BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, August 30, 2009

အမှတ်တရများ .......


စိတ်မကောင်းစရာ
စာလေး တကြောင်းနှစ်ကြောင်းကိုရေးချင်ပါတယ်......
ကောင်လေး ရဲ့ အမှားတွေ ကြောင့် ဖြစ်ခဲ့ရတဲ့
ကောင်မလေး ရဲ့ ဒေါသတွေက သိပ်ပြင်းထန် လွန်းပါတယ်.......

ချစ်သူ နှစ်ယောက် အတွက် အမှတ်တရဆိုပြီးလုပ်ထားတဲ့ ဒီနေရာလေး က
နှစ်ယောက်စလုံးအတွက် ကြည်နူးမှုတခု နဲ့ အမှတ်တရ လေး တခုတော့ ပေးနိုင်လိမ့်မယ်လို့
ထင်ပြီး လုပ်ခဲ့တာပါ .......

အမှတ်တရများစွာတော့ရှိခဲ့ပါတယ်.......
အဲ့လိုအမှတ်တရများစွာထဲက
ကောင်လေး အတွက် မေ့လို့မရမယ့် .......
အမှတ်ရစရာလေး ၂ ခုရှိနေပါတယ် .........

ပထမ တခုက ကောင်လေး အတွက် အရမ်းပျော်စရာကောင်းခဲ့ပြီး
အရမ်းကိုကြည်နူးခဲ့ရတဲ့ အမှတ်ရစရာလေးပါ .....
ဘာလဲဆိုတော့ ......

ကောင်မလေး ကိုယ်တိုင် ဒီနေရာလေး မှာစာတွေဝင်ရေးပေးခဲ့လို့ပါပဲ .....
၂ ခါတိတိ ကောင်မလေး ကိုယ်တိုင်ဝင်ရေးပေးခဲ့တဲ့ စာတွေကြောင့်.....
ကောင်လေး ရင်ထဲက မေ့မရတဲ့ ပထမ အမှတ်တရလေး တခုဖြစ်ခဲ့ပါတယ် .....

ဒုတိယတခုကတော့
ကောင်လေးအတွက် အရမ်း ၀မ်းနည်းစရာကောင်းပြီး
အရမ်းစိတ်ထိခိုက်ရတဲ့ အမှတ်ရစရာလေးပါ .......
ဘာလဲဆိုတော့ ......

ကောင်မလေး ကိုယ်တိုင် ရေးထားခဲ့ စာလေး တွေ ကို
ကောင်မလေး ကိုယ်တိုင်ပဲ ဖျက်လိုက်ပါတယ် .....
ကောင်မလေး ရေးထားတဲ့ စာတွေ ဒီနေရာလေး မှာ တလုံးမှမကျန်တော့မပါဘူး....
အရိပ်လေးတောင် ချန်မထားခဲ့ပါဘူး ...
နောက်ထပ် ကောင်မလေးနဲ့ ကောင်လေး ရဲ့ ပုံတွေအားလုံးကို
ကောင်မလေး ကိုယ်တိုင်ပဲဖျက်ပစ်ခဲ့ပါတယ် ..........
ကောင်လေးရင်ထဲ မေ့မရတဲ့ ဒုတိယ အမှတ်တရလေး တခုဖြစ်ခဲ့ပါတယ် .......

ဒီလိုအမှတ်တရလေးတွေနဲ့ပဲ .........ကောင်မလေးကို

အရမ်းချစ်တယ် ကောင်မလေးရယ်............

၃၀-၈-၀၉(သို့)ရွေးခဲ့တဲ့လမ်း


အခု ရက်ပိုင်းတွေမှာ ချစ်သူ နှစ်ယောက်အဆင်ပြေနေကြပါပြီ .....

ပျော်စရာတွေနဲ့ ဖြတ်သန်းခဲ့တဲ့
အချိန်တွေများများလာပါပြီ ........


ဒီလို ပျော်ရွှင်စွာနဲ့ပဲ နေ့ရက်တွေတနေ့ပြီးတနေ့
ကုန်ဆုံးသွားချင်တဲ့ဆန္ဒကတော့

နှစ်ယောက်လုံးရဲ့ရင်ထဲမှာရှိနေမယ်ထင်ပါရဲ့

အဆင်မပြေခဲ့တဲ့ အချိန်တွေတိုင်းမှာလဲ .....
ကောင်လေး ရဲ့အမှားများစွာကြောင့်ပါပဲ ...

အခု ကောင်လေး ကိုယ်တိုင် အစစအရာရာ ပြင်ပြီးတော့
စိတ်တွေ အကုန်လုံး ကို ကောင်မလေး အပေါ်မှာပဲ ထားလိုက်ပါပြီ
ဒါတွေကိုလဲ ကောင်မလေး ချက်ချင်းမယုံကြည်လာနိုင်တာတောင်
တနေ့ တော့ ယုံကြည်လာမှာပါ ............

ကောင်မလေး က
ကောင်လေးရဲ့ ဘ၀ ...........
ကောင်လေး အတွက် အလင်းရောင်လေး တခု .........
ကောင်လေး ကို အမှောင်ထဲက ဆွဲထုတ်ပေးခဲ့သူပေါ့ .......

အမှားတွေကို အမှားမှန်းလဲသိနေခဲ့ပါတယ်
မကောင်းတာတွေကို မကောင်းမှန်းလဲ သိနေခဲ့ပါတယ်
ဒါပေမယ့် မပြင်ခဲ့တဲ့ ကောင်လေး ရဲ့ စိတ်တွေကို
ကောင်မလေး က ဖြူစင်တဲ့ အချစ်တွေ ဖြူစင်တဲ့ မေတ္တာတွေ မျက်ရည်တွေများစွာနဲ့
ပြင်လာအောင် ပြောင်းလာအောင် လုပ်ပေးခဲ့ပါတယ်.........

ကျေးဇူးတင်ပါတယ် ကောင်မလေး ရေ ........

စာတွေအရှည်ကြီးရေးနေခဲ့တာတွေက
ဖတ်နေတဲ့ တဦးတည်းသောပရိသတ်(ကောင်မလေး)အတွက်
ငြီးငွေ့လာပြီး မဖတ်ချင်တော့ဘူးထင်ပါတယ် ........

စိတ်တော့မကောင်းပါဘူး .........
ကျွန်တော် စာရေးဆရာတယောက်လဲမဟုတ်ဘူး......
ဒီလိုစာတွေ ရေးတယ် ဆိုတာကလဲ တခါမှ ဒါမျိုးမရေးခဲ့ဖူးဘူးလေ ......
အဲ့ဒါကြောင့် ကျွန်တော် ရေးသမျှအားလုံး က တပုံစံထဲလိုလိုဖြစ်နေခဲ့တယ်...

စိတ်မကောင်းဖြစ်တာတခုထဲပါ ......
စိတ်မဆိုးပါဘူး ........ သူမှမဟုတ်ပါဘူး
ဘယ်သူမှ ဒီလို တပုံစံထဲဖြစ်နေတဲ့ စာကို
အမြဲတမ်း မဖတ်နိုင်ပါဘူး.......... မဖတ်ချင်ကြပါဘူး .........

အဲ့ဒီလို တပုံစံထဲမရေးနဲ့ တခြားဟာ ပြောင်းရေးတော့လို့ ပြောပေးတဲ့
ကျွန်တော်ရဲ့ တဦးတည်းသောပရိသတ် (ကောင်မလေး) ကို ကျေးဇူးတင်ပါတယ်....
နောက်ရေးတဲ့ အခါတွေမှာ ဒီလိုတပုံစံထဲဖြစ်နေဦးမယ်ဆိုရင်တော့
မရေးတော့ပါဘူး........

တပုံစံထဲမဖြစ်နိုင်တော့ဘူး လို့ ထင်တဲ့ အခါတော့ ရေးဖြစ်မယ်ထင်ပါတယ်

အခုရေးတာကလဲ တပုံစံထဲမဖြစ်နိုင်ဘူးထင်လို့ရေးလိုက်တာမဟုတ်ပါဘူး
ကဗျာ တပုဒ်ရေးဖြစ်လို့ပါ .......
ရေးရတဲ့ ကျွန်တော့်အတွက်တော့ ကဗျာတပုဒ်ရဖို့မလွယ်ပါဘူး...
ကဗျာ ဆိုပြီးရေးလိုက်ပေမယ့် ....... သူ့အတွက်တော့ ဖတ်လို့ကောင်းမယ့်
ကဗျာ ဖြစ်ချင်မှဖြစ်မှာပါ........

ဒါပေမယ့် စဉ်းစားပြီးရေးပြီးသားဖြစ်လို့ ဒီမှာရေးလိုက်တာပါ.......
ကောင်မလေးရေ စိတ်တိုင်းကျပါစေ ...............ကဗျာက......


ရွေးခဲ့တဲ့လမ်း ........



ရွေးခဲ့တဲ့လမ်းအတွက်
နောင်တဆိုတာမတမ်းတ တတ်တဲ့ ချစ်သူ
ကိုယ်တိုင်လဲ အတူတူပါပဲ .......
ရွေးခဲ့ပြီးလျှောက် ........ ဒို့နှစ်ယောက်ရဲ့
လက်တွေခိုင်မြဲ ........... မစဲ တော့မယ့်
ချစ်ခြင်းနဲ့ ............အပြစ်တွေမကင်းခဲ့တဲ့
အတိတ်တွေအတွက် ....... မပိတ်နိုင်မယ့်အလင်းပေးခဲ့တဲ့သူ
ကျွန်တော့် ချစ်သူ ........
ရှေ့ဆက်ချစ်မယ့် အနာဂတ်ရဲ့ နေ့သစ်တွေမှာ
ရင်ခုန်ခြင်းတွေနဲ့သာဖြတ်သန်း .......
ချစ်ခြင်းရဲ့ပန်းလေးတွေ အမြဲလန်းနေစေရမယ် ................

အရမ်းချစ်တယ်ကောင်မလေးရယ် .............

Saturday, August 29, 2009

ကောင်မလေးရဲ့ တနေရာက စာတစောင်


နင်နဲ့ငါနဲ့ ဘယ်သူမှ မစေခိုင်းဘဲ ရွေးချယ်ခဲ့တဲ့ ဒီလမ်း....
ပျော်ရွှင်စရာဆိုတာ ရှာမရလောက်အောင်နည်းခဲ့တာ....
အဲဒါလဲ ဘယ်သူ့ပယောဂမှ မပါပါဘူး....
ငါတို့ကိုယ်တိုင်ပဲလုပ်ခဲ့တာ....
ငါကိုယ်တိုင်လဲ....ဒီနွံထဲက ရုန်းမထွက်ချင်ဘူး....
နင်သိမှာပါ...
ဒီအတိတ်ဆိုးတွေနဲ့
ဒီနာကျင်စရာတွေကို
ငါ မစွန့်လွှတ်နို်င်ဖြစ်နေခဲ့တာ.....
နင့်ကို ပိုစိတ်ပျက်မိလေ...နင့်ကိုဆုံးရှုံးရမှာ ကြောက်လေပဲ....
ဒါကလဲ...ငါမကြိုက်တာကိုမှ လုပ်ချင်တဲ့ နင့်အကျင့်နဲ့
နင်ပြောသလို တစ်ဖက်စွန်းရောက်နေတဲ့ ငါ့စိတ်ကြောင့်ပဲလေ....
အတ္တကြီးလွန်းတဲ့ ငါကတော့ နင့်အတွက်စိတ်ပျက်စရာပေါ့...
ကိစ္စတော့မရှိပါဘူး....
ဘာကြောင့်လဲဆိုတာ နင်ရောငါရော သိပြီးသားလေ....
တစ်သက်စာ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကထဲက....
ဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းနေပါစေ...
နင်ဆိုတာ ငါ့အတွက် မရှိမဖြစ် လိုအပ်နေတာ....
အရာရာ ပြုပြင်ပါ့မယ်ဆိုတဲ့ နင့်ကို ယုံကြည်ပေးဖို့....
ငါ့အတ္တတွေလျော့ပြီး စောင့်နေပါ့မယ်....
တစ်ချိန်ချိန်တော့...
ငါမျှော်လင့်တဲ့ နေ့လေးရောက်လာမှာပါ...
ဒါကလဲ နင်နဲ့ငါနဲ့ ပဲ သက်ဆိုင်တယ်....
နင်လုပ်နိုင်မယ်မဟုတ်လား....

၂၉-၈-၀၉(သို့)ပျော်စရာကောင်းတဲ့အနာဂတ်


စာတွေမရေးဖြစ်ခဲ့တာ .......
ဘယ်နှရက်လောက်ကြာနေပြီမှန်းတောင်မသိတော့ပါဘူး.....

မရေးဖြစ်ဘူးဆိုတဲ့ အကြောင်းကလဲ အရင်အတိုင်းပဲပေါ့ .........
နေ့စဉ်ဖြစ်နေကြ ကောင်မလေး နဲ့ ကောင်လေး တို့ရဲ့ ပြသာနာတွေကြောင့်ပါပဲ

ဒီနေ့ပြန်ရေးဖြစ်တယ်ဆိုတာကလဲ .......
ကောင်မလေးနဲ့ ကောင်လေး တို့ အဆင်ပြေပြေ ပြန်ဖြစ်ပြီးတော့
ဒီနေ့ အတွက် ပြသာနာမတက်ပဲ ......... အဆုံးသတ်ခဲ့ကြလို့ပါပဲ ......

ရေးတယ်ဆိုပေမယ့်လဲ အရင်လိုအရှည်ကြီးတွေရေးဖြစ်ချင်မှရေးဖြစ်မှာပါ
ဘာလို့လဲဆိုတော့ ........
အရင်လိုအရှည်ကြီးတွေရေးရင် ဖတ်တဲ့ သူ (တဦးတည်းသောပရိသတ်) မဖတ်ချင်မှစိုးတာကတကြောင်း
အရှည်ကြီးရေးရင် ပုံစံက အရင်လိုပဲ ပုံမှန် လုပ်နေကြတွေကိုပဲချရေးရမှာဖြစ်တဲ့ အတွက်
အရှည်ကြီးမရေးဖြစ်လောက်ဘူးထင်ပါတယ် ...............

အခုတလောဖြစ်နေတာ အားလုံး ကို အတိုချုံး ပြီးရေးလိုက်ပါ့မယ် .......

အခုတလော ကောင်မလေး နဲ့ ကောင်လေး နဲ့
ပြသာနာ အကြီးကြီးတက်ပါတယ်........
တက်လိုက်တဲ့ ပြသာနာတိုင်းကို အကြီးကြီးလို့ အမြဲရေးနေတတ်တော့
ဒီတခါဖြစ်တဲ့ ပြသာနာလဲ အရင်လိုပါပဲလို့တော့ မထင်လိုက်ပါနဲ့

ပြသာနာဖြစ်တိုင်း ဒီတခါ ပြသာနာက တော်တော်ကြီးတယ်လို့ရေးတာကလဲ
တကယ့်ကို တခါဖြစ်လိုက်တိုင်း တခါ ပြသာနာက ပိုပို ကြီးလာလို့ပါ .......

အခု ရက်ပိုင်းအတွင်းမှာဖြစ်တဲ့ ပြသာနာက အများကြီးပါ ........
တခုပြီးတခုကိုဆက်တိုက်ဖြစ်နေခဲ့တာပါ ..........

ပြသာနာရဲ့ ဇစ်မြစ်ကတော့ ထုံးစံအတိုင်းပါပဲ .......
သ၀န်တိုတတ်တဲ့ ကောင်မလေး ရဲ့ စိတ်နဲ့ ......
အတိတ်မှာ အမှားတွေများခဲ့တဲ့ကောင်လေး

နှစ်ယောက်သား ငြိမရပဲ စကားများ ရန်ဖြစ်ကြတာပါ ........

ဒီတခါကလဲ အရင်လိုပဲပေါ့ ......
ကောင်လေး မှားတာပါပဲ ........
ကောင်လေး ရဲ့ အမှားတွေထဲက အကြီးဆုံးအမှားပေါ့ .....

ကောင်မလေး ရဲ့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်မိတဲ့ အမှားပါ .........
ကောင်မလေး က ယုံယုံကြည်ကြည်နဲ့
ကောင်လေး ကို စိတ်ချလက်ချ လွှတ်ထားတာကို
အခွင့်အရေးယူတဲ့ကောင်လေး ရဲ့အမှားပါ...........


အခွင့်အရေးယူတယ်ဆိုတာကလဲ ......
ကောင်မလေး မရှိတဲ့ အချိန်တွေမှာ
ကောင်လေး က တခြားမိန်းကလေးနဲ့ ပြောဆိုနေခဲ့တာပါ ......

တကယ်တော့ ဒီလိုပြောဆိုနေတယ်ဆိုတာကလဲ.......
ကောင်လေး ဖက်ကရိုးရိုးသားသားပြောဆိုဆက်ဆံခဲ့တာပါ ........

ကောင်မလေး ဖက်ကကြည့်တော့လဲ ......
သူချစ်တဲ့ ကောင်လေး က သူမရှိတဲ့ အချိန်မှာ တခြားကောင်မလေးနဲ့
စကားတွေပြောနေတာဆိုတော့ ........
ဘယ်လိုမှ သည်းခံနိုင်စရာအကြောင်းမရှိပါဘူး......


စဖြစ်တာက ............
၂၅ ရက်နေ့ည ကပါ ...........
အဲ့ဒီညက ကောင်လေး ရဲ့ သူငယ်ချင်းကို
ကောင်လေး ပြန်လိုက်ပို့ရမှာမလို့ကြာမယ်ဆိုတဲ့

အကြောင်းပြောနေရင်း နဲ့ ကောင်မလေး က ကောင်လေးဆီမှာ တခြားအွန်လိုင်းသုံးနေတာရှိသေးလား
ဆိုတော့ ကောင်လေး က လဲ ရှိပါတယ်ဆိုပြီး .....

သူသုံးနေတာ ကို ကောင်မလေး ကို ပေးလိုက်ပါတယ် ......
ပေးလိုက်ပြီးတော့ ကောင်လေး ရေသွားချိုးပြီး ပြန်အလာမှာ
ပြသာနာက စပြီးကြိုဆိုတော့တာပါပဲ ..........

ကောင်မလေး က ကောင်လေးနဲ့စပြောတာနဲ့
မျက်နှာ အမူအရာက သိသိသာသာကိုပြောင်းနေပါတယ်
ကောင်လေး က အတင်းမေးတော့
ကောင်မလေး မျက်ရည်တွေကျလာပြီး စကား တခွန်းထဲပြောပါတယ် ........

ကို နဲ့ ဒီနေ့ က စပြီး ပြီးပြီ ပြတ်ပြီ ..... နောက်နေ့ လုံးဝမပြောတော့ဘူး ......... တဲ့

ကောင်လေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ အတင်းမေးတော့
ကောင်လေးတခြားကောင်မလေးနဲ့ပြောထားတဲ့အကြောင်းတွေပြောပြပြီးတော့
ကောင်မလေး ဖုန်းချသွားပါတယ်
အွန်လိုင်းလဲ လုံးဝပြန်မတက်လာတော့ပါဘူး .........


ကောင်လေး ကလဲ ချော့ဖို့ အချိန်မရတော့ဘူး
ရထားထွက်ဖို့အချိန်က နောက်ကျတော့မှာမလို့ .....
သူ ငယ်ချင်းကိုလိုက်ပို့ဖို့ ထွက်သွားရပါတယ် ......


သူငယ်ချင်းကိုလိုက်ပို့ တဲ့ လမ်းတလျှောက်လုံး ကောင်လေး တချက်မှမပြုံးနိုင်ခဲ့ပါဘူး......
ဘယ်သူ့ ကိုမှလဲ စကားမပြောပဲ ငူငူ ငိုင်ငိုင်ကြီးဖြစ်နေပါတယ် ........
သူငယ်ချင်းတွေကလဲ သိပါတယ် ကောင်လေး ကောင်မလေး နဲ့ ပြသာနာတက်ပြီဆိုတာ
သူငယ်ချင်းတွေ ကောင်လေးကို ၀ိုင်းပြောကြပါတယ်.......

ကောင်မလေး ကို တကယ်ချစ်တယ်ဆိုရင်
ကောင်မလေး မကြိုက်တာတွေမလုပ်ဖို့နဲ့

ပြန်ရောက်ရင်ကောင်မလေး ကို ချော့ဖို့
နားလည်အောင်ရှင်းပြဖို့ သူငယ်ချင်းတွေအကြံပေးပါတယ်...

ကောင်လေး က လဲ ကောင်မလေး ကို ရှင်းပြချင်နေတာပါပဲ ........

ဒီလိုနဲ့ သူငယ်ချင်းကိုလိုက်ပို့ပြီးကောင်လေး ပြန်လာတော့အရမ်းကိုနောက်ကျနေပါပြီ......
ကောင်မလေးရဲ့ အိပ်ချိန်ကို ရောက်နေပါပြီ .......
အွန်လိုင်းကိုဖွင့်ကြည့်တော့လဲ ကောင်မလေး မရှိဘူး .............
ဖုန်းဆက်ဖို့လဲ ကောင်မလေး အိပ်နေပြီထင်လို့ မဆက်ရဲခဲ့ပါဘူး........
မနက်ရောက်ရင်ရှင်းပြမယ်ဆိုပြီး ကောင်လေး အိပ်ဖို့ကြိုးစားခဲ့ပါတယ် ...

ကောင်လေး ဘယ်လိုမှအိပ်မရဘူး စိတ်တွေအရမ်းမွန်းကြပ်နေတယ်လေ.....
ဒီလိုနဲ့ ကောင်လေး အရမ်းစိတ်ညစ်ပြီးတော့ အရက်တွေသောက်ပါတယ် .....
တော်တော်ကို အမူးတွေလွန်ပြီး...... အခြေအနေမကောင်းခဲ့ပါဘူး .......

ဒီလိုနဲ့ ကောင်လေး အွန်လိုင်း ကိုကောင်မလေး ၀င်လာမလားဆိုပြီး တညလုံး
မူးမူးနဲ့ ထိုင်စောင့်နေခဲ့တာပေါ့ .....
အဲ့ဒီအချိန်မှာ ရုတ်တရက်ကောင်မလေး အွန်လိုင်းဝင်လာပါတယ်

ဒါပေမယ့် လဲ စက္ကန့် ပိုင်းလောက်ပါပဲ ..
ချက်ချင်းပြန်ထွက်သွားတယ် .............
ကောင်မလေး အိပ်ရာကနိုး နေပြီဆိုပြီး
ကောင်လေး ချက်ချင်းပဲ ကောင်မလေး ဆီဖုန်းဆက်တော့တာပါပဲ ......
ကံကောင်းချင်တော့ ကောင်မလေး ဖုန်းကိုင်ပေးတယ်လေ

ကောင်လေး မူးနေလို့ လျှောက်ပြောမိမှာစိုးလို့....
စိတ်ကိုအရမ်းထိန်းပြီး .............
ကောင်မလေး ကိုရှင်းပြပါတယ် .........

ကတိတွေလဲ အထပ်ထပ်ပေး တာပေါ့ ..........

