BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Wednesday, October 14, 2009

၉-၇-၂၀၀၉(သို့)ချစ်ခြင်းရဲ့နေ့တွေ


ဒီနေရာကိုမရောက်ဖြစ်တာ ဘယ်နှရက်တောင်ရှိပြီမှန်းမသိတော့ဘူး
ကောင်မလေး တယောက်ကတော့ ပုံမှန်ရောက်လာပြီး
စာတွေရေးပေးနေတယ်....

ဒီလိုစာတွေရေးပေးတဲ့ ကောင်မလေးကိုကျေးဇူးတင်ပါတယ်...
ဘာပဲပြောပြော ကောင်မလေးရေးလိုက်တဲ့ စာလေး တကြောင်းက
ပျော်ရွှင်မှုတွေဖန်တီးပေးတယ် ကြည်နူးမှုတွေကိုဖန်တီးပေးတယ်.....

ကောင်မလေးရဲ့စာတွေဖတ်နေရင်း ကိုယ့်ရင်ခုန်သံတွေ
ကိုယ်ပြန်ကြားရလောက်တဲ့အထိ
ရင်ခုန်သံတွေပြင်းအောင်လဲ လုပ်ပေးတယ်.......အများကြီးအများကြီးပေါ့......

ကောင်မလေး ဒီလိုစာတွေရေးပေးနေပေမယ့်

ကျွန်တော် ကိုယ်တိုင် ဒီနေရာမှာ စာတွေမရေးနိုင်ခဲ့ဘူး.....
(တယောက်သောသူဖတ်ဖို့ပေါ့)

မရေးနိုင်ခဲ့တာကလဲ အခြေအနေအမျိုးမျိုးကြောင့်ပါ


ဒီရက်ပိုင်းတွေမှာ နေမကောင်းတာနဲ့
အင်တာနက်အခြေအနေမကောင်းတာနဲ့

ကောင်မလေးနဲ့ ပြသာနာတွေဖြစ်နေတာတွေကြောင့်
ဘာမှမရေးဖြစ်ခဲ့ဘူး


အခုတော့ ပြန်ရောက်လာပြီးရေးတော့မယ်.....
ကောင်မလေးရေ.......
သည်းခံပြီးဖတ်ပေးပါဦး...

တကယ်လို့များ လိုတာတွေရှိ ပိုတာတွေရှိခဲ့ရင်တော့ ခွင့်လွှတ်ပေးပါလို့......


ဒီနေ့ကတော့ အရင်နေ့တွေကရေးခဲ့ဖူးတဲ့
ရင်ခုန်ခဲ့သောသင်္ကြန်နဲ့ ခိုးပြီးရင်ခုန်ဖူးသူရဲ့အဆက်
ကောင်မလေးနဲ့ကောင်လေးတို့ချစ်သူတွေဖြစ်ခဲ့တဲ့အကြောင်းလေးပါ......

ခိုးပြီးရင်ခုန်ဖူးသူမှာရေးခဲ့ပြီးသား ...
ကောင်မလေး နဲ့ ကောင်လေးတို့ ရင်ခုန်သံတချို့ကြောင့်
အဆက်အသွယ်တွေပြတ်ပြီး
ပြန်အဆင်ပြေလို့
စကားတွေအများကြီးပြန်ပြောဖြစ်ခဲ့တယ်.....


ဒီလိုပဲ အဆင်ပြေပြေနဲ့စကားတွေဆက်ပြောနေရင်း
ကောင်မလေး က သူ့ရဲ့ သူငယ်ချင်းတယောက်နဲ့
ကောင်လေးကို မိတ်ဆက်ပေးခဲ့တယ်လေ


ပြီးတော့ အဲ့ဒီ သူငယ်ချင်းနဲ့ပဲကောင်လေးကို ချိတ်ပေးတယ်

အောင်သွယ်ပေးခဲ့တာပေါ့....
ကောင်မလေး က တော့ အဆင်ပြေအောင် လုပ်ပေးတာပါပဲ


ဒါပေမယ့် အဲ့ဒီသူငယ်ချင်းကလဲ ကောင်လေးအပေါ်မှာ ဘယ်လိုစိတ်မှမရှိသလို ကောင်လေးကိုယ်တိုင်ကလဲ အဲ့ဒီကောင်မလေးရဲ့သူငယ်ချင်းအပေါ်မှာ
ဘယ်လိုစိတ်မျိုးမှမရှိခဲ့ပါဘူး..


