BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Thursday, August 20, 2009

၂၀-၈-၂၀၀၉တရက်တာ(သို့)ကို့ရင်ထဲမှာ ပိုးတယောက်ပဲရှိတာပါ


ကောင်မလေး နဲ့ ကောင်လေး တို့ရဲ့ အကြောင်းလေး
အရင်လိုပြန်ရေးချင်တယ်


ဒါပေမယ့် .........

ဘယ်လိုမှရေးလို့မရလောက်အောင်ကို .....
ပြသာနာတွေများနေတယ်


ဒီနေ့လဲ ပြသာနာထပ်တက်တယ် ........
ကောင်လေး ရဲ့ အနေအထိုင်မတတ်မှု

စေ့စေ့စပ်စပ်မနေတတ်မှု
အလိုက်မသိမှုတွေကြောင့်ပဲလား ........

ကောင်မလေးရဲ့ သ၀န်တိုစိတ်နဲ့
မခံချင်စိတ်
သံသယစိတ်
မယုံကြည်တဲ့ စိတ်တွေကြောင့်ပဲလား .......

ပြသာနာကတော့ အရမ်းကိုတက်နေပါတယ် ....
ခနခန လဲ တက်နေပါတယ် .........


တနေ့ တက်ပြီးတဲ့ ပြသာနာ ကပြီးလို့
စကားအကောင်းပြောတာ ၁ နာရီမပြည့်သေးဘူး

နောက်ထပ်ပြသာနာက ဒီနေ့ ထပ်တက်ပြန်တယ် . ....


ဒီလိုနေ့တိုင်းပြသာနာတက်နေတာကို .......
ဘယ်လိုဖြေရှင်းရမလဲ ..........
ဘာကြောင့်တက်ရတာလဲ ဆိုတာကိုလဲ
ကောင်လေး မစဉ်းစားတတ်တော့ဘူး.......


ကောင်လေး ကိုယ်တိုင်ပဲ မှားလေသလား

ကောင်မလေး ပဲ မှားသလား

ကောင်လေး ဘာမှကို မသိတော့လောက်အောင် ဖြစ်နေပါပြီ


ပြသာနာမတက်အောင် ကောင်လေးဖက်ကလဲ နေပါတယ် .......
ဒါပေမယ့် မထင်မှတ်တဲ့ နေရာက ပြသာနာတွေက ပေါ်ပေါ်လာတယ် ..........

နောက်ဆုံးတော့ ကောင်လေး အမှားပဲဖြစ်တာပေါ့ ........
ကောင်လေး အမှားလို့ ဘာကြောင့်ပြောလဲဆိုတော့
ဖြစ်သမျှပြသာနာတွေက ကောင်မလေး ကြောင့်မဟုတ်ပဲ
ကောင်လေးရဲ့ အရင်က ရှုပ်ခဲ့တာတွေကြောင့်ဖြစ်ဖြစ်နေတာဆိုတော့ ........
ကောင်လေး အမှားပဲပေါ့

ဒီလိုအမှားတွေနဲ့ ဆက်တိုက်ကိုမှားနေတဲ့
ကောင်လေးရဲ့အမှားတွေထဲက
အမှားတခု
ဒီနေ့ရေးပါမယ်.............

ကောင်မလေး နဲ့ ကောင်လေး မနက်က
အဆင်ပြေပြေနဲ့ ပဲ စကားပြောကြတယ်လေ


ကောင်မလေးရဲ့ ရုံးသွားတဲ့ အချိန်
ကောင်လေး အတွက်တော့ အစောကြီးပေါ့

အချိန်တွေက အရမ်းကွာတယ်လေ ........


အဲ့လိုမနက်ပိုင်း စတွေ့ ကထဲက
ကောင်မလေး နဲ့ ကောင်လေး
အဆင်ပြေပြေပဲ ပြောလိုက်ကြတာ
ကောင်မလေး ရုံးရောက်တဲ့အထိပဲလေ


ဒီလိုနဲ့ ကောင်မလေး ရုံးရောက်တော့
အလုပ်ဝင်ရတော့မှာမလို့

ကောင်မလေး နဲ့ ကောင်လေး ပျော်ပျော်ရွှင်ရွှင်နဲ့ ပဲနှုတ်ဆက်ခဲ့ကြတယ် .......

