နင်နဲ့ငါနဲ့ ဘယ်သူမှ မစေခိုင်းဘဲ ရွေးချယ်ခဲ့တဲ့ ဒီလမ်း....
ပျော်ရွှင်စရာဆိုတာ ရှာမရလောက်အောင်နည်းခဲ့တာ....
အဲဒါလဲ ဘယ်သူ့ပယောဂမှ မပါပါဘူး....
ငါတို့ကိုယ်တိုင်ပဲလုပ်ခဲ့တာ....
ငါကိုယ်တိုင်လဲ....ဒီနွံထဲက ရုန်းမထွက်ချင်ဘူး....
နင်သိမှာပါ...
ဒီအတိတ်ဆိုးတွေနဲ့
ဒီနာကျင်စရာတွေကို
ငါ မစွန့်လွှတ်နို်င်ဖြစ်နေခဲ့တာ.....
နင့်ကို ပိုစိတ်ပျက်မိလေ...နင့်ကိုဆုံးရှုံးရမှာ ကြောက်လေပဲ....
ဒါကလဲ...ငါမကြိုက်တာကိုမှ လုပ်ချင်တဲ့ နင့်အကျင့်နဲ့
နင်ပြောသလို တစ်ဖက်စွန်းရောက်နေတဲ့ ငါ့စိတ်ကြောင့်ပဲလေ....
အတ္တကြီးလွန်းတဲ့ ငါကတော့ နင့်အတွက်စိတ်ပျက်စရာပေါ့...
ကိစ္စတော့မရှိပါဘူး....
ဘာကြောင့်လဲဆိုတာ နင်ရောငါရော သိပြီးသားလေ....
တစ်သက်စာ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကထဲက....
ဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းနေပါစေ...
နင်ဆိုတာ ငါ့အတွက် မရှိမဖြစ် လိုအပ်နေတာ....
အရာရာ ပြုပြင်ပါ့မယ်ဆိုတဲ့ နင့်ကို ယုံကြည်ပေးဖို့....
ငါ့အတ္တတွေလျော့ပြီး စောင့်နေပါ့မယ်....
တစ်ချိန်ချိန်တော့...
ငါမျှော်လင့်တဲ့ နေ့လေးရောက်လာမှာပါ...
ဒါကလဲ နင်နဲ့ငါနဲ့ ပဲ သက်ဆိုင်တယ်....
နင်လုပ်နိုင်မယ်မဟုတ်လား....
အချိန်တိုင်းသာ ..........
Saturday, August 29, 2009
ကောင်မလေးရဲ့ တနေရာက စာတစောင်
Posted by ချစ်ရသူအတွက်အမှတ်တရ at 1:11 PM 0 comments
၂၉-၈-၀၉(သို့)ပျော်စရာကောင်းတဲ့အနာဂတ်
စာတွေမရေးဖြစ်ခဲ့တာ .......
ဘယ်နှရက်လောက်ကြာနေပြီမှန်းတောင်မသိတော့ပါဘူး.....
မရေးဖြစ်ဘူးဆိုတဲ့ အကြောင်းကလဲ အရင်အတိုင်းပဲပေါ့ .........
နေ့စဉ်ဖြစ်နေကြ ကောင်မလေး နဲ့ ကောင်လေး တို့ရဲ့ ပြသာနာတွေကြောင့်ပါပဲ
ဒီနေ့ပြန်ရေးဖြစ်တယ်ဆိုတာကလဲ .......
ကောင်မလေးနဲ့ ကောင်လေး တို့ အဆင်ပြေပြေ ပြန်ဖြစ်ပြီးတော့
ဒီနေ့ အတွက် ပြသာနာမတက်ပဲ ......... အဆုံးသတ်ခဲ့ကြလို့ပါပဲ ......
ရေးတယ်ဆိုပေမယ့်လဲ အရင်လိုအရှည်ကြီးတွေရေးဖြစ်ချင်မှရေးဖြစ်မှာပါ
ဘာလို့လဲဆိုတော့ ........