အဲ့ဒီတုန်းကတော့ ကောင်မလေး က ကောင်လေးကို
"ကို" လို့မခေါ်သေးဘူး
ချစ်သူတွေမှမဖြစ်သေးပဲမဟုတ်လား....
အဲ့ဒီတုန်းက ကောင်မလေး ခေါ်ခဲ့တာ ......... အရူးတဲ့


နောက်ပြီး သူ့သူငယ်ချင်းကိုလဲ အရူးမတဲ့...

အရူးနဲ့ အရူးမ စုံတွဲလို့ ပြောပြောပြီး ကောင်မလေးအရမ်းရီတတ်တယ်....

အဲ့လိုပြောပြီးရီနေရင် ကောင်လေးကလဲပြန်ပြောတတ်တယ်

အရူးမက ကောင်မလေးပါဆိုတော့ ....

ကောင်လေးက ဘာ ဆိုပြီး ဒေါသထွက်သလိုလို အသံကြီးနဲ့

သူ့သူငယ်ချင်းကိုတိုင်ပြောလိုက်ရမလား ဘာလားဆိုပြီး
ခြိမ်းခြောက်တတ်သေးတယ်....


ဒီလိုပြန်ပြောတိုင်းကောင်လေးကလဲ အားရပါးရရီတတ်တယ်

ကောင်မလေးက ကောင်လေးကို အရူးလို့ ခေါ်ပြီး
သူ့သူငယ်ချင်းကို အရူးမလို့ခေါ်တတ်သလို

ကောင်မလေးရဲ့ သူငယ်ချင်းကလဲ ကောင်မလေးကို
အရူးမလို့ခေါ်တတ်တယ်


ကောင်မလေး ကအဲ့ဒါကိုပြောပြီး အရူးမ နှစ်ယောက်ဖြစ်နေပြီတဲ့....
ကောင်လေးကအရမ်းကိုရီတာပေါ့...
ကောင်မလေးကလဲ တကယ်အရူးမ က သူ့ သူငယ်ချင်း
သူမဟုတ်ဘူးလို့ အတင်းငြင်းပြီးရီတယ်


ဒီလို အမြဲတယောက်နဲ့တယောက်
အမြဲတမ်းစလိုက်နောက်လိုက်နဲ့
ရီနေလိုက်တာ
အချိန်တွေတောင်တော်တော်ကုန်ခဲ့ပြန်တယ်.....


ကောင်လေး စိတ်ထဲမှာတော့
ဒီလိုပျော်စရာကောင်းတဲ့ အချိန်တွေ ဒီလိုရီနေရတဲ့ အချိန်တွေ

အရင်လို ထပ်ဆုံးရှုံးမှာကြောက်လို့
တယောက်ထဲ
ကောင်မလေးရဲ့ အရင်ကရင်ခုန်သံတွေ
အပြီးတိုင်ပျောက်ပါစေလို့
ကြိတ်ပြီးဆုတောင်းနေတတ်တယ်


ဒါပေမယ့် .......
တနေ့မှာ တော့
ကောင်လေးဆုတောင်းမပြည့်ခဲ့ဘူးလို့ပြောရမှာလား

ကောင်မလေးရဲ့ ရင်ခုန်သံတွေအသစ်ပြန်ဖြစ်လာတယ်တဲ့လေ...

ကောင်မလေးမှာ ရင်ခုန်ရမယ့်သူရှိလာပြီတဲ့.... ကောင်မလေးရဲ့သူငယ်ချင်းကိုယ်တိုင်အဲ့ဒါတွေကိုပြောပြခဲ့တယ်....
သူနဲ့ ကောင်မလေး နဲ့ ဘာတွေပြောဖြစ်ခဲ့ကြတယ်ဆိုတာတွေ

ကောင်မလေးက သူ့ ကိုဘာတွေရင်ဖွင့်တယ်ဆိုတာတွေ
အားလုံးကိုပြောပြတယ်....

ဘယ်လိုတွေပြောပြတာလဲဆိုတော့.....
ကောင်မလေးက ပြောတယ်တဲ့....

