BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Tuesday, May 25, 2010

၂၅.၅.၂၀၁၀ ရဲ့အမှတ်တရလေးများ....


တကယ်ကို စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်လာဖို့အတွက်
အချိန်တွေ တဖြေးဖြေးနီးကပ်လာပါပြီ


ဒီလိုအချိန်တွေရောက်ဖို့အတွက် နှစ်ယောက်လုံး
စိတ်ညစ်စရာအပြည့်
ပျော်စရာအပြည့်နဲ့ ဖြတ်သန်းလာခဲ့ရတာ

ရက်တွေလတွေပြောင်းပြီး တနှစ်ဆိုတဲ့အချိန်ကိုတောင်ရောက်ရတော့မယ်

သိပ်ချစ်စရာကောင်းတဲ့ချစ်သူကောင်မလေးတယောက်ရထားတာ
ကောင်လေးအတွက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ဘ၀တခုလိုပါပဲ


အချစ်တခုထဲနဲ့ ပြီးပြည့်စုံတဲ့ဘ၀ ဆိုတာ ဖြစ်မလာဘူးလို့ ပြောတတ်ကြပါတယ်

ဒါပေမယ့် အဲ့ဒီ အချစ်ဆိုတာနဲ့ပဲ ပြီးပြည့်စုံတဲ့ ဘ၀ တခုကို
မဖြစ်ဖြစ်အောင်ဆောက်လို့ရပါတယ်


စိတ်ရှည်မှု သည်းခံမှု တယောက်နဲ့တယောက် အားပေးကူညီ ဖေးမမှုကြင်နာမှုတွေရှိနေရင
ပြီးပြည့်စုံတဲ့ ဘ၀တခုဆိုတာ တည်ဆောက်ဖို့မခဲယဉ်းပါဘူး

အချိန်အတိုင်းအတာ တခုမှာပဲ အဲ့ဒီဘ၀ဆိုတာကိုရအောင်လုပ်နိုင်ပါတယ်

ကောင်မလေးနဲ့ ကောင်လေးတို့ကလဲ
ဒီလိုပဲ ပြီးပြည့်စုံတဲ့ဘ၀တခုကို တည်ဆောက်ဖို့အတွက်

အများကြီး တိုင်ပင် ဆွေးနွေးခဲ့ကြဖူးတယ်

အများကြီး စိတ်ကူးတွေယဉ်ခဲ့ကြဖူးတယ်

စကားတွေလဲ များ ရန်တွေလဲဖြစ်ခဲ့ကြဖူးတယ်


ကောင်မလေးရေ....

ဘ၀ တခုကို နှစ်ယောက်အတူတူ ဖြတ်သန်းဖို့ အတွက်
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ပြီးပြီပဲ

ဘာပဲဖြစ်ဖြစ် အားတင်းပြီးရင်ဆိုင်ကြတာပေါ့...


ကောင်လေးရင်ထဲမှာ ကောင်မလေးရှိနေသရွေ့

ကောင်မလေးရင်ထဲမှာ ကောင်လေးရှိနေသရွေ့
အားလုံးကိုအတူရင်ဆိုင်ဖြတ်သန်းကြမယ်လေ....


ဒီနေ့ ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တချို့ ကို
အကောင်အထည်ဖော်ဖို့
တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်..

စိတ်ကူးယဉ်အိပ်မက်ဆိုတာက တဘ၀ လုံးရဲ့ စိတ်ကူးယဉ်အိပ်မက်တော့မဟုတ်ပါဘူး
ဒါပေမယ့် တဘ၀လုံးနဲ့တော့ပတ်သက်နေတာပေါ့


ကောင်မလေးနဲ့ ကောင်လေးတို့ချစ်သူသက်တမ်း ၁၀ လကျော်လာတဲ့အထိ

တယောက်နဲ့ တယောက် အပြင်မှာလုံးဝ မတွေ့ရသေးပါဘူး

တခါမှလဲ မတွေ့ဖူးကြသေးပါဘူး


အရမ်းထူးဆန်းတဲ့ ဖူးစာကြောင့်သာ တနေရာနဲ့တနေရာ
မိုင်ပေါင်းမရေတွက်နိုင်အောင်ကွာဝေးတဲ့
ကြားထဲက
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ဖြစ်ခဲ့ကြရတာပါ


ဒါပေမယ့်အခုတော့ ကောင်မလေးနဲ့ကောင်လေးတို့အတွက် ကံကြမ္မာကပေးလာတဲ့ ကံကောင်းခြင်းလက်ဆောင်ကို နှစ်ယောက်အတူတူ လက်ခံကြရတော့မှာလေ

သိပ်မကြာတော့အချိန်မှာ
ကောင်မလေးနဲ့ ကောင်လေးတို့ အပြင်မှာတွေ့ခွင့်ရကြတော့မှာပါ


လွယ်လွယ်ကူကူနဲ့ တွေ့ရမှာတော့မဟုတ်ပါဘူး
အခက်အခဲတွေအများကြီးတော့ရှိတယ်လေ

အချိန်မတူတဲ့အခက်အခဲတွေ

တယောက်နဲ့ တယောက်ရဲ့ ရတဲ့အချိန်လွဲနေတဲ့အခက်အခဲတွေ

ငွေကြေးအခက်အခဲတချို့တွေ
အခက်အခဲတွေအများကြီးပါပဲ....