အရင်လိုအရှည်ကြီးတွေရေးရင် ဖတ်တဲ့ သူ (တဦးတည်းသောပရိသတ်) မဖတ်ချင်မှစိုးတာကတကြောင်း
အရှည်ကြီးရေးရင် ပုံစံက အရင်လိုပဲ ပုံမှန် လုပ်နေကြတွေကိုပဲချရေးရမှာဖြစ်တဲ့ အတွက်
အရှည်ကြီးမရေးဖြစ်လောက်ဘူးထင်ပါတယ် ...............
အခုတလောဖြစ်နေတာ အားလုံး ကို အတိုချုံး ပြီးရေးလိုက်ပါ့မယ် .......
အခုတလော ကောင်မလေး နဲ့ ကောင်လေး နဲ့
ပြသာနာ အကြီးကြီးတက်ပါတယ်........
တက်လိုက်တဲ့ ပြသာနာတိုင်းကို အကြီးကြီးလို့ အမြဲရေးနေတတ်တော့
ဒီတခါဖြစ်တဲ့ ပြသာနာလဲ အရင်လိုပါပဲလို့တော့ မထင်လိုက်ပါနဲ့
ပြသာနာဖြစ်တိုင်း ဒီတခါ ပြသာနာက တော်တော်ကြီးတယ်လို့ရေးတာကလဲ
တကယ့်ကို တခါဖြစ်လိုက်တိုင်း တခါ ပြသာနာက ပိုပို ကြီးလာလို့ပါ .......
အခု ရက်ပိုင်းအတွင်းမှာဖြစ်တဲ့ ပြသာနာက အများကြီးပါ ........
တခုပြီးတခုကိုဆက်တိုက်ဖြစ်နေခဲ့တာပါ ..........
ပြသာနာရဲ့ ဇစ်မြစ်ကတော့ ထုံးစံအတိုင်းပါပဲ .......
သ၀န်တိုတတ်တဲ့ ကောင်မလေး ရဲ့ စိတ်နဲ့ ......
အတိတ်မှာ အမှားတွေများခဲ့တဲ့ကောင်လေး
နှစ်ယောက်သား ငြိမရပဲ စကားများ ရန်ဖြစ်ကြတာပါ ........
ဒီတခါကလဲ အရင်လိုပဲပေါ့ ......
ကောင်လေး မှားတာပါပဲ ........
ကောင်လေး ရဲ့ အမှားတွေထဲက အကြီးဆုံးအမှားပေါ့ .....
ကောင်မလေး ရဲ့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်မိတဲ့ အမှားပါ .........
ကောင်မလေး က ယုံယုံကြည်ကြည်နဲ့
ကောင်လေး ကို စိတ်ချလက်ချ လွှတ်ထားတာကို
အခွင့်အရေးယူတဲ့ကောင်လေး ရဲ့အမှားပါ...........
အခွင့်အရေးယူတယ်ဆိုတာကလဲ ......
ကောင်မလေး မရှိတဲ့ အချိန်တွေမှာ
ကောင်လေး က တခြားမိန်းကလေးနဲ့ ပြောဆိုနေခဲ့တာပါ ......
တကယ်တော့ ဒီလိုပြောဆိုနေတယ်ဆိုတာကလဲ.......
ကောင်လေး ဖက်ကရိုးရိုးသားသားပြောဆိုဆက်ဆံခဲ့တာပါ ........
ကောင်မလေး ဖက်ကကြည့်တော့လဲ ......
သူချစ်တဲ့ ကောင်လေး က သူမရှိတဲ့ အချိန်မှာ တခြားကောင်မလေးနဲ့
စကားတွေပြောနေတာဆိုတော့ ........
ဘယ်လိုမှ သည်းခံနိုင်စရာအကြောင်းမရှိပါဘူး......
စဖြစ်တာက ............
၂၅ ရက်နေ့ည ကပါ ...........