ကောင်မလေး က အလုပ်ကိုသွား
ကောင်လေး အတွက်ကတော့ တညလုံးမအိပ်ရသေးတာကြောင့်

ကောင်မလေးနဲ့ စကားပြောပြောပြီးချင်း အိပ်ပျော်သွားတာပေါ့ .......


ဒီလိုနဲ့ ကောင်လေး အိပ်ပျော်သွားလိုက်တာ

ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန်မှာတောင်

ကောင်မလေးဆီဖုန်းမဆက်နိုင်ခဲ့ဘူး ...........


ကောင်မလေးရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ကောင်လေး လန့်နှိုးပြီး
ကောင်မလေး ဆီဖုန်းဆက်တယ်
အချိန်မှီလေးပေါ့ .........


အဲ့လိုမှအချိန်မမှီခဲ့ရင် ကောင်မလေး စိတ်ဆိုးတော့မှာလေ

အချိန်မှီလန့်နှိုးတယ်ဆိုတာကလဲ

အဲ့ဒီအချိန်ရောက်ရင် ကောင်လေး အလိုလိုကိုနှိုးနှိုးလာတာပါ ........


ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး စကားတွေပြောဖြစ်ကြပြန်ရော ........

အဲ့ဒီအချိန်လဲ ကောင်မလေး နဲ့ ကောင်လေး တို့
အဆင်ပြေပြေပဲပြောဖြစ်ကြတာပါ .....


ဒါပေမယ့် ကောင်မလေး က နေမကောင်းဘူးတဲ့ .........

အဲ့ဒါကြောင့်ကောင်လေး က ကောင်မလေး ကို အိမ်ပြန်ရောက်တာနဲ့

တခုခုစားဖို့ပြောတယ် .......

စားပြီးရင်ဆေးသောက်ဖို့လဲမှာတယ်........


ကောင်မလေး က လဲ ကောင်လေးစကားနားထောင်ပါတယ် ...........
ဒါပေမယ့် ပြန်ရောက်ရောက်ချင်း စားဖို့ အတွက်
ချက်ရဦးမှာမလို့
မချက်ချင်တော့ဘူးတဲ့
ခေါက်ဆွဲပြုတ်စားချင်တယ်တဲ့


ကောင်လေး က ကောင်မလေး ကိုခေါက်ဆွဲပြုတ်ပေးမစားပါဘူး

ကောင်မလေး နဲ့မတည့်လို့ ပေးမစားတာ တော်တော်ကြာပါပြီ


ဒါပေမယ့် အခုတော့ အခြေအနေအရ
ဒါပဲစားဖို့ရှိတာဆိုတော့
ကောင်လေး ခွင့်ပြုလိုက်ပါတယ် ...........
ကောင်မလေး ကလဲ အဲ့ဒီခေါက်ဆွဲကိုအရမ်းကြိုက်တယ်

အရင်ကထဲက စားချင်နေခဲ့တာဆိုတော့ .....

အခုကောင်လေး ပေးစားလိုက်တာနဲ့
ကောင်မလေး အရမ်းပျော်သွားတယ်

အသံလေးတွေတောင် ရွှ့င်ရွှင်မြူးမြူးလေးဖြစ်လာတယ်လေ


ကောင်လေး ကလဲ ပျော်တာပေါ့
ကောင်မလေး ကိုအဲ့လိုပျော်စေချင်တယ်လေ

ဒီလိုနဲ့ ကောင်မလေး အခန်းထဲကိုပြန်ရောက်လာတာပေါ့ ......


ကောင်လေး ကကောင်မလေး ကို ခနနားဖို့ပြောတယ်

နားပြီးရင်တော့ ကောင်မလေး ကို
မျက်နှာသစ် ခြေလက်ဆေးဖို့မှာတယ်လေ


နေမကောင်းတဲ့ အတွက်ကောင်မလေး ကိုယ်တိုင်လဲ ရေမချိုးချင်ဘူးဆိုလို့

ခြေလက်ပဲဆေးဖို့မှာတာပေါ့ ...........


အဲ့လို ကောင်မလေး နားနေတဲ့အချိန်မှာလဲ

ကောင်မလေး နဲ့ ကောင်လေး စကားတွေပြောနေကြတာ
အဆင်အရမ်းပြေပြီး
၂ ယောက်လုံးပျော်နေကြတယ်လေ...............

