အဆုံးမရှိတဲ့ချစ်ခြင်းတွေအောက် ဒို့ နှစ်ယောက်
ရင်ဆိုင်ဖြတ်သန်း ခြေလှမ်းပေါင်းမနည်းတော့ပြီ
ပျော်ရွှင်ခြင်း
ကြည်နူးခြင်း
ကျေနပ်ခြင်း
နွေးထွေးခြင်း
အေးချမ်းခြင်း တွေရှိခဲ့သလို
စိတ်ညစ်စရာ
မကျေနပ်စရာ
ပျင်းရိစရာ
ငြီးငွေ့စရာ
စိတ်ပျက်စရာ တွေလဲ ရှိခဲ့ကြဖူးတယ်
ဘယ်လိုတံတိုင်းတွေ ကာရံလို့ရိုင်းနေပါစေ
ဒို့နှစ်ယောက် ဖြိုဖျက် အတူ ကျော်ဖြတ်နိုင်ခဲ့တယ်........
ဘယ်တော့မှမယိုင် ဒို့တွေရင်ဆိုင်ရင်းက
မောပန်းလာတဲ့တနေ့ ချစ်တဲ့သူ့ ကို
ရင်ဝယ်ထွေးပွေ့ အနမ်းငွေ့လေးနဲ့
ချော့သိပ် ရင်ခွင်ထဲမှာ ပေးအိပ်ချင်တယ်.........
ဝေးရမှာကို ကြောက်လို့
စိတ်ကူးထဲမှာတောင် ထည့်မတွေး
ရင်ခုန်ခြင်းတွေပဲပေးခဲ့ဖူးတယ်......
ဒါပေမယ့်လဲ...
လမ်းခွဲဖို့အကြောင်း ခနခနပြော ...... မမောဘူးလားချစ်သူ
မချစ်ခဲ့ဖူးတဲ့အချစ်တခုနဲ့ မခုန်ဖူးတဲ့ရင်ခုန်သံတချို့ကိုရင်းပြီးချစ်ခဲ့ပြီးမှ
ပြတ်သားကြမယ့်စကားတွေထပ်ထပ် မကြားပါရစေနဲ့.........
အကြိမ်ကြိမ်ပြောခဲ့ကြတဲ့ .. အနာဂတ်တွေ....
အကြိမ်ကြိမ်စိတ်ကူးခဲ့ကြတဲ့... ပျော်ရွှင်ကြည်နူးခြင်းတွေ
အကြိမ်ကြိမ်မျှော်လင့်ခဲ့ကြတဲ့... ဆုံတွေ့ခြင်းတွေ
အားလုံးကိုဖျက်.... မေ့ပစ်ရက်လို့လား........
အချိန်တိုင်းသာ ..........
Saturday, February 27, 2010
Posted by ချစ်ရသူအတွက်အမှတ်တရ at 4:24 PM 0 comments
သတိရချိန်
ဖြတ်သန်းရတဲ့ ခရီးလမ်း
ကြမ်းတမ်းခက်ခဲ အမှောင်ထဲမှာ
သတိရလို့ တမ်းတမိတယ်........ ချစ်သူ
ခရီးတကွေ့ ပျော်စရာတွေ့လို့
ကြည်နူးရွှင်ပြုံး ပျော်မဆုံးတဲ့အခါ
သတိရလို့ တမ်းတမိတယ် ....... ချစ်သူ
ကိုယ်စိတ်နှလုံး နှုံးချိပင်ပန်း
အခန်းထဲမှာ ဖျားနာတဲ့အခါ
သတိရလို့ တမ်းတမိတယ်...... ချစ်သူ
အားသစ်အင်သစ် ကိုယ်စိတ်သစ်နဲ့
ဖျတ်လတ်တက်ကြွ အနိုင်ရတဲ့အခါ
သတိရလို့ တမ်းတမိတယ်...... ချစ်သူ
မီးတွေကိုပိတ် တိတ်ဆိတ်ငြိမ်လို့
မျက်စိကိုမှိတ် အိပ်သည့်ချိန်ခါ
သတိရလို့ တမ်းတမိတယ် ....... ချစ်သူ
နံနက်မိုးသောက် အာရုဏ်ရောက်လို့
မျက်စိကိုဖွင့် မနက်သစ်မှာ
သတိရလို့ တမ်းတမိပြန်တယ်...... ချစ်သူ
Posted by ချစ်ရသူအတွက်အမှတ်တရ at 4:01 PM 0 comments
Subscribe to:
Posts (Atom)