အဲ့ဒီညက ကောင်လေး ရဲ့ သူငယ်ချင်းကို
ကောင်လေး ပြန်လိုက်ပို့ရမှာမလို့ကြာမယ်ဆိုတဲ့
အကြောင်းပြောနေရင်း နဲ့ ကောင်မလေး က ကောင်လေးဆီမှာ တခြားအွန်လိုင်းသုံးနေတာရှိသေးလား
ဆိုတော့ ကောင်လေး က လဲ ရှိပါတယ်ဆိုပြီး .....
သူသုံးနေတာ ကို ကောင်မလေး ကို ပေးလိုက်ပါတယ် ......
ပေးလိုက်ပြီးတော့ ကောင်လေး ရေသွားချိုးပြီး ပြန်အလာမှာ
ပြသာနာက စပြီးကြိုဆိုတော့တာပါပဲ ..........
ကောင်မလေး က ကောင်လေးနဲ့စပြောတာနဲ့
မျက်နှာ အမူအရာက သိသိသာသာကိုပြောင်းနေပါတယ်
ကောင်လေး က အတင်းမေးတော့
ကောင်မလေး မျက်ရည်တွေကျလာပြီး စကား တခွန်းထဲပြောပါတယ် ........
ကို နဲ့ ဒီနေ့ က စပြီး ပြီးပြီ ပြတ်ပြီ ..... နောက်နေ့ လုံးဝမပြောတော့ဘူး ......... တဲ့
ကောင်လေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ အတင်းမေးတော့
ကောင်လေးတခြားကောင်မလေးနဲ့ပြောထားတဲ့အကြောင်းတွေပြောပြပြီးတော့
ကောင်မလေး ဖုန်းချသွားပါတယ်
အွန်လိုင်းလဲ လုံးဝပြန်မတက်လာတော့ပါဘူး .........
ကောင်လေး ကလဲ ချော့ဖို့ အချိန်မရတော့ဘူး
ရထားထွက်ဖို့အချိန်က နောက်ကျတော့မှာမလို့ .....
သူ ငယ်ချင်းကိုလိုက်ပို့ဖို့ ထွက်သွားရပါတယ် ......
သူငယ်ချင်းကိုလိုက်ပို့ တဲ့ လမ်းတလျှောက်လုံး ကောင်လေး တချက်မှမပြုံးနိုင်ခဲ့ပါဘူး......
ဘယ်သူ့ ကိုမှလဲ စကားမပြောပဲ ငူငူ ငိုင်ငိုင်ကြီးဖြစ်နေပါတယ် ........
သူငယ်ချင်းတွေကလဲ သိပါတယ် ကောင်လေး ကောင်မလေး နဲ့ ပြသာနာတက်ပြီဆိုတာ
သူငယ်ချင်းတွေ ကောင်လေးကို ၀ိုင်းပြောကြပါတယ်.......
ကောင်မလေး ကို တကယ်ချစ်တယ်ဆိုရင်
ကောင်မလေး မကြိုက်တာတွေမလုပ်ဖို့နဲ့
ပြန်ရောက်ရင်ကောင်မလေး ကို ချော့ဖို့
နားလည်အောင်ရှင်းပြဖို့ သူငယ်ချင်းတွေအကြံပေးပါတယ်...
ကောင်လေး က လဲ ကောင်မလေး ကို ရှင်းပြချင်နေတာပါပဲ ........
ဒီလိုနဲ့ သူငယ်ချင်းကိုလိုက်ပို့ပြီးကောင်လေး ပြန်လာတော့အရမ်းကိုနောက်ကျနေပါပြီ......
ကောင်မလေးရဲ့ အိပ်ချိန်ကို ရောက်နေပါပြီ .......
အွန်လိုင်းကိုဖွင့်ကြည့်တော့လဲ ကောင်မလေး မရှိဘူး .............
ဖုန်းဆက်ဖို့လဲ ကောင်မလေး အိပ်နေပြီထင်လို့ မဆက်ရဲခဲ့ပါဘူး........
မနက်ရောက်ရင်ရှင်းပြမယ်ဆိုပြီး ကောင်လေး အိပ်ဖို့ကြိုးစားခဲ့ပါတယ် ...
