်ပြီလားမသိဘူးဆိုပြီး ....
စိတ်မကောင်းဖြစ်နေသလိုလို ၀မ်းနည်းနေသလိုလို.......
တခုခုကို အလိုမကျဖြစ်နေတယ်.....
ဒါကြောင့် ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲလို့
ကောင်မလေးရဲ့သူငယ်ချင်းကိုမေးကြည့်တယ် အရင်လူပဲလားပေါ့.....
အဲ့လိုမေးလိုက်တော့ သူငယ်ချင်းက မဟုတ်ပါဘူးတဲ့...
သပ်သပ်ပါတဲ့....
အရင်လူတုန်းက ကောင်မလေး ဖက်ကအဲ့လောက်မဖြစ်ခဲ့ဖူးဘူးတဲ့
ဒီတယောက်နဲ့မှဒီလိုတွေဖြစ်နေတာလို့ပြောတယ်
အဲ့ဒါနဲ့ ကောင်လေးလဲ ဘယ်သူလဲဆိုတာသိချင်လာတာနဲ့
ဘယ်သူလဲလို့ ခနခနမေးပေမယ့်
သူငယ်ချင်းကမပြောပြခဲ့ဘူး ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြန်သွားတယ်
ဒီလိုနဲ့ တရက်ပြီးတရက်ကြာလာတော့
ကောင်လေးလဲ မနေနိုင်ပဲ ကောင်မလေး ကို ကိုယ်တိုင်မေးလိုက်တယ်.....
ကောင်မလေးရဲ့သူငယ်ချင်းပြောပြတာတွေအကုန်ကောင်မလေးကိုပြောပြပြီး ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲလို့မေးတော့....
ကောင်မလေးက ပြုံးပြီးတော့ ကောင်လေးကို မပြောပြဘူးတဲ့.....
ဘာလို့မပြောတာလဲဆိုတော့....
သူကသာတဖက်သတ်ချစ်နေတာပါတဲ့ ...
ဟိုဖက်လူက သူချစ်နေတာတောင်မသိဘူးတဲ့
အဲ့ဒါကြောင့်မပြောဘူးတဲ့.....
ကောင်လေး ဘာဆက်မေးရမှန်းမသိဘူးဖြစ်သွားတယ်
ဘာလုပ်ရမှန်းလဲမသိဘူးဖြစ်သွားတယ်...
အဲ့ဒီအချိန်လောက်ကစပြီး
ကောင်မလေးအရင်လို ရီရီပြုံးပြုံးနဲ့
ပျော်ပျော်ရွှင်ရွှင်မဟုတ်တော့ဘူး မှိုင်မှိုင်တွေတွေနဲ့
တခုခု ကို ၀မ်းနည်းနေသလိုလို စိတ်တိုင်းမကျသလိုလို
စကားလဲ များများမပြောတော့ဘူး
ကောင်မလေး အဲ့လိုဖြစ်နေရင် ကောင်လေး မနေတတ်ဘူး...
အဲ့ဒါကြောင့် ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲပြောပြပါ
ကူညီပါ့မယ်လို့အတင်းမေးတာပေါ့
ကောင်မလေး က မချိပြုံးလေး ပြုံးပြီး
ပြောပြလို့မရဘူးတဲ့ ပြောပြလဲဘာမှ မထူးဘူးတဲ့
ဟိုဖက်ကလူကလုံးဝချစ်မှာမဟုတ်ဘူးတဲ့
အဲ့ဒါပဲပြောနေခဲ့တယ်.......
ကောင်လေး လဲဘာလုပ်ရမှန်းမသိတော့ဘူး.....
ကောင်မလေးရဲ့သူငယ်ချင်းကိုမေးတော့လဲ ဝေ့လည်ကြောင်ပတ်နဲ့
ကောင်မလေးကို ကိုယ်တိုင်မေးတော့လဲ ဘာမှမထူးဘူး....
ကောင်လေးလဲမနေတတ်တော့ဘူး.....
ကောင်မလေး အရင်လို ပျော်ပျော်ရွှင်ရွှင်မှမရှိတော့ပဲလေ...
ကောင်မလေး ကို ပျော်နေတာပဲမြင်ချင်လို့ ကူညီမယ်ဆိုတာတောင်
ကောင်မလေး ကမပြောပြတော့
ကောင်လေး ဘာလုပ်ရမှန်းကိုမသိဘူးဖြစ်နေတာပေါ့.......
ဒီလိုနဲ့ အချိန်တွေတော်တော်ကြာလာတော့....
ကောင်မလေးရဲ့သူငယ်ချင်းပြောတာတွေ
ကောင်မလေး ပြောတာတွေကိုဆက်စပ်ကြည့်ပြီး
ကောင်လေး တခုကိုစဉ်းစားမိလာတယ်......
ကောင်မလေး ချစ်နေတယ်ဆိုတဲ့သူဟာ
ကောင်လေးကိုယ်တိုင်ဖြစ်နေမလားဆိုပြီးပေါ့.....
အရမ်းလဲ အဆုံးကိုမတွေးရဲဘူး...
ကောင်လေး စိတ်ထဲမှာလဲ
ကောင်မလေး က ကောင်လေး ကို ဘယ်လိုမှချစ်နိုင်မှာမဟုတ်ဘူးလို့
ထင်ထားတယ်လေ...
ဘာကြောင့်လဲဆိုတော့
ကောင်မလေး နားမှာ တခြားယောက်ကျားလေးတွေ
အများကြီးရှိနေတယ်လေ
ကောင်မလေးရဲ့အချစ်ကိုလိုချင်လို့
အသည်းအသန် ကြိုးစားနေတဲ့လူတွေ တပုံကြီးမဟုတ်လား
အဲ့လို အများကြီးရှိနေတဲ့ကြားထဲ က
ကောင်လေးကို ဒီလိုတဖက်သတ်ချစ်နေမယ်ဆိုပြီးလဲမတွေးရဲဘူး စဉ်းစားမိတာလေးတခုပဲရှိနေခဲ့တယ်.....