ကောင်မလေး ကတော့ ဘယ်လိုမှမယုံနိုင်တော့ဘူးလေ.........
ယုံနိုင်စရာလဲ မရှိတော့ပဲကို ........
ဒါပေမယ့် တခုက ကောင်မလေး မသိအောင်
ကောင်လေး က တခြားမိန်းကလေး နဲ့ဖောက်ပြန်တာမဟုတ်ပါဘူး

ရိုးရိုးသားသားပဲပြောခဲ့တာပါ .......

ဒါပေမယ့် လဲ ကောင်မလေး ရဲ့ ယုံကြည်မှုကိုဖျက်ဆီးပြီး
လိမ်ညာမိခဲ့တာတွေ က ကောင်မလေး ရဲ့ ဒေါသကိုဆွပေးလိုက်သလိုပါပဲ

ကောင်လေး ဘယ်လိုရှင်းရှင်းကောင်မလေး လက်မခံပါဘူး......
ဒါပေမယ့် ကောင်လေး ကတိတွေ အထပ်ထပ်ပေးပြီး
အကြိမ်ကြိမ်ရှင်းပြတော့မှ.......

ကောင်မလေး လက်ခံလိုက်ပါတယ်
ယုံကြည်ပြီးလက်ခံတာတော့မဟုတ်ပါဘူး.......

ဘယ်လို စိတ်မျိုးနဲ့ လက်ခံတယ်ဆိုတာကတော့ ကောင်မလေး ပဲသိပါလိမ့်မယ် ........

ဒီလိုလက်ခံပြီး ကောင်မလေး က စကားတခွန်းတော့ပြောပါတယ်
ကို့ ကိုမခွဲနိုင်ဘူး
အရမ်းချစ်တယ် ............. တဲ့

ဒီလိုနဲ့ ကောင်မလေး ကို ပြင်မယ်လို့ ကတိပေးပြီး
ကောင်လေး တကယ်ကိုပြင်ခဲ့ပါတယ်

ကောင်မလေး မကြိုက်တာတွေလုံးဝမလုပ်မိအောင်နေတယ်
အပျော်မရှာမိအောင်နေတယ် .........

ဘယ်လိုပြင်ခဲ့လဲဆိုတော့ ........
အမြဲတမ်းပုံမှန် အချိန် လုပ်နေကြအလုပ်တခုကို
ပြောင်းပြန်လုပ်ပြီးပြင်လိုက်တာပါ.........


အရင် က ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန်
ကောင်လေးဆီက မနက် ၈ နာရီမှာ

ကောင်မလေး ဆီဖုန်းဆက်တယ် ပြီးတော့
ကောင်မလေး အလုပ်ဆင်းချိန် ကောင်လေး ဆီက

ညနေ ၂ နာရီ ကောင်မလေး ဆီဖုန်းဆက်တယ် .......

အဲ့ဒီ မနက် ၈ နာရီနဲ့ ညနေ ၂ နာရီကြားထဲမှာ
ကောင်လေး အချိန်တွေ အများကြီးပိုနေတဲ့အတွက်

အပျော်တွေရှာမိခဲ့တာကြောင့်
အဲ့လိုပုံမှန်လုပ်နေတာတွေကို ပြောင်းပြန်လုပ်လိုက်တာပါ ...........

ဘယ်လိုလုပ်လိုက်တာလဲဆိုတော့
ည ကောင်မလေး အိပ်နေတဲ့ အချိန်မှာ ကောင်လေး မအိပ်ပဲနေခဲ့ပါတယ်
မနက်ကောင်မလေး အိပ်ရာက နှိုး တဲ့အထိ ထိုင်စောင့်နေတာပေါ့
မနက်ကောင်မလေး နှိုးတဲ့ အချိန်ကစပြီး
ကောင်မလေး အလုပ်ရောက်တဲ့အချိန်အထိ

ကောင်မလေး နဲ့ဖုန်းပြောတယ်လေ

ကောင်မလေး အလုပ်ရောက်ပြီဆိုမှ
ကောင်လေး တနေ့တာအတွက်စအိပ်တော့တာပါပဲ

ကောင်မလေး ဆီနေ့လည်ထမင်းစားချိန်မှာဖုန်းမဆက်တော့ပါဘူး......
ကောင်လေး အိပ်ပျော်နေပြီလေ တညလုံး မအိပ်ရသေးတဲ့အတွက်ပေါ့......

ဒီလိုနဲ့ ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ကောင်လေး ပြန်ထပြီး
ကောင်မလေး ဆီဖုန်းဆက်တယ်

အဲ့ဒီကစပြီးကောင်မလေး နဲ့စကားပြောတာ
ကောင်မလေး အိမ်ပြန်ရောက်လို့
ကောင်မလေး အိပ်ပျော်သွားတဲ့ အချိန်အထိပါပဲ


ကောင်မလေး အိပ်ပျော်သွားလဲ ကောင်လေး ကတော့
နောက်နေ့မနက်ကောင်မလေး နှိုးတဲ့ အချိန်အထိထိုင်စောင့်နေဆဲပါပဲ


ဒီလိုလုပ်မှ အဆင်ပြေတော့မှာ မလို့ပါ .......
ဒီလိုလုပ်မှလဲ ကောင်မလေး က ယုံကြည်နိုင်မှာလေ.........

ဒါပေမယ့်ကောင်မလေး အခုချိန်အထိ ယုံကြည်မှုမပေးနိုင်သေးပါဘူး
သံသယမျက်လုံး တွေ သံသယ အသံတွေနဲ့မေးနေပြောနေတုန်းပါပဲ

ကောင်လေး နားလည်ပါတယ် .....
တနေ့ ကောင်မလေး ယုံလာမယ်လို့လဲ ကောင်လေး ယုံထားတယ်
ကောင်လေး ကိုယ်တိုင်လဲပြင်နေပြီလေ ........

ဒါပေမယ့် တခါတလေ ကောင်မလေး နဲ့ ညစကားပြောနေတုန်း
ကောင်လေး အရမ်းကိုအိပ်ချင်တဲ့အခါတွေရှိခဲ့လို့ အိပ်မိပါတယ်........


အဲ့ဒီလိုအိပ်လိုက်ရင်
ကောင်မလေး မယုံမကြည်နဲ့ သံသယမေးခွန်း တွေမေးတော့တာပါပဲ

နေ့လည်ကမအိပ်ဘူးလား ဘာလုပ်နေလို့ အခု အိပ်ချင်နေရတာလဲ

နေ့လည်ကအိပ်ရင် အခု မအိပ်ချင်ရဘူးတဲ့ ......
ကောင်လေး ဘာမှမလုပ်ပါဘူး...........

ဒါပေမယ့်လဲ ဘာကြောင့်မှန်းမသိပဲ အရမ်းကိုအိပ်ချင်ခဲ့တာပါ .....

ဘာပဲဖြစ်ဖြစ်ပါ
အခုတော့ ကောင်မလေးနဲ့ ကောင်လေး ပြန်အဆင်ပြေနေပါပြီ

ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်နေပါပြီ .......

ဘယ်အချိန်မှာ ပုန်းနေတဲ့ ပြသာနာ
ပြန်ဖြစ်လာမလဲဆိုတာကို ကောင်မလေး ရောကောင်လေး ရောမသိနိုင်ပါဘူး


ကောင်လေး က ဘာမှမလုပ်တော့ဘူးဆိုပေမယ့်
တခုခုထပ်ဖြစ်မှာကိုတော့ တကယ်ကိုကြောက်နေပါပြီ....
တကယ်ကို ထိတ်လန့်နေပါပြီ .......

ကောင်မလေး ကလဲ ကောင်လေး နဲ့ ပတ်သက်လာရင် အရမ်းကိုရှာပါတယ်
ကောင်လေး ဘာမှမလုပ်တော့လို့ ပြသာနာတွေမဖြစ်နိုင်တော့ဘူးလို့
ယုံကြည်ထားပေမယ့်
ဘယ်အချိန်မှာ ဘာများဖြစ်ဦးမလဲ ဆိုပြီး ထိတ်လန့်နေတာတော့အမှန်ပါပဲ
ဒါကလဲ အမြဲတမ်း ပြသာနာ နဲ့ အသက်တွေဆက် ခဲ့ရလို့ပါ ..........

ဒါပေမယ့် အခုတော့ ပျော်စရာနေ့ရက်တွေ ကို အတူတူ ဖန်တီးနေပါပြီ
ကောင်မလေး ဖက်ကလဲ လျော့သင့်တာတွေလျော့ပေးပြီး
ပြသာနာတွေနဲ့ ဝေးဝေး နေလို့ ချစ်တဲ့ ရက်တွေကိုဆက်နေကြပါပြီ..........

ဒီလိုပဲ တသက်တာလုံး ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင်နဲ့
နေချင်မှာကတော့ ကောင်မလေးရဲ့ စိတ်ထဲမှာရော ကောင်လေး ရဲ့စိတ်ထဲမှာရော ......
ဖြစ်နေမယ့် တူညီနေတဲ့ ဆန္ဒတခုပါပဲ .........

ဘာလို့လဲ ဆိုတော့ ပြသာနာရဲ့ ရိုက်ခတ်မှုကြောင့်
ခံရတဲ့ စိတ်ပင်ပန်းမှုဒဏ်တွေက

ပြောပြလို့မရလောက်အောင် ခံစားရခက်တယ်ဆိုတာ
နှစ်ယောက်လုံးသိနေပြီမလို့ပါပဲ ......


ဒီလိုလေး ပြသာနာတွေနဲ့ဝေး ............
ရင်ခွင်ထဲမှာ အေးအေးလေးနဲ့ ...........
ချစ်ခြင်းတွေပေးမယ့် ...........
ဘ၀တွေကိုတွေးကြည့်လိုက်ပါ ...........
ပျော်စရာကောင်းတဲ့အနာဂတ် ဆိုတာ မဝေးတော့ပါဘူး ...............


အရမ်းချစ်တယ်ကောင်မလေး ရယ်..................

Saturday, August 22, 2009

၂၂-၈-၂၀၀၉တရက်တာ(သို့)ဖွင့်ဟ ၀န်ခံချက်


ဒီနေ့အတွက်တော့ ..........
မရေးဖြစ်တာကြာလို့ ပြန်ရေးတယ်ဆိုပေမယ့်


ကျွန်တော်ရေးမှာ မဟုတ်တဲ့
ကောင်လေး ရဲ့ ဖွင့်ဟ ၀န်ခံချက်တခုပါ ..........

ကောင်လေး ကိုယ်တိုင် ပြောမယ့်
ကောင်လေး ကိုယ်တိုင်ရေးမယ့် ခံစားချက် ပါ .........


တိုချင်လဲ တိုနေလိမ့်မယ်
အရင်လို ဖတ်လို့ အဆင်ပြေချင်မှလဲပြေလိမ့်မယ်
ဖတ်လို့ အဆင်မပြေခဲ့ဘူးဆိုရင်လဲ သည်းခံပြီးတော့ ဆုံးအောင်ဖတ်ပေးပါ
ကောင်မလေး တယောက်အတွက်ပေါ့ .................

ပိုး ..........
အမြဲတမ်း အဆင်မပြေဖြစ်နေတာတွေ
အမြဲတမ်း ပြသာနာတွေဖြစ်နေတာတွေ
အမြဲတမ်း စကားများရတာတွေ
ဘာကြောင့်လဲ.......................