ကောင်လေး ဘယ်လိုမှအိပ်မရဘူး စိတ်တွေအရမ်းမွန်းကြပ်နေတယ်လေ.....
ဒီလိုနဲ့ ကောင်လေး အရမ်းစိတ်ညစ်ပြီးတော့ အရက်တွေသောက်ပါတယ် .....
တော်တော်ကို အမူးတွေလွန်ပြီး...... အခြေအနေမကောင်းခဲ့ပါဘူး .......
ဒီလိုနဲ့ ကောင်လေး အွန်လိုင်း ကိုကောင်မလေး ၀င်လာမလားဆိုပြီး တညလုံး
မူးမူးနဲ့ ထိုင်စောင့်နေခဲ့တာပေါ့ .....
အဲ့ဒီအချိန်မှာ ရုတ်တရက်ကောင်မလေး အွန်လိုင်းဝင်လာပါတယ်
ဒါပေမယ့် လဲ စက္ကန့် ပိုင်းလောက်ပါပဲ ..
ချက်ချင်းပြန်ထွက်သွားတယ် .............
ကောင်မလေး အိပ်ရာကနိုး နေပြီဆိုပြီး
ကောင်လေး ချက်ချင်းပဲ ကောင်မလေး ဆီဖုန်းဆက်တော့တာပါပဲ ......
ကံကောင်းချင်တော့ ကောင်မလေး ဖုန်းကိုင်ပေးတယ်လေ
ကောင်လေး မူးနေလို့ လျှောက်ပြောမိမှာစိုးလို့....
စိတ်ကိုအရမ်းထိန်းပြီး .............
ကောင်မလေး ကိုရှင်းပြပါတယ် .........
ကတိတွေလဲ အထပ်ထပ်ပေး တာပေါ့ ..........
ကောင်မလေး ကတော့ ဘယ်လိုမှမယုံနိုင်တော့ဘူးလေ.........
ယုံနိုင်စရာလဲ မရှိတော့ပဲကို ........
ဒါပေမယ့် တခုက ကောင်မလေး မသိအောင်
ကောင်လေး က တခြားမိန်းကလေး နဲ့ဖောက်ပြန်တာမဟုတ်ပါဘူး
ရိုးရိုးသားသားပဲပြောခဲ့တာပါ .......
ဒါပေမယ့် လဲ ကောင်မလေး ရဲ့ ယုံကြည်မှုကိုဖျက်ဆီးပြီး
လိမ်ညာမိခဲ့တာတွေ က ကောင်မလေး ရဲ့ ဒေါသကိုဆွပေးလိုက်သလိုပါပဲ
ကောင်လေး ဘယ်လိုရှင်းရှင်းကောင်မလေး လက်မခံပါဘူး......
ဒါပေမယ့် ကောင်လေး ကတိတွေ အထပ်ထပ်ပေးပြီး
အကြိမ်ကြိမ်ရှင်းပြတော့မှ.......
ကောင်မလေး လက်ခံလိုက်ပါတယ်
ယုံကြည်ပြီးလက်ခံတာတော့မဟုတ်ပါဘူး.......
ဘယ်လို စိတ်မျိုးနဲ့ လက်ခံတယ်ဆိုတာကတော့ ကောင်မလေး ပဲသိပါလိမ့်မယ် ........
ဒီလိုလက်ခံပြီး ကောင်မလေး က စကားတခွန်းတော့ပြောပါတယ်
ကို့ ကိုမခွဲနိုင်ဘူး
အရမ်းချစ်တယ် ............. တဲ့
ဒီလိုနဲ့ ကောင်မလေး ကို ပြင်မယ်လို့ ကတိပေးပြီး
ကောင်လေး တကယ်ကိုပြင်ခဲ့ပါတယ်
ကောင်မလေး မကြိုက်တာတွေလုံးဝမလုပ်မိအောင်နေတယ်
အပျော်မရှာမိအောင်နေတယ် .........