ကောင်လေး လဲ အရမ်းကိုသိချင်နေတော့
တခါတလေမှာ ကောင်မလေး ကိုဟိုလိုလို ဒီလိုလိုနဲ့
ဝေ့လည်ကြောင်ပတ်လုပ်ပြီးမေးတတ်တာပေါ့
ဘယ်လိုလဲဆိုတော့ ....
ကောင်မလေးလိုမိန်းကလေးတယောက်ကချစ်နေတာတောင်
မသိတဲ့လူ ပြန်မချစ်နိုင်ဘူးဆိုတဲ့လူ က ရူးများနေလားမသိဘူးဆိုတော့
ကောင်မလေး ၀မ်းသာအားရနဲ့ ဟုတ်တယ်
အဲ့ဒီလူက အရူး ရူးနေတာမှသွက်သွက်ခါအောင်ရူးနေတာတဲ့....
အဲ့လိုပြောလိုက်တော့ ကောင်လေး ရင်တွေအရမ်းခုန်ခဲ့တဲ့
ဘာလို့လဲတော့ ကောင်လေးရဲ့ နာမည်ပြောင်က အရူးလေ
ကောင်မလေးကိုယ်တိုင်ကလဲ ကောင်လေးကို အရူးလို့ပဲခေါ်နေကြမဟုတ်လား.....
ဒီလိုနဲ့ တရက်ထက်တရက် ကြာကြာလာတော့
ကောင်လေး လဲ သေချာသိလိုက်တယ်...
ကောင်မလေးချစ်နေတာ ကောင်လေး ကိုယ်တိုင်ပဲဆိုတာကို......
ကောင်မလေးကိုလဲ ခနခနမေးတာပေါ့...
အဲ့ဒီလူက ဘာလို့ကောင်မလေးကိုမချစ်နိုင်တာလဲဆိုတော့
ကောင်မလေးကပြောပြတယ်
အဲ့ဒီလူနားမှာ တခြားမိန်းကလေးတွေအများကြီးဝိုင်းနေတာပဲတဲ့
အင်တာနက်က ၀ပ်ဆိုက်တွေထဲမှာ အဲ့ဒီလူရှိတတ်တယ်တဲ့.....
အဲ့ဒီလူ ကိုယ်တိုင်ကလဲ
တခြားမိန်းကလေးတွေဆီကို ခနခနသွားလည်တတ်တယ်တဲ့...
အဲ့လိုမိန်းကလေးတွေအများကြီးရှိတဲ့ လူက
သူ့လိုကောင်မလေးကိုချစ်နိုင်မလားတဲ့...
ကောင်လေး သိလိုက်တယ်...
ဘာကိုလဲဆိုတော့ ကောင်လေး က
ဝပ်ဆိုက် တော်တော်များများမှာရှိတတ်တယ်
ပြီးတော့ ကောင်လေး ရှိတဲ့ ၀ပ်ဆိုက်က ကောင်လေးရဲ့နေရာမှာ တခြားမိန်းကလေးတွေအများကြီးရှိတယ်
ကောင်လေးကိုယ်တိုင်လဲ အဲ့ဒီတခြားမိန်းကလေးတွေရဲ့နေရာတွေကိုသွားတတ်တယ်
ကောင်မလေးကအဲ့ဒီလိုပြောလိုက်တဲ့ ညမှာပဲ
ချက်ချင်း အဲ့ဒီဝပ်ဆိုက်မှာရှိနေတဲ့ ကောင်လေးရဲ့နေရာတွေအကုန်လုံးကို
ကောင်လေးကိုယ်တိုင်ဖျက်လိုက်တယ်........
နောက်နေ့ရောက်တော့ ကောင်မလေးကမေးတယ် .... အဲ့ဒီဝပ်ဆိုက်တွေမှာကောင်လေးရဲ့နေရာကိုမတွေ့ရတော့ဘူးတဲ့
ဘယ်ရောက်သွားတာလဲဆိုတော့........
ကောင်လေး ကဖျက်လိုက်တာလို့ပြောလိုက်တယ်လေ
ဘာလို့ဖျက်လိုက်တာလဲတဲ့......
ကောင်လေးကလဲရှုပ်လို့ပါလို့ဖြေလိုက်တယ်......
ကောင်မလေး တချက်လောက်ပြုံးလာမလား
ကောင်လေး စောင့်ကြည့်နေမိတယ်
ပြုံးလာပါတယ် .......
ဘယ်လိုခံစားချက်ကြောင့်များပြုံးလာသလဲဆိုတာတော့
ကောင်မလေးအသိဆုံးပဲဖြစ်မှာပါ.........
ဒီလိုနဲ့ တနေ့........... တနေ့ ပေါ့..........
အတိအကျပြောရရင် ၉ရက်နေ့ ၇ လပိုင်း ကြာသာပတေးနေ့ မှာ ကောင်လေးကကောင်မလေးကိုမေးလိုက်တယ်......
တကယ်လို့ ကောင်မလေးရဲ့ချစ်နေတဲ့ သူကကောင်မလေးကိုချစ်တယ်ပြောလာရင်ဘာလုပ်မလဲဆိုတော့ ကောင်မလေးကအရမ်းပျော်မှာပေါ့တဲ့...
မပြောဘူးဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတော့
ကောင်မလေးက သူမပြောလောက်ပါဘူးတဲ့
မပြောမှာလဲသေချာပါတယ်တဲ့ အဲ့ဒါကြောင့်သူလဲ ရည်းစားတွေအများကြီးလျှောက်ထားပြီးစိတ်ပြေအောင်လုပ်ကြည့်မယ်တဲ့...
အဲ့လိုလဲပြောလိုက်ရော....
ကောင်လေး အရမ်းကြောက်သွားပြီး
ချက်ချင်းပဲ ကောင်မလေးကိုချစ်တယ်လို့ပြောလိုက်မိတယ်....
အစကတော့ ကောင်မလေး မသိသလိုနဲ့
ဘာပြောတာလဲတဲ့ ...... စိတ်တိုနေတာတဲ့ လာမနောက်နဲ့တဲ့
ကောင်လေးကလဲမနောက်ပါဘူး
တကယ်ချစ်တာပါလို့ပြောတော့ ကောင်မလေးက မဖြစ်နိုင်ပါဘူးတဲ့ သူ့မှာချစ်ရမယ့်သူရှိနေတာကိုသိရက်နဲ့ ဘာလို့ရည်းစားစကားပြောတာလဲတဲ့ ဟန်ဆောင်လို့ကောင်းတုန်းပဲပေါ့......
