BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Thursday, October 1, 2009

ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်


ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ ချစ်ခဲ့ကြတဲ့

အဖြစ်အပျက်လို့ပြောရမလား….

ဒါမှမဟုတ် ချစ်ခြင်း တခုကိုမွေးဖွားပေးခဲ့တဲ့

အချိန်တွေလိုပြောရမလား…

အခုရေးမှာကတော့

ကောင်မလေး နဲ့ ကောင်လေး တို့စတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးပါ..


လိုတာတွေရှိသလို ပိုတာတွေလဲရှိမှာမလို့ ဒီစာကို ဖတ်နေတဲ့

တဦးတည်းသော ပရိသတ်ကောင်မလေးရေ……..

သည်းခံပြီးအဆုံးထိအောင်ဖတ်ပေးပါလို့………


အဖြစ်ကတော့...............

ကောင်လေးက အရမ်းကို ခြေများတဲ့သူမဟုတ်လား…

Website တခု ဖြစ်တဲ့ ning.com တော်တော်များများမှာ

ကောင်လေးရှိတတ်တယ်လေ

အဲ့လိုနေရာတိုင်းမှာရှိတတ်တဲ့ ကောင်လေး ဆီကို

တည့်တည့်မတ်မတ် ၀င်လာတာကတော့ ကောင်မလေးပါပဲ…..


ကောင်လေးရဲ့ နေရာကို ကောင်မလေး ရောက်လာတယ်

ရောက်လာပြီးတော့ ကောင်လေး နေရာကိုပြင်ထားတဲ့ ပုံစံကိုကြိုက်လို့

ကောင်လေး ကို နေရာလေးတွေဘယ်လိုပြင်လဲမေးခဲ့တယ်


ကောင်လေးကလဲ ကောင်မလေးကိုပြောပြတာပေါ့…

ဘယ်လိုပြင်ရတယ်ဆိုတာကို …

ဒါပေမယ့် ကောင်မလေး နားမလည်ခဲ့ပါဘူး ……


အဲ့ဒီတော့ အားလုံးက ကောင်လေး ဆီကိုရောက်လာတယ်လေ

ကောင်မလေးနေရာတခုလုံးကိုကောင်လေး ပြင်ပေးလိုက်တယ်

နောက်တော့ ကောင်မလေး က တပါတ်ကို တခါ နေရာကို ပြင်ခိုင်းတယ်


အဲ့ဒီအချိန်ကထဲက ကောင်မလေးရဲ့ စကားကို ကောင်လေး မလွန်ဆန်နိုင်ခဲ့ဘူး

အချိန်မှန် ကောင်မလေး နေရာကို မရိုးရအောင် ပြင်ပေးရတယ်…..


ဒီလိုနဲ့ ကောင်မလေး နဲ့ ကောင်လေး တို့ ရင်းနှီးသွားခဲ့တာပေါ့….

အဲ့ဒီအချိန်တုန်းက ကောင်မလေးရဲ့နေရာမှာ

ကောင်မလေးက သူ့ရဲ့ ဓါတ်ပုံလေးတင်ထားတယ်လေ..


မျက်နှာတော့မပေါ်ဘူး မျက်နှာကို လက်နဲ့

အုပ်ပြီးရိုက်ထားတဲ့ပုံလေး တင်ထားတာပေါ့

ကောင်လေးက အစအနောက်သန်တော့ ကောင်မလေးကိုသွားသွားစတယ်

မျက်နှာက ခြင်ကိုက်လို့အုပ်ထားတာလားဆိုတော့

ကောင်မလေး က ဟုတ်တယ် ခြင်ကိုက်လို့ တဲ့ ပြန်စတယ်


ဒီလိုနဲ့ ပဲ ကောင်လေးနဲ့ ကောင်မလေးတို့ အရမ်းကိုရင်းနှီးသွားကြတယ်

ဘယ်လောက်ထိရင်းနှီးသွားလဲဆိုရင်

တယောက်နဲ့ တယောက် ညတိုင်းစကားတွေပြောဖြစ်တယ်

ကောင်မလေး ကိုကောင်လေး ထိုင်ကြည့်တယ် …..

ကောင်မလေး ကလဲ ကောင်လေး ကိုကြည့်တယ်

တယောက်နဲ့တယောက်ကြည့်ပြီး ညတိုင်းစကားတွေပြောဖြစ်ခဲ့ကြတာပေါ့


ဒီလိုနဲ့ တယောက်နဲ့တယောက်သံယောဇဉ်တွေဖြစ်ခဲ့တယ်…..

