တကယ်ဆိုရင် ဒီနေ့အတွက်ဘာမှရေးလို့မရပါဘူး...
အခြေအနေအရရေးချင်ပေမယ့်ရေးလို့မရခဲ့ဘူး...
ဒီလိုအမှတ်တရနေ့တနေ့မှာတော့
ဘာပဲဖြစ်ဖြစ် အမှတ်တရတခုခုတော့ရေးသင့်တယ်မဟုတ်လား.....
ဒါကြောင့် ရေးနိုင်အောင် အကြံအဖန်တွေလုပ်ပြီး ....
မရရအောင်ရေးလိုက်တာပါပဲ...
ဒီနေ့ကကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ ၃ လပြည့်သွားတဲ့နေ့လေးပါပဲ...
နေ့စဉ်နဲ့အမျှ ပြသာနာတွေနဲ့ ဖြတ်သန်းခဲ့ကြပေမယ့်
တယောက်နဲ့ တယောက် ပြတ်ပြတ်သားသား မဖြစ်ခဲ့ကြပဲ
အဲ့ဒီပြသာနာတွေကို နင်းပြီး ဖြတ်သန်းလာတာ ၃ လတောင်ပြည့်ခဲ့ပြီ....
ကောင်မလေးရေ......
ဒီလိုပဲ ၃ လမှသည် နောက်နှစ်ပေါင်း ၃၀၀ မကတိုင်အောင်
ဘယ်လိုပြသာနာနဲ့ ဘယ်လိုအခက်အခဲတွေကြုံကြုံ အတူတူ ရင်ဆိုင်ပြီး
ဖြတ်သန်းသွားချင်တယ်.... အားတင်းထားလိုက်ပါနော်....
အခုဆိုရင်တော့ ကောင်မလေး က အိပ်နေပါပြီ.....
နှစ်ခြိုက်စွာအိပ်နေတဲ့ ကောင်မလေးရဲ့မျက်နှာလေး ကိုကြည့်ပြီး
ဒီလိုစာတွေရေးနေရတဲ့
ခံစားချက်... ခံစားမှု .... ကြည်နူးမှု... ပျော်ရွှင်မှု ... မပြောပြတတ်အောင်ပါပဲ...
ကောင်မလေးမအိပ်ခင်ကပြောခဲ့ပါသေးတယ်..
ဒီနေ့ က ၃ လပြည့်တဲ့နေ့ ဘာမှလဲမလုပ်နိုင်ခဲ့ဘူးတဲ့....
ဘာမှလဲမလုပ်ရဘူးတဲ့... အရင်က ၁ လပြည့် ၂ လပြည့်
အမှတ်တရတခုခုတော့လုပ်တတ်ပါတယ်
အခုတော့ ဘာမှမလုပ်နိုင်ဘူးလို့ပြောလိုက်တော့ စိတ်မကောင်းပါဘူး...
အဲ့ဒါကြောင့်ပဲ အမှတ်တရလုပ်ထားတဲ့ ဒီနေရာလေးမှာပဲ
နောက်ထပ်အမှတ်တရတွေထပ်ထပ်တိုးလာအောင်
ဒီနေရာလေးမှာပဲ စာတွေလာရေးလိုက်တာပါ....
ဘာတန်ဖိုးမှတော့မရှိတဲ့ နေရာလေးတနေရာဆိုပေမယ့်....
ကောင်မလေးနဲ့ကောင်လေးတို့အတွက်တော့ အမှတ်တရတွေအထပ်ထပ်နဲ့
တကယ်ကို ဘာနဲ့မှမလဲနိုင်တဲ့ နေရာလေးတခုဖြစ်ခဲ့ပါပြီ.....
ဒီနေ့အတွက် ကောင်မလေးနဲ့ ကောင်လေးတို့ ဖြစ်ခဲ့တာတွေကိုတော့
အရင်လိုချမရေးတော့ပါဘူး...
ပုံမှန်တခုလိုဖြစ်နေတဲ့ အကြောင်းအရာတွေကို တဦးတည်းသောပရိသတ်ကလဲဖတ်ချင်မယ်လို့မထင်ဘူး
ပုံမှန်တခုလိုဖြစ်နေတဲ့ အကြောင်းဆိုပေမယ့်
ဒီနေ့ကပုံမှန်ဖြစ်နေကြ ပြသာနာမဖြစ်ခဲ့ဘူး...
နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်...
အရင်လို ဟိုရောက်ဒီရောက်နဲ့ပြောချင်ရာတွေလျှောက်ပြောနေခဲ့တာမဟုတ်ပဲ...