လူတယောက်ကိုချစ်မိနေပြီလားမသိဘူးတဲ့....

အဲ့ဒီလူတယောက်နဲ့တွေ့ရင် မတည့်ဘူးတဲ့
ရန်ဖြစ်နေတတ်တယ်.....

ဒါပေမယ့် အဲ့ဒီလူနဲ့မတွေ့ရပြန်တော့လဲ
တွေ့ချင်နေမိတယ် ..
မျှော်နေမိတယ်တဲ့...

ပြီးတော့ အဲ့ဒီလူလာမလားဆိုပြီး တညလုံးမအိပ်ပဲ
အင်တာနက်ပေါ်မှာစောင့်နေခဲ့မိတယ်တဲ့...

ကောင်မလေး က စောင့်နေပေမယ့် အဲ့ဒီလူကမလာလို့

အရမ်းဝမ်းနည်းပြီးငိုဖူးတယ်တဲ့.....


နောက်ပြီး အဲ့ဒီလူက ကောင်မလေးကို မချစ်ဘူးတဲ့....

အဲ့ဒီလူမှာက ချစ်နေတဲ့သူရှိတယ်တဲ့......

ကောင်မလေးရဲ့သူငယ်ချင်းက
ကောင်လေး ကို အဲ့လိုတွေအားလုံးနီးပါးပြောပြတယ်


ကောင်လေးစိတ်ထဲမှာ ဘာတွေဖြစ်နေမှန်းမသိဘူး

ဒုတိယအကြိမ် ဆုံးရှုံးရပြန်ပြီလားမသိဘူးဆိုပြီး ....
စိတ်မကောင်းဖြစ်နေသလိုလို
ဝမ်းနည်းနေသလိုလို.......
တခုခုကို အလိုမကျဖြစ်နေတယ်.....


ဒါကြောင့် ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲလို့
ကောင်မလေးရဲ့သူငယ်ချင်းကိုမေးကြည့်တယ်
အရင်လူပဲလားပေါ့.....

အဲ့လိုမေးလိုက်တော့ သူငယ်ချင်းက မဟုတ်ပါဘူးတဲ့...

သပ်သပ်ပါတဲ့....
အရင်လူတုန်းက ကောင်မလေး ဖက်ကအဲ့လောက်မဖြစ်ခဲ့ဖူးဘူးတဲ့

ဒီတယောက်နဲ့မှဒီလိုတွေဖြစ်နေတာလို့ပြောတယ်
အဲ့ဒါနဲ့ ကောင်လေးလဲ ဘယ်သူလဲဆိုတာသိချင်လာတာနဲ့
ဘယ်သူလဲလို့ ခနခနမေးပေမယ့်
သူငယ်ချင်းကမပြောပြခဲ့ဘူး
ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြန်သွားတယ်

ဒီလိုနဲ့ တရက်ပြီးတရက်ကြာလာတော့
ကောင်လေးလဲ မနေနိုင်ပဲ
ကောင်မလေး ကို ကိုယ်တိုင်မေးလိုက်တယ်.....

ကောင်မလေးရဲ့သူငယ်ချင်းပြောပြတာတွေအကုန်ကောင်မလေးကိုပြောပြပြီး ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲလို့မေးတော့....
ကောင်မလေးက ပြုံးပြီးတော့ ကောင်လေးကို
မပြောပြဘူးတဲ့.....

ဘာလို့မပြောတာလဲဆိုတော့....

သူကသာတဖက်သတ်ချစ်နေတာပါတဲ့ ...
ဟိုဖက်လူက သူချစ်နေတာတောင်မသိဘူးတဲ့

အဲ့ဒါကြောင့်မပြောဘူးတဲ့.....


ကောင်လေး ဘာဆက်မေးရမှန်းမသိဘူးဖြစ်သွားတယ်
ဘာလုပ်ရမှန်းလဲမသိဘူးဖြစ်သွားတယ်...


အဲ့ဒီအချိန်လောက်ကစပြီး
ကောင်မလေးအရင်လို ရီရီပြုံးပြုံးနဲ့
ပျော်ပျော်ရွှင်ရွှင်မဟုတ်တော့ဘူး
မှိုင်မှိုင်တွေတွေနဲ့
တခုခု ကို ၀မ်းနည်းနေသလိုလို စိတ်တိုင်းမကျသလိုလို

စကားလဲ များများမပြောတော့ဘူး

ကောင်မလေး အဲ့လိုဖြစ်နေရင် ကောင်လေး မနေတတ်ဘူး...