အဲ့ဒီလိုရင်းနှီးလာရင်းက သင်္ကြန်ဆိုတဲ့ အချိန်ကိုရောက်လာခဲ့တယ်

ကောင်မလေး က သင်္ကြန်မှာ သွားလည်မယ့် အကြောင်းကောင်လေး ကိုပြောပြီး

အဲ့ဒီလိုလည်တဲ့အချိန်ကြရင်ကောင်လေးကိုဖုန်းဆက်ဖို့ပြောတယ်………


ကောင်လေးကလဲ ဆက်ပါမယ်ဆိုတော့ ….

မနက် ၉ နာရီလောက်က စဆက်ရမယ်တဲ့

တနေကုန်ဆက်ရမယ်လို့ကောင်မလေးကပြောပြန်ရော

ကောင်လေးကလဲဆက်ပါမယ်ဆိုပြီး ဖုန်းနံပါတ်တောင်းတာပေါ့….


ကောင်မလေး က ဖုန်းနံပါတ်ကို မပေးပဲ

ဖုန်းနံပါတ်ထဲမှာပါတဲ့ နံပါတ်တွေကို

လှည့်ပတ်မေးပြီး အဖြေရတော့မှ တလုံးချင်းပြောပြခဲ့တယ်….


ဒီလိုနဲ့ ကောင်မလေးရဲ့ ဖုန်းနံပါတ်ကိုရပြီးတော့ ဖုန်းဆက်မယ်ဆိုတဲ့ ကတိပေးပြီး

ကောင်မလေးကို ထုံးစံအတိုင်း အိပ်ဖို့ပြောပြီးအိပ်ခိုင်းလိုက်တယ်လေ…..


ဒီလိုနဲ့ ကောင်လေး ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်ရဲ့ မနက်ခင်းကိုစရောက်လာတာပေါ့..

ကောင်မလေး ဆီမှာ ၉ နာရီ ကောင်လေးဆီမှာ မနက် ၅ နာရီလေ…

ကောင်လေး အစောကြီးကထဲက ထိုင်စောင့်နေခဲ့တယ်……..

၉ နာရီ ထိုးပြီဆိုတာနဲ့ ကောင်မလေး ဆီဖုန်းစခေါ်တော့တာပါပဲ…


ကောင်မလေးဆီပထမဆုံး ဖုန်းဆက်ရတာဆိုတော့ ……

ဖုန်းသံ တီတီတီ ဆိုတဲ့ အသံနဲ့ အတူ

ကောင်လေး ရင်ခုန်သံတွေမြန်နေခဲ့တာတော့အမှန်ပါပဲ….


ကောင်မလေး ဖုန်းကိုင်လိုက်ပါတယ်…

အဲ့ဒီမှာ ကောင်လေးနဲ့ ကောင်မလေး စကားတွေ စပြောဖြစ်ကြတာတော့တာပါပဲ…

ကောင်မလေး အရမ်းပျော်နေပြီး အရမ်းတက်ကြွတဲ့ အသံလေးနဲ့စကားတွေ

မနားတမ်းပြောတော့တာပါပဲ

ကောင်လေး ကတော့ကောင်မလေး ပြောတာတွေကို

နားထောင်ပြီးပြုံးနေတာပေါ့……


ဒီလိုနဲ့ ကောင်မလေး အကြာကြီး စကားတွေပြောရင်းနဲ့

နေ့လည်စာ စားတဲ့အချိန်ရောက်လာတယ်လေ

အဲ့ဒီမှာကောင်မလေးက ဗိုက်ဆာလို့ဆိုပြီး ဆိုင်တခုခုသွားမယ်ပြောတယ်

ကောင်လေး က ဆိုင်ရောက်မယ့်အချိန်လောက်ကိုပြန်ခေါ်လိုက်မယ်လေဆိုပြီးတော့

ဖုန်းချပေးလိုက်တာပေါ့………


ကောင်လေး ကတော့ ကောင်မလေး ဆိုင်ရောက်မယ်ထင်တဲ့ အချိန်ကို

ထိုင်စောင့်နေတယ်…….

ကောင်လေး စိတ်ထဲမှာ အချိန်တွေတွက်ပြီး

ကောင်မလေး ကိုဖုန်းပြန်ခေါ်လိုက်တော့

ကောင်မလေးဆိုင်ရောက်ခါနီးနေပြီလေ…..