ဒီနေ့ .....
ဒီနေ့ဆိုရင်လဲ ပိုး အတွက်ပျော်စရာတွေမပေးနိုင်ခဲ့ဘူး
ဘာကြောင့်မှန်းလဲ မသိ ဘယ်ကဘယ်လို ပေါ်လာမှန်းလဲ မသိတဲ့
ပြသာနာတွေ ..........
ပြသာနာတွေ ........ ကြောင့် နှစ်ယောက်လုံး စိတ်ညစ်ခဲ့ရတယ်

စိတ်ညစ်စရာတွေ များလွန်းလို့ မျက်ရည်တွေကျ တဲ့အထိ
စိတ်ညစ်ခဲ့ရတဲ့ ချစ်သူ.............

ချစ်တဲ့ သူ ကို သ၀န်တွေတို ...... စိတ်မချ
မယုံကြည်မှုတွေများလွန်းလို့ .........................
စိတ်ရှုပ်နေရတဲ့ချစ်သူတယောက်ကို

ကောင်းကောင်းမွန်မွန်မဆက်ဆံပဲ ...........

ဒေါသတွေနဲ့ ရင့်ရင့်သီးသီး ပြောခဲ့မိတယ် ........
ဒီလို ရင့်သီးတဲ့ စကားလုံး တွေ အောက်မှာ မျက်ရည်တွေတပေါက်ပေါက်ကျ
ကို့ ကြောင့်စိတ်ရှုပ်ခဲ့ရပြီ ...............

ဘယ်သူမဆို ကိုယ်ချစ်တဲ့ သူ ကို ပျော်နေစေချင်တယ် ........
ပျော်အောင်ထားချင်ကြတယ် .........
ပျော်နေတာပဲမြင်ချင်တယ် ...........

ဒါပေမယ့် .............
ကို ............ ပိုးကို ပျော်အောင်မထားနိုင်ဘူး ......
ခနခန မျက်ရည်ကျအောင်...... စိတ်ရှုပ်အောင်
စိတ်ညစ်အောင် ......... အမျိုးမျိုးလုပ်နေမိတယ်...........

ဘာကြောင့်မှန်းလဲ မသိတဲ့ ပြသာနာတွေဆိုပေမယ့်........
အဲ့ဒီပြသာနာဆိုတာတွေက ကို လုပ်ခဲ့တာတွေကြောင့်ဖြစ်လာတာပါ..........

ကို ကိုယ်တိုင် အဲ့ဒီ အတိတ်တွေကိုရင်မဆိုင်ရဲလို့
ရှောင်ထွက် သလို ရှောင်ပြေးသလိုဖြစ်နေခဲ့ပြီလား .........

ကို ရှောင်ထွက်ရှောင်ပြေးနေတာမဟုတ်ပါဘူး
အဲ့လို အတိတ်တွေကြောင့် စိတ်ရှုပ်စရာတွေ
စိတ်ညစ်စရာတွေ ဖြစ်လာမယ်ဆိုတာ

ကြိုသိနေလို့ ..........

အတိတ်တွေ ကို ကြိုးစားပြီး တခုချင်း လိုက်ဖျက်နေတာပါ ........

ဒါပေမယ့် ကို လုပ်ခဲ့တဲ့ အတိတ်တွေ အားလုံး ကို
ဖျက်ပစ်ဖို့ဆိုတာမလွယ်ပါဘူး

ဒီလို ဖျက်ပစ်ဖို့ မလွယ်တဲ့ အတိတ်တွေရှိတဲ့ လူတယောက်ကို ........
ပိုး ဆက်ချစ်နိုင်မလား ............

နောက်......... နောက်............. နောက် ..........
ဒီထက်ရှုပ်တဲ့ ......... ဒီထက် စိတ်ညစ်စရာကောင်းတဲ့ ........
ဒီထက် ပိုဆိုးလာမယ့် ............ ပြသာနာတွေ ထပ်ပေါ်လာခဲ့ရင်

ပိုး စိတ်ကုန်သွားမလား ............ စိတ်ပျက်သွားမလား ......

ဘာလို့ ဒီလိုပြောတာလဲဆိုတော့.........
နေ့တိုင်း အမြဲတမ်း.......... ပြသာနာက ပေါ်ပေါ်လာတတ်တယ်
ဘယ်က ဘယ်လိုပေါ်လာမှန်းမသိတဲ့ ပြသာနာတွေ အမြဲ ကို တို့ ကြားမှာ
ဖြစ်နေတာဆိုတော့ ..........

နောက်ပြသာနာတွေမဖြစ်လာဘူးလို့ ကြိုပြောလို့မရတော့ဘူး.......

ဒါကြောင့်နောက်တခါ ဒီလိုပဲ ပြသာနာတွေ ဖြစ်လာခဲ့ရင်
ဒီလိုပဲ တယောက်နဲ့ တယောက် စကားတွေများ ရန်တွေဖြစ်
စိတ်တွေညစ်ပြီး .............

ပိုးရဲ့မျက်ရည်တွေထပ်ကျတာတွေ မဖြစ်စေချင်ဘူး ပိုးရယ် ...........

ကို ဘယ်လိုလုပ်ရမလဲ .............
ကို ...... ပိုး ကို အရမ်းချစ်ပါတယ်...........
မြတ်မြတ်နိုးနိုးနဲ့ ဖြူဖြူ စင်စင် ချစ်တာပါ .......

ဒီလိုပြောခဲ့တာတွေလဲ ခနခနပါပဲ ..........
ဒါပေမယ့် ပိုး မယုံခဲ့ဘူး..........

ကို နဲ့ ပတ်သက်ရင်အမြဲသံသယတွေဖြစ်..........
အမြဲ မယုံကြည်မှုတွေနဲ့ပဲ ကို့ ကို ဆက်ဆံပြောဆိုနေခဲ့တယ်..........

တခြား တယောက်ယောက် က တခုခုပြောလိုက်တာနဲ့
ကို့ ကို မယုံကြည်တာတွေ ပိုပို များလာပြီး အခြေအနေက ပိုပို ဆိုးလာခဲ့တယ် ......

ကို ပိုးကို အပြစ်မပြောပါဘူး.......
မိန်းကလေး တယောက်ရဲ့ ချစ်တဲ့ သူအပေါ် သ၀န်တို စိတ် ဆိုတာ.........
ပိုး မှမဟုတ်ပါဘူး .......... မိန်းကလေးတိုင်းမှာရှိတတ်ကြပါတယ် ........

မယုံကြည်တဲ့ စိတ်ဆိုတာကတော့ ................
ပိုး မှာရှိနေတဲ့ မယုံကြည်တဲ့ စိတ်ကို ကို နားမလည်နိုင်ဘူး.......
ကို့ရဲ့ အတိတ်က ရှုပ်ခဲ့ တာတွေကြောင့်
မယုံကြည်တဲ့ စိတ်ရှိတာ ............ ကိုနားလည်ပါတယ်

ဒါပေမယ့်လဲ ......... အစွန်းရောက်လောက်တဲ့ အထိ
မယုံကြည်တဲ့ စိတ်တွေဖြစ်နေတာတော့

ကို နားမလည်နိုင်ဘူး.......... ကို ဘယ်လိုမှ နားလည်လို့လဲမရဘူး .........

ကို ပျော်ပျော်နေတတ်တဲ့ လူတယောက်ပါ......
ဒေါသဆိုတာ မထွက်ဖူးလောက်အောင် ပျော်နေတတ်တဲ့ သူပါ .....
ဒါပေမယ့် ဒီနေ့ ကို အရမ်းဒေါသထွက်ခဲ့တယ်ဆိုတာ ၀န်ခံပါတယ် .......

ဘာကြောင့်လဲ ........
အဲ့ဒီဒေါသတွေ ဘာကြောင့် အဲ့လောက်များခဲ့ရတာလဲ
တခါမှ ရင့်ရင့်သီးသီးမပြောဖူးတဲ့ ချစ်သူကို ရင့်ရင့်သီးသီးတွေပြောမိလောက်အောင်
ကို ဒေါသတွေထွက်ခဲ့မိတယ် ............

ကိုယ့်ကို တောင်မထင်ခဲ့မိပါဘူး.........
ပိုး ကိုအဲ့လောက်ထိပြောမိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး .........
ပိုး ကို တမင်ပြောခဲ့တာလဲမဟုတ်ပါဘူး ......

တကယ်ကို စိတ်မထိန်း နိုင်လောက်အောင် ဒေါသထွက်မိသွားတယ်.....
ဘာကြောင့် အဲ့လောက်ထိဒေါသတွေထွက်မိမှန်းလဲ အခု ပြန်မပြောတတ်တော့ဘူး ........

ဒေါသဆိုတာကို မထွက်အောင် အမြဲ ကိုယ့်ကို ထိန်းနေနိုင်တယ်လို့ ထင်ခဲ့မိတာ
မှားသွားပြီ .............
ကိုယ့်ကိုပျော်ပျော်နေတတ်တယ်

ဒေါသမထွက်တတ်ဘူး ....... စိတ်မတိုတတ်ဘူးလို့ ပိုး ကိုပြောခဲ့တာတွေ မှားသွားပြီ........

အဲ့ဒီအတွက် ..........................
တနေ့ ............. ကို ပြန်ပေးဆပ်ချင်တယ်.....

နောက် ဒီလို ဒေါသမျိုး မထွက်အောင် ထိန်းပါ့မယ် ............
ကို့ ဒေါသကြောင့် ကို့ ပါးစပ်က ထွက်သွားတဲ့ စကားလုံးတွေက
ပိုး အတွက် မျက်ရည်တွေ ဖြစ်ခဲ့ရတယ်......

ကို တကယ်စိတ်မကောင်းပါဘူး............
ပိုးရဲ့ ငိုထားတဲ့ မျက်ဝန်း
ငိုထားတဲ့ မျက်နှာ ..........
မြင်လိုက်တာနဲ့ တကယ်ကို စိတ်ထဲမှာ နင့်နေအောင်ခံရပါတယ် ............

တကယ်ဆိုရင် ..............
ကို ....... အရမ်းချစ်ပါတယ် .........
ပိုးလဲ ချစ်ပါတယ် ...........

ဒါနဲ့များ ဘာကြောင့် .......... ပြသာနာမျိုးစုံတတ်နေကြတာလဲ ........
ဘာကြောင့်လဲ .........
အမြဲတမ်းလိုလို........ စဉ်းစားဖူးပါတယ်....
တွေးကြည့်ဖူးပါတယ် ...........
ဘာကြောင့်မှန်းလဲ မသိ.......... အဖြေလဲ ရှာမရခဲ့ဘူး ........

အဖြေမရှိလို့ ပြသာနာမဖြစ်အောင်နေမယ်ဆိုတဲ့ စိတ်နဲ့
ပြသာနာမဖြစ်အောင်နေခဲ့ပေမယ့်........

ကံကြမ္မာဆိုးဆိုးတွေက ပြသာနာဆိုတာကို .........
ကို တို့ နှစ်ယောက်ကြားထဲ အမြဲလာလာထည့်ပေးခဲ့တယ်........

နေ့တိုင်း လိုလို ပြသာနာတွေနဲ့ ချစ်သူဆိုတဲ့ သက်တမ်းကို အသက်တွေဆက်နေရတဲ့
ကို တို့ ရဲ့ ချစ်သူဘ၀..........
တနေ့ ကြရင် ပိုး စိတ်ပျက်သွားမလား ..........

ဘယ်လိုစဉ်းစား စဉ်းစား
ဘယ်လို တွေး တွေး
အဲ့ဒီပြသာနာတွေရဲ့ အရင်းခံ
အဲ့ဒီပြသာနာတွေရဲ့ ဇစ်မြစ်ကို
အဖြေရှာမရခဲ့လို့ ..............
အမြဲဖြစ်နေခဲ့ရတဲ့ ပြသာနာတွေ.......