အဲ့ဒါကြောင့် ကောင်မလေးရဲ့ချစ်သူကဘယ်သူလဲပြောပြပါ
ကူညီပါ့မယ်လို့အတင်းမေးတာပေါ့

ကောင်မလေး က မချိပြုံးလေး ပြုံးပြီး
ပြောပြလို့မရဘူးတဲ့
ပြောပြလဲဘာမှ မထူးဘူးတဲ့
ဟိုဖက်ကလူကလုံးဝချစ်မှာမဟုတ်ဘူးတဲ့

အဲ့ဒါပဲပြောနေခဲ့တယ်.......


ကောင်လေး လဲဘာလုပ်ရမှန်းမသိတော့ဘူး.....

ကောင်မလေးရဲ့သူငယ်ချင်းကိုမေးတော့လဲ ဝေ့လည်ကြောင်ပတ်နဲ့

ကောင်မလေးကို ကိုယ်တိုင်မေးတော့လဲ ဘာမှမထူးဘူး....


ကောင်လေးလဲမနေတတ်တော့ဘူး.....

ကောင်မလေး အရင်လို ပျော်ပျော်ရွှင်ရွှင်မှမရှိတော့ပဲလေ...

ကောင်မလေး ကို ပျော်နေတာပဲမြင်ချင်လို့ ကူညီမယ်ဆိုတာတောင်
ကောင်မလေး ကမပြောပြတော့

ကောင်လေး ဘာလုပ်ရမှန်းကိုမသိဘူးဖြစ်နေတာပေါ့.......


ဒီလိုနဲ့ အချိန်တွေတော်တော်ကြာလာတော့....
ကောင်မလေးရဲ့သူငယ်ချင်းပြောတာတွေ
ကောင်မလေး ပြောတာတွေကိုဆက်စပ်ကြည့်ပြီး
ကောင်လေး တခုကိုစဉ်းစားမိလာတယ်......


ကောင်မလေး ချစ်နေတယ်ဆိုတဲ့သူဟာ
ကောင်လေးကိုယ်တိုင်ဖြစ်နေမလားဆိုပြီးပေါ့.....

အရမ်းလဲ အဆုံးကိုမတွေးရဲဘူး...


ကောင်လေး စိတ်ထဲမှာလဲ
ကောင်မလေး က ကောင်လေး ကို ဘယ်လိုမှချစ်နိုင်မှာမဟုတ်ဘူးလို့

ထင်ထားတယ်လေ...

ဘာကြောင့်လဲဆိုတော့
ကောင်မလေး နားမှာ တခြားယောက်ကျားလေးတွေ
အများကြီးရှိနေတယ်လေ

ကောင်မလေးရဲ့အချစ်ကိုလိုချင်လို့
အသည်းအသန် ကြိုးစားနေတဲ့လူတွေ တပုံကြီးမဟုတ်လား


အဲ့လို အများကြီးရှိနေတဲ့ကြားထဲ က
ကောင်လေးကို ဒီလိုတဖက်သတ်ချစ်နေမယ်ဆိုပြီးလဲမတွေးရဲဘူး
စဉ်းစားမိတာလေးတခုပဲရှိနေခဲ့တယ်.....

ကောင်လေး လဲ အရမ်းကိုသိချင်နေတော့
တခါတလေမှာ
ကောင်မလေး ကိုဟိုလိုလို ဒီလိုလိုနဲ့
ဝေ့လည်ကြောင်ပတ်လုပ်ပြီးမေးတတ်တာပေါ့


ဘယ်လိုလဲဆိုတော့ ....

ကောင်မလေးလိုမိန်းကလေးတယောက်ကချစ်နေတာတောင်
မသိတဲ့လူ
ပြန်မချစ်နိုင်ဘူးဆိုတဲ့လူ က ရူးများနေလားမသိဘူးဆိုတော့
ကောင်မလေး ၀မ်းသာအားရနဲ့
ဟုတ်တယ်
အဲ့ဒီလူက အရူး ရူးနေတာမှသွက်သွက်ခါအောင်ရူးနေတာတဲ့....


