ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူအကြောင်း နဲနဲပြောပြမယ်……..
ကောင်မလေးတယောက် …… သူ့ကို အရမ်းချစ်မိခဲ့တယ်
မြတ်နိုးစွာနဲ့ ပေါ့ ………
သူရဲ့ စကားလုံးတွေအောက်မှာ ကျွန်တော် အကြိမ်ကြိမ် ရှုံးခဲ့တယ်
အရှုံးပေးတာမဟုတ်ပဲ ရှုံးခဲ့တာပါ ………
ဘယ်လိုမှစိတ်ထိန်းလို့မရလောက်အောင် သူ့ အပေါ်စွဲလမ်းခဲ့မိတယ်
သူက ကျွန်တော့်ရဲ့ ရင်ခုန်သံလေး ပါ
ကဗျာလှလှ စာလှလှနဲ့ သူ့အလှကို ကျွန်တော် မညွှန်းတတ်ဘူး
ကျွန်တော်သိတာ တခုရှိတယ်
သူ့ အလှဟာ
ဖြူစင်ပြီး အပြစ်ကင်းတဲ့ ကလေးတယောက်ရဲ့ အလှမျိုးပါ..........
သူနဲ့ ကျွန်တော် အပြင်မှာမတွေ့ဖူးဘူး လေ
ဒါကြောင့် ကျွန်တော် ဒီလို ဖြစ်နေတာကို သူငယ်ချင်းတချို့က ရူးတယ်တဲ့
သူကဘယ်လိုပြောမလဲ ………
ဘာပဲဖြစ်ဖြစ်ပါ ရူးတယ်ပဲပြောပြော ဘာပဲပြောပြော
ကျွန်တော်ကျေနပ်ပါတယ် …………..
ဘာလို့လဲ ဆိုတော့ သူက ချစ်တယ်လို့ ကျွန်တော့် ကိုပြောတယ်လေ
အဲ့ဒီ ချစ်တယ်ဆိုတာ တခုထဲနဲ့ ကျွန်တော် နေ့နေ့ ညည ကြည်နူးနေတတ်တယ်
နေ့နေ့ ညည သူ့ အကြောင်းစဉ်းစားပြီးရူးနေတတ်တယ်
သူ့ အတွက် ကျွန်တော့်ရင်ခုန်သံတွေ
ဘယ်တော့မှရပ်သွားမှာမဟုတ်တော့ဘူး
ဘာလို့လဲ ဆိုတော့ ကျွန်တော် သူ့ကို အရမ်းချစ်လို့လေ……….
သူစကားပြောတဲ့ ပုံစံလေးကလဲ ကျွန်တော့်ကို ရူးသွားစေနိုင်တယ်
“ကို့ ကိုချစ်တယ် ” တဲ့ ………….
သူ့ရဲ့ မျက်ဝန်း သူ့ရဲ့ အပြုံး သူ့ရဲ့ နှုတ်ခမ်း သူ့ရဲ့ စကားလေးတွေ သူ့ပုံစံလေးတွေ
သူနဲ့ပတ်သက်တာမှန်သမျှပေါ့ …………ကျွန်တော် ချစ်တယ်
မြတ်မြတ်နိုးနိုးချစ်တယ်
တခါတလေ ………
သူနဲ့တွေ့ချင်တဲ့ စိတ်တွေကိုလဲ ဘယ်လိုမှထိန်းမရဘူး
သူနဲ့ မတွေ့တဲ့ အချိန်တွေမှာတော့ သူ့ ပုံလေးကြည့်ပြီး
အရူးတယောက်လို ပြုံးနေတတ်တယ်
သူဟာ ကျွန်တော့်ကို အရူးတယောက်ဖြစ်သွားအောင်ပြုစားတတ်တဲ့
ကျွန်တော့် ရင်ခုန်သံ နတ်သမီးလေးပါ။
ဘယ်သူ မှာမှ ဒီလို ချစ်သူရှိမယ်မထင်ဘူး။ ဘာလို့လဲ ဆိုတော့ ……..
သူက ချစ်ဖို့ အကောင်းဆုံးမိန်းကလေးတယောက်ဖြစ်နေလို့လေ ။
ကျွန်တော်ချစ်တဲ့ ကျွန်တော့် ရင်ခုန်သံနတ်သမီးလေးက
ဘယ်သူဆိုတာ သိလား
သူ ဘယ်သူဆိုတာကျွန်တော်ပြောပြဖို့မလိုတော့ဘူးထင်ပါတယ်
ဘာလို့လဲဆိုတော့ …………..
ကျွန်တော့် နတ်သမီးလေး အခု ဒီစာကိုဖတ်နေတယ်လေ ………….