ကောင်မလေးဆိုင်ရောက်တော့ ကောင်မလေး က စားစရာတွေမှာတာပေါ့

ကောင်လေး ကနောက်ပြီးတော့ သူ့အတွက် ပိုမှာပေး သူလဲစားချင်တယ်

ဘေးမှာထိုင်စားမယ်ဆိုတော့ ….. ကောင်မလေးကရီပြီး မှာပေးမယ်

လာခဲ့တဲ့…….


ဒီလိုနဲ့ ကောင်မလေး စားနေတဲ့ အချိန်မှာလဲ

စားနေရင်းနဲ့ ဖုန်းတွေပြောဖြစ်ခဲ့ကြပြန်တယ်

အကြာကြီးပေါ့ …….


စားပြီးသောက်ပြီးတော့ ကောင်မလေး က အိမ်ပြန်တယ်လေ..

အိမ်ပြန်ရင်းနဲ့ လမ်းမှာလဲ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပြန်ရော……


အဲ့ဒီအချိန်တုန်းက ကောင်မလေး က ကောင်လေး ကို

သူနဲ့ အတူပါလာတဲ့ သူငယ်ချင်းမိန်းကလေးနဲ့ အောင်သွယ်လုပ်ပေးနေသေးတယ်…….


သူနဲ့ အတူပါလာတဲ့ သူငယ်ချင်းမိန်းကလေး က

ကောင်လေး ရဲ့ငယ်ငယ်တုန်းကကြိုက်ခဲ့တဲ့ မိန်းကလေး နာမည်နဲ့တူနေလို့ပါဆိုပြီး အတင်းအောင်သွယ်ပေးသေးတယ်

အရမ်းကိုရီပြီးတော့ပေါ့……..


ဒီလိုပဲ ဖုန်းတွေပြောနေရင်းနဲ့ ကောင်မလေး အိမ်ပြန်ရောက်သွားပါတယ်

ကောင်မလေး အိမ်ပြန်ရောက်သွားတော့

ကောင်လေး ရဲ့ ဖုန်းကဒ်ကလဲ ကုန်သွားပါပြီ

ဒီလိုနဲ့ ကောင်လေး ရင်ခုန်ခဲ့ရတဲ့ သင်္ကြန် ရက်လေး ပြီးသွားခဲ့တယ်ဆိုပါတော့….


အဲ့ဒီနောက်ပိုင်းမှာလဲ ကောင်မလေး နဲ့ ကောင်လေးတို့

ရင်းရင်းနှီးနှီးနဲ့ စကားတွေပြော

ကောင်မလေး ကလဲ သူ့ထုံးစံအတိုင်းစိတ်ကောက်တယ် ဆိုးတယ် ဂျီကျတယ်

ကောင်လေး ကလဲ သူ့ ထုံးစံ အတိုင်း လိုက်ချော့တယ် အလိုလိုက်တယ်

အရမ်းကိုပျော်ခဲ့ကြတာပေါ့…….


ဒါပေမယ့်………… ဒီလို ပျော်နေတဲ့ နေ့ရက်တွေကိုကုန်ဆုံးအောင်လုပ်မယ့်

ကံကြမ္မာက မဖိတ်ခေါ်ပဲ ကောင်လေးနဲ့ ကောင်မလေးဆီကို

တည့်တည့်ကြီးဝင်လာပါတယ်



ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပဲ…….

ပျော်စရာနေ့ရက်တွေနဲ့အတူ ကောင်မလေးလဲ

ကောင်လေးဆီက ချက်ချင်းကိုပျောက်သွားပါတယ်…

အခြေအနေတခုကြောင့်ပေါ့.....


အဲ့ဒီအချိန်ကစပြီးတော့ ကောင်လေးနဲ့ ကောင်မလေးတို့

အဆက်အသွယ်တွေပြတ်သွားခဲ့ကြတယ်

လပေါင်းမနည်းဘူး……….



အဖြစ်ကတော့……….


နောက်တခါရေးတဲ့ အခါမှပဲ အဲ့ဒီ အဖြစ်ကိုဆက်ရေးတော့မယ်……


အခုတော့ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်…….

ဖတ်နေတဲ့ တဦးတည်းသော ပရိသတ်ကတော့ ဘာဆက်ရေးမယ်ဆိုတာကို

သိနေမယ်ထင်တာပါပဲ…..


ဒီနေ့တော့ ဒီလောက်ပဲပေါ့…………



အရမ်းချစ်တယ်ပိုးရယ်…………

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်