(အကယ်ဒမီ ရလောက်မယ့် အမူအရာလေးနဲ့)
ကောင်လေးကလဲမနေနိုင်တော့ဘူးလေ
ကောင်မလေး ကို အကုန်ပြောတော့တာပေါ့......
ကောင်မလေးချစ်နေတယ်ဆိုတဲ့ လူက သူကိုယ်တိုင်ပဲမဟုတ်လား
သူသိတယ်လို့ပြောလိုက်တော့
ကောင်မလေး အရမ်းလန့်သွားတယ် ရှက်လဲရှက်သွားတယ်ထင်တယ်...
ပြီးတော့ ဘယ်သူပြောတာလဲ အတင်းမေးတော့တာပဲ....
ကောင်လေးကလဲ ကောင်မလေးပြောတဲ့စကားတွေနဲ့
သူဆက်စပ်ပြီးစဉ်းစားမိတာတွေကို ပြန်ပြောပြလိုက်တာပေါ့........
အဲ့ဒီလိုအားလုံးကိုပြောပြလိုက်ပြီးတော့
ကောင်မလေးကို ဟုတ်လားမဟုတ်ဘူးလားမေးလိုက်တယ်
ကောင်မလေး က အင်း ..... ဟုတ်ပါတယ်တဲ့......
အဲ့လိုပြောလိုက်တော့ ကောင်လေး က ချက်ချင်းပဲ
အဲ့ဒါဆိုအဖြေပေးတော့လေလို့ပြောလိုက်တယ်
ကောင်မလေးက ပေးစရာလိုသေးလို့လားတဲ့
လိုသေးတယ်ဆိုရင်တော့မပေးသေးဘူးတဲ့
ညကျရင် အွန်လိုင်းမှာစောင့်နေရင် ပေးမယ်တဲ့.......
အဲ့ဒါနဲ့ပဲ ကောင်လေး ညရောက်တော့
အွန်လိုင်းမှာ ရင်ခုန်သံတွေဆူဆူညံညံနဲ့စောင့်နေမိတာပေါ့
ကောင်မလေးနဲ့တွေ့တော့ ကောင်မလေး တခွန်းထဲပြောပါတယ်...........
အဲ့ဒီ စကားတခွန်းပြောပြီးတဲ့ အချိန်က စပြီး
ချစ်ခြင်းရဲ့နေ့တွေ ရောက်လာတော့တာပါပဲ
ဘယ်လိုစကားတခွန်းလဲဆိုတော့.......
အရူးကို ချစ်တယ် ............. တဲ့ (အဲ့ဒီအချိန်ထိ ကောင်မလေး အရူးလို့ခေါ်တုန်းပါပဲ)
Posted by ချစ်ရသူအတွက်အမှတ်တရ at 9:47 AM 0 comments
Friday, October 9, 2009
၃ လမှသည် နောင်နှစ်ပေါင်း ၃၀၀ တိုင်အောင်
တကယ်ဆိုရင် ဒီနေ့အတွက်ဘာမှရေးလို့မရပါဘူး...
အခြေအနေအရရေးချင်ပေမယ့်ရေးလို့မရခဲ့ဘူး...
ဒီလိုအမှတ်တရနေ့တနေ့မှာတော့
ဘာပဲဖြစ်ဖြစ် အမှတ်တရတခုခုတော့ရေးသင့်တယ်မဟုတ်လား.....
ဒါကြောင့် ရေးနိုင်အောင် အကြံအဖန်တွေလုပ်ပြီး ....
မရရအောင်ရေးလိုက်တာပါပဲ...
ဒီနေ့ကကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ ၃ လပြည့်သွားတဲ့နေ့လေးပါပဲ...
နေ့စဉ်နဲ့အမျှ ပြသာနာတွေနဲ့ ဖြတ်သန်းခဲ့ကြပေမယ့်
တယောက်နဲ့ တယောက် ပြတ်ပြတ်သားသား မဖြစ်ခဲ့ကြပဲ
အဲ့ဒီပြသာနာတွေကို နင်းပြီး ဖြတ်သန်းလာတာ ၃ လတောင်ပြည့်ခဲ့ပြီ....
ကောင်မလေးရေ......
ဒီလိုပဲ ၃ လမှသည် နောက်နှစ်ပေါင်း ၃၀၀ မကတိုင်အောင်
ဘယ်လိုပြသာနာနဲ့ ဘယ်လိုအခက်အခဲတွေကြုံကြုံ အတူတူ ရင်ဆိုင်ပြီး
ဖြတ်သန်းသွားချင်တယ်.... အားတင်းထားလိုက်ပါနော်....
အခုဆိုရင်တော့ ကောင်မလေး က အိပ်နေပါပြီ.....
နှစ်ခြိုက်စွာအိပ်နေတဲ့ ကောင်မလေးရဲ့မျက်နှာလေး ကိုကြည့်ပြီး
ဒီလိုစာတွေရေးနေရတဲ့
ခံစားချက်... ခံစားမှု .... ကြည်နူးမှု... ပျော်ရွှင်မှု ... မပြောပြတတ်အောင်ပါပဲ...
ကောင်မလေးမအိပ်ခင်ကပြောခဲ့ပါသေးတယ်..
ဒီနေ့ က ၃ လပြည့်တဲ့နေ့ ဘာမှလဲမလုပ်နိုင်ခဲ့ဘူးတဲ့....
ဘာမှလဲမလုပ်ရဘူးတဲ့... အရင်က ၁ လပြည့် ၂ လပြည့်
အမှတ်တရတခုခုတော့လုပ်တတ်ပါတယ်
အခုတော့ ဘာမှမလုပ်နိုင်ဘူးလို့ပြောလိုက်တော့ စိတ်မကောင်းပါဘူး...
အဲ့ဒါကြောင့်ပဲ အမှတ်တရလုပ်ထားတဲ့ ဒီနေရာလေးမှာပဲ
နောက်ထပ်အမှတ်တရတွေထပ်ထပ်တိုးလာအောင်
ဒီနေရာလေးမှာပဲ စာတွေလာရေးလိုက်တာပါ....