နောက်........... နောက် ................. နောက်ထပ်
ထပ်ဖြစ်နေဦးမှာလား ............
ဒီလိုထပ်ဖြစ်တာတွေ များလာရင် ...........
ပိုး ခံနိုင်ရည်ရှိမလား ......

အရမ်းစိတ်ညစ်သွား ...... စိတ်ကုန်သွားပြီး
ကို့ ကို ထားခဲ့မလား ...............................
ကို့ ကိုပစ်ခဲ့မလား .......................

ကို့ အတွက်တော့ ပိုး ဘယ်လို ဆိုးဆိုး ........ ဘယ်လောက် ကလေး ဆန်ဆန်
ဘယ်လို စိတ်ညစ်အောင်လုပ်လုပ် ...........
လမ်းခွဲမယ်ဆိုတဲ့ စကားဘယ်တော့ မှမပြောပါဘူး..............
ပြောလို့လဲ ထွက်မှာမဟုတ်ဘူး ..........

ဒီလို ကို့ ဖက်ကပြောမထွက်လို့ .........
တနေ့နေ့ ပိုး ပြောတာကို ပဲ ကို စိုးရိမ်စိတ်တွေနဲ့ စောင့်နေရမှာလား .........
မိန်းကလေး တယောက် ကို စွန့်လွှတ်ရမှာ ကြောက်တဲ့စိတ်တွေ
ပိုး နဲ့ ဖြစ်လာခဲ့တယ်ဆိုရင် ...............
ပိုး ယုံမလား ..........

ဒီ စာတွေဖတ်နေရင် ဖတ်ပြီးသွားရင် .........
ပိုး ရဲ့ စိတ်ထဲ အတွေးတွေထဲမှာ ...........
ကို ရေးနေတာတွေ
ကိုပြောတဲ့ စကားတွေ ကိုယုံမှာမဟုတ်လောက်ဘူးလို့ထင်တယ် ..........

ဘာကြောင့်လဲဆိုတော့ ယုံချင်စရာမရှိတဲ့ လူတယောက်အဖြစ်ပဲ
ပိုး ရင်ထဲမှာ ကို ကရှိနေတာလေ..........

ကိုဆိုတဲ့ လူက ပိုးရင်ထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ရှိနေတယ်ဆိုတာ
တဖြေးဖြေး နဲ့ သိလာသလိုပဲ ....
ကို သိလာတာတွေမှန်ချင်မှလဲ မှန်နေလိမ့်မယ်
ကို ထင်တာ တခုကတော့ ကို ဟာ ပိုးရင်ထဲမှာ ..........
အယုံအကြည် ကင်းမဲ့တဲ့ လူတယောက် ဖြစ်နေတယ်လို့ ထင်တာပဲ ...........

ဘာပဲဖြစ်ဖြစ်ပါ............ တနေ့နေ့ ........ တချိန်ချိန်မှာတော့
ပိုးယုံလာမယ့် တနေ့ ရောက်လာမယ်ထင်တာပါပဲ ......
ဘာလို့လဲ ဆိုတော့ ပိုး ကို တကယ်ချစ်မိခဲ့တာကြောင့်ပါ..............

အရမ်းချစ်တယ် ပိုး ရယ် .................



ဒါတွေအားလုံး က ကောင်လေး ရဲ့ ကောင်မလေး အပေါ်
ဖွင့်ဟ၀န်ခံချက်ပါ ..................
ကောင်မလေး တယောက်ဖတ်ပြီး ဘာတွေဖြစ်နေမလဲ ........
ဘာတွေဖြစ်နေတယ်........... ဘယ်လို ခံစားရတယ်ဆိုတာကို
ကောင်လေး သိအောင် တနည်းနည်းနဲ့ ပြောပြလိုက်ပါဦး ကောင်မလေး ရေ ............

အရမ်းချစ်တယ် ကောင်မလေးရယ်...................

Thursday, August 20, 2009

၂၀-၈-၂၀၀၉တရက်တာ(သို့)ကို့ရင်ထဲမှာ ပိုးတယောက်ပဲရှိတာပါ


ကောင်မလေး နဲ့ ကောင်လေး တို့ရဲ့ အကြောင်းလေး
အရင်လိုပြန်ရေးချင်တယ်


ဒါပေမယ့် .........

ဘယ်လိုမှရေးလို့မရလောက်အောင်ကို .....
ပြသာနာတွေများနေတယ်


ဒီနေ့လဲ ပြသာနာထပ်တက်တယ် ........
ကောင်လေး ရဲ့ အနေအထိုင်မတတ်မှု

စေ့စေ့စပ်စပ်မနေတတ်မှု
အလိုက်မသိမှုတွေကြောင့်ပဲလား ........

ကောင်မလေးရဲ့ သ၀န်တိုစိတ်နဲ့
မခံချင်စိတ်
သံသယစိတ်
မယုံကြည်တဲ့ စိတ်တွေကြောင့်ပဲလား .......

ပြသာနာကတော့ အရမ်းကိုတက်နေပါတယ် ....
ခနခန လဲ တက်နေပါတယ် .........


တနေ့ တက်ပြီးတဲ့ ပြသာနာ ကပြီးလို့
စကားအကောင်းပြောတာ ၁ နာရီမပြည့်သေးဘူး

နောက်ထပ်ပြသာနာက ဒီနေ့ ထပ်တက်ပြန်တယ် . ....


ဒီလိုနေ့တိုင်းပြသာနာတက်နေတာကို .......
ဘယ်လိုဖြေရှင်းရမလဲ ..........
ဘာကြောင့်တက်ရတာလဲ ဆိုတာကိုလဲ
ကောင်လေး မစဉ်းစားတတ်တော့ဘူး.......


ကောင်လေး ကိုယ်တိုင်ပဲ မှားလေသလား

ကောင်မလေး ပဲ မှားသလား

ကောင်လေး ဘာမှကို မသိတော့လောက်အောင် ဖြစ်နေပါပြီ


ပြသာနာမတက်အောင် ကောင်လေးဖက်ကလဲ နေပါတယ် .......
ဒါပေမယ့် မထင်မှတ်တဲ့ နေရာက ပြသာနာတွေက ပေါ်ပေါ်လာတယ် ..........

နောက်ဆုံးတော့ ကောင်လေး အမှားပဲဖြစ်တာပေါ့ ........
ကောင်လေး အမှားလို့ ဘာကြောင့်ပြောလဲဆိုတော့
ဖြစ်သမျှပြသာနာတွေက ကောင်မလေး ကြောင့်မဟုတ်ပဲ
ကောင်လေးရဲ့ အရင်က ရှုပ်ခဲ့တာတွေကြောင့်ဖြစ်ဖြစ်နေတာဆိုတော့ ........
ကောင်လေး အမှားပဲပေါ့

ဒီလိုအမှားတွေနဲ့ ဆက်တိုက်ကိုမှားနေတဲ့
ကောင်လေးရဲ့အမှားတွေထဲက
အမှားတခု
ဒီနေ့ရေးပါမယ်.............

ကောင်မလေး နဲ့ ကောင်လေး မနက်က
အဆင်ပြေပြေနဲ့ ပဲ စကားပြောကြတယ်လေ


ကောင်မလေးရဲ့ ရုံးသွားတဲ့ အချိန်
ကောင်လေး အတွက်တော့ အစောကြီးပေါ့

အချိန်တွေက အရမ်းကွာတယ်လေ ........


အဲ့လိုမနက်ပိုင်း စတွေ့ ကထဲက
ကောင်မလေး နဲ့ ကောင်လေး
အဆင်ပြေပြေပဲ ပြောလိုက်ကြတာ
ကောင်မလေး ရုံးရောက်တဲ့အထိပဲလေ


ဒီလိုနဲ့ ကောင်မလေး ရုံးရောက်တော့
အလုပ်ဝင်ရတော့မှာမလို့

ကောင်မလေး နဲ့ ကောင်လေး ပျော်ပျော်ရွှင်ရွှင်နဲ့ ပဲနှုတ်ဆက်ခဲ့ကြတယ် .......

ကောင်မလေး က အလုပ်ကိုသွား
ကောင်လေး အတွက်ကတော့ တညလုံးမအိပ်ရသေးတာကြောင့်

ကောင်မလေးနဲ့ စကားပြောပြောပြီးချင်း အိပ်ပျော်သွားတာပေါ့ .......


ဒီလိုနဲ့ ကောင်လေး အိပ်ပျော်သွားလိုက်တာ

ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန်မှာတောင်

ကောင်မလေးဆီဖုန်းမဆက်နိုင်ခဲ့ဘူး ...........


ကောင်မလေးရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ကောင်လေး လန့်နှိုးပြီး
ကောင်မလေး ဆီဖုန်းဆက်တယ်
အချိန်မှီလေးပေါ့ .........


အဲ့လိုမှအချိန်မမှီခဲ့ရင် ကောင်မလေး စိတ်ဆိုးတော့မှာလေ

အချိန်မှီလန့်နှိုးတယ်ဆိုတာကလဲ

အဲ့ဒီအချိန်ရောက်ရင် ကောင်လေး အလိုလိုကိုနှိုးနှိုးလာတာပါ ........


ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး စကားတွေပြောဖြစ်ကြပြန်ရော ........

အဲ့ဒီအချိန်လဲ ကောင်မလေး နဲ့ ကောင်လေး တို့
အဆင်ပြေပြေပဲပြောဖြစ်ကြတာပါ .....


ဒါပေမယ့် ကောင်မလေး က နေမကောင်းဘူးတဲ့ .........

အဲ့ဒါကြောင့်ကောင်လေး က ကောင်မလေး ကို အိမ်ပြန်ရောက်တာနဲ့

တခုခုစားဖို့ပြောတယ် .......

စားပြီးရင်ဆေးသောက်ဖို့လဲမှာတယ်........


ကောင်မလေး က လဲ ကောင်လေးစကားနားထောင်ပါတယ် ...........
ဒါပေမယ့် ပြန်ရောက်ရောက်ချင်း စားဖို့ အတွက်
ချက်ရဦးမှာမလို့
မချက်ချင်တော့ဘူးတဲ့
ခေါက်ဆွဲပြုတ်စားချင်တယ်တဲ့


ကောင်လေး က ကောင်မလေး ကိုခေါက်ဆွဲပြုတ်ပေးမစားပါဘူး

ကောင်မလေး နဲ့မတည့်လို့ ပေးမစားတာ တော်တော်ကြာပါပြီ


ဒါပေမယ့် အခုတော့ အခြေအနေအရ
ဒါပဲစားဖို့ရှိတာဆိုတော့
ကောင်လေး ခွင့်ပြုလိုက်ပါတယ် ...........
ကောင်မလေး ကလဲ အဲ့ဒီခေါက်ဆွဲကိုအရမ်းကြိုက်တယ်

အရင်ကထဲက စားချင်နေခဲ့တာဆိုတော့ .....

အခုကောင်လေး ပေးစားလိုက်တာနဲ့
ကောင်မလေး အရမ်းပျော်သွားတယ်

အသံလေးတွေတောင် ရွှ့င်ရွှင်မြူးမြူးလေးဖြစ်လာတယ်လေ


ကောင်လေး ကလဲ ပျော်တာပေါ့
ကောင်မလေး ကိုအဲ့လိုပျော်စေချင်တယ်လေ

ဒီလိုနဲ့ ကောင်မလေး အခန်းထဲကိုပြန်ရောက်လာတာပေါ့ ......