အဲ့လိုပြောလိုက်တော့ ကောင်လေး ရင်တွေအရမ်းခုန်ခဲ့တဲ့

ဘာလို့လဲတော့ ကောင်လေးရဲ့ နာမည်ပြောင်က အရူးလေ

ကောင်မလေးကိုယ်တိုင်ကလဲ ကောင်လေးကို အရူးလို့ပဲခေါ်နေကြမဟုတ်လား.....

ဒီလိုနဲ့ တရက်ထက်တရက် ကြာကြာလာတော့
ကောင်လေး လဲ သေချာသိလိုက်တယ်...

ကောင်မလေးချစ်နေတာ ကောင်လေး ကိုယ်တိုင်ပဲဆိုတာကို......


ကောင်မလေးကိုလဲ ခနခနမေးတာပေါ့...
အဲ့ဒီလူက ဘာလို့ကောင်မလေးကိုမချစ်နိုင်တာလဲဆိုတော့

ကောင်မလေးကပြောပြတယ်


အဲ့ဒီလူနားမှာ တခြားမိန်းကလေးတွေအများကြီးဝိုင်းနေတာပဲတဲ့

အင်တာနက်က ၀ပ်ဆိုက်တွေထဲမှာ အဲ့ဒီလူရှိတတ်တယ်တဲ့.....


အဲ့ဒီလူ ကိုယ်တိုင်ကလဲ
တခြားမိန်းကလေးတွေဆီကို ခနခနသွားလည်တတ်တယ်တဲ့...

အဲ့လိုမိန်းကလေးတွေအများကြီးရှိတဲ့ လူက
သူ့လိုကောင်မလေးကိုချစ်နိုင်မလားတဲ့...


ကောင်လေး သိလိုက်တယ်...
ဘာကိုလဲဆိုတော့
ကောင်လေး က
ဝပ်ဆိုက် တော်တော်များများမှာရှိတတ်တယ်


ပြီးတော့ ကောင်လေး ရှိတဲ့ ၀ပ်ဆိုက်က ကောင်လေးရဲ့နေရာမှာ တခြားမိန်းကလေးတွေအများကြီးရှိတယ်
ကောင်လေးကိုယ်တိုင်လဲ အဲ့ဒီတခြားမိန်းကလေးတွေရဲ့နေရာတွေကိုသွားတတ်တယ်

ကောင်မလေးကအဲ့ဒီလိုပြောလိုက်တဲ့ ညမှာပဲ
ချက်ချင်း အဲ့ဒီဝပ်ဆိုက်မှာရှိနေတဲ့
ကောင်လေးရဲ့နေရာတွေအကုန်လုံးကို
ကောင်လေးကိုယ်တိုင်ဖျက်လိုက်တယ်........


နောက်နေ့ရောက်တော့ ကောင်မလေးကမေးတယ် ....
အဲ့ဒီဝပ်ဆိုက်တွေမှာကောင်လေးရဲ့နေရာကိုမတွေ့ရတော့ဘူးတဲ့

ဘယ်ရောက်သွားတာလဲဆိုတော့........
ကောင်လေး ကဖျက်လိုက်တာလို့ပြောလိုက်တယ်လေ

ဘာလို့ဖျက်လိုက်တာလဲတဲ့......
ကောင်လေးကလဲရှုပ်လို့ပါလို့ဖြေလိုက်တယ်......

ကောင်မလေး တချက်လောက်ပြုံးလာမလား
ကောင်လေး စောင့်ကြည့်နေမိတယ်

ပြုံးလာပါတယ် .......
ဘယ်လိုခံစားချက်ကြောင့်များပြုံးလာသလဲဆိုတာတော့

ကောင်မလေးအသိဆုံးပဲဖြစ်မှာပါ.........

ဒီလိုနဲ့ တနေ့........... တနေ့ ပေါ့..........
အတိအကျပြောရရင်
၉ရက်နေ့ ၇ လပိုင်း ကြာသာပတေးနေ့ မှာ ကောင်လေးကကောင်မလေးကိုမေးလိုက်တယ်......