ဒီလိုအခက်အခဲတွေကို လွန်ခဲ့တဲ့ လတွေကထဲက
နှစ်ယောက်အတူတူ တိုင်ပင်ဆွေးနွေးပြီး

အကောင်းဆုံးဖြစ်အောင် ဖြေရှင်းခဲ့ကြဖူးပါတယ်


ဒါပေမယ့် အခက်အခဲတွေက အချိန်တွေနီးလာလေလေ
ပိုများလေလေ ဖြစ်လာတာကြောင့်

ဒီနေ့လဲ ဒီအခက်အခဲတွေကို နှစ်ယောက်အတူ ဖြေရှင်းခဲ့ပါတယ်


ပထမဆုံးဖြေရှင်းကြတာကတော့ အချိန် .... အချိန်ပါပဲ
ကောင်လေးအတွက် အချိန်က အရမ်းကို အခက်အခဲဖြစ်တာကြောင့်

ကောင်မလေး က ကောင်လေးရဲ့ အချိန်နဲ့ အနီးစပ်ဆုံး အဆင်ပြေတဲ့အချိန်ကို
ရအောင်ယူနေရာပါတယ်

တကယ်တော့ မိန်းကလေးတယောက်အတွက်
ဒီလို ခက်ခက်ခဲခဲ အချိန်ကိုလုပြီးယူရတာမလွယ်လှပါဘူး


ဒါပေမယ့် ကောင်မလေး ကတော့ တက်တက်ကြွကြွနဲ့ ကိုအချိန်တွေ တွက်ပြရှာပါတယ်

ကောင်မလေးရဲ့ ဒီလို တက်ကြွတဲ့ အမူအရာ တွေကြောင့်
ကောင်လေး အရမ်းပျော်ခဲ့ရပါတယ်

ဒီလိုတွေ့ကြရဖို့အတွက် အခက်အခဲတွေကို စိတ်ညစ်နေရမယ့်အစား

အရမ်းကိုတက်ကြွနေတတ်တဲ့ ကောင်မလေး ကြောင့် ကောင်လေး တကယ့်ကို ကြည်နူးခဲ့ရပါတယ်

ကောင်မလေးနဲ့ကောင်လေးတို့ အချိန်ကို တွက်ကြတာ တော်တော်ကြာသွားခဲ့တယ်... အဆင်ပြေတဲ့အချိန်တခုကိုတော့ရသွားခဲ့ကြတယ်လေ
ဒါပေမယ့် ကောင်မလေးအတွက်ကတော့ အရမ်းကိုအလုပ်ရှုပ်ရမှာပေါ့ ..


ပထမဆုံး တွေ့ရမယ့်ဒီအချိန်လေးကို နှစ်ယောက်လုံး လက်လွတ်မခံချင်တာကြောင့် အလုပ်တွေအရှုပ်ခံခဲ့ကြတာပါ.....

ဒီလိုနဲ့ နောက်ဆုံး အချိန်တခုကို အတည်ပြုလိုက်ပါတယ်.....


စိတ်ကူးယဉ် အိပ်မက်တချို့ ကို စတင်ပြီးအကောင်အထည်ဖော်မယ့်ရက်စွဲလေးပါပဲ ......

ဒီနေ့ ၂၅ ရက်နေ့ ၅ လပိုင်းအတွက် အမှတ်ရစရာလေး တခုဆိုပါတော့......



နောက်ထပ် အမှတ်ရစရာလေးတွေရှိပါသေးတယ်


ဘာလဲဆိုတော့.....
ဒီနေ့ ကောင်မလေး အလုပ်က အပြန်မှာ ....
ဆွဲကြိုးလေးနှစ်ကုံး ၀ယ်လာပါတယ်

အရမ်းကို စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ အဓိပာယ် အပြည့်ပါတဲ့ ဆွဲကြိုးလေးတွေပါ


ကောင်မလေး တကုံး ကောင်လေး တကုံးပေါ့......

ဆွဲကြိုးလေး က လက်စွပ်လေးနှစ်ကွင်းစီပါ ပါတယ်..

အဲ့ဒီ လက်စွပ် နှစ်ကွင်းမှာ စာလုံးလေးတွေလဲထွင်းထားတယ်လေ

တကွင်းမှာ ကို

တကွင်းမှာ သဲ တဲ့....

