ကောင်မလေး နဲ့ ကောင်လေး အကြောင်းမရေးဖြစ်တာတောင်
တော်တော်ကြာခဲ့ပြီ..........
တယောက်ထဲသောပရိသတ်ကတော့ ဖတ်ချင်နေရှာမလား
သို့တည်းမဟုတ် ဒီအမှတ်တရ ဘလော့လေးကို မေ့နေမလား .......
အမျိုးမျိုးပေါ့လေ ..............
ကောင်မလေး နဲ့ ကောင်လေး အကြောင်း မရေးဖြစ်ခဲ့တာကလဲ
ဒီမရေးဖြစ်ခဲ့တဲ့ ရက်ပိုင်းတွေမှာ ကောင်မလေး နဲ့ ကောင်လေး
အမျိုးမျိုးသောပြသာနာတွေတက်နေခဲ့တယ်လေ
နေ့တိုင်းနီးနီး ပြသာနာတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတော့ .......
အဲ့ဒီပြသာနာတွေကို ထည့်ရေးပေးဖို့ စဉ်းစားမိပါသေးတယ် ......
ဒါပေမယ့် ပြသာနာတက်ထားတဲ့ အကြောင်းတွေကို
ကောင်မလေး တယောက် ပြန်ပြန်တွေ့ပြီး
စိတ်တွေပြန်ပြန်ညစ်နေမှာလဲစိုးတာကြောင့်
ဖြစ်ခဲ့တဲ့ပြသာနာတွေကို ထည့်မရေးဖြစ်ခဲ့တာပါ ..............
ပြသာနာတက်တယ်ဆိုတာကလဲ ..........
ကောင်လေးဖက်ကမှားခဲ့တာတွေပါ.........
ကောင်မလေးဖက်ကလဲ သ၀န်တိုစိတ်နဲ့ မယုံကြည်စိတ် ၂ ခုပေါင်းပြီး
အားလုံးရှုပ်ကုန်တာပါ..........
ဒါတွေကလဲ ချစ်သူတွေမှာဖြစ်တတ်တဲ့ သဘာဝတခုပါ.......
ဒါပေမယ့် အခု ဒီဘလော့တွေကို ပြန်ရေးပြီဆိုတာကလဲ
ကောင်လေးနဲ့ကောင်မလေး ပြန်အဆင်ပြေသွားပြီဆိုတဲ့
အထိမ်းအမှတ်နေ့လေးအတွက်ပါ
ဒီနေ့ ပြန်အဆင်ပြေတယ်ဆိုပေမယ့် ..........
တရက်တာအဆင်ပြေခဲ့ခြင်းတော့မဟုတ်ခဲ့ပါဘူး ...
မနက်ပိုင်း နေ့လည်ပိုင်း နဲ့ ညနေပိုင်း လုံးဝအဆင်မပြေခဲ့ပါဘူး .......
ညရောက်တော့မှ တယောက်နဲ့ တယောက်ပြေပြေလည်လည်ဆွေးနွေးပြီး
ပြန်အဆင်ပြေသွားတာပါ ........
ရူးမတတ်ခံစားနေရတဲ့ကောင်လေးအတွက်တော့
ပြောမပြတတ်အောင် ပျော်ခဲ့ပါတယ် ......
ကောင်မလေး .......ကောင်မလေး အတွက်ကျတော့ ........
ဘယ်လိုခံစားမှုမျိုးလဲ ကောင်လေး မသိနိုင်ခဲ့ပါဘူး ......
ကောင်လေး ကိုပျော်စေချင်လို့ တမင် စိတ်ညစ်စရာတွေရှိလျှက်နဲ့
ဟန်ဆောင်ပြုံးပြခြင်းပဲလား
ဟန်ဆောင်ပျော်ပေးခြင်းပဲလား ........ မသိနိုင်ပါဘူး..........
ဒီလိုနဲ့ ပြန်အဆင်ပြေခဲ့ပြီးတော့ .......
စကားတွေ ပြန်ပြောဖြစ်ခဲ့ကြပါတယ်....
တော်တော်များများကိုဆွေးနွေးဖြစ်ခဲ့ပါတယ် .....
ကောင်လေးက အမှားဖက်ကဆိုတော့ စိုးရိမ်စိတ်နဲ့ မေးတယ်လေ ......
စိတ်ကုန်သွားပြီလား ......
မုန်းသွားပြီလား .......
စိတ်ပျက်သွားပြီလားဆိုတော့ ...