ဒီလိုနဲ့ စကားတွေပြောပြီးတော့
ကောင်မလေး ခြေလက်ဆေး
ခေါက်ဆွဲလေးပြုတ်ပြီး .......
ကောင်လေး အရှေ့မှာစားတာပေါ့ ............

ခေါက်ဆွဲလေးစားလိုက် စကားလေးပြောလိုက်နဲ့
အဲ့ဒီအချိန်အထိလဲ ပြသာနာဆိုတာ ဘယ်မှာပုန်းနေတာလဲ မသိပါဘူး .....

ဒီလိုနဲ့ ကောင်မလေးကလဲ ခေါက်ဆွဲစားပြီးသွားတော့
ကောင်လေး က ထမင်းဟင်းချက်ဖို့
ကောင်မလေး နဲ့ ခနလေး စကားမပြောပဲနေမယ်လို့ပြောတော့

ကောင်မလေး ကရပါတယ် ချက်ပါဆိုပြီး ပေးချက်တယ်


ကောင်လေး ထမင်းဟင်းချက်နေတဲ့ အချိန်မှာတော့
ကောင်မလေး က ကောင်လေး ရဲ့ ကွန်ပျူတာကို
ဆော့ဖ်ဝဲတခုသုံးပြီး
ဝင်ကြည့်ရင်း ကောင်လေး ကိုစောင့်နေတယ်လေ........

အဲ့ဒီမှာ ပြသာနာ အကြီးကြီးစတက်တော့တာပါပဲ
ကြီးတာမှ တကယ့် ကိုအကြီးကြီးပါ

ကောင်မလေးရဲ့ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ ကောင်လေးရဲ့ အမှားတခု.......
ကောင်မလေး မကြိုက်မှန်းသိရက်နဲ့
စေ့စေ့စပ်စပ်မလုပ်မိတဲ့ ကောင်လေး ရဲ့
အနေအထိုင်မတတ်မှု


ဒီလိုကောင်လေး ရဲ့ အပြစ်တွေအကုန်ပေါင်းလိုက်တော့

ဘယ်ချောင်ထဲရောက်နေမှန်းမသိတဲ့ ပြသာနာက

ကောင်မလေးနဲ့ ကောင်လေး တို့ ကြားထဲ ကို
မဖိတ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက်
ဝင်လာလိုက်တာ
တားချိန်တောင်မရတော့ပါဘူး.......

ကောင်လေး ထမင်းဟင်းချက်ပြီးပြန်လာတော့ ကောင်မလေးမရှိတော့ ဘူး စိတ်အရမ်းတိုတဲ့အကြောင်း သူ့ကိုမေ့လိုက်တော့ ဆိုတဲ့အကြောင်း ဒီထက်ပိုပြီးမခံစားနိုင်တော့အကြောင်းတွေ ပြောပြီး
ကောင်မလေး ထွက်သွားတာပေါ့ .........


ကောင်လေး ကောင်မလေး ဆီချက်ချင်းဖုန်းဆက်တယ်

ကောင်မလေး ဖုန်းမကိုင်ခဲ့ပါဘူး ............

ခနခနဆက်တယ်
ခနခနခေါ်တယ် ကောင်မလေး မကိုင်ဘူး ...........

ခနခနဆက်တော့ ကောင်မလေးက အွန်လိုင်းတက်လာပြီး
စကားမပြောချင်တဲ့အတွက် စာပဲရေးပါလို့ပြောတယ် ......


အဲ့ဒါနဲ့ ကောင်လေး စပြီးရှင်းပြပါတယ်

ကောင်မလေး နားလည်အောင် ပြောပြတယ်
ရှင်းပြတယ် ...........

ကောင်လေး သူ့အမှားဆိုတာ သူသိပါတယ်
အဲ့ဒါကြောင့်လဲ ကောင်မလေး နားလည်အောင်အမျိုးမျိုးရှင်းပြတယ်

ကောင်မလေး စဉ်းစားတတ်အောင်ပြောပြတယ်
ကောင်မလေး စိတ်ဆိုးပြေအောင်
ဖြေရှင်းပေးတယ်.......

ကောင်မလေး ဘယ်လိုမှလက်မခံပါဘူး

ဘယ်လိုမှလဲပြောလို့မရပါဘူး........

ကောင်လေး လဲစိတ်တွေအရမ်းရှုပ်လာတယ်........