ဘာတန်ဖိုးမှတော့မရှိတဲ့ နေရာလေးတနေရာဆိုပေမယ့်....
ကောင်မလေးနဲ့ကောင်လေးတို့အတွက်တော့ အမှတ်တရတွေအထပ်ထပ်နဲ့
တကယ်ကို ဘာနဲ့မှမလဲနိုင်တဲ့ နေရာလေးတခုဖြစ်ခဲ့ပါပြီ.....
ဒီနေ့အတွက် ကောင်မလေးနဲ့ ကောင်လေးတို့ ဖြစ်ခဲ့တာတွေကိုတော့
အရင်လိုချမရေးတော့ပါဘူး...
ပုံမှန်တခုလိုဖြစ်နေတဲ့ အကြောင်းအရာတွေကို တဦးတည်းသောပရိသတ်ကလဲဖတ်ချင်မယ်လို့မထင်ဘူး
ပုံမှန်တခုလိုဖြစ်နေတဲ့ အကြောင်းဆိုပေမယ့်
ဒီနေ့ကပုံမှန်ဖြစ်နေကြ ပြသာနာမဖြစ်ခဲ့ဘူး...
နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်...
အရင်လို ဟိုရောက်ဒီရောက်နဲ့ပြောချင်ရာတွေလျှောက်ပြောနေခဲ့တာမဟုတ်ပဲ...
တကယ်ကို တယောက်နဲ့တယောက်
နောင်တချိန်အတွက် သေသေချာချာဆွေးနွေးဖြစ်ခဲ့ကြတယ်..
ကောင်မလေး ရင်ထဲမှာကြည်နူးနေမလား... ပျော်နေမလား... ကျေနပ်နေမလား..
ဘယ်လိုနေမလဲတော့မသိပါဘူး....
ကောင်လေးရင်ထဲမှာတော့ ကြည်နူးမှု... ပျော်ရွှင်မှုနဲ့... ကျေနပ်မှုတွေကတော့ရင်ထဲမှာ ပြည့်နေခဲ့တယ်...
အချိန်တွေကြာလာတာနဲ့အမျှ ...
ကောင်မလေးကိုချစ်တဲ့စိတ်တွေ
ကောင်မလေးကိုမစွန့်လွှတ်နိုင်တဲ့စိတ်တွေကပိုပိုများလာခဲ့တယ်
ကောင်လေး သိခဲ့ရသမျှ အကြောင်းတွေကြောင့်လဲ
ကောင်မလေး တခုခုဖြစ်သွားမှာကိုကြောက်ပြီး
ကောင်မလေးကို အေးအေးဆေးဆေး မတွေ့ရမချင်း
စိတ်တထင့်ထင့်နဲ့စောင့်နေတတ်ခဲ့ပြီ
ကောင်မလေး နဲ့စတွေ့တာနဲ့ကောင်မလေးရဲ့အသံကို
စိတ်တထင့်ထင့်နဲ့နားစွင့်နေတတ်ခဲ့ပြီ
ကောင်မလေးရဲ့မျက်နှာ ညှိုးနေမလားဆိုတာကိုလဲ
စိတ်တထင့်ထင့်နဲ့ စောင့်ကြည့်နေတတ်ခဲ့ပြီ
ကောင်မလေးတယောက်ဒါတွေသိနိုင်ပါ့မလား....
ကောင်မလေး နဲ့မတွေ့ရတဲ့အချိန်တွေတိုင်း ....
ကောင်မလေးဘာတွေဖြစ်နေပြီလဲဆိုတာကို စိတ်ပူပြီးစောင့်နေတဲ့သူ .......
ကောင်မလေးတခုခုများဖြစ်နေပြီလားဆိုတာကို စိတ်မချစွာနဲ့မျှော်နေတတ်တဲ့သူတယောက်ရှိနေတယ်ဆိုတာ
မမေ့လိုက်ပါနဲ့ကောင်မလေးရေ.....
ကောင်မလေးအတွက် ဘာမှမလုပ်ပေးနိုင်သလို
ကောင်မလေးရဲ့ဘေးမှာလဲ ဂရုစိုက်မှုတွေမပေးနိုင်ခဲ့ဘူး
ကောင်မလေးပျော်ရွှင်အောင် တခြားချစ်သူစုံတွဲတွေလို
အတူလျှောက်လည်လို့ ပျော်ရွှင်မှုတစုံတရာမပေးနိုင်ခဲ့ဘူး..
ကောင်မလေးကို အရိပ်တကြည့်ကြည့်နဲ့ မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး
ဒီလိုအခြေအနေနဲ့ ဒီလိုပုံစံတွေကြားမှာ
နောက်နှစ်နဲ့ချီပြီး အချိန်တွေအများကြီးနေရဦးမယ်
ကောင်မလေးအတွက် ကောင်လေး ဖက်ကမပေးနိုင်မှုတွေများလွန်းလို့
တချိန်ချိန်မှာစိတ်ပျက်သွားမလား ... စိတ်ညစ်သွားမလား... စိတ်ကုန်သွားမလား
အဲ့ဒါတွေတွေးမိတိုင်း တကယ်ကို ကြောက်စရာကောင်းတဲ့
အိမ်မက်တွေမက်နေရသလိုပဲ....
အဲ့ဒီအတွေးတွေတိုင်း မဖြစ်ပါစေနဲ့လို့
ဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့
ကိုယ့်အခြေအနေကိုလဲ မကျေနပ်ဘူး......
ကောင်မလေးရေ....
တကယ်ပဲချစ်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး စိတ်မကုန်လိုက်ပါနဲ့
ဒီလိုပဲ ၃ လမှသည် နောင်နှစ်ပေါင်း ၃၀၀ တိုင်အောင် ရင်ဆိုင်ဖြတ်သန်းချင်တယ်......
ကောင်မလေးနဲ့အတူပေါ့..............