ကောင်လေး ကကောင်မလေး ကို ခနနားဖို့ပြောတယ်

နားပြီးရင်တော့ ကောင်မလေး ကို
မျက်နှာသစ် ခြေလက်ဆေးဖို့မှာတယ်လေ


နေမကောင်းတဲ့ အတွက်ကောင်မလေး ကိုယ်တိုင်လဲ ရေမချိုးချင်ဘူးဆိုလို့

ခြေလက်ပဲဆေးဖို့မှာတာပေါ့ ...........


အဲ့လို ကောင်မလေး နားနေတဲ့အချိန်မှာလဲ

ကောင်မလေး နဲ့ ကောင်လေး စကားတွေပြောနေကြတာ
အဆင်အရမ်းပြေပြီး
၂ ယောက်လုံးပျော်နေကြတယ်လေ...............

ဒီလိုနဲ့ စကားတွေပြောပြီးတော့
ကောင်မလေး ခြေလက်ဆေး
ခေါက်ဆွဲလေးပြုတ်ပြီး .......
ကောင်လေး အရှေ့မှာစားတာပေါ့ ............

ခေါက်ဆွဲလေးစားလိုက် စကားလေးပြောလိုက်နဲ့
အဲ့ဒီအချိန်အထိလဲ ပြသာနာဆိုတာ ဘယ်မှာပုန်းနေတာလဲ မသိပါဘူး .....

ဒီလိုနဲ့ ကောင်မလေးကလဲ ခေါက်ဆွဲစားပြီးသွားတော့
ကောင်လေး က ထမင်းဟင်းချက်ဖို့
ကောင်မလေး နဲ့ ခနလေး စကားမပြောပဲနေမယ်လို့ပြောတော့

ကောင်မလေး ကရပါတယ် ချက်ပါဆိုပြီး ပေးချက်တယ်


ကောင်လေး ထမင်းဟင်းချက်နေတဲ့ အချိန်မှာတော့
ကောင်မလေး က ကောင်လေး ရဲ့ ကွန်ပျူတာကို
ဆော့ဖ်ဝဲတခုသုံးပြီး
ဝင်ကြည့်ရင်း ကောင်လေး ကိုစောင့်နေတယ်လေ........

အဲ့ဒီမှာ ပြသာနာ အကြီးကြီးစတက်တော့တာပါပဲ
ကြီးတာမှ တကယ့် ကိုအကြီးကြီးပါ

ကောင်မလေးရဲ့ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ ကောင်လေးရဲ့ အမှားတခု.......
ကောင်မလေး မကြိုက်မှန်းသိရက်နဲ့
စေ့စေ့စပ်စပ်မလုပ်မိတဲ့ ကောင်လေး ရဲ့
အနေအထိုင်မတတ်မှု


ဒီလိုကောင်လေး ရဲ့ အပြစ်တွေအကုန်ပေါင်းလိုက်တော့

ဘယ်ချောင်ထဲရောက်နေမှန်းမသိတဲ့ ပြသာနာက

ကောင်မလေးနဲ့ ကောင်လေး တို့ ကြားထဲ ကို
မဖိတ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက်
ဝင်လာလိုက်တာ
တားချိန်တောင်မရတော့ပါဘူး.......

ကောင်လေး ထမင်းဟင်းချက်ပြီးပြန်လာတော့ ကောင်မလေးမရှိတော့ ဘူး စိတ်အရမ်းတိုတဲ့အကြောင်း သူ့ကိုမေ့လိုက်တော့ ဆိုတဲ့အကြောင်း ဒီထက်ပိုပြီးမခံစားနိုင်တော့အကြောင်းတွေ ပြောပြီး
ကောင်မလေး ထွက်သွားတာပေါ့ .........


ကောင်လေး ကောင်မလေး ဆီချက်ချင်းဖုန်းဆက်တယ်

ကောင်မလေး ဖုန်းမကိုင်ခဲ့ပါဘူး ............

ခနခနဆက်တယ်
ခနခနခေါ်တယ် ကောင်မလေး မကိုင်ဘူး ...........

ခနခနဆက်တော့ ကောင်မလေးက အွန်လိုင်းတက်လာပြီး
စကားမပြောချင်တဲ့အတွက် စာပဲရေးပါလို့ပြောတယ် ......


အဲ့ဒါနဲ့ ကောင်လေး စပြီးရှင်းပြပါတယ်

ကောင်မလေး နားလည်အောင် ပြောပြတယ်
ရှင်းပြတယ် ...........

ကောင်လေး သူ့အမှားဆိုတာ သူသိပါတယ်
အဲ့ဒါကြောင့်လဲ ကောင်မလေး နားလည်အောင်အမျိုးမျိုးရှင်းပြတယ်

ကောင်မလေး စဉ်းစားတတ်အောင်ပြောပြတယ်
ကောင်မလေး စိတ်ဆိုးပြေအောင်
ဖြေရှင်းပေးတယ်.......

ကောင်မလေး ဘယ်လိုမှလက်မခံပါဘူး

ဘယ်လိုမှလဲပြောလို့မရပါဘူး........

ကောင်လေး လဲစိတ်တွေအရမ်းရှုပ်လာတယ်........


ကောင်လေး ဖက်ကလဲ သတိမထားလိုက်မိတဲ့ အမှားတခုပါ ..........

ကောင်မလေး အတွက်ကလဲ ကောင်လေး ရဲ့ သတိမထားမိလိုက်တာက
ရူးသွားမလောက်ခံစားရတယ်လေ ............

ကောင်လေး က လဲ ပြောပြပါတယ် အမျိုးမျိုးပေါ့

ဒါပေမယ့် အချိန်တွေသာကုန်သွားတယ်

ဘယ်လိုမှပြောလို့မရဘူး
ကောင်မလေး ဘယ်လိုမှစိတ်မပြေဘူး ..........

ကောင်လေး မိန်းကလေး တယောက်ကို
ဘယ်တုန်းကမှအဲ့လောက်ထိ စိတ်ရှည်ရှည်မရှင်းပြဖူးပါဘူး

အချိန်တော်တော်ကြာရှင်းပြလို့လဲမရတော့

ကောင်လေး လဲ စိတ်တွေအရမ်းရှုပ်လာပြီး

ရှင်းပြသံတွေတဖြေးဖြေး မာလာပါတယ်


ကောင်မလေး မှာတော့ .....
အစကထဲက နေမကောင်းတာကတကြောင်း ........

ကောင်လေး ကြောင့် ဒေါသထွက်တာက တကြောင်း .....

ကောင်လေးရဲ့ ရှင်းပြတာတွေကိုလက်မခံနိုင်တာက တကြောင်း ....... စိတ်တွေအရမ်းရှုပ်လာတာကတကြောင်း ...........
အကြောင်းများစွာကြောင့် ..............ခေါင်းတွေအရမ်းမူးလာပြီး

ဘယ်လိုမှ နေလို့မရတော့လို့ ............
အိပ်ချင်ပြီလို့ပြောပါတယ် ......


ကောင်လေး ကောင်မလေး မျက်နှာကိုကြည့်ပြီးအရမ်းသနားသွားပါတယ် ......

ကောင်မလေး မျက်နှာကို အကြာကြီးကြည့်မိပါတယ် .......


အပြစ်တွေမကင်းတဲ့ ကိုယ့်ကို လဲ မုန်းမိပါတယ်

ဘာမှမသိ အပြစ်မရှိတဲ့ ကလေး တယောက်လို ဖြူစင်တဲ့ မိန်းကလေး တယောက်က

သူ့ကြောင့် စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေကို

နေ့စဉ်ရက်ဆက် ခံစားနေရတာ .......


ကောင်လေး ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ပါဘူး...........
အခုတော့ ကောင်လေး ကောင်မလေး ရဲ့ ညှိုးငယ်နေတဲ့ မျက်နှာ ......
ခေါင်းအရမ်းမူးနေလို့ ခံစားရခက်ပြီး ရှုံ့မဲ့နေတဲ့ မျက်နှာလေးကို
စိတ်မကောင်းပဲ ထိုင်ကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်...............


ဒီလိုနဲ့ ကောင်မလေး တဖြေးဖြေးအိပ်ပျော်သွားခဲ့ပါတယ် ......................


အပြင်မှာတွေ့ခွင့်ရတဲ့ တနေ့ကြရင်
ဒီလိုစိတ်ရှုပ်အောင် စိတ်ညစ်အောင်
စိတ်ပင်ပန်းအောင် လုပ်မိတာတွေကြောင့် .......
ကောင်လေး ကောင်မလေး ကို တခုခုတော့ ပေးဆပ်ဖြစ်မှာပါ .................
ပေးဆပ်ခွင့်ကိုလဲ ရချင်ပါတယ် ............ ကောင်မလေးရယ်



ကောင်လေး ရင်ထဲမှာ ကောင်မလေး ကလွဲလို့
တခြားတယောက်အတွက်နေရာမရှိတော့တာကို

ကောင်မလေး တကယ်မသိတာပဲလား...........


အခုတော့ ကောင်မလေး တယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလောက်ပါပြီ..........

ကောင်လေး ကတော့ တယောက်ထဲပြောနေပါတယ်............


ဘာလဲဆိုတော့ ......................


ကို့ရင်ထဲမှာ ပိုးတယောက်ပဲရှိတာပါ .............. တဲ့

အရမ်းချစ်တယ် ကောင်မလေးရယ်.........

Wednesday, August 19, 2009

အသက်...........


အခုတလော ဘာမှမရေးဖြစ်တာလဲကြာပြီ .......
ဒီလိုမရေးဖြစ်တာနဲ့ပတ်သက်လို့လဲ

ဘာကြောင့်မှန်းတော့မသိပါဘူး .......


တဦးတည်းသော ကျွန်တော့် ပရိသတ်လဲ ဘာမှမပြောပါဘူး......

သူကိုယ်တိုင်လဲ ဒီထဲမ၀င်ကြည့်ဖြစ်တော့ဘူးလားမသိပါဘူး ......


ဒါမှမဟုတ် ............

အကြောင်းတခုခုတော့ရှိမှာပေါ့ .....

ဒီနေ့ ကောင်မလေး နဲ့ ကောင်လေး ပြသာနာအကြီးကြီးတက်တယ်
မနက်မိုးလင်းလို့ နေတောင်မထွက်သေးပါဘူး
ပြသာနာက အရင်စပြီး ကြိုဆိုတော့တာပါပဲ ..........

ကောင်လေး ရဲ့ အရင်က ရှုပ်ထားသမျှကိစ္စတွေက
အခုရှင်းလို့မရလောက်တဲ့ ပြသာနာတွေဖြစ်ဖြစ်နေခဲ့တယ်............


အမှားများစွာထဲက ကောင်လေးရဲ့ အမှားတခုပေါ့ ........
ကောင်မလေး စိတ်ထဲမှာထင်နေတာက

ကောင်လေး က သူ့ကိုတကယ်မချစ်ပဲ
အရင်ကလို အပျော်သဘောပဲချစ်တယ်လို့
ထင်နေတာပါ .........

တကယ်တော့ ................
ကောင်မလေးရယ် .......
တခါမှမချစ်ခဲ့ဖူးတဲ့ အချစ်တွေနဲ့ချစ်ခဲ့တာပါ


ကောင်မလေးမသိနိုင်တဲ့ ...........
ကောင်မလေးမမြင်နိုင်တဲ့
အချစ်တွေနဲ့ချစ်ခဲ့တာပါ.......

ကောင်လေးဖက်က မိန်းကလေးတယောက်ကို
ဒီလောက်အထိမချစ်ခဲ့ဖူးတာအမှန်ပါ..........

ကောင်မလေး နဲ့တွေ့မှ ဘယ်လိုဖြစ်လာမှန်းမသိတဲ့
ပြောပြလို့မရတဲ့ စိတ်မျိုးနဲ့ ချစ်ခဲ့တာပါ.......
အမြဲတမ်း အတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပေါ့ .....

ကောင်မလေး ဖက်ကလဲ ပွေရှုပ်ခဲ့တဲ့
ကောင်လေးကို ဘယ်လိုမှမ ယုံပါဘူး


ယုံပေးပါကောင်မလေးရယ် .............

အမြဲတမ်း ရှုပ်ခဲ့ပွေခဲ့တဲ့ ကောင်လေး တကယ်ချစ်တတ်ခဲ့တာပါ .......


အမြဲတမ်းလဲ အဲ့ဒီလို ရှုပ်ခဲ့ပွေခဲ့တာတွေကြောင့်
နောင်တများနဲ့နေနေရတာပါ


ကောင်လေး တခါမှ ဒီလို ချစ်မိမယ့် မိန်းကလေး ဆိုတာ မရှိနိုင်ဘူး ဆိုပြီး

ရှုပ်ခဲ့ပွေခဲ့တယ် ........

ဒါပေမယ့် အခု အသက်လောက်ချစ်ရမယ့် သူရှိလာတော့

အဲ့ဒီရှုပ်ခဲ့သမျှတွေဟာ ကောင်လေးနဲ့ကောင်မလေးကြား
ပြသာနာတွေဖြစ်လာခဲ့တာပေါ့


ကောင်လေး နောင်တ တွေရနေတာပါ .........

ယုံပေးပါ ........ ကောင်မလေးရယ် .......

တခါမှမချစ်ခဲ့ဖူးတဲ့ ခံစားချက်မျိုးနဲ့ချစ်မိတာပါ ........


အရမ်းဖြူစင်ပြီး ရိုးသားတဲ့ ကောင်မလေး အပေါ်မှာ
ကောင်လေးရဲ့ အတိတ်ကအဖြစ်တွေကြောင့်

စိတ်ညစ်စရာတွေဖြစ်လာခဲ့ရတာပါ ...............

အတိတ်တွေကိုမေ့လိုက်လို့ရရင်အရမ်းကောင်းမယ် ကောင်မလေးရယ် ....... အတိတ်တွေမှာမကောင်းခဲ့တဲ့ကောင်လေးတယောက်ရဲ့
နောင်တကို ကောင်မလေးသိနိုင်မလား


ကောင်မလေး တခုခုဖြစ်လို့ စိတ်ညစ်တဲ့အခါအတိုင်း

ကောင်လေးရင်ထဲမှာမချိအောင် ခံရတယ်ဆိုတာ........ ကောင်မလေးသိနိုင်မလား


ကောင်မလေး မျက်ရည်ကျတိုင်း
ကောင်လေးရင်ထဲမှာ
နေလို့မရလောက်အောင် ခံစားရတယ်ဆိုတာ .......... ကောင်မလေးသိနိုင်မလား


ကောင်မလေး မုန်းသွားမှာကြောက်လို့ ......
ကောင်မလေး ထွက်သွားမှာကြောက်လို့ ........

ကောင်မလေး စိတ်ကုန်သွားမှာကြောက်လို့ ......

ကောင်မလေး မေ့သွားမှာကြောက်လို့ .........

အရာရာကိုပြုပြင်ပြီး....... အရာရာအတွက် ..........
ရင်တထိတ်ထိတ်နဲ့ နေနေရတဲ့ ဘ၀နဲ့


ကောင်လေးရဲ့ ရှုပ်ခဲ့ပွေခဲ့သမျှတွေကို
စိတ်ညစ်ခံ စိတ်ရှုပ်ခံနေရတဲ့ ကောင်မလေး ဘ၀ ..........
ဘယ်လိုမှ ညှိလို့မရခဲ့ပါဘူး ...........

တကယ်တော့လေ .....................
ကောင်လေးရင်ထဲမှာ ကောင်မလေး တယောက်ပဲရှိနေတာပါ .........
တကယ့်ကို ပြောပြလို့မရလောက်အောင်ချစ်ခဲ့တာပါ ...........

ကောင်မလေးရဲ့ အပြုံးချိုချိုလေး ..............
ကောင်မလေးရဲ့ နှုတ်ခမ်းကွေးကွေးလေး ..........
ကောင်မလေးရဲ့ မျက်ဝန်းနက်နက်လေး .........

ကောင်မလေးရဲ့ အမူအရာလေး ............
ကောင်မလေးနဲ့ပတ်သက်သမျှ အားလုံး ချစ်နေခဲ့တာပါ ...........


နောက်ဆုံးတခုပြောပြပါ့မယ် ..........


ကောင်မလေး က ကောင်လေးရဲ့ အသက်ပါ .................

အရမ်းချစ်တယ် ကောင်မလေးရယ် ............

Saturday, August 15, 2009

ကျေးဇူးပြုပြီး ................. မငြီးငွေ့ လိုက်ပါနဲ့


ကောင်မလေး ........
သူစာတွေဝင်ရေးနေတာ ၂ ခါရှိပါပြီ. . . .

ကောင်လေး သိပ်ဖတ်ချင်နေတဲ့
ကောင်မလေး စာတွေ
ကောင်လေးဖတ်နေရပြီလေ......

အဲ့ဒီအတွက် တခုပြောပါရစေ ......
ကျေးဇူးတင်ပါတယ် ကောင်မလေးရေ ..........


ကောင်မလေး နဲ့ ကောင်လေး တို့ကြားက
ငြိမရတဲ့
ပြသာတွေက ခနခနဖြစ်နေတယ် .......

ကောင်လေးရဲ့ အနေအထိုင်မတတ်မှုတွေ
အလိုက်မသိမှုတွေက

ကောင်မလေးအတွက် စိတ်မကောင်းစရာတွေ
စိတ်ညစ်စရာတွေ
ဝမ်းနည်းစရာတွေ
ဖြစ်အောင် ဖန်တီးသလိုဖြစ်ဖြစ်နေတယ်လေ


ကောင်လေး မရည်ရွယ်ပါဘူး
ကောင်လေးရဲ့ ဒီလိုလုပ်ရပ်တွေက
ကောင်မလေး စိတ်ထဲမှာ
ဆိုးဆိုးဝါးဝါးဖြစ်လိမ့်မယ်လို့
ကောင်လေး မထင်မိခဲ့ပါဘူး .......


ကောင်မလေး ၀မ်းနည်းရတာတွေ
စိတ်ညစ်ရတာတွေအရမ်းများနေပါပြီ


ကောင်လေး က လဲ ကောင်လေးပါပဲ

အပြစ်ကင်းအောင် မနေတတ်ဘူး

အလိုက်မသိဘူး

အနေအထိုင်မတတ်ဘူး
အပြောအဆိုမတတ်ဘူး .....


ကောင်မလေး ကိုပျော်အောင် ထားတယ် ထားတယ်လို့

ကောင်လေး အမြဲပြောနေပေမယ့်


ကောင်မလေးအတွက်စိတ်ညစ်စရာ
အချိန်တွေပိုများနေပြီလားမသိပါဘူး ......


ကောင်မလေးရေ ............

အရမ်းချစ်ပါတယ် .........
ပြောမပြတတ်အောင်ချစ်ပါတယ်


ကောင်မလေး ပြောသလိုပဲ

တနေ့ တာရဲ့ အချိန်မှန်သမျှကို .......

ကောင်မလေးနဲ့ အတူတူ ဖြတ်သန်းချင်တာပါ.......

ကောင်မလေးဆိုတဲ့ အရမ်းချစ်ရတဲ့ သူကို
ရင်ခွင်ထဲမှာထည့်ပြီး
အိပ်ပျော်သွားတဲ့အထိ
ချော့သိပ်ချင်တာပါ ......

အခြေအနေနဲ့ အချိန်အခါအရ
အပြင်မှာတွေ့ ခွင့်မရလို့


စိတ်ကူးလေးနဲ့ ချော့သိပ် သူအိပ်တဲ့အထိ
ထိုင်ကြည့်နေရတဲ့
ညတွေလဲမနည်းတော့ပါဘူး ........

စိတ်ကူးထဲမှာပဲ အနမ်းပွင့်တွေခြွေ
ကောင်မလေး ရဲ့ ပါးပြင်မှာလဲ ရှက်သွေးတွေဝေနေပါပြီ


ကိုယ့်စိတ်ကူးနဲ့ ကိုယ် တွေး
ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပဲ
ကြည်နူးရတဲ့ ဘ၀ ၂ ခု
တနေ့ မှာ
လက်တွေ့ ပျော်ရွှင်ရတဲ့ ဘ၀ကိုရောက်လာမှာပါ ......


အဲ့လိုနေ့ တွေမရောက်ခင် ကောင်မလေးရေ .....
စိတ်ညစ်စရာတွေ များလွန်းလို့ ထွက်သွားမှာလား..............
ထားခဲ့မှာလား....................

အနေအထိုင်အပြောအဆို မတတ်
အလိုက်လဲမသိတဲ့ .............. လူတယောက်ကို ကျေးဇူးပြုပြီး ...........
မထားခဲ့လိုက်ပါနဲ့
ထွက်မသွားပါနဲ့ ...............
မစွန့် လွှတ်နိုင်လို့ပါ .......

အဆုံးအရှုံးမခံနိုင်လို့ပါ ...........

အရမ်းချစ်လို့ပါ .................


ဒီစကားတွေကို ကောင်မလေးသိအောင်

ကောင်မလေးဘေးမှာထိုင်ပြီးပြောချင်ပါတယ်.........


ကောင်မလေးရဲ့ မျက်ဝန်း နက်နက် ကိုသေချာကြည့်လို့ .....
လေးလေးနက်နက် နဲ့ ပြောချင်တာက ............

အရမ်းချစ်ပါတယ် ........
ပြောမပြ တတ်အောင်ချစ်တာပါ ........

တနေ့ နေ့ တချိန်ချိန်မှာတော့ .....
ဒီလိုပြောပြနိုင်မှာပါ .....
သိပ်မလိုတော့တဲ့ တနေ့ ပေါ့ .........


ကောင်မလေးရေ .............
နောက်တခေါက်ပြန်ပြောပါရစေ ....

ကျေးဇူးပြုပြီး ................. မငြီးငွေ့ လိုက်ပါနဲ့

တွေ့ ဆုံချိန်တိုင်းမှာ မင်းမျက်နှာ

သာယာရွှင်ပြုံး ပျော်မဆုံးအောင်

ထားချင်ပေမယ့်

ငါ့ရဲ့စိတ်က အမြဲတိတ်ဆိတ်

မင်းရဲ့ အရိပ်လိုသာ နေတတ်ခဲ့တဲ့

ငါ့ကို …..

ကျေးဇူးပြုပြီး မငြီးငွေ့လိုက်ပါနဲ့

မတွေ့ရတဲ့အချိန်ခါ ငါ့စိတ်ထဲမှာ

ရှိနေတာတွေကို စာစီရေးချ

သတိရတာတောင်

စာလုံးလှလှ ကဗျာ လှလှတွေနဲ့

မရေးတတ်ခဲ့လို့

ငါ့ရဲ့စာတွေကို……..

ကျေးဇူးပြုပြီး ဖတ်ရတာ မငြီးငွေ့လိုက်ပါနဲ့

ချစ်တဲ့စကား မင်းလေးကြားအောင်

ပြောချင်ပေမယ့်

အတိတ်ဆိုးဆိုးတွေ အရိပ်လိုမိုးနေတဲ့

ငါ့ဘ၀နဲ့ ဖြူစင်လှတဲ့ မင်းဘဝ

ခြားနားချက်တွေကြောင့်

မပြောရဲခဲ့တဲ့

ငါ့ကို ………………

ကျေးဇူးပြုပြီး မငြီးငွေ့လိုက်ပါနဲ့

နောက်ဆုံးတခု တောင်းဆုပြုပါရစေ

ကျေးဇူးပြုပြီး မငြီးငွေ့သွားပါနဲ့လို့

Wednesday, August 12, 2009

၁၂-၈-၂၀၀၉ တရက်တာ .......