ကောင်လေး ဖက်ကလဲ သတိမထားလိုက်မိတဲ့ အမှားတခုပါ ..........

ကောင်မလေး အတွက်ကလဲ ကောင်လေး ရဲ့ သတိမထားမိလိုက်တာက
ရူးသွားမလောက်ခံစားရတယ်လေ ............

ကောင်လေး က လဲ ပြောပြပါတယ် အမျိုးမျိုးပေါ့

ဒါပေမယ့် အချိန်တွေသာကုန်သွားတယ်

ဘယ်လိုမှပြောလို့မရဘူး
ကောင်မလေး ဘယ်လိုမှစိတ်မပြေဘူး ..........

ကောင်လေး မိန်းကလေး တယောက်ကို
ဘယ်တုန်းကမှအဲ့လောက်ထိ စိတ်ရှည်ရှည်မရှင်းပြဖူးပါဘူး

အချိန်တော်တော်ကြာရှင်းပြလို့လဲမရတော့

ကောင်လေး လဲ စိတ်တွေအရမ်းရှုပ်လာပြီး

ရှင်းပြသံတွေတဖြေးဖြေး မာလာပါတယ်


ကောင်မလေး မှာတော့ .....
အစကထဲက နေမကောင်းတာကတကြောင်း ........

ကောင်လေး ကြောင့် ဒေါသထွက်တာက တကြောင်း .....

ကောင်လေးရဲ့ ရှင်းပြတာတွေကိုလက်မခံနိုင်တာက တကြောင်း ....... စိတ်တွေအရမ်းရှုပ်လာတာကတကြောင်း ...........
အကြောင်းများစွာကြောင့် ..............ခေါင်းတွေအရမ်းမူးလာပြီး

ဘယ်လိုမှ နေလို့မရတော့လို့ ............
အိပ်ချင်ပြီလို့ပြောပါတယ် ......


ကောင်လေး ကောင်မလေး မျက်နှာကိုကြည့်ပြီးအရမ်းသနားသွားပါတယ် ......

ကောင်မလေး မျက်နှာကို အကြာကြီးကြည့်မိပါတယ် .......


အပြစ်တွေမကင်းတဲ့ ကိုယ့်ကို လဲ မုန်းမိပါတယ်

ဘာမှမသိ အပြစ်မရှိတဲ့ ကလေး တယောက်လို ဖြူစင်တဲ့ မိန်းကလေး တယောက်က

သူ့ကြောင့် စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေကို

နေ့စဉ်ရက်ဆက် ခံစားနေရတာ .......


ကောင်လေး ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ပါဘူး...........
အခုတော့ ကောင်လေး ကောင်မလေး ရဲ့ ညှိုးငယ်နေတဲ့ မျက်နှာ ......
ခေါင်းအရမ်းမူးနေလို့ ခံစားရခက်ပြီး ရှုံ့မဲ့နေတဲ့ မျက်နှာလေးကို
စိတ်မကောင်းပဲ ထိုင်ကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်...............


ဒီလိုနဲ့ ကောင်မလေး တဖြေးဖြေးအိပ်ပျော်သွားခဲ့ပါတယ် ......................


အပြင်မှာတွေ့ခွင့်ရတဲ့ တနေ့ကြရင်
ဒီလိုစိတ်ရှုပ်အောင် စိတ်ညစ်အောင်
စိတ်ပင်ပန်းအောင် လုပ်မိတာတွေကြောင့် .......
ကောင်လေး ကောင်မလေး ကို တခုခုတော့ ပေးဆပ်ဖြစ်မှာပါ .................
ပေးဆပ်ခွင့်ကိုလဲ ရချင်ပါတယ် ............ ကောင်မလေးရယ်



ကောင်လေး ရင်ထဲမှာ ကောင်မလေး ကလွဲလို့
တခြားတယောက်အတွက်နေရာမရှိတော့တာကို

ကောင်မလေး တကယ်မသိတာပဲလား...........


အခုတော့ ကောင်မလေး တယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလောက်ပါပြီ..........

ကောင်လေး ကတော့ တယောက်ထဲပြောနေပါတယ်............


ဘာလဲဆိုတော့ ......................


ကို့ရင်ထဲမှာ ပိုးတယောက်ပဲရှိတာပါ .............. တဲ့

အရမ်းချစ်တယ် ကောင်မလေးရယ်.........


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်