Posted by ချစ်ရသူအတွက်အမှတ်တရ at 12:58 PM 0 comments
Labels:ု
Sunday, October 4, 2009
ခိုးပြီးရင်ခုန်ခဲ့ဖူးသူ
အခုရေးမယ့် အကြောင်းကတော့ အရင်တနေ့ကရေးထားတဲ့ ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်ရဲ့အဆက်ဆိုပါတော့
အဲ့ဒီမှာရေးထားခဲ့လို့ ကောင်မလေး နဲ့ ကောင်လေးတို့
အဆက်အသွယ်ပြတ်ခဲ့ရတယ်ဆိုတာ သိပြီးလောက်ပါပြီ.....
ဘာကြောင့်အဆက်အသွယ်ပြတ်ခဲ့ရတာလဲဆိုတော့....
ကောင်မလေးနဲ့ ကောင်လေးတို့
ရင်းရင်းနှီးနှီးနဲ့ စကားတွေပြောခဲ့ကြတဲ့ အချိန်တွေမနည်းခဲ့ပေမယ့်
တဖြေးဖြေးကောင်မလေးဖက်က ကောင်လေးကို အချိန်မပေးနိုင်တော့ပါဘူး....
ကောင်လေး စကားတွေပြောချင်လို့ ကောင်မလေးကိုခေါ်ပေမယ့်
ကောင်မလေး ကောင်လေးကိုစကားတွေပြန်မပြောတော့ပါဘူး
ကောင်လေးခေါ်လဲ ပြန်မထူးတော့ပါဘူး...
ကောင်လေး က ဘာကြောင့်လဲ လို့ ခနခနမေးပါတယ်
ကောင်မလေး ဘာမှပြန်မပြောတော့ပါဘူး
ကောင်လေးထင်တာက ကောင်မလေး တခုခုကိုစိတ်ကောက်နေတာလား
ဒါမှမဟုတ် စိတ်ဆိုးနေတာလားဆိုပြီး....
လိုက်ချော့တာပေါ့....
ဒါပေမယ့် ကောင်မလေး ဖက်က ဘာမှကိုပြန်မပြောတော့ပါဘူး....
နောက်မှကောင်လေး သိလိုက်ရတာက
ကောင်မလေးရဲ့ ရင်ခုန်သံ တချို့ နဲ့ နှလုံးသားကိစ္စတခုကြောင့်
ကောင်လေးနဲ့ အရင်လိုစကားတွေပြောဖို့ အချိန်မပေးနိုင်တော့ဘူးဆိုတာပါပဲ....
နောက်ပိုင်းကောင်မလေး ကို အင်တာနက်မှာ သိပ်မတွေ့ရတော့ပါဘူး..
ပျောက်သွားခဲ့ပါတယ်......
ကောင်မလေးကတော့ ကောင်လေးမသိတဲ့ တခြား နေရာမှာ သူ့ရင်ခုန်သံတွေကိုဖြေရှင်းနေပုံရပါတယ်....
အစကတော့ ကောင်မလေး ကိုမြင်လိုက်တာနဲ့
ကောင်လေး ချက်ချင်းခေါ်ပါတယ်
ဒါပေမယ့် ဘာမှမထူးပါဘူး ကောင်မလေး ဖက်က တခွန်းမှပြန်မပြောခဲ့ဘူး....
ကြာလာတော့ ကောင်လေး သဘောပေါက်လာပါတယ်.....
ကောင်မလေး ကို မြင်ရင်တောင် မခေါ်မိအောင်နေပါတယ်.....
အဲ့ဒီအချိန်တုန်းက ကောင်မလေးနဲ့ ကောင်လေး က သူငယ်ချင်းဆိုတာ ထက်မပိုတဲ့ သံယောဇဉ်ပဲရှိခဲ့တာပါ..
ဒါပေမယ့် သေချာတာတခုကတော့ ကောင်လေး စိတ်ထဲမှာ
တဆစ်ဆစ်နဲ့ ခံစားရပါတယ်...
ဘာကြောင့်ခံစားရလဲဆိုတော့
ကောင်လေးကိုယ်တိုင် ကောင်မလေးကို ခိုးပြီးရင်ခုန်ခဲ့ဖူးသူဖြစ်ခဲ့လို့ပါပဲ...
ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ အဆက်အသွယ်တွေပြတ် စကားတွေမပြောဖြစ်ခဲ့ကြတာတော်တော်ကြာကြာသွားခဲ့တယ်...
တော်တော်လေးကြာပြီး ....... တနေ့မှာ
ကောင်မလေးက ကောင်လေး ကိုစခေါ်လာတယ်...
မေးစရာရှိလို့ပါတဲ့.......
အရင်ကလဲ ကောင်မလေး မသိတာရှိရင်မေးတယ်
ကောင်လေး က သိရင်ဖြေနေကြပါ....
အခုကောင်မလေး က စခေါ်ပြီးမေးစရာရှိလို့ပါဆိုတော့
ကောင်လေး အရမ်းပျော်သွားပြီး.......
မေးဖို့ပြောလိုက်တယ်...
ကောင်မလေး မေးလိုက်တဲ့ အကြောင်းက .........
သူငယ်ချင်း ၃ ယောက်ရှိတယ် ...
တယောက်က ယောက်ကျားလေး...
အဲ့ဒီယောက်ကျားလေး လေး ကို ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကချစ်တယ်
အဲ့ဒီနှစ်ယောက်ထဲက တယောက်ကို ယောက်ကျားလေးက ပြန်ချစ်တယ်
တယောက်ကိုမချစ်ဘူး ......
မိန်းကလေးနှစ်ယောက်ကြတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေ
အချစ်မခံရတဲ့ မိန်းကလေး က
သူငယ်ချင်းယောက်ကျားလေးကိုအရမ်းချစ်တယ်
အဲ့ဒါကြောင့် အချစ်ခံရတဲ့ မိန်းကလေး က
နောက်ဆုတ်ပေးသင့်လား နောက်ဆုတ်ပေးဖို့ကြတော့လဲ
အချစ်ခံရတဲ့ မိန်းကလေးက ချစ်နေတော့ ခက်တယ်တဲ့
ဒါမှမဟုတ် ရှေ့ဆက်တိုးဖို့ကြတော့လဲ
သူငယ်ချင်းတွေမျက်နှာပျက်ရမယ်.........