ဘယ်လိုပြင်ခဲ့လဲဆိုတော့ ........
အမြဲတမ်းပုံမှန် အချိန် လုပ်နေကြအလုပ်တခုကို
ပြောင်းပြန်လုပ်ပြီးပြင်လိုက်တာပါ.........
အရင် က ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန်
ကောင်လေးဆီက မနက် ၈ နာရီမှာ
ကောင်မလေး ဆီဖုန်းဆက်တယ် ပြီးတော့
ကောင်မလေး အလုပ်ဆင်းချိန် ကောင်လေး ဆီက
ညနေ ၂ နာရီ ကောင်မလေး ဆီဖုန်းဆက်တယ် .......
အဲ့ဒီ မနက် ၈ နာရီနဲ့ ညနေ ၂ နာရီကြားထဲမှာ
ကောင်လေး အချိန်တွေ အများကြီးပိုနေတဲ့အတွက်
အပျော်တွေရှာမိခဲ့တာကြောင့်
အဲ့လိုပုံမှန်လုပ်နေတာတွေကို ပြောင်းပြန်လုပ်လိုက်တာပါ ...........
ဘယ်လိုလုပ်လိုက်တာလဲဆိုတော့
ည ကောင်မလေး အိပ်နေတဲ့ အချိန်မှာ ကောင်လေး မအိပ်ပဲနေခဲ့ပါတယ်
မနက်ကောင်မလေး အိပ်ရာက နှိုး တဲ့အထိ ထိုင်စောင့်နေတာပေါ့
မနက်ကောင်မလေး နှိုးတဲ့ အချိန်ကစပြီး
ကောင်မလေး အလုပ်ရောက်တဲ့အချိန်အထိ
ကောင်မလေး နဲ့ဖုန်းပြောတယ်လေ
ကောင်မလေး အလုပ်ရောက်ပြီဆိုမှ
ကောင်လေး တနေ့တာအတွက်စအိပ်တော့တာပါပဲ
ကောင်မလေး ဆီနေ့လည်ထမင်းစားချိန်မှာဖုန်းမဆက်တော့ပါဘူး......
ကောင်လေး အိပ်ပျော်နေပြီလေ တညလုံး မအိပ်ရသေးတဲ့အတွက်ပေါ့......
ဒီလိုနဲ့ ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ကောင်လေး ပြန်ထပြီး ကောင်မလေး ဆီဖုန်းဆက်တယ်
အဲ့ဒီကစပြီးကောင်မလေး နဲ့စကားပြောတာ
ကောင်မလေး အိမ်ပြန်ရောက်လို့
ကောင်မလေး အိပ်ပျော်သွားတဲ့ အချိန်အထိပါပဲ
ကောင်မလေး အိပ်ပျော်သွားလဲ ကောင်လေး ကတော့
နောက်နေ့မနက်ကောင်မလေး နှိုးတဲ့ အချိန်အထိထိုင်စောင့်နေဆဲပါပဲ
ဒီလိုလုပ်မှ အဆင်ပြေတော့မှာ မလို့ပါ .......
ဒီလိုလုပ်မှလဲ ကောင်မလေး က ယုံကြည်နိုင်မှာလေ.........
ဒါပေမယ့်ကောင်မလေး အခုချိန်အထိ ယုံကြည်မှုမပေးနိုင်သေးပါဘူး
သံသယမျက်လုံး တွေ သံသယ အသံတွေနဲ့မေးနေပြောနေတုန်းပါပဲ
ကောင်လေး နားလည်ပါတယ် .....
တနေ့ ကောင်မလေး ယုံလာမယ်လို့လဲ ကောင်လေး ယုံထားတယ်
ကောင်လေး ကိုယ်တိုင်လဲပြင်နေပြီလေ ........
ဒါပေမယ့် တခါတလေ ကောင်မလေး နဲ့ ညစကားပြောနေတုန်း
ကောင်လေး အရမ်းကိုအိပ်ချင်တဲ့အခါတွေရှိခဲ့လို့ အိပ်မိပါတယ်........
