ကောင်မလေး (သို့) သူမ
အဆင်ပြေမှုတွေပြန်လာတယ်လို့ပြောရမလားပဲ ......
ဒါမှမဟုတ် ကောင်မလေး ဖက်ကပဲ
နားလည်ခွင့်လွှတ်မှုတွေပေးလိုက်ပြီး လျှစ်လျှူ ရှူလိုက်ခြင်းပဲလား ...
ကောင်လေး ဝေခွဲစဉ်းစားလို့မရခဲ့ပါဘူး .......
ဒါပေမယ့် ........ ဒီနေ့ တနေ့လုံးဟာလဲ အဆင်ပြေပြေ
ပျော်ရွှင်မှုတွေနဲ့ ကုန်ဆုံးခဲ့ပါတယ်
မနက် ...........
ကောင်မလေး အလုပ်သွားချိန်ပေါ့ ........
ကောင်လေး ဆီမှာတော့ အိပ်ချိန်ပဲရှိပါသေးတယ်
ကောင်မလေး အလုပ်သွားခါနီးတော့
ကောင်လေးဖုန်းကို မက်ဆေ့ခ်ျ ပို့လိုက်ပါတယ် .....
အလုပ်သွားရမှာကြောက်တဲ့ အကြောင်း
လှမ်းပို့လိုက်တာပါ
ကောင်မလေး အလုပ်မှာ အဆင်မပြေဘူးလေ .....
အဆူခံရတော့မှာမလို့ကြောက်နေတာပါ
အဲ့ဒါကြောင့် ကောင်လေး ဆီကို မက်ဆေ့ခ်ျလှမ်းပို့ပြီး ပြောပြတာပေါ့ ....
ကောင်လေး မက်ဆေ့ခ်ျ ၀င်လာတော့
အိပ်ရာက လန့်နှိုးလာပြီး မက်ဆေ့ခ်ျကိုဖတ်ပြီးတာနဲ့
ကောင်မလေးဆီ စိတ်မညစ်ဖို့ အကြောင်း မက်ဆေ့ခ်ျပြန်ပို့ခဲ့ပါတယ်
ကောင်မလေး ဆီမက်ဆေ့ခ်ျရောက်တော့
ကောင်လေး မအိပ်သေးဘူးလား ဆိုပြီး လှမ်းမေးတာပေါ့
ကောင်လေးက လဲ မက်ဆေ့ခ်ျဝင်လာလို့
လန့်နှိုးလာတဲ့အကြောင်းပြောပြပြီး ပြန်အိပ်ပျော်သွားတယ်လေ ..........
ဒီလိုနဲ့ ................. ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန် .....
ကောင်လေး ရဲ့ မနက်ခင်း အိပ်ရာထချိန်ရောက်တော့ ......
ကောင်လေး က ထုံးစံအတိုင်း ကောင်မလေး ကိုဖုန်းဆက်တာပေါ့ ........
ကောင်မလေး ကလဲ ကောင်လေး နဲ့တွေ့တာနဲ့ စပြီးတော့ အလုပ်မှာ အဆူခံရတဲ့အကြောင်းပြောပြတော့တာပါပဲ
ဘယ်လိုအဆူခံရတဲ့အကြောင်း .......
အဆူခံရတဲ့အချိန်မှာ ......
အရမ်းငိုချင်တဲ့အကြောင်းတွေပြောပြတာပေါ့ ...
ကောင်လေး ကလဲ ကောင်မလေး စိတ်ကိုပြေအောင် ချော့ပြီး
ပြောပြသင့်တာတွေပြောပြတာပေါ့ ........
ဒီလိုနဲ့ ကောင်မလေး လဲ စိတ်ပြောင်းသွားပြီး
တခြားအကြောင်းတွေပြောဖြစ်ကြပြန်တယ်
ကောင်လေးကလဲ ကောင်မလေးကို
နေ့လည်စာစားပြီးပြီလား ......
ဆေးသောက်ပြီးပြီလား ........
တခုပြီးတခုမေးတော့တာပါပဲ........
ပြောရင်းပြောရင်းနဲ့ ကောင်မလေး က
အလုပ်ကိစ္စ တခုပြီးအောင်လုပ်စရာရှိလို့ ........
အဲ့ဒီအလုပ်ပြီးရင် ကောင်လေး ကိုလှမ်းခေါ်လိုက်မယ်ဆိုပြီးပြောပြပါတယ်.....
ကောင်လေး ကလဲ ရပါတယ် ပြန်ခေါ်လိုက်ပါစောင့်နေပါ့မယ်လို့ပြောပြီး
ကောင်မလေးကို စကားတခွန်းပြောပါတယ် .......
"အရမ်းချစ်တယ်ပိုးရယ်" ......... တဲ့
ကောင်မလေး ကလဲ ပြန်ပြောပါတယ်..........
