BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, October 4, 2009

ခိုးပြီးရင်ခုန်ခဲ့ဖူးသူ


အခုရေးမယ့် အကြောင်းကတော့ အရင်တနေ့ကရေးထားတဲ့ ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်ရဲ့အဆက်ဆိုပါတော့

အဲ့ဒီမှာရေးထားခဲ့လို့ ကောင်မလေး နဲ့ ကောင်လေးတို့
အဆက်အသွယ်ပြတ်ခဲ့ရတယ်ဆိုတာ
သိပြီးလောက်ပါပြီ.....

ဘာကြောင့်အဆက်အသွယ်ပြတ်ခဲ့ရတာလဲဆိုတော့....
ကောင်မလေးနဲ့ ကောင်လေးတို့
ရင်းရင်းနှီးနှီးနဲ့ စကားတွေပြောခဲ့ကြတဲ့ အချိန်တွေမနည်းခဲ့ပေမယ့်

တဖြေးဖြေးကောင်မလေးဖက်က ကောင်လေးကို အချိန်မပေးနိုင်တော့ပါဘူး....


ကောင်လေး စကားတွေပြောချင်လို့ ကောင်မလေးကိုခေါ်ပေမယ့်

ကောင်မလေး ကောင်လေးကိုစကားတွေပြန်မပြောတော့ပါဘူး

ကောင်လေးခေါ်လဲ ပြန်မထူးတော့ပါဘူး...


ကောင်လေး က ဘာကြောင့်လဲ လို့ ခနခနမေးပါတယ်

ကောင်မလေး ဘာမှပြန်မပြောတော့ပါဘူး


ကောင်လေးထင်တာက ကောင်မလေး တခုခုကိုစိတ်ကောက်နေတာလား

ဒါမှမဟုတ် စိတ်ဆိုးနေတာလားဆိုပြီး....

လိုက်ချော့တာပေါ့....


ဒါပေမယ့် ကောင်မလေး ဖက်က ဘာမှကိုပြန်မပြောတော့ပါဘူး....

နောက်မှကောင်လေး သိလိုက်ရတာက

ကောင်မလေးရဲ့ ရင်ခုန်သံ တချို့ နဲ့ နှလုံးသားကိစ္စတခုကြောင့်

ကောင်လေးနဲ့ အရင်လိုစကားတွေပြောဖို့ အချိန်မပေးနိုင်တော့ဘူးဆိုတာပါပဲ....

နောက်ပိုင်းကောင်မလေး ကို အင်တာနက်မှာ သိပ်မတွေ့ရတော့ပါဘူး..
ပျောက်သွားခဲ့ပါတယ်......

ကောင်မလေးကတော့ ကောင်လေးမသိတဲ့ တခြား နေရာမှာ
သူ့ရင်ခုန်သံတွေကိုဖြေရှင်းနေပုံရပါတယ်....

အစကတော့ ကောင်မလေး ကိုမြင်လိုက်တာနဲ့
ကောင်လေး ချက်ချင်းခေါ်ပါတယ်

ဒါပေမယ့် ဘာမှမထူးပါဘူး ကောင်မလေး ဖက်က တခွန်းမှပြန်မပြောခဲ့ဘူး....


ကြာလာတော့ ကောင်လေး သဘောပေါက်လာပါတယ်.....
ကောင်မလေး ကို မြင်ရင်တောင် မခေါ်မိအောင်နေပါတယ်.....
အဲ့ဒီအချိန်တုန်းက
ကောင်မလေးနဲ့ ကောင်လေး က သူငယ်ချင်းဆိုတာ ထက်မပိုတဲ့ သံယောဇဉ်ပဲရှိခဲ့တာပါ..

ဒါပေမယ့် သေချာတာတခုကတော့ ကောင်လေး စိတ်ထဲမှာ
တဆစ်ဆစ်နဲ့ ခံစားရပါတယ်...

ဘာကြောင့်ခံစားရလဲဆိုတော့
ကောင်လေးကိုယ်တိုင် ကောင်မလေးကို ခိုးပြီးရင်ခုန်ခဲ့ဖူးသူဖြစ်ခဲ့လို့ပါပဲ...


ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ အဆက်အသွယ်တွေပြတ် စကားတွေမပြောဖြစ်ခဲ့ကြတာတော်တော်ကြာကြာသွားခဲ့တယ်...

တော်တော်လေးကြာပြီး ....... တနေ့မှာ

ကောင်မလေးက ကောင်လေး ကိုစခေါ်လာတယ်...

မေးစရာရှိလို့ပါတဲ့.......

အရင်ကလဲ ကောင်မလေး မသိတာရှိရင်မေးတယ်

ကောင်လေး က သိရင်ဖြေနေကြပါ....

အခုကောင်မလေး က စခေါ်ပြီးမေးစရာရှိလို့ပါဆိုတော့

ကောင်လေး အရမ်းပျော်သွားပြီး.......

မေးဖို့ပြောလိုက်တယ်...


ကောင်မလေး မေးလိုက်တဲ့ အကြောင်းက .........


သူငယ်ချင်း ၃ ယောက်ရှိတယ် ...

တယောက်က ယောက်ကျားလေး...

အဲ့ဒီယောက်ကျားလေး လေး ကို ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကချစ်တယ်

အဲ့ဒီနှစ်ယောက်ထဲက တယောက်ကို ယောက်ကျားလေးက ပြန်ချစ်တယ်

တယောက်ကိုမချစ်ဘူး ......