အရမ်းကို စိတ်ကူးယဉ်ဆန်ပြီးအရမ်းကို အနှစ်သာရရှိတဲ့ ဆွဲကြိုးလေးပါပဲ

ဆွဲကြိုးလေးတွေသွားဝယ်နေတဲ့အချိန်က စလို့
ကောင်မလေး အရမ်းကို ပျော်ရွှင်ပြီး
အသံလေးတွေကအစ အရမ်းကိုတက်ကြွနေပါတယ်

အဲ့ဒီလို တက်ကြွပျော်ရွှင်နေတဲ့ကောင်မလေးကို
ကောင်လေး အပြင်မှာအရမ်းတွေ့ချင်မိတာတော့အမှန်ပါ


ဒီလိုနဲ့ ကောင်မလေး အိမ်ကိုပြန်ရောက်လာခဲ့တာပေါ့

အိမ်ကိုပြန်ရောက်တာနဲ့ ကောင်မလေးက ကောင်လေးကို ဆွဲကြိုးလေးတွေထုတ်ပြတယ်
ကောင်မလေးမှာတကယ့်ကို လှပတဲ့စိတ်ကူး ဆန်းဆန်းလေးတွေရှိနေတတ်တယ်ဆိုတာ
တကယ့်ကိုလက်တွေ့ပါပဲ

တကယ့်ကို လှတဲ့ဆွဲကြိုးလေးတွေပါ
ကောင်မလေး အရမ်းပျော်ပြီး ကောင်လေးလဲအရမ်းကိုပျော်ခဲ့ပါတယ်...

ဒါပေမယ့် ...... အချိန်တခု......
အချိန်တခု ဆိုတာ ကောင်လေးရဲ့ နေ့လည်စာ စားတဲ့အချိန်တခု ဆိုပါတော့


အဲ့ဒီအချိန်မှာ ကောင်လေး ထမင်းစားပါတယ်..

အခက်အခဲအမျိုးမျိုးကြောင့် ကောင်လေးမှာ စားစရာမရှိတဲ့အခြေအနေအထိရောက်နေတယ်လေ
ထမင်းနည်းနည်းရယ် ဘာမှမပါတဲ့ ဟင်းနည်းနည်းရယ်နဲ့
ကောင်မလေးရှေ့မှာထိုင်စားနေတာကို

ကောင်မလေးကြည့်ရင်း မျက်ရည်တွေဝဲနေခဲ့တယ်


ကောင်လေးက ထမင်းစားနေရင်းနဲ့ဘာဖြစ်လို့လဲမေးတော့ ကောင်မလေးမဖြေပဲ ဘာမှမဖြစ်ပါဘူးလို့ပဲပြောခဲ့တယ်

ကောင်လေး ခနခနမေးတော့မှ..
ကောင်မလေးက စိတ်မကောင်းလို့တဲ့..
ကောင်လေး ဒီလိုစားနေရတာကို စိတ်မကောင်းလို့ ငိုတာတဲ့..
ကောင်လေးအရမ်းကိုသနားသွားခဲ့တယ်..

ကောင်လေးအတွက်တော့ ဒီလိုစားရတာမဆန်းဘူးလို့ပြောလို့ရတယ်လေ


ကောင်လေးအတွက်မဆန်းပေမယ့်
ကောင်မလေးအတွက်တော့ မျက်ရည်ကျရတဲ့အထိကိုဆန်းနေတော့

ကောင်လေးအရမ်းစိတ်မကောင်းဖြစ်ပြီး

ကောင်မလေး စိတ်ပြေရာပြေကြောင်းဖြစ်အောင် အမျိုးမျိုးပြောပြတော့
ကောင်မလေးလဲတဖြေးဖြေး စိတ်သက်သာရာရသွားခဲ့တယ်


ဒီတော့မှ ကောင်လေးလဲ သက်ပြင်းလေးချနိုင်ခဲ့တာပါ.......

ကောင်လေးနဲ့ပတ်သက်လို့ ဒီလောက်ထိလိုက်တွေးပေးပြီး
စိတ်မကောင်းဖြစ်တတ်တဲ့ကောင်မလေးရေ...

ကောင်လေးဘ၀မှာ ကောင်မလေးကို ချစ်သလို
ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးတာအမှန်ပါ

ကောင်မလေးရဲ့ အချစ်လို လဲ ဘယ်သူ့ဆီကမှမရခဲ့ဖူးတာအမှန်ပါ......


အရမ်းချစ်တယ်ကောင်မလေးရယ်.......


တရက်ပြီးတရက် အမှတ်တရတွေနဲ့ထပ်ထပ်နေတတ်တဲ့

ဘ၀နှစ်ခု ပေါင်းစုမယ့် ရက်တွေ

လက်ချိုးလို့ရေရင်း သက်ပြင်းလေးခိုးခိုးချ

ပြုံးပြုံးလေးနဲ့အိပ်ခဲ့ရတဲ့ ညတွေမနည်းတော့ပြီ................


အရမ်းချစ်တယ် သဲ ရယ်.........


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်