ဘာလုပ်မရမလဲတဲ့........
ကောင်လေး သိလိုက်ရတာက အချစ်ခံရတဲ့ မိန်းကလေးဆိုတာ
ကောင်မလေးလေ
အဲ့ဒီလို သိလိုက်ရပြီး ကောင်မလေး မေးတာကိုဖြေဖို့ကြတော့ .........
ကောင်လေး စိတ်ထဲမှာ
တဆစ်ဆစ်နဲ့ ဒေါသတွေလား အတ္တတွေလား သောကတွေလားမသိနိုင်တဲ့
တခုခု ကိုခံစားလိုက်ရပြီး ဘာဖြေရမှန်းမသိတော့ဘူး
အဲ့ဒါကြောင့် ကောင်လေး လဲ မသိဘူးလို့တခွန်းထဲပြောလိုက်တယ်
ကောင်မလေး လဲ စိတ်တိုသွားပုံရပါတယ်....
ချက်ချင်းပြီးတာပဲဆိုပြီး ထွက်သွားတယ်....
တကယ်ဆိုရင် ဒီကိစ္စက ကောင်လေးနဲ့ ဘာမှမပတ်သက်ဘူးလို့ပြောလို့ရပါတယ်
ဒါပေမယ့် ကောင်လေး ဖက်ခိုးရင်ခုန်ဖူးခဲ့တာဆိုတော့ ဒီလို အမေးခံလိုက်ရတဲ့ အချိန်မှာ ဒီလိုပဲဖြေလိုက်မိတာပါ.....
အဲ့ဒီလိုဖြစ်ပြီးသွားတဲ့ နောက်ပိုင်း
ကောင်လေး လဲ အခြေအနေတခုကို တိတိကျကျသိလိုက်ရပြီဆိုတော့ ......
ကောင်မလေးနဲ့ ပတ်သက်ခဲ့သမျှတွေကိုမေ့လိုက်ဖို့ကြိုးစားလိုက်ပါတယ်
ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ အဆက်အသွယ်ကတော့
ပြတ်မြဲပြတ်သွားပြန်တာပါပဲ
အင်တာနက်မှာ ကောင်မလေးကို ကောင်လေး တွေ့နေခဲ့တယ်...
ဒါပေမယ့် စကားတခွန်းမှမပြောဖြစ်ခဲ့ကြဘူး....
ကောင်မလေး ကလဲမပြောတော့ဘူး .....
ကောင်လေး ကလဲ မခေါ်တော့ဘူး.......
ဒီလိုနဲ့ ....... တနေ့ ကောင်လေး က ကောင်မလေးကိုခေါ်ကြည့်တယ် ထူးထူးဆန်းဆန်းကောင်မလေးစကားတွေအများကြီးပြန်ပြောပါတယ်...
စိတ်ညစ်နေတဲ့ အကြောင်းတွေနဲ့ နေမကောင်းတဲ့အကြောင်းတွေပေါ့
ကောင်မလေး ကိုကောင်လေး ဘယ်လောက်ဒေါသတွေထွက်ခဲ့ထွက်ခဲ့
ကောင်မလေး စိတ်ညစ်နေတာ ကောင်မလေး နေမကောင်းတာသိတာနဲ့
ဒေါသတွေနဲ့ ဖြစ်ခဲ့တာတွေ အကုန်ဘယ်ရောက်သွားမှန်းမသိပဲ
ကောင်မလေးကို အရင်လို ဂရုတစိုက်နဲ့ စကားတွေပြောတယ်
ဆေးသောက်ဖို့မှာတယ် .....
ကောင်မလေးနဲ့ ကောင်လေးတို့အဲ့ဒီအချိန်ကစပြီး .....
အရင်လို စကားတွေပြန်ပြောဖြစ်ခဲ့ကြတယ်လေ.......
ကောင်လေးကလဲ ကောင်မလေး ကို အရင်က ကိစ္စတွေဘာမှမမေးပါဘူး..
ဒီလိုလေးပဲ သူငယ်ချင်းတွေလိုပြန်နေခွင့်ရတာကိုပဲ ကောင်လေး ပျော်နေခဲ့လို့ပါ......
အဲ့ဒီနောက်ပိုင်း........
ကောင်မလေး နဲ့ ကောင်လေးတို့ ဘယ်လိုချစ်သူတွေဖြစ်သွားခဲ့လဲဆိုတော့.......
ဒီနေ့တော့ ဒီလောက်ပဲပေါ့........
ချစ်သူတွေဖြစ်သွားခဲ့တဲ့အကြောင်းကိုတော့ နောက်နေ့ မှဆက်ရေးတော့ မယ်
အခုဆက်ရေးလိုက်ရင် ရောသွားပြီး ခံစားရတာ တမျိုးပြောင်းသွားဦးမယ် အဲ့ဒါကြောင့်နောက်နေ့မှပဲဆက်ရေးတော့မယ်.......
တော်လောက်ပြီပေါ့..........
သည်းခံပြီးဖတ်ပေးတဲ့ တယောက်တည်းသော ကောင်မလေး ရေ .......
ကျေးဇူးတင်ပါတယ်
Posted by ချစ်ရသူအတွက်အမှတ်တရ at 2:26 AM 0 comments
Thursday, October 1, 2009
ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်
ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ ချစ်ခဲ့ကြတဲ့
အဖြစ်အပျက်လို့ပြောရမလား….
ဒါမှမဟုတ် ချစ်ခြင်း တခုကိုမွေးဖွားပေးခဲ့တဲ့
အချိန်တွေလိုပြောရမလား…
အခုရေးမှာကတော့
ကောင်မလေး နဲ့ ကောင်လေး တို့စတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးပါ..
လိုတာတွေရှိသလို ပိုတာတွေလဲရှိမှာမလို့ ဒီစာကို ဖတ်နေတဲ့
တဦးတည်းသော ပရိသတ်ကောင်မလေးရေ……..
သည်းခံပြီးအဆုံးထိအောင်ဖတ်ပေးပါလို့………
အဖြစ်ကတော့...............
ကောင်လေးက အရမ်းကို ခြေများတဲ့သူမဟုတ်လား…
Website တခု ဖြစ်တဲ့ ning.com တော်တော်များများမှာ
ကောင်လေးရှိတတ်တယ်လေ
အဲ့လိုနေရာတိုင်းမှာရှိတတ်တဲ့ ကောင်လေး ဆီကို
တည့်တည့်မတ်မတ် ၀င်လာတာကတော့ ကောင်မလေးပါပဲ…..
ကောင်လေးရဲ့ နေရာကို ကောင်မလေး ရောက်လာတယ်
ရောက်လာပြီးတော့ ကောင်လေး နေရာကိုပြင်ထားတဲ့ ပုံစံကိုကြိုက်လို့
ကောင်လေး ကို နေရာလေးတွေဘယ်လိုပြင်လဲမေးခဲ့တယ်
ကောင်လေးကလဲ ကောင်မလေးကိုပြောပြတာပေါ့…
ဘယ်လိုပြင်ရတယ်ဆိုတာကို …
ဒါပေမယ့် ကောင်မလေး နားမလည်ခဲ့ပါဘူး ……
အဲ့ဒီတော့ အားလုံးက ကောင်လေး ဆီကိုရောက်လာတယ်လေ
ကောင်မလေးနေရာတခုလုံးကိုကောင်လေး ပြင်ပေးလိုက်တယ်
နောက်တော့ ကောင်မလေး က တပါတ်ကို တခါ နေရာကို ပြင်ခိုင်းတယ်
အဲ့ဒီအချိန်ကထဲက ကောင်မလေးရဲ့ စကားကို ကောင်လေး မလွန်ဆန်နိုင်ခဲ့ဘူး
အချိန်မှန် ကောင်မလေး နေရာကို မရိုးရအောင် ပြင်ပေးရတယ်…..
ဒီလိုနဲ့ ကောင်မလေး နဲ့ ကောင်လေး တို့ ရင်းနှီးသွားခဲ့တာပေါ့….
အဲ့ဒီအချိန်တုန်းက ကောင်မလေးရဲ့နေရာမှာ
ကောင်မလေးက သူ့ရဲ့ ဓါတ်ပုံလေးတင်ထားတယ်လေ..
မျက်နှာတော့မပေါ်ဘူး မျက်နှာကို လက်နဲ့
အုပ်ပြီးရိုက်ထားတဲ့ပုံလေး တင်ထားတာပေါ့
ကောင်လေးက အစအနောက်သန်တော့ ကောင်မလေးကိုသွားသွားစတယ်
မျက်နှာက ခြင်ကိုက်လို့အုပ်ထားတာလားဆိုတော့
ကောင်မလေး က ဟုတ်တယ် ခြင်ကိုက်လို့ တဲ့ ပြန်စတယ်
ဒီလိုနဲ့ ပဲ ကောင်လေးနဲ့ ကောင်မလေးတို့ အရမ်းကိုရင်းနှီးသွားကြတယ်
ဘယ်လောက်ထိရင်းနှီးသွားလဲဆိုရင်
တယောက်နဲ့ တယောက် ညတိုင်းစကားတွေပြောဖြစ်တယ်
ကောင်မလေး ကိုကောင်လေး ထိုင်ကြည့်တယ် …..
ကောင်မလေး ကလဲ ကောင်လေး ကိုကြည့်တယ်
တယောက်နဲ့တယောက်ကြည့်ပြီး ညတိုင်းစကားတွေပြောဖြစ်ခဲ့ကြတာပေါ့
ဒီလိုနဲ့ တယောက်နဲ့တယောက်သံယောဇဉ်တွေဖြစ်ခဲ့တယ်…..
အဲ့ဒီလိုရင်းနှီးလာရင်းက သင်္ကြန်ဆိုတဲ့ အချိန်ကိုရောက်လာခဲ့တယ်
ကောင်မလေး က သင်္ကြန်မှာ သွားလည်မယ့် အကြောင်းကောင်လေး ကိုပြောပြီး
အဲ့ဒီလိုလည်တဲ့အချိန်ကြရင်ကောင်လေးကိုဖုန်းဆက်ဖို့ပြောတယ်………
ကောင်လေးကလဲ ဆက်ပါမယ်ဆိုတော့ ….
မနက် ၉ နာရီလောက်က စဆက်ရမယ်တဲ့
တနေကုန်ဆက်ရမယ်လို့ကောင်မလေးကပြောပြန်ရော
ကောင်လေးကလဲဆက်ပါမယ်ဆိုပြီး ဖုန်းနံပါတ်တောင်းတာပေါ့….
ကောင်မလေး က ဖုန်းနံပါတ်ကို မပေးပဲ
ဖုန်းနံပါတ်ထဲမှာပါတဲ့ နံပါတ်တွေကို
လှည့်ပတ်မေးပြီး အဖြေရတော့မှ တလုံးချင်းပြောပြခဲ့တယ်….
ဒီလိုနဲ့ ကောင်မလေးရဲ့ ဖုန်းနံပါတ်ကိုရပြီးတော့ ဖုန်းဆက်မယ်ဆိုတဲ့ ကတိပေးပြီး
ကောင်မလေးကို ထုံးစံအတိုင်း အိပ်ဖို့ပြောပြီးအိပ်ခိုင်းလိုက်တယ်လေ…..
ဒီလိုနဲ့ ကောင်လေး ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်ရဲ့ မနက်ခင်းကိုစရောက်လာတာပေါ့..
ကောင်မလေး ဆီမှာ ၉ နာရီ ကောင်လေးဆီမှာ မနက် ၅ နာရီလေ…
ကောင်လေး အစောကြီးကထဲက ထိုင်စောင့်နေခဲ့တယ်……..
၉ နာရီ ထိုးပြီဆိုတာနဲ့ ကောင်မလေး ဆီဖုန်းစခေါ်တော့တာပါပဲ…
ကောင်မလေးဆီပထမဆုံး ဖုန်းဆက်ရတာဆိုတော့ ……
ဖုန်းသံ တီတီတီ ဆိုတဲ့ အသံနဲ့ အတူ
ကောင်လေး ရင်ခုန်သံတွေမြန်နေခဲ့တာတော့အမှန်ပါပဲ….