မိန်းကလေးနှစ်ယောက်ကြတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေ

အချစ်မခံရတဲ့ မိန်းကလေး က
သူငယ်ချင်းယောက်ကျားလေးကိုအရမ်းချစ်တယ်

အဲ့ဒါကြောင့် အချစ်ခံရတဲ့ မိန်းကလေး က
နောက်ဆုတ်ပေးသင့်လား
နောက်ဆုတ်ပေးဖို့ကြတော့လဲ
အချစ်ခံရတဲ့ မိန်းကလေးက ချစ်နေတော့ ခက်တယ်တဲ့

ဒါမှမဟုတ် ရှေ့ဆက်တိုးဖို့ကြတော့လဲ
သူငယ်ချင်းတွေမျက်နှာပျက်ရမယ်.........

ဘာလုပ်မရမလဲတဲ့........


ကောင်လေး သိလိုက်ရတာက အချစ်ခံရတဲ့ မိန်းကလေးဆိုတာ
ကောင်မလေးလေ

အဲ့ဒီလို သိလိုက်ရပြီး ကောင်မလေး မေးတာကိုဖြေဖို့ကြတော့ .........

ကောင်လေး စိတ်ထဲမှာ
တဆစ်ဆစ်နဲ့ ဒေါသတွေလား အတ္တတွေလား သောကတွေလားမသိနိုင်တဲ့

တခုခု ကိုခံစားလိုက်ရပြီး ဘာဖြေရမှန်းမသိတော့ဘူး


အဲ့ဒါကြောင့် ကောင်လေး လဲ မသိဘူးလို့တခွန်းထဲပြောလိုက်တယ်

ကောင်မလေး လဲ စိတ်တိုသွားပုံရပါတယ်....

ချက်ချင်းပြီးတာပဲဆိုပြီး ထွက်သွားတယ်....


တကယ်ဆိုရင် ဒီကိစ္စက ကောင်လေးနဲ့ ဘာမှမပတ်သက်ဘူးလို့ပြောလို့ရပါတယ်

ဒါပေမယ့် ကောင်လေး ဖက်ခိုးရင်ခုန်ဖူးခဲ့တာဆိုတော့
ဒီလို အမေးခံလိုက်ရတဲ့ အချိန်မှာ ဒီလိုပဲဖြေလိုက်မိတာပါ.....

အဲ့ဒီလိုဖြစ်ပြီးသွားတဲ့ နောက်ပိုင်း
ကောင်လေး လဲ အခြေအနေတခုကို
တိတိကျကျသိလိုက်ရပြီဆိုတော့ ......
ကောင်မလေးနဲ့ ပတ်သက်ခဲ့သမျှတွေကိုမေ့လိုက်ဖို့ကြိုးစားလိုက်ပါတယ်

ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ အဆက်အသွယ်ကတော့
ပြတ်မြဲပြတ်သွားပြန်တာပါပဲ


အင်တာနက်မှာ ကောင်မလေးကို ကောင်လေး တွေ့နေခဲ့တယ်...

ဒါပေမယ့် စကားတခွန်းမှမပြောဖြစ်ခဲ့ကြဘူး....

ကောင်မလေး ကလဲမပြောတော့ဘူး .....
ကောင်လေး ကလဲ မခေါ်တော့ဘူး.......

ဒီလိုနဲ့ ....... တနေ့ ကောင်လေး က ကောင်မလေးကိုခေါ်ကြည့်တယ်
ထူးထူးဆန်းဆန်းကောင်မလေးစကားတွေအများကြီးပြန်ပြောပါတယ်...
စိတ်ညစ်နေတဲ့ အကြောင်းတွေနဲ့ နေမကောင်းတဲ့အကြောင်းတွေပေါ့

ကောင်မလေး ကိုကောင်လေး ဘယ်လောက်ဒေါသတွေထွက်ခဲ့ထွက်ခဲ့

ကောင်မလေး စိတ်ညစ်နေတာ ကောင်မလေး နေမကောင်းတာသိတာနဲ့

ဒေါသတွေနဲ့ ဖြစ်ခဲ့တာတွေ အကုန်ဘယ်ရောက်သွားမှန်းမသိပဲ

ကောင်မလေးကို အရင်လို ဂရုတစိုက်နဲ့ စကားတွေပြောတယ်

ဆေးသောက်ဖို့မှာတယ် .....


ကောင်မလေးနဲ့ ကောင်လေးတို့အဲ့ဒီအချိန်ကစပြီး .....

အရင်လို စကားတွေပြန်ပြောဖြစ်ခဲ့ကြတယ်လေ.......
ကောင်လေးကလဲ ကောင်မလေး ကို အရင်က ကိစ္စတွေဘာမှမမေးပါဘူး..


ဒီလိုလေးပဲ သူငယ်ချင်းတွေလိုပြန်နေခွင့်ရတာကိုပဲ ကောင်လေး ပျော်နေခဲ့လို့ပါ......

အဲ့ဒီနောက်ပိုင်း........
ကောင်မလေး နဲ့ ကောင်လေးတို့ ဘယ်လိုချစ်သူတွေဖြစ်သွားခဲ့လဲဆိုတော့.......


ဒီနေ့တော့ ဒီလောက်ပဲပေါ့........

ချစ်သူတွေဖြစ်သွားခဲ့တဲ့အကြောင်းကိုတော့ နောက်နေ့ မှဆက်ရေးတော့
မယ်
အခုဆက်ရေးလိုက်ရင် ရောသွားပြီး ခံစားရတာ တမျိုးပြောင်းသွားဦးမယ်
အဲ့ဒါကြောင့်နောက်နေ့မှပဲဆက်ရေးတော့မယ်.......

တော်လောက်ပြီပေါ့..........



သည်းခံပြီးဖတ်ပေးတဲ့ တယောက်တည်းသော ကောင်မလေး ရေ .......
ကျေးဇူးတင်ပါတယ်



အရမ်းချစ်တယ်ပိုးရယ်......


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်