တကယ်ကို တယောက်နဲ့တယောက်
နောင်တချိန်အတွက် သေသေချာချာဆွေးနွေးဖြစ်ခဲ့ကြတယ်..
ကောင်မလေး ရင်ထဲမှာကြည်နူးနေမလား... ပျော်နေမလား... ကျေနပ်နေမလား..
ဘယ်လိုနေမလဲတော့မသိပါဘူး....
ကောင်လေးရင်ထဲမှာတော့ ကြည်နူးမှု... ပျော်ရွှင်မှုနဲ့... ကျေနပ်မှုတွေကတော့ရင်ထဲမှာ ပြည့်နေခဲ့တယ်...
အချိန်တွေကြာလာတာနဲ့အမျှ ...
ကောင်မလေးကိုချစ်တဲ့စိတ်တွေ
ကောင်မလေးကိုမစွန့်လွှတ်နိုင်တဲ့စိတ်တွေကပိုပိုများလာခဲ့တယ်
ကောင်လေး သိခဲ့ရသမျှ အကြောင်းတွေကြောင့်လဲ
ကောင်မလေး တခုခုဖြစ်သွားမှာကိုကြောက်ပြီး
ကောင်မလေးကို အေးအေးဆေးဆေး မတွေ့ရမချင်း
စိတ်တထင့်ထင့်နဲ့စောင့်နေတတ်ခဲ့ပြီ
ကောင်မလေး နဲ့စတွေ့တာနဲ့ကောင်မလေးရဲ့အသံကို
စိတ်တထင့်ထင့်နဲ့နားစွင့်နေတတ်ခဲ့ပြီ
ကောင်မလေးရဲ့မျက်နှာ ညှိုးနေမလားဆိုတာကိုလဲ
စိတ်တထင့်ထင့်နဲ့ စောင့်ကြည့်နေတတ်ခဲ့ပြီ
ကောင်မလေးတယောက်ဒါတွေသိနိုင်ပါ့မလား....
ကောင်မလေး နဲ့မတွေ့ရတဲ့အချိန်တွေတိုင်း ....
ကောင်မလေးဘာတွေဖြစ်နေပြီလဲဆိုတာကို စိတ်ပူပြီးစောင့်နေတဲ့သူ .......
ကောင်မလေးတခုခုများဖြစ်နေပြီလားဆိုတာကို စိတ်မချစွာနဲ့မျှော်နေတတ်တဲ့သူတယောက်ရှိနေတယ်ဆိုတာ
မမေ့လိုက်ပါနဲ့ကောင်မလေးရေ.....
ကောင်မလေးအတွက် ဘာမှမလုပ်ပေးနိုင်သလို
ကောင်မလေးရဲ့ဘေးမှာလဲ ဂရုစိုက်မှုတွေမပေးနိုင်ခဲ့ဘူး
ကောင်မလေးပျော်ရွှင်အောင် တခြားချစ်သူစုံတွဲတွေလို
အတူလျှောက်လည်လို့ ပျော်ရွှင်မှုတစုံတရာမပေးနိုင်ခဲ့ဘူး..
ကောင်မလေးကို အရိပ်တကြည့်ကြည့်နဲ့ မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး
ဒီလိုအခြေအနေနဲ့ ဒီလိုပုံစံတွေကြားမှာ
နောက်နှစ်နဲ့ချီပြီး အချိန်တွေအများကြီးနေရဦးမယ်
ကောင်မလေးအတွက် ကောင်လေး ဖက်ကမပေးနိုင်မှုတွေများလွန်းလို့
တချိန်ချိန်မှာစိတ်ပျက်သွားမလား ... စိတ်ညစ်သွားမလား... စိတ်ကုန်သွားမလား
အဲ့ဒါတွေတွေးမိတိုင်း တကယ်ကို ကြောက်စရာကောင်းတဲ့
အိမ်မက်တွေမက်နေရသလိုပဲ....
အဲ့ဒီအတွေးတွေတိုင်း မဖြစ်ပါစေနဲ့လို့
ဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့
ကိုယ့်အခြေအနေကိုလဲ မကျေနပ်ဘူး......
ကောင်မလေးရေ....
တကယ်ပဲချစ်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး စိတ်မကုန်လိုက်ပါနဲ့
ဒီလိုပဲ ၃ လမှသည် နောင်နှစ်ပေါင်း ၃၀၀ တိုင်အောင် ရင်ဆိုင်ဖြတ်သန်းချင်တယ်......
ကောင်မလေးနဲ့အတူပေါ့..............
အချိန်တိုင်းသာ ..........
Friday, October 9, 2009
၃ လမှသည် နောင်နှစ်ပေါင်း ၃၀၀ တိုင်အောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment