BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Saturday, August 8, 2009

၈-၈-၂၀၀၉(သို့)တလမှသည် တသက်ထိအောင် ဆုံစည်းရပါလို၏


ဒီနေ့ဟာ ဆိုရင် .........
ကောင်မလေး နဲ့ ကောင်လေး တို့ရဲ့ ချစ်သူသက်တမ်း ၁ လတိတိပြည့်တဲ့နေ့လေးပေါ့ ......

ဒီလို ချစ်သူသက်တမ်း ၁ လပြည့်တဲ့နေ့မှာလဲ
အရင်လို အမှားများစွာနဲ့ ကောင်လေး က ဆက်မှားနေတယ် ........


အရင်လို သံသယ များစွာနဲ့
ကောင်မလေး က လဲ သံသယတွေများနေဆဲပါပဲ......


အဲ့ဒီလို အမှားတွေနဲ့ သံသယ တွေကြောင့် ဖြစ်လာတဲ့
ပြသာနာတွေကလဲ ဖြစ်နေဆဲပါပဲ ..


ဒီလိုနေ့လေး တောင်မှ ပြသာနာလေးတွေဖြစ်ခဲ့တယ် .....
ပြသာနာတွေကလဲ နေ့တိုင်းနီးပါးဖြစ်နေခဲ့တာပါပဲ .....

ပြသာနာဖြစ်စ ရန်ဖြစ်စ ကတော့ ၂ ယောက်လုံး သွေးပူပြီး .....
တယောက်ကို တယောက် အလျော့မပေးပဲ တိုက်ခိုက်ကြတာပေါ့ ......

စကားလုံး လက်နက်တွေနဲ့ တဖုံ
အကြည့်စူးစူး လက်နက်တွေနဲ့တမျိုး

အသံတိတ်ပြီး ထိရောက်တဲ့ လက်နက်ပုန်းလေးတွေနဲ့ လဲ
တယောက်ကိုတယောက် ပစ်တတ်ကြသေးတယ်


ထူးဆန်းတာတခုက နေ့တိုင်း ပြသာနာတက် ရန်ဖြစ်နေတတ်တဲ့

ကောင်မလေးနဲ့ ကောင်လေး ရဲ့ အချစ်က အခုချိန်ထိ ခိုင်မြဲနေတုန်းပါပဲ .......

ဒီနေ့ကတော့ တလပြည့်တဲ့နေ့လေးဆိုတော့
ကောင်လေး ရင်ထဲမှာရှိတာက .......


တလမှသည် တသက်ထိအောင် ဆုံစည်းရပါလို၏
............. တဲ့


ကောင်မလေး ရင်ထဲမှာရှိတာကရော .................

ကောင်လေး မသိနိုင်ပါဘူး .......
ကောင်လေး မသိနိုင်သလို
ရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်လဲမသိနိုင်ပါဘူး .........

သိနိုင်မယ့်သူရှိရင်တော့ ပြောပြပေးပါ ........
ကောင်မလေး ရင်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာကိုလေ

ကောင်လေး ထင်တာက တော့

ကောင်မလေး ရင်ထဲမှာလဲ ကောင်လေးလိုပဲ

တသက်တိုင်အောင်ဆုံစည်းချင်မှာပါပဲ ....................

တလပြည့်တဲ့ နေ့အကြောင်းလေးစလိုက်ကြရအောင် .........


ဒီနေ့ ၈-၈-၂၀၀၉ စနေနေ့ ..........
ကောင်မလေး ရဲ့ အလုပ်က နေ့တပိုင်းပဲရှိတာကြောင့် ......

နေ့လည်ထမင်းစားချိန်မှာကောင်လေး က ကောင်မလေးဆီ
ပုံမှန်အတိုင်းပဲ ဖုန်းဆက်လိုက်ပါတယ်....


ကောင်မလေး က အလုပ်မှမဟုတ်တော့ပဲ အပြင်မှာစားနေပြီလေ ..... နေ့လည်စာစားနေရင်းနဲ့ကောင်လေးကိုပြောတယ် .......
ခေါင်းအုံးနဲ့ဖက်လုံးဝယ်စရာရှိလို့ .......

အဲ့ဒါတွေဝယ်ပြီးရင်ဖုန်းပြန်ခေါ်လိုက်မယ်တဲ့

ကောင်လေး က လဲ မြန်မြန်ဝယ်ဖို့ ပြောပြီးဖုန်းချပေးလိုက်တာပေါ့ .....


ကောင်မလေး ကလဲ ၀ယ်ပြီးပြီးချင်းဖုန်းဆက်ပါတယ်.....

ပြီးတော့ ဆိုင်မှာ အင်္ကျီ တထည် အရမ်းလှတယ် .....
ကောင်လေး နဲ့လိုက်မှာပဲဆိုပြီး
ဝယ်ပေးဖို့စိတ်ကူးပြီး
ကောင်လေး ကိုလှမ်းမေးတော့ ....


ကောင်လေး ပြုံးမိပါတယ်.......
ကောင်မလေးအတွက် ဒီလ အသုံးစရိတ်ကတော်တော်ထိထားပြီလေ

အဲ့ဒါကို ကောင်လေး အတွက် အင်္ကျီ ပါဝယ်ပြီး ပို့ပေးဦးမယ်ဆိုရင် ......
ကောင်မလေး တယောက်စောစောစီးစီး စားဖို့မကျန်ပဲဖြစ်တော့မယ်ဆိုပြီးပြုံးလိုက်တာပေါ့ ....

ပြီးတော့ ကောင်မလေး ကို မ၀ယ်ဖိုနဲ့
ပိုက်ဆံ အရမ်းမသုံးဖို့ မှာပြီးပြန်ခိုင်းတယ်လေ


ကောင်မလေး ကလဲ ကောင်လေး စကားနားထောင်ပြီး
မ၀ယ်တော့ပဲပြန်ခဲ့တာပေါ့ ...


ဒီလိုနဲ့ ကောင်မလေး ကလမ်းမှာ ကောင်လေးကို
ဒီနေ့လုပ်စရာရှိတာတွေပြောပြတယ်


ကောင်လေး ကလဲ နားထောင်ပြီး အကြံပေးတယ်လေ .........


ကောင်မလေး က အိမ်ပြန်ရောက်ရင် အခန်းရှင်းမယ် ....

အခန်းရှင်းပြီးရင်တော့ ဈေးသွားမယ်
နောက်နေ့တွေအတွက်စားဖို့ပစ္စည်းတွေဝယ်မယ်ပြောပြတော့ ..


ကောင်လေး က လဲ ကောင်းပါတယ်ပေါ့ ........
ဒီလိုနဲ့ ကောင်မလေးအိမ်ပြန်ရောက်တော့ ခနနားပြီး
အခန်းကိုသန့်ရှင်းရေးလုပ်တယ်.....


အခန်းသန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာတော့ ......
ကောင်မလေး ပြီးတဲ့အထိကောင်လေးစောင့်နေရတယ် ......

ကောင်မလေး အခန်းရှင်းပြီးတော့ အရမ်းကိုပင်ပန်းနေရှာပါပြီ....
ဒါနဲ့ ကောင်လေး က လဲ ကောင်မလေး ကို စကားတွေပြော
ရီစရာတွေပြော ......... ပျော်အောင်လုပ်ပေးတာပေါ့ ..........

နဲနဲကြာတော့ ကောင်လေး က ကောင်မလေး ကို
ရေချိုးဖို့ပြောတယ်
ကောင်မလေး ကလဲ ချိုးမယ် ......
ရေချိုးပြီးရင်တော့ နေကြာစေ့စားချင်ပါတယ်တဲ့ ...


ကောင်မလေးကို နေကြာစေ့ နဲ့ အချဉ်ထုပ်တွေ ပေးမစားဘူးလေ.....
အဲ့ဒါကြောင့် စားချင်တဲ့ အကြောင်းကောင်လေး ဆီခွင့်တောင်းတော့

ကောင်လေး က လဲ ရေချိုးပြီးရင် ဓာတ်ဆားရေ သောက်ဖို့
သောက်ပြီးရင်တော့ ပေးစားမယ်ဆိုပြီး

ကောင်မလေး ကိုရေချိုးဖို့ပြောလိုက်ပါတယ်.......


ဒီလိုနဲ့ ကောင်မလေး ရေသွားချိုးတာပေါ့ .........
ကောင်မလေးရေချိုးပြီးပြန်လာတော့ ......
နေကြာစေ့ထုပ်ကိုစဖောက်တော့တာပါပဲ ...

ဘယ်အချိန်ကထဲ က စားချင်နေမှန်းမသိပါဘူး.....

ဒါပေမယ့် ဓါတ်စားရေတော့ ဖျော်ပါတယ် ......

ဓါတ်ဆားရေလေး သောက်လိုက်
နေကြာစေ့လေးစားလိုက်ပေါ့ .....
ဖြစ်ချင်တော့ ကောင်မလေး စားနေတာကြည့်ပြီးကောင်လေး လဲ စားချင်လာပါတယ်

ဒါကြောင့်ကောင်လေးလဲမနေနိုင်တော့ပဲ နေကြာစေ့ သွားဝယ်ပြီး

နှစ်ယောက်သား တခွက်ခွက် နဲ့ အပြိုင်စားကြတော့တာပါပဲ ........

ကောင်မလေး အရမ်းကိုပျော်နေတယ်လေ .........

ကောင်မလေး အိမ်က ကောင်မလေး ရဲ့ အမေကလဲ
ကောင်မလေးကိုဖုန်းဆက်တယ်


ကောင်မလေး အမေနဲ့လဲစကားတွေပြော
အဖေနဲ့လဲ စကားတွေပြောရင်းပျော်နေတာပေါ့ ......


ဒီလိုနဲ့ ဖြစ်ချင်တော့ .........
ပြသာနာတခုက မခေါ်ပဲရောက်လာတော့တာပါပဲ


ကောင်လေးရဲ့ အမှားတွေထဲ က အမှားတခုနဲ့
ကောင်မလေးရဲ့ နားလည်မှုမပေးနိုင်တဲ့ အထဲ က တခုပေါ့ .......

အဲ့ဒီမှာ ပြသာနာစတက်တော့တာပါပဲ ........
ဒီလိုနဲ့ ကောင်မလေး နဲ့ ကောင်လေး နေ့စဉ်ရန်ဖြစ်နေကြ
ထုံးစံအတိုင်း
ရန်စဖြစ်တော့တာပေါ့ .......

စကားလုံးသေနတ်တွေနဲ့လဲပစ် .........
အသံတိတ်လက်နက်ပုန်းတွေနဲ့ပစ်
အကြည့်စူးစူး မြှားတွေနဲ့လဲပစ် ..........
တိုက်ပွဲက အချိန်တော်တော်ကြာပါတယ် ............

တော်တော်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ....
နှစ်ယောက်လုံး တော်တော်လေး ကို အထိနာပြီး ပင်ပန်းနေပါပြီ.... ဆက်ပြီးတိုက်နိုင်စွမ်းလဲမရှိတော့ပါဘူး .......

အဲ့အချိန်ရောက်တော့
နေ့စဉ်ထုံးစံဖြစ်တဲ့ ကောင်လေး ကပြန်ချော့တာပေါ့ .......

ဒီလိုနဲ့ပဲ ကောင်မလေး ကပြန်ခေါ် ............
ငြိမ်းချမ်းရေးပြန်ရပြီး ........
တယောက်နဲ့ တယောက် နေ့စဉ်ထုံးစံအတိုင်း
ပြန်ချစ်ကြပြန်ပါရော .......

ဒီလိုနဲ့ စကားတွေပြန်ပြော ပြန်ပျော်နေကြတာပေါ့ .............

အဲ့လိုပြောနေရင်းနဲ့ ကောင်မလေးက ဘာမှမပြောတော့ပဲ ငြိမ်ငြိမ်ထိုင်ပြီး
တခုခုကိုစိတ်ဝင်တစားလုပ်တယ် .....

ကောင်လေး ပြောနေတာကိုလဲ ပြန်မပြောနိုင်တော့ဘူး.....
ကြာလာတော့ကောင်လေး တဖြေးဖြေး စိတ်တိုလာတယ်

စိတ်ထဲမှာ ထားပြီး ကောင်လေး လဲဘာမှမပြောပဲ ငြိမ်နေလိုက်တယ်
ကောင်မလေးပြန်ခေါ်မှ စိတ်တိုလိုက်မယ်ဆိုပြီး .........
ဒေါသတွေထွက်နေတဲ့မျက်နှာက
ဘီလူးတကောင်လို တော်တော်ရုပ်ဆိုးနေတာပေါ့ ........


အဲ့ဒီအချိန်မှာပဲ ကောင်လေးဖုန်းထဲကို မက်ဆေ့ခ်ျ ၀င်လာတယ်..........
၁ လပြည့်တဲ့ အထိမ်းအမှတ် အတွက်ကောင်မလေးက
အသည်းပုံလေးနဲ့
I love you ဆြိုပီး ပို့ပေးလိုက်တယ်..........

ကောင်လေးရဲ့ ဘီလူး လိုရုပ်ဆိုးနေတဲ့မျက်နှာချက်ချင်းပြုံးလာပြီး
ကောင်မလေး ကို ကြည်ကြည်နူးနူးကြည့်လိုက်မိတယ် ........

ကောင်မလေး ကနှုတ်ခမ်းလေးကိုက်ပြီးကောင်လေးကိုပြန်ကြည့်တယ်......
စက္ကန့် အနဲငယ်လောက် ကောင်မလေး နဲ့ ကောင်လေး
တယောက်ကိုတယောက်ကြည့်ပြီး
ပြုံးနေကြတယ် .............

ကောင်လေး ရင်ထဲမှာတော့ ပြောပြလို့မရလောက်တဲ့ ကြည်နူးခြင်းတွေအပြည့်ပေါ့ ........ ကောင်မလေးရင်ထဲမှာရော ............
ဘယ်လိုဖြစ်နေမယ်ဆိုတာကောင်မလေး ပဲသိနိုင်ပါလိမ့်မယ် .........

ဒီလိုနဲ့စကားတွေဆက်ပြောကြပြန်ပါရော ..................
ပြောရင်းပြောရင်းနဲ့ ................
အချိန်တွေလွန်လွန်လာပြီး
ကောင်မလေး အရမ်းအိပ်ချင်တဲ့အချိန်တောင်ရောက်နေခဲ့ပါပြီ........

တညလုံး မအိပ်ဘူး ကောင်လေးနဲ့ စကားပြောမယ်ဆိုတဲ့ကောင်မလေး မျက်လုံးတောင်မဖွင့်နိုင်တော့ပဲ ...........
တဖြေးဖြေးနဲ့
အိပ်ပျော်သွားပါတော့တယ် .............
ကောင်လေး ရင်ထဲမှာတော့ ...........


တလမှသည် တသက်တာထိ ဆုံစည်းရပါလို၏ .
......... တဲ့


အရမ်းချစ်တယ် ကောင်မလေးရယ် ..........

(မှတ်ချက် ။ ။ တလပြည့်တဲ့နေ့က ၉-၈-၂၀၀၉ တနင်္ဂနွေနေ့ဖြစ်ပါတယ် ဒါပေမယ့် ဒီနေ့ကတော့ တလပြည့်သလိုအမှတ်တရနေ့လေး တနေ့မလို့ပါ.........)


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်