"ကို့ကိုလဲအရမ်းချစ်တယ်" ............. တဲ့
ကောင်လေးရင်ထဲနွေးထွေးသွားတဲ့ စကားတခွန်းပါပဲ
ဒီလိုနဲ့ ကောင်မလေး ဖုန်းချပြီး အလုပ်ကိုပြန်သွားလုပ်ပါတော့တယ် ..........
ဒီလိုနဲ့ ကောင်မလေး အလုပ်ပြီးတဲ့အချိန်မှာ
ကောင်လေး ကို ဖုန်းလှမ်းခေါ်လိုက်တယ်လေ
ကောင်လေး က လဲကောင်မလေးကိုစောင့်နေတာဆိုတော့
ကွက်တိပဲ တွေ့ဖြစ်လိုက်ပါတယ် ........
ကောင်မလေး က အလုပ်အကြောင်းတွေပြောပြပါတယ်.....
ပြီးတော့ ကော်ဖီသောက်မိတဲ့အတွက်
ရင်တုန်နေတဲ့ အကြောင်းတွေလဲပြောပြတာပေါ့....
ကောင်လေး ကစိတ်ပူပြီး .............
ဆူမယ်လို့ စိတ်ကူးမိပြန်တော့လဲ ကောင်မလေးကို မဆူရက်ဘူး ...........
ကောင်မလေးက ဆူလို့မရဘူးလေ ....... ဆူရင်ကောင်မလေးက၀မ်းနည်းပြီးငိုတတ်တယ်
ဒါကြောင့်နောက်တခါ မသောက်ဖို့ ဖျောင်းဖျပြီး သေချာပြောပြတာပေါ့ .....
ကောင်မလေး ကလဲ စကားနားထောင်ပါတယ် ..
နောက်တခါမသောက်တော့ပါဘူးတဲ့ ...........
ဒီလိုပြောရင်းပြောရင်း ..........
ကောင်မလေးက မန်နေဂျာပြန်လာလို့ အလုပ်ဆင်းရင်ပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုန်းချသွားတော့တာပါပဲ .............
ကောင်မလေး အလုပ်ပြန်လုပ်နေတဲ့အချိန်မှာတော့ ....
ကောင်လေး က နေ့လည်စာအတွက်ချက်ပြုတ်စရာရှိတာတွေ
ချက်ပြုတ်တော့တာပေါ့ ......
ကောင်မလေး အလုပ်ဆင်းချိန်ရောက်တော့
ကောင်လေးဆီကို မက်ဆေ့ခ်ျလှမ်းပို့ပါတယ် .........
အလုပ်ဆင်းပြီဆိုတဲ့အကြောင်းကို ပျော်နေတဲ့ အရုပ်လေးနဲ့ပေါင်းပြီးပို့တာပေါ့ .......
ကောင်လေး က ဟင်းချက်နေတဲ့အတွက်
အဲ့ဒီမက်ဆေ့ခ်ျရောက်နေတာမသိလိုက်ပါဘူး
ဒီလိုနဲ့ ကောင်မလေး ထပ်ပို့ပြန်ပါတယ် ........
သူ့ကိုဖုန်းဆက်ဖို့ အကြောင်းပို့တာပေါ့
ခေါ်လေ ခေါ်လေ ခေါ်လေ ဆိုပြီး အရုပ်လေးကတော့ နဲနဲ မဲ့နေတဲ့ အရုပ်လေးဖြစ်နေပြီ.....
ကောင်လေးက မသိသေးပါဘူး ........
ကောင်မလေး ထပ်ပို့ပြန်ပါတယ် ........
တော်ပြီဟာ မခေါ်တော့ဘူး ဆိုပြီး
အရုပ်လေးက လုံးဝ စိတ်တိုတဲ့ ပုံစံလေးဖြစ်သွားပါတယ်.......
အဲ့ဒီအချိန်ကြမှကောင်လေး က အခန်းပြန်ရောက်တယ်လေ ...
မက်ဆေ့ခ်ျတွေတွေ့တော့ .....
ကောင်မလေး စိတ်ဆိုးပြီဆိုတာသိလိုက်တာပေါ့.....
ချက်ချင်း ကောင်မလေး ဆီဖုန်းခေါ်လိုက်တယ်
ကံကောင်းချင်တော့ ကောင်မလေး အရမ်းစိတ်မဆိုးသေးဘူး
ကောင်လေး ကို စကားကောင်းကောင်းပြန်ပြောသေးတယ်လေ..........
ဒီလိုနဲ့ ကောင်လေး နဲ့ကောင်မလေး စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်
ကောင်မလေး အိမ်ပြန်ရောက်ဖို့သိပ်မလိုတော့တဲ့အချိန်မှာ ......