အဲ့ဒီလိုအိပ်လိုက်ရင်
ကောင်မလေး မယုံမကြည်နဲ့ သံသယမေးခွန်း တွေမေးတော့တာပါပဲ
နေ့လည်ကမအိပ်ဘူးလား ဘာလုပ်နေလို့ အခု အိပ်ချင်နေရတာလဲ
နေ့လည်ကအိပ်ရင် အခု မအိပ်ချင်ရဘူးတဲ့ ......
ကောင်လေး ဘာမှမလုပ်ပါဘူး...........
ဒါပေမယ့်လဲ ဘာကြောင့်မှန်းမသိပဲ အရမ်းကိုအိပ်ချင်ခဲ့တာပါ .....
ဘာပဲဖြစ်ဖြစ်ပါ
အခုတော့ ကောင်မလေးနဲ့ ကောင်လေး ပြန်အဆင်ပြေနေပါပြီ
ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်နေပါပြီ .......
ဘယ်အချိန်မှာ ပုန်းနေတဲ့ ပြသာနာ
ပြန်ဖြစ်လာမလဲဆိုတာကို ကောင်မလေး ရောကောင်လေး ရောမသိနိုင်ပါဘူး
ကောင်လေး က ဘာမှမလုပ်တော့ဘူးဆိုပေမယ့်
တခုခုထပ်ဖြစ်မှာကိုတော့ တကယ်ကိုကြောက်နေပါပြီ....
တကယ်ကို ထိတ်လန့်နေပါပြီ .......
ကောင်မလေး ကလဲ ကောင်လေး နဲ့ ပတ်သက်လာရင် အရမ်းကိုရှာပါတယ်
ကောင်လေး ဘာမှမလုပ်တော့လို့ ပြသာနာတွေမဖြစ်နိုင်တော့ဘူးလို့
ယုံကြည်ထားပေမယ့်
ဘယ်အချိန်မှာ ဘာများဖြစ်ဦးမလဲ ဆိုပြီး ထိတ်လန့်နေတာတော့အမှန်ပါပဲ
ဒါကလဲ အမြဲတမ်း ပြသာနာ နဲ့ အသက်တွေဆက် ခဲ့ရလို့ပါ ..........
ဒါပေမယ့် အခုတော့ ပျော်စရာနေ့ရက်တွေ ကို အတူတူ ဖန်တီးနေပါပြီ
ကောင်မလေး ဖက်ကလဲ လျော့သင့်တာတွေလျော့ပေးပြီး
ပြသာနာတွေနဲ့ ဝေးဝေး နေလို့ ချစ်တဲ့ ရက်တွေကိုဆက်နေကြပါပြီ..........
ဒီလိုပဲ တသက်တာလုံး ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင်နဲ့
နေချင်မှာကတော့ ကောင်မလေးရဲ့ စိတ်ထဲမှာရော ကောင်လေး ရဲ့စိတ်ထဲမှာရော ......
ဖြစ်နေမယ့် တူညီနေတဲ့ ဆန္ဒတခုပါပဲ .........
ဘာလို့လဲ ဆိုတော့ ပြသာနာရဲ့ ရိုက်ခတ်မှုကြောင့်
ခံရတဲ့ စိတ်ပင်ပန်းမှုဒဏ်တွေက
ပြောပြလို့မရလောက်အောင် ခံစားရခက်တယ်ဆိုတာ
နှစ်ယောက်လုံးသိနေပြီမလို့ပါပဲ ......
ဒီလိုလေး ပြသာနာတွေနဲ့ဝေး ............
ရင်ခွင်ထဲမှာ အေးအေးလေးနဲ့ ...........
ချစ်ခြင်းတွေပေးမယ့် ...........
ဘ၀တွေကိုတွေးကြည့်လိုက်ပါ ...........
ပျော်စရာကောင်းတဲ့အနာဂတ် ဆိုတာ မဝေးတော့ပါဘူး ...............
Posted by ချစ်ရသူအတွက်အမှတ်တရ at 11:36 AM 0 comments