စာမရေးဖြစ်တာတောင် ကြာခဲ့ပါပြီ
တဦးတည်းသော ကျွန်တော့်ရဲ့ ပရိသတ်လေး လဲ
ကျွန်တော်ရေးတဲ့ စာတွေမျှော်နေမလားပဲ မသိပါဘူး .......

ဒီနေ့တော့ ပြန်ရေးဖြစ်ခဲ့ပါပြီ
အရင်နေ့တွေက မရေးဖြစ်ခဲ့ဘူးဆိုတာလဲ

အမျိုးမျိုးသော အကြောင်းတွေကြောင့်ပါ .......


ဘာအကြောင်းတွေလဲ ဆိုတော့

အမြဲတမ်းထုံးစံတခုလိုဖြစ်နေတဲ့
ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့ တိုက်ပွဲ ကြောင့်ပေါ့


ဒီတခါဖြစ်သွားခဲ့တဲ့ ပြသာနာက အရမ်းကိုကြီးလွန်းပါတယ်
အဲ့လိုအရမ်းကြီးတဲ့ကောင်မလေးနဲ့ကောင်လေးတို့ရဲ့ကြားက ပြသာနာတွေကိုမရေးချင်တာကတကြောင်း .......

ရေးနေတဲ့ကျွန်တော်ကိုယ်တိုင်ကလဲ

အရင် ရေးထားတဲ့စာတွေပြန်ဖတ်လိုက်တော့

ကျွန်တော်ရေးနေတာတွေက တပုံစံထဲလိုလိုဖြစ်နေခဲ့တယ် .......
ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့
နေ့စဉ်ဖြစ်နေတာတွေကို
ရေးနေတာပါဆိုပေမယ့် .........

ရေးနေတာတွေအားလုံး က တပုံစံထဲဖြစ်နေပြီး မနေ့ကဖြစ်နေတာကိုပြန်ကူးချရေးထားသလိုဖြစ်နေခဲ့တယ်
ဒါတွေကလဲ ရေးထားတာတွေအကုန်ပြန်ဖတ်ကြည့်ပြီးမှသိလိုက်တာပါ

အဲ့လို တွေဖြစ်နေတော့
ကျွန်တော့်ရဲ့ တဦးတည်းသော ပရိသတ်

ဖတ်ချင်ပါ့မလားဆိုတဲ့ စိတ်နဲ့ မရေးဖြစ်ခဲ့တာပါ ........


အခုပြန်ရေးပြီဆိုတော့ အရင်နေ့တွေလိုပဲ ရေးဖြစ်မလား
ဒါမှမဟုတ် ........ ပုံစံပြောင်းပြီးရေးဖြစ်မလား
ကျွန်တော်ကိုယ်တိုင်မပြောတတ်ဘူးဖြစ်နေတယ်


ဘာလို့လဲဆိုတော့ ကျွန်တော်ကလဲ စီစဉ်ပြီး ရေးတာမဟုတ်ပဲ
ကောင်မလေးနဲ့ကောင်လေးတို့အကြောင်းကို
စိတ်ထဲရှိတာ ချရေးတာလေ ........


အခုလဲ ဒီလိုပဲ စိတ်ထဲရှိတာကိုချရေးမှာပါ ........

တဦးတည်းသောပရိသတ်လေးရေ ...... သည်းခံပြီးတော့ ဖတ်ပေးနော် .........

နေ့တိုင်းအဆင်မပြေဖြစ်နေကြတဲ့ ကောင်မလေးနဲ့ကောင်လေး .......
အဆင်မပြေဖြစ်တိုင်း အမြဲ အလျော့ပေး .........
အမှားတွေကိုခံယူပြီးချစ်ခဲ့တဲ့ကောင်လေး

ကောင်လေး မှားသမျှကို နားလည်မှုပေး ..........
အချစ်တွေပြည့်ပြီး ချစ်ခဲ့တဲ့ ကောင်မလေး


ဘာကြောင့်များ ခနခန အဆင်မပြေဖြစ်
ပြသာနာတွေဖြစ်နေလဲမသိပါဘူး


ကောင်လေး အဲ့လို ဖြစ်နေတဲ့ အကြောင်းအရင်းကို
အရမ်းသိချင်နေပါတယ်


ဘာလို့လဲဆိုတော့ နေ့တိုင်း ဒီလိုပြသာနာတွေမဖြစ်စေချင်ဘူး
ကောင်မလေး နဲ့ ကြည်ကြည်နူးနူးနေချင်တယ်လေ ...........


ဒါကြောင့် ပြသာနာရဲ့ အရင်းခံကို စဉ်းစားတယ်
ဘာကြောင့်လဲဆိုတာကိုပေါ့
အဲ့လိုစဉ်းစားရင်းနဲ့ပဲ
ကောင်မလေးနဲ့ နောက်ထပ်ပြသာနာထပ်တက်ပြန်တယ်


ကောင်လေး မစဉ်းစားတတ်တော့ပါဘူး .....

အမြဲတမ်းလဲမှားနေတတ်တဲ့ သူ့အပြစ်လဲမကင်းဘူးလေ

အမြဲတမ်း သံသယတွေနဲ့ မယုံမကြည်ဖြစ်နေတတ်တဲ့ ကောင်မလေး အပြစ်ရှိနိုင်မလား .....
နားလည်ပေးလို့ရပါတယ် ..........
မိန်းကလေး တွေသ၀န်တို တယ်ဆိုတာ သဘာဝပါပဲ


ဒီလိုနဲ့ နောက်ဆုံးတော့ ကောင်လေး အမှားများစွာနဲ့ ပဲ
ပြသာနာတွေကို ဖြေရှင်းရတော့တာပါပဲ ........

တခါတလေတော့လဲ ၂ ယောက်လုံး မမှားပဲ
နားလည်မှုတွေလွဲလို့
ပြသာနာတွေလဲ တက်ခဲ့ဖူးကြတယ် .........

အရင်ကတော့ ဒီလိုပြသာနာတက်ကြရင် အကြီးအကျယ်
တိုက်ပွဲတခုဖြစ်ကြတယ်လေ


ဒါပေမယ့် နောက်ပိုင်းတော့ ပြသာနာတခုခုဖြစ်လာရင်
အရင်ကလို အကြီးအကျယ် တိုက်ပွဲမဖြစ်တော့ပဲ

တယောက်နဲ့ တယောက် အတတ်နိုင်ဆုံး ရှင်းရှင်း လင်းလင်းပြောပြီး
နားလည်မှုတွေပေးတတ်လာကြပါပြီ ...........

ကောင်လေး ရဲ့သိပ်ဖြစ်စေချင်ဆန္ဒတွေလဲ တခုပြီးတခုဖြစ်လာပြီလေ ......
ကောင်မလေး ရဲ့ ပုံစံလေးတွေကို
တခုချင်းပြင်နိုင်သလောက်ပြင်မယ်လို့

ကောင်လေး ကောင်မလေး ကိုပြောခဲ့ဖူးတယ် ..........


အခု နည်းနည်းလေး တော့ ပြင်လို့ရနေပါပြီ ........

ဒီလိုနဲ့ အချိန်ယူလိုက်ရင် ကောင်မလေး က ..........

အရမ်းကိုချစ်စရာကောင်းလာလိမ့်မယ်လို့ ကောင်လေး ယူဆထားတာကို ........

ဒီနေ့ .......

ဒီနေ့ ရဲ့ ဖြစ်သမျှတွေဟာလဲ
အရင်နေ့တွေလိုပါပဲ
ဖုန်းဆက်ကြတယ် .....
စကားတွေပြောကြတယ် ........

ဒါကိုအရှည်ကြီး အကျယ်ချဲ့ ရေးနေရင်
အရင်ကလိုပုံစံတွေနဲ့ပဲဖြစ်လာမှာသေချာတယ် ....


အဲ့လိုဖြစ်လာရင် တဦးတည်းသောပရိသတ်
မဖတ်ချင်တော့မှာလဲစိုးရသေးတယ်
အဲ့ဒီတော့ အရင်လိုမရေးတော့ပါဘူး .....

ဖြစ်နေတာတွေကလဲ အရင်လိုတွေပါပဲ ..........
ရန်ဖြစ်တာတွေ ပြသာနာတက်တာတွေကလဲ
ပြောစရာမလိုအောင်
အရင်လိုပဲ

ဒီနေ့လဲ ရန်ဖြစ်ပြီး ပြသာနာတက်ပါတယ် ........

အဲ့လိုပြသာနာတက်တော့လဲ အရင်လိုထုံးစံအတိုင်းပါပဲ
လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ကြတယ် .......


နောက်တော့လဲ ထုံးစံအတိုင်းပါပဲ

ကောင်လေး က အလျော့ပေး ပြန်ချော့ပြီး ပြန်ချစ်ကြတယ် .........


မနက်ဖြန် .........

ကောင်မလေးနဲ့ ကောင်လေးရဲ့မနက်ဖြန်ဆိုတာကိုပြန်တွေးကြည့်လိုက်ပါ .....


ထုံးစံအတိုင်းပဲ ဖြစ်လာမှာပါ .....သေချာသလောက်ပေါ့ .........
နောက်ထပ်သေချာတာတခုကလဲ

ဘယ်လောက်ပဲ ပြသာနာဖြစ်ဖြစ်


ကောင်မလေးကို ကောင်လေး က ရူးလောက်အောင်ချစ်တယ်

ကောင်မလေး ကလဲ ကောင်လေး ကို ချစ်တယ်

ချစ်လွန်းလို့လဲ ဒီလိုပြသာနာတွေတက်ကြတာပါ........


အဲ့ဒီတော့ ဘယ်လို ဆိုးတဲ့ ပြသာနာ ပဲဖြစ်ဖြစ်
ကောင်လေး ကောင်မလေးကို ဘယ်တော့မှမုန်းမှာမဟုတ်ဘူး ......

ကောင်မလေးကရော ........


ကောင်မလေးက စိတ်ထဲကဖြစ်နေတာကိုဦးစားပေးလွန်းတယ်လေ.......

တခုခုဆို ချက်ချင်း စိတ်တိုလွယ်တယ် .....

စိတ်ဆိုးလွယ်တယ် .....
ပြောချင်တာပြောတတ်တယ် ......

အဲ့လို စိတ်ကိုဦးစားပေးလွန်းတဲ့ကောင်မလေးအတွက်
အရမ်းကြီးတဲ့ ပြသာနာ တခုခုတက်လာခဲ့ရင်.......

ကောင်လေး အတွက် .......... ဘာတွေဆက်ဖြစ်လာမလဲ .......

ကောင်လေး မစဉ်းစားရဲပါဘူး .........
ဘာလို့လဲဆိုတော့ ကောင်မလေးကို ကောင်လေး အရမ်းချစ်လို့လေ .......


အခု ဒီစာကိုဖတ်နေတဲ့ သူက ကျွန်တော့်ရဲ့တဦးတည်းသောပရိသတ်လေး အပြင် နောက်ထပ်လူများရှိနေသေးရင် ............ ဖတ်ပြီးရင်တခုလောက်ကူညီပေးကြပါ........

ကောင်မလေးကို ကောင်လေး မစွန့်လွှတ် နိုင်အောင် မပြောပြတတ်အောင် အရမ်းချစ်တယ်ဆိုတာကိုပေါ့

အရမ်းချစ်တယ် ကောင်မလေးရယ်


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်