ကောင်မလေးရဲ့သူငယ်ချင်းက ဖုန်းဆက်လာပါတယ် .....
ကောင်မလး ကို သင်တန်းတခုတူတူတက်ချင်တဲ့အကြောင်း တူတူတက်ပေးပါဆိုတဲ့အကြောင်းဆက်တာပါ .......
တက်မယ့်သင်တန်းက ဆံပင်အလှပြင်တဲ့သင်တန်းပါတဲ့
ကောင်မလေး က လဲကောင်လေးကိုပြန်ပြောပြတယ်
အားနာလို့ တူတူလိုက်တက်လိုက်မယ်ဆိုတဲ့အကြောင်းပြောပြတော့
ကောင်လေး ဘယ်လိုမှ စိတ်မချဘူး တက်လဲမတက်စေချင်ပါဘူး ...
တက်ရမယ့်အချိန်ကလဲ မိုးချုပ်နေပြီလေ .....
ပြီးမယ့်အချိန်ကလဲ ည ၉ နာရီမှဆိုတော့ ..........
ကောင်လေး ဘယ်လိုမှစိတ်မချပါဘူး
ဒါပေမယ့် ကန့်ကွက်ဖို့ပြန်တော့လဲ
ကောင်မလေး စိတ်ညစ်သွားမှာစိုးရိမ်သေးတယ်
နောက်ဆုံးတော့ ကောင်မလေး တက်ဖို့ကို
ကောင်လေး လက်ခံလိုက်ရပါတယ်
ကောင်လေး ကောင်မလေး ကို သေချာမှာတယ်
သတိထားဖို့ ဂရုစိုက်ဖို့သေသေချာချာ အထပ်ထပ်မှာပါတယ်
ကောင်လေး ဘယ်လိုမှကို စိတ်မချဘူးလေ
ဒီလိုနဲ့ ကောင်မလေး သူငယ်ချင်းနဲ့ အတူတူ သင်တန်းကိုသွားလိုက်တာပေါ့ ...
ကောင်မလေးက မှာခဲ့ပါတယ် သင်တန်းပြီးတဲ့အချိန်မှာ ကောင်လေး ကို မက်ဆေ့ခ်ျလှမ်းပို့လိုက်ပါ့မယ်လို့ပေါ့ ..........
ဒီလိုနဲ့ကောင်မလေး သွားလိုက်တဲ့ အချိန်ကစလို့
ကောင်လေး စိတ်တွေပူပြီး ကောင်မလေး ပြန်လာမယ့်
အချိန်ကိုစောင့်နေခဲ့တာပေါ့
ကောင်မလေး ပြန်လာမယ့်အချိန် ၉ နာရီကျော်နေပြီ
ကောင်မလေး က လဲပြန်မလာဘူးလေ ကောင်လေး စိတ်တွေအရမ်းပူပြီးဘာလုပ်ရမှန်းမသိဘူးဖြစ်နေခဲ့တယ်
ဒီလိုနဲ့ ၁၀ နာရီထိုးခါနီးမှာ ကောင်လေး မျှော်နေတဲ့ ကောင်မလေး ဆီက မက်ဆေ့ခ်ျရောက်လာတာတယ်
မက်ဆေ့ခ်ျက ငိုနေတဲ့ အရုပ်လေး တခုထဲပို့လိုက်တာလေ
ကောင်လေး အရမ်းစိတ်ပူပြီး ကောင်မလေး ဆီချက်ချင်းဖုန်းဆက်တယ်
ကောင်မလေး ဖုန်းကိုင်တာနဲ့ ဘာဖြစ်တာလဲဆိုပြီး
ချက်ချင်းမေးတာပေါ့
ကောင်မလေးအသံ က ငိုသံတွေပါနေတော့
ကောင်လေး စိတ်တွေအရမ်းပူ ခေါင်းတွေပါပူလာပြီး
ဘာဖြစ်လဲ ဆိုတာကို အထပ်ထပ်မေးတော့တာပါပဲ
ကောင်မလေးကငိုသံတ၀က်နဲ့ပြောပြပါတယ်
သင်တန်းမှာ ဆံပင်အလှပြင်ဖို့ အရုပ်မ နဲ့ စမ်းပြီး
လေ့ကျင့်ရတဲ့အကြောင်း
အဲ့ဒီအရုပ်မက ကြောက်စရာကောင်းတဲ့အကြောင်း
သူအရမ်းကြောက်တဲ့ အကြောင်း
ပြီးတော့ အဲ့ဒီအရုပ်မကိုဝယ်ရတဲ့အကြောင်း
ကြောက်လွန်းလို့ စတိုခန်းထဲမှာ ပစ်ထည့်ထားတဲ့အကြောင်း
ငိုတာကလဲ အဲ့ဒီအရုပ်မ ကိုကြောက်လို့ပါတဲ့ .......
ကောင်လေး ဘာပြန်ပြောရမှန်းမသိလောက်အောင်ဖြစ်သွားပြီး
စိတ်လဲနဲနဲအေးသွားပါတယ် .............
ပြီးတော့ ကောင်မလေး ကို မကြောက်ဖို့
အရုပ်ကအရုပ်ပဲဖြစ်တဲ့အကြောင်းတွေပြောပြပြီး
ကောင်မလေး ကိုစိတ်ပြောင်းအောင်တခြားဟာတွေပြောပြတာပေါ့............
အဲ့လိုပြောနေရင်းနဲ့ ကောင်မလေး ကရေချိုးချင်တယ် .....
ရေချိုးမယ် ....... ချိုးပြီးရင် ကောင်လေးကိုခေါ်လိုက်မယ်ဆိုပြီး
ရေသွားချိုးတယ်လေ .........
ကောင်လေး ကလဲ ကောင်မလေး ဘာမှမဖြစ်တဲ့အတွက်
စိတ်အေးသွားပြီးတော့ စောင့်နေပါမယ်ဆိုပြီး
ဖုန်းချလိုက်တာပေါ့ ...........
ကောင်မလေးရေချိုးပြီးတော့ ဖုန်းထပ်ဆက်ဖြစ်ကြပြန်တယ်
ကောင်လေး က ကောင်မလေးကို
ဘာစားပြီးပြီလဲဆိုတော့ ကောင်မလေးက
မုန့်ဟင်းခါးစားနေပါတယ်တဲ့
မုန့်ဟင်းခါးက အရသာမရှိလို့ အချဉ်နဲ့ အစပ်နဲနဲ ထည့်ချင်တယ်ဆိုပြီး
ကောင်လေး ဆီကခွင့်တောင်းပါတယ်
ကောင်လေး က ထည့်စားစေချင်ပါတယ်
ဒါပေမယ့် ကောင်မလေး နဲ့လုံးဝမတည့်ဘူးလေ ......
အဲ့ဒါကြောင့် ထည့်မစားဖို့ပြောလိုက်တယ်......
ကောင်မလေးကလဲ ထည့်မစားတော့ပါဘူးဆိုပြီး
အဲ့တိုင်းပဲစားလိုက်တယ်လေ.........
စားပြီးသွားတော့ ကောင်မလေးကအခန်းကိုပြန်တာပေါ့ .......
ကောင်မလေး အခန်းကိုပြန်ရောက်ပြီးတော့
စကားတွေအများကြီးထပ်ပြောဖြစ်ကြတယ်.........
အတူတူနေတဲ့အခါ ဘယ်လိုတွေနေမယ်ဆိုတဲ့ အကြောင်းတွေနဲ့
ကောင်လေးကကောင်မလေးကို ပျော်အောင် အမျိုးမျိုးစတာတွေပေါ့ .........
ဒီလိုနဲ့ ကောင်မလေး ရဲ့ အိပ်ချိန်ကျော်သွားခဲ့တယ်........
ကောင်မလေးကို အိပ်ပါတော့လို့ပြောတော့
ကောင်မလေးက ထုံးစံအတိုင်း .........
ပုံပြောပြမှအိပ်မယ်တဲ့ ....
ကလေးလေးတယောက်လိုပူဆာပြီးတော့ပြောတာပေါ့ ..........
ကလေးလေးတယောက်လိုပါပဲ အရမ်းကိုဖြူစင်ပြီး
အရမ်းကိုချစ်စရာကောင်းတဲ့ကောင်မလေးပါ ......
ကောင်လေးကလဲကောင်မလေး ကို ပုံပြင်ပြောပြပြီးချော့သိပ်တယ်လေ ......
ပုံပြင်ပြီးခါနီးတော့ ကောင်မလေး အရမ်းအိပ်ချင်နေပြီ .........
အိပ်ပျော်လုနီးနီးတောင်ဖြစ်နေပြီ ဆိုတော့ .......
ကောင်လေးကလဲ ညစာအတွက်ချက်ပြုတ်ရဦးမှာမလို့ ........
ကောင်မလေးအိပ်ပျော်တာမနှိုးအောင်ငြိမ်ငြိမ်လေးပဲထားခဲ့လိုက်ပါတယ်..........
ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလောက်ပါပြီ ...........
မနက်ခင်းနေရောင်ခြည်တွေနဲ့အတူ ပျော်ရွှင်ခြင်းတွေရပါစေကောင်မလေးရေ ........
အရမ်းချစ်တယ်ကောင်မလေးရယ် .........
အချိန်တိုင်းသာ ..........
Monday, August 3, 2009
၃-၈-၀၉ တရက်တာ .........
Posted by ချစ်ရသူအတွက်အမှတ်တရ at 11:39 AM 0 comments
Subscribe to:
Posts (Atom)