စာမရေးဖြစ်တာတောင် ကြာခဲ့ပါပြီ
တဦးတည်းသော ကျွန်တော့်ရဲ့ ပရိသတ်လေး လဲ
ကျွန်တော်ရေးတဲ့ စာတွေမျှော်နေမလားပဲ မသိပါဘူး .......
ဒီနေ့တော့ ပြန်ရေးဖြစ်ခဲ့ပါပြီ
အရင်နေ့တွေက မရေးဖြစ်ခဲ့ဘူးဆိုတာလဲ
အမျိုးမျိုးသော အကြောင်းတွေကြောင့်ပါ .......
ဘာအကြောင်းတွေလဲ ဆိုတော့
အမြဲတမ်းထုံးစံတခုလိုဖြစ်နေတဲ့
ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့ တိုက်ပွဲ ကြောင့်ပေါ့
ဒီတခါဖြစ်သွားခဲ့တဲ့ ပြသာနာက အရမ်းကိုကြီးလွန်းပါတယ် အဲ့လိုအရမ်းကြီးတဲ့ကောင်မလေးနဲ့ကောင်လေးတို့ရဲ့ကြားက ပြသာနာတွေကိုမရေးချင်တာကတကြောင်း .......
ရေးနေတဲ့ကျွန်တော်ကိုယ်တိုင်ကလဲ
အရင် ရေးထားတဲ့စာတွေပြန်ဖတ်လိုက်တော့
ကျွန်တော်ရေးနေတာတွေက တပုံစံထဲလိုလိုဖြစ်နေခဲ့တယ် .......
ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့
နေ့စဉ်ဖြစ်နေတာတွေကို ရေးနေတာပါဆိုပေမယ့် .........
ရေးနေတာတွေအားလုံး က တပုံစံထဲဖြစ်နေပြီး မနေ့ကဖြစ်နေတာကိုပြန်ကူးချရေးထားသလိုဖြစ်နေခဲ့တယ်
်ဒါတွေကလဲ ရေးထားတာတွေအကုန်ပြန်ဖတ်ကြည့်ပြီးမှသိလိုက်တာပါ
အဲ့လို တွေဖြစ်နေတော့
ကျွန်တော့်ရဲ့ တဦးတည်းသော ပရိသတ်
ဖတ်ချင်ပါ့မလားဆိုတဲ့ စိတ်နဲ့ မရေးဖြစ်ခဲ့တာပါ ........
အခုပြန်ရေးပြီဆိုတော့ အရင်နေ့တွေလိုပဲ ရေးဖြစ်မလား
ဒါမှမဟုတ် ........ ပုံစံပြောင်းပြီးရေးဖြစ်မလား
ကျွန်တော်ကိုယ်တိုင်မပြောတတ်ဘူးဖြစ်နေတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်ကလဲ စီစဉ်ပြီး ရေးတာမဟုတ်ပဲ ကောင်မလေးနဲ့ကောင်လေးတို့အကြောင်းကို
စိတ်ထဲရှိတာ ချရေးတာလေ ........
အခုလဲ ဒီလိုပဲ စိတ်ထဲရှိတာကိုချရေးမှာပါ ........
တဦးတည်းသောပရိသတ်လေးရေ ...... သည်းခံပြီးတော့ ဖတ်ပေးနော် .........
နေ့တိုင်းအဆင်မပြေဖြစ်နေကြတဲ့ ကောင်မလေးနဲ့ကောင်လေး .......
အဆင်မပြေဖြစ်တိုင်း အမြဲ အလျော့ပေး .........
အမှားတွေကိုခံယူပြီးချစ်ခဲ့တဲ့ကောင်လေး
ကောင်လေး မှားသမျှကို နားလည်မှုပေး ..........
အချစ်တွေပြည့်ပြီး ချစ်ခဲ့တဲ့ ကောင်မလေး
ဘာကြောင့်များ ခနခန အဆင်မပြေဖြစ်
ပြသာနာတွေဖြစ်နေလဲမသိပါဘူး
ကောင်လေး အဲ့လို ဖြစ်နေတဲ့ အကြောင်းအရင်းကို
အရမ်းသိချင်နေပါတယ်
ဘာလို့လဲဆိုတော့ နေ့တိုင်း ဒီလိုပြသာနာတွေမဖြစ်စေချင်ဘူး
ကောင်မလေး နဲ့ ကြည်ကြည်နူးနူးနေချင်တယ်လေ ...........
ဒါကြောင့် ပြသာနာရဲ့ အရင်းခံကို စဉ်းစားတယ်
ဘာကြောင့်လဲဆိုတာကိုပေါ့ အဲ့လိုစဉ်းစားရင်းနဲ့ပဲ
ကောင်မလေးနဲ့ နောက်ထပ်ပြသာနာထပ်တက်ပြန်တယ်
ကောင်လေး မစဉ်းစားတတ်တော့ပါဘူး .....
အမြဲတမ်းလဲမှားနေတတ်တဲ့ သူ့အပြစ်လဲမကင်းဘူးလေ
အမြဲတမ်း သံသယတွေနဲ့ မယုံမကြည်ဖြစ်နေတတ်တဲ့ ကောင်မလေး အပြစ်ရှိနိုင်မလား ..... နားလည်ပေးလို့ရပါတယ် ..........
မိန်းကလေး တွေသ၀န်တို တယ်ဆိုတာ သဘာဝပါပဲ
ဒီလိုနဲ့ နောက်ဆုံးတော့ ကောင်လေး အမှားများစွာနဲ့ ပဲ
ပြသာနာတွေကို ဖြေရှင်းရတော့တာပါပဲ ........
တခါတလေတော့လဲ ၂ ယောက်လုံး မမှားပဲ
နားလည်မှုတွေလွဲလို့ ပြသာနာတွေလဲ တက်ခဲ့ဖူးကြတယ် .........
အရင်ကတော့ ဒီလိုပြသာနာတက်ကြရင် အကြီးအကျယ်
တိုက်ပွဲတခုဖြစ်ကြတယ်လေ
ဒါပေမယ့် နောက်ပိုင်းတော့ ပြသာနာတခုခုဖြစ်လာရင်
အရင်ကလို အကြီးအကျယ် တိုက်ပွဲမဖြစ်တော့ပဲ
တယောက်နဲ့ တယောက် အတတ်နိုင်ဆုံး ရှင်းရှင်း လင်းလင်းပြောပြီး နားလည်မှုတွေပေးတတ်လာကြပါပြီ ...........
ကောင်လေး ရဲ့သိပ်ဖြစ်စေချင်ဆန္ဒတွေလဲ တခုပြီးတခုဖြစ်လာပြီလေ ......
ကောင်မလေး ရဲ့ ပုံစံလေးတွေကို
တခုချင်းပြင်နိုင်သလောက်ပြင်မယ်လို့
ကောင်လေး ကောင်မလေး ကိုပြောခဲ့ဖူးတယ် ..........
အခု နည်းနည်းလေး တော့ ပြင်လို့ရနေပါပြီ ........
ဒီလိုနဲ့ အချိန်ယူလိုက်ရင် ကောင်မလေး က ..........
အရမ်းကိုချစ်စရာကောင်းလာလိမ့်မယ်လို့ ကောင်လေး ယူဆထားတာကို ........
ဒီနေ့ .......
ဒီနေ့ ရဲ့ ဖြစ်သမျှတွေဟာလဲ
အရင်နေ့တွေလိုပါပဲ ဖုန်းဆက်ကြတယ် .....
စကားတွေပြောကြတယ် ........
ဒါကိုအရှည်ကြီး အကျယ်ချဲ့ ရေးနေရင်
အရင်ကလိုပုံစံတွေနဲ့ပဲဖြစ်လာမှာသေချာတယ် ....
