ကောင်မလေး ........
သူစာတွေဝင်ရေးနေတာ ၂ ခါရှိပါပြီ. . . .
ကောင်လေး သိပ်ဖတ်ချင်နေတဲ့
ကောင်မလေး စာတွေ ကောင်လေးဖတ်နေရပြီလေ......
အဲ့ဒီအတွက် တခုပြောပါရစေ ......
ကျေးဇူးတင်ပါတယ် ကောင်မလေးရေ ..........
ကောင်မလေး နဲ့ ကောင်လေး တို့ကြားက
ငြိမရတဲ့ ပြသာတွေက ခနခနဖြစ်နေတယ် .......
ကောင်လေးရဲ့ အနေအထိုင်မတတ်မှုတွေ
အလိုက်မသိမှုတွေက
ကောင်မလေးအတွက် စိတ်မကောင်းစရာတွေ
စိတ်ညစ်စရာတွေ ၀မ်းနည်းစရာတွေ
ဖြစ်အောင် ဖန်တီးသလိုဖြစ်ဖြစ်နေတယ်လေ
ကောင်လေး မရည်ရွယ်ပါဘူး
ကောင်လေးရဲ့ ဒီလိုလုပ်ရပ်တွေက ကောင်မလေး စိတ်ထဲမှာ
ဆိုးဆိုးဝါးဝါးဖြစ်လိမ့်မယ်လို့
ကောင်လေး မထင်မိခဲ့ပါဘူး .......
ကောင်မလေး ၀မ်းနည်းရတာတွေ
စိတ်ညစ်ရတာတွေအရမ်းများနေပါပြီ
ကောင်လေး က လဲ ကောင်လေးပါပဲ
အပြစ်ကင်းအောင် မနေတတ်ဘူး
အလိုက်မသိဘူး
အနေအထိုင်မတတ်ဘူး
အပြောအဆိုမတတ်ဘူး .....
ကောင်မလေး ကိုပျော်အောင် ထားတယ် ထားတယ်လို့
ကောင်လေး အမြဲပြောနေပေမယ့်
ကောင်မလေးအတွက်စိတ်ညစ်စရာ
အချိန်တွေပိုများနေပြီလားမသိပါဘူး ......
ကောင်မလေးရေ ............
အရမ်းချစ်ပါတယ် .........
ပြောမပြတတ်အောင်ချစ်ပါတယ်
ကောင်မလေး ပြောသလိုပဲ
တနေ့ တာရဲ့ အချိန်မှန်သမျှကို .......
ကောင်မလေးနဲ့ အတူတူ ဖြတ်သန်းချင်တာပါ.......
ကောင်မလေးဆိုတဲ့ အရမ်းချစ်ရတဲ့ သူကို
ရင်ခွင်ထဲမှာထည့်ပြီး
အိပ်ပျော်သွားတဲ့အထိ ချော့သိပ်ချင်တာပါ ......
အခြေအနေနဲ့ အချိန်အခါအရ
အပြင်မှာတွေ့ ခွင့်မရလို့
စိတ်ကူးလေးနဲ့ ချော့သိပ် သူအိပ်တဲ့အထိ
ထိုင်ကြည့်နေရတဲ့ ညတွေလဲမနည်းတော့ပါဘူး ........
စိတ်ကူးထဲမှာပဲ အနမ်းပွင့်တွေခြွေ
ကောင်မလေး ရဲ့ ပါးပြင်မှာလဲ ရှက်သွေးတွေဝေနေပါပြီ
ကိုယ့်စိတ်ကူးနဲ့ ကိုယ် တွေး ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပဲ
ကြည်နူးရတဲ့ ဘ၀ ၂ ခု တနေ့ မှာ
လက်တွေ့ ပျော်ရွှင်ရတဲ့ ဘ၀ကိုရောက်လာမှာပါ ......
အဲ့လိုနေ့ တွေမရောက်ခင် ကောင်မလေးရေ .....
စိတ်ညစ်စရာတွေ များလွန်းလို့ ထွက်သွားမှာလား..............
ထားခဲ့မှာလား....................