ကောင်မလေးက အရင်အတိုင်းပါပဲ ချစ်နေဆဲပါပဲတဲ့ .....
ကောင်လေး ဒုတိယ အကြိမ် အရမ်းကိုပျော်ခဲ့ပါတယ် .......
ကောင်မလေး ........ ကောင်မလေးဖက်က .........
ပျော်ရဲ့လားဆိုတာကောင်လေးမသိနိုင်ခဲ့ပါဘူး ......
ဘယ်လိုခံစားမှုမျိုးနဲ့ ပြောခဲ့တယ်ဆိုတာ
ကောင်မလေး တယောက်ပဲသိနိုင်မှာလေ .....
ကောင်လေးကတော့ တခုပဲသိပါတယ် .......
ဘာလဲဆိုတော့ ............ ကောင်မလေးက သူ့ဘ၀ ပါပဲ ......
ဒါတွေကို ကောင်မလေးကလဲမယုံပါဘူး ........
အဲ့ဒီလိုကောင်မလေးရဲ့ မယုံတဲ့ စိတ်တွေကြောင့် လဲ ...........
ဒီနေ့အတွက်ကတော့ ...... ကောင်မလေးနဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်ကအရမ်းနည်းလွန်းတယ်လေ
ညရောက်တော့မှ ပြန်အဆင်ပြေပြီး .........
စကားတွေပြန်ပြောဖြစ်ခဲ့တဲ့အတွက် ..........
စကားတွေအများကြီးမပြောနိုင်ခဲ့ပါဘူး ..........
ကောင်မလေး အိပ်ချိန်ရောက်နေခဲ့ပြီလေ .........
ထုံးစံအတိုင်းပါပဲ ကောင်မလေး ကပုံပြင်ပြောပြမှအိပ်မယ်ဆိုတဲ့ အတွက်
ကောင်မလေး အတွက် ကောင်လေး ပုံပြင်မဟုတ်တဲ့ ပုံပြင်တွေပြောပြပြီး
ချော့သိပ်ခဲ့ပါတယ် .......
ကောင်မလေး အိပ်ပျော်ခါနီး မှာ
ကောင်လေး ............... ပြောပါတယ် .......
"အရမ်းချစ်တယ် ပိုးရယ် ........." တဲ့
ကောင်မလေး ကလဲ ..........
"ကို့ ကိုလဲချစ်တယ် " တဲ့
ကြည်နူးခြင်းတွေပြည့်နေတဲ့ ညလေးတညြ ဖစ်ခဲ့ပါတယ် ......
ဒီလိုနဲ့ ကောင်မလေး အိပ်ပျော်သွားခဲ့ပါတယ် ......
ကောင်မလေးဖတ်ဖို့အတွက် ကောင်လေး ကဗျာတပုဒ်ရေးထားတာကို
ကောင်မလေး မဖတ်လိုက်ရပဲ အိပ်ပျော်သွားတာပါ ......
ကဗျာက ................
" နံရံပေါ်က ကဗျာ " တဲ့
တို့တွေဝေးကွာ ရင်မှာဆွေးခါမှ
အတိတ်တွေတွေး အဝေးကိုငေးလို့
ငါ့နံရံလေး မှာ ကဗျာတွေရေး
တယောက်ထဲရေး ........ ရေး ........... ရေး မိပြန်ပြီ
ဖြစ်နိုင်မယ်ဆို ......
ငါ့ရင်ခွင်ထက် တရေးလောက်မှေးစက်လှည့်ပါလား
မင်းအတွက် တန်ဖိုးမရှိပေမယ့်
ငါ့ရဲ့နှလုံးသွေးတွေရင်း ခံစားချက်တွေနဲ့ခင်းထားတဲ့
ကဗျာတွေကပြောပြလိမ့်မယ် ထင်ပါရဲ့ .........
ငါ့အချစ် ငါ့ဘ၀ ငါ့စိတ်တွေက
မင်းအနားမှာ အမြဲ ......... အမြဲရှိတယ်ဆိုတာကိုပေါ့ .........
အချိန်တိုင်းသာ ..........
Sunday, August 2, 2009
၂-၈-၀၉ တညတာ (သို့) ကြည်နူးခြင်းတွေပြည့်နေတဲ့ ညလေးတည
Posted by ချစ်ရသူအတွက်အမှတ်တရ at 10:26 AM 0 comments
Subscribe to:
Posts (Atom)