အဲ့လိုဖြစ်လာရင် တဦးတည်းသောပရိသတ်
မဖတ်ချင်တော့မှာလဲစိုးရသေးတယ် အဲ့ဒီတော့ အရင်လိုမရေးတော့ပါဘူး .....
ဖြစ်နေတာတွေကလဲ အရင်လိုတွေပါပဲ ..........
ရန်ဖြစ်တာတွေ ပြသာနာတက်တာတွေကလဲ
ပြောစရာမလိုအောင် အရင်လိုပဲ
ဒီနေ့လဲ ရန်ဖြစ်ပြီး ပြသာနာတက်ပါတယ် ........
အဲ့လိုပြသာနာတက်တော့လဲ အရင်လိုထုံးစံအတိုင်းပါပဲ
လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ကြတယ် .......
နောက်တော့လဲ ထုံးစံအတိုင်းပါပဲ
ကောင်လေး က အလျော့ပေး ပြန်ချော့ပြီး ပြန်ချစ်ကြတယ် .........
မနက်ဖြန် .........
ကောင်မလေးနဲ့ ကောင်လေးရဲ့မနက်ဖြန်ဆိုတာကိုပြန်တွေးကြည့်လိုက်ပါ .....
ထုံးစံအတိုင်းပဲ ဖြစ်လာမှာပါ .....သေချာသလောက်ပေါ့ .........
နောက်ထပ်သေချာတာတခုကလဲ
ဘယ်လောက်ပဲ ပြသာနာဖြစ်ဖြစ်
ကောင်မလေးကို ကောင်လေး က ရူးလောက်အောင်ချစ်တယ်
ကောင်မလေး ကလဲ ကောင်လေး ကို ချစ်တယ်
ချစ်လွန်းလို့လဲ ဒီလိုပြသာနာတွေတက်ကြတာပါ........
အဲ့ဒီတော့ ဘယ်လို ဆိုးတဲ့ ပြသာနာ ပဲဖြစ်ဖြစ်
ကောင်လေး ကောင်မလေးကို ဘယ်တော့မှမုန်းမှာမဟုတ်ဘူး ......
ကောင်မလေးကရော ........
ကောင်မလေးက စိတ်ထဲကဖြစ်နေတာကိုဦးစားပေးလွန်းတယ်လေ.......
တခုခုဆို ချက်ချင်း စိတ်တိုလွယ်တယ် .....
စိတ်ဆိုးလွယ်တယ် ..... ပြောချင်တာပြောတတ်တယ် ......
အဲ့လို စိတ်ကိုဦးစားပေးလွန်းတဲ့ကောင်မလေးအတွက်
အရမ်းကြီးတဲ့ ပြသာနာ တခုခုတက်လာခဲ့ရင်.......
ကောင်လေး အတွက် .......... ဘာတွေဆက်ဖြစ်လာမလဲ .......
ကောင်လေး မစဉ်းစားရဲပါဘူး .........
ဘာလို့လဲဆိုတော့ ကောင်မလေးကို ကောင်လေး အရမ်းချစ်လို့လေ .......
အခု ဒီစာကိုဖတ်နေတဲ့ သူက ကျွန်တော့်ရဲ့တဦးတည်းသောပရိသတ်လေး အပြင် နောက်ထပ်လူများရှိနေသေးရင် ............ ဖတ်ပြီးရင်တခုလောက်ကူညီပေးကြပါ........
ကောင်မလေးကို ကောင်လေး မစွန့်လွှတ် နိုင်အောင် မပြောပြတတ်အောင် အရမ်းချစ်တယ်ဆိုတာကိုပေါ့
အချိန်တိုင်းသာ ..........
Wednesday, August 12, 2009
၁၂-၈-၂၀၀၉ တရက်တာ .......
Posted by ချစ်ရသူအတွက်အမှတ်တရ at 11:42 AM 0 comments
Subscribe to:
Posts (Atom)