တကယ်လို့ ကောင်မလေးရဲ့ချစ်နေတဲ့ သူကကောင်မလေးကိုချစ်တယ်ပြောလာရင်ဘာလုပ်မလဲဆိုတော့
ကောင်မလေးကအရမ်းပျော်မှာပေါ့တဲ့...

မပြောဘူးဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတော့
ကောင်မလေးက သူမပြောလောက်ပါဘူးတဲ့
မပြောမှာလဲသေချာပါတယ်တဲ့
အဲ့ဒါကြောင့်သူလဲ ရည်းစားတွေအများကြီးလျှောက်ထားပြီးစိတ်ပြေအောင်လုပ်ကြည့်မယ်တဲ့...

အဲ့လိုလဲပြောလိုက်ရော....

ကောင်လေး အရမ်းကြောက်သွားပြီး
ချက်ချင်းပဲ ကောင်မလေးကိုချစ်တယ်လို့ပြောလိုက်မိတယ်....


အစကတော့ ကောင်မလေး မသိသလိုနဲ့

ဘာပြောတာလဲတဲ့ ...... စိတ်တိုနေတာတဲ့ လာမနောက်နဲ့တဲ့


ကောင်လေးကလဲမနောက်ပါဘူး
တကယ်ချစ်တာပါလို့ပြောတော့
ကောင်မလေးက မဖြစ်နိုင်ပါဘူးတဲ့ သူ့မှာချစ်ရမယ့်သူရှိနေတာကိုသိရက်နဲ့ ဘာလို့ရည်းစားစကားပြောတာလဲတဲ့ ဟန်ဆောင်လို့ကောင်းတုန်းပဲပေါ့......
(အကယ်ဒမီ ရလောက်မယ့် အမူအရာလေးနဲ့)


ကောင်လေးကလဲမနေနိုင်တော့ဘူးလေ

ကောင်မလေး ကို အကုန်ပြောတော့တာပေါ့......

ကောင်မလေးချစ်နေတယ်ဆိုတဲ့ လူက သူကိုယ်တိုင်ပဲမဟုတ်လား

သူသိတယ်လို့ပြောလိုက်တော့

ကောင်မလေး အရမ်းလန့်သွားတယ် ရှက်လဲရှက်သွားတယ်ထင်တယ်...

ပြီးတော့ ဘယ်သူပြောတာလဲ အတင်းမေးတော့တာပဲ....
ကောင်လေးကလဲ ကောင်မလေးပြောတဲ့စကားတွေနဲ့
သူဆက်စပ်ပြီးစဉ်းစားမိတာတွေကို
ပြန်ပြောပြလိုက်တာပေါ့........

အဲ့ဒီလိုအားလုံးကိုပြောပြလိုက်ပြီးတော့
ကောင်မလေးကို ဟုတ်လားမဟုတ်ဘူးလားမေးလိုက်တယ်

ကောင်မလေး က အင်း ..... ဟုတ်ပါတယ်တဲ့......


အဲ့လိုပြောလိုက်တော့ ကောင်လေး က ချက်ချင်းပဲ
အဲ့ဒါဆိုအဖြေပေးတော့လေလို့ပြောလိုက်တယ်


ကောင်မလေးက ပေးစရာလိုသေးလို့လားတဲ့

လိုသေးတယ်ဆိုရင်တော့မပေးသေးဘူးတဲ့

ညကျရင် အွန်လိုင်းမှာစောင့်နေရင် ပေးမယ်တဲ့.......


အဲ့ဒါနဲ့ပဲ ကောင်လေး ညရောက်တော့
အွန်လိုင်းမှာ ရင်ခုန်သံတွေဆူဆူညံညံနဲ့စောင့်နေမိတာပေါ့


ကောင်မလေးနဲ့တွေ့တော့ ကောင်မလေး တခွန်းထဲပြောပါတယ်...........

အဲ့ဒီ စကားတခွန်းပြောပြီးတဲ့ အချိန်က စပြီး
ချစ်ခြင်းရဲ့နေ့တွေ
ရောက်လာတော့တာပါပဲ


ဘယ်လိုစကားတခွန်းလဲဆိုတော့.......

အရူးကို ချစ်တယ် ............. တဲ့ (အဲ့ဒီအချိန်ထိ ကောင်မလေး အရူးလို့ခေါ်တုန်းပါပဲ)


အရမ်းချစ်တယ် ပိုး ရယ်............

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်