ကောင်မလေး ဖုန်းကိုင်လိုက်ပါတယ်…
အဲ့ဒီမှာ ကောင်လေးနဲ့ ကောင်မလေး စကားတွေ စပြောဖြစ်ကြတာတော့တာပါပဲ…
ကောင်မလေး အရမ်းပျော်နေပြီး အရမ်းတက်ကြွတဲ့ အသံလေးနဲ့စကားတွေ
မနားတမ်းပြောတော့တာပါပဲ
ကောင်လေး ကတော့ကောင်မလေး ပြောတာတွေကို
နားထောင်ပြီးပြုံးနေတာပေါ့……
ဒီလိုနဲ့ ကောင်မလေး အကြာကြီး စကားတွေပြောရင်းနဲ့
နေ့လည်စာ စားတဲ့အချိန်ရောက်လာတယ်လေ
အဲ့ဒီမှာကောင်မလေးက ဗိုက်ဆာလို့ဆိုပြီး ဆိုင်တခုခုသွားမယ်ပြောတယ်
ကောင်လေး က ဆိုင်ရောက်မယ့်အချိန်လောက်ကိုပြန်ခေါ်လိုက်မယ်လေဆိုပြီးတော့
ဖုန်းချပေးလိုက်တာပေါ့………
ကောင်လေး ကတော့ ကောင်မလေး ဆိုင်ရောက်မယ်ထင်တဲ့ အချိန်ကို
ထိုင်စောင့်နေတယ်…….
ကောင်လေး စိတ်ထဲမှာ အချိန်တွေတွက်ပြီး
ကောင်မလေး ကိုဖုန်းပြန်ခေါ်လိုက်တော့
ကောင်မလေးဆိုင်ရောက်ခါနီးနေပြီလေ…..
ကောင်မလေးဆိုင်ရောက်တော့ ကောင်မလေး က စားစရာတွေမှာတာပေါ့
ကောင်လေး ကနောက်ပြီးတော့ သူ့အတွက် ပိုမှာပေး သူလဲစားချင်တယ်
ဘေးမှာထိုင်စားမယ်ဆိုတော့ ….. ကောင်မလေးကရီပြီး မှာပေးမယ်
လာခဲ့တဲ့…….
ဒီလိုနဲ့ ကောင်မလေး စားနေတဲ့ အချိန်မှာလဲ
စားနေရင်းနဲ့ ဖုန်းတွေပြောဖြစ်ခဲ့ကြပြန်တယ်
အကြာကြီးပေါ့ …….
စားပြီးသောက်ပြီးတော့ ကောင်မလေး က အိမ်ပြန်တယ်လေ..
အိမ်ပြန်ရင်းနဲ့ လမ်းမှာလဲ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပြန်ရော……
အဲ့ဒီအချိန်တုန်းက ကောင်မလေး က ကောင်လေး ကို
သူနဲ့ အတူပါလာတဲ့ သူငယ်ချင်းမိန်းကလေးနဲ့ အောင်သွယ်လုပ်ပေးနေသေးတယ်…….
သူနဲ့ အတူပါလာတဲ့ သူငယ်ချင်းမိန်းကလေး က
ကောင်လေး ရဲ့ငယ်ငယ်တုန်းကကြိုက်ခဲ့တဲ့ မိန်းကလေး နာမည်နဲ့တူနေလို့ပါဆိုပြီး အတင်းအောင်သွယ်ပေးသေးတယ်
အရမ်းကိုရီပြီးတော့ပေါ့……..
ဒီလိုပဲ ဖုန်းတွေပြောနေရင်းနဲ့ ကောင်မလေး အိမ်ပြန်ရောက်သွားပါတယ်
ကောင်မလေး အိမ်ပြန်ရောက်သွားတော့
ကောင်လေး ရဲ့ ဖုန်းကဒ်ကလဲ ကုန်သွားပါပြီ
ဒီလိုနဲ့ ကောင်လေး ရင်ခုန်ခဲ့ရတဲ့ သင်္ကြန် ရက်လေး ပြီးသွားခဲ့တယ်ဆိုပါတော့….
အဲ့ဒီနောက်ပိုင်းမှာလဲ ကောင်မလေး နဲ့ ကောင်လေးတို့
ရင်းရင်းနှီးနှီးနဲ့ စကားတွေပြော
ကောင်မလေး ကလဲ သူ့ထုံးစံအတိုင်းစိတ်ကောက်တယ် ဆိုးတယ် ဂျီကျတယ်
ကောင်လေး ကလဲ သူ့ ထုံးစံ အတိုင်း လိုက်ချော့တယ် အလိုလိုက်တယ်
အရမ်းကိုပျော်ခဲ့ကြတာပေါ့…….
ဒါပေမယ့်………… ဒီလို ပျော်နေတဲ့ နေ့ရက်တွေကိုကုန်ဆုံးအောင်လုပ်မယ့်
ကံကြမ္မာက မဖိတ်ခေါ်ပဲ ကောင်လေးနဲ့ ကောင်မလေးဆီကို
တည့်တည့်ကြီးဝင်လာပါတယ်
ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပဲ…….
ပျော်စရာနေ့ရက်တွေနဲ့အတူ ကောင်မလေးလဲ
ကောင်လေးဆီက ချက်ချင်းကိုပျောက်သွားပါတယ်…
အခြေအနေတခုကြောင့်ပေါ့.....
အဲ့ဒီအချိန်ကစပြီးတော့ ကောင်လေးနဲ့ ကောင်မလေးတို့
အဆက်အသွယ်တွေပြတ်သွားခဲ့ကြတယ်
လပေါင်းမနည်းဘူး……….
အဖြစ်ကတော့……….
နောက်တခါရေးတဲ့ အခါမှပဲ အဲ့ဒီ အဖြစ်ကိုဆက်ရေးတော့မယ်……
အခုတော့ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်…….
ဖတ်နေတဲ့ တဦးတည်းသော ပရိသတ်ကတော့ ဘာဆက်ရေးမယ်ဆိုတာကို
သိနေမယ်ထင်တာပါပဲ…..
ဒီနေ့တော့ ဒီလောက်ပဲပေါ့…………
Posted by ချစ်ရသူအတွက်အမှတ်တရ at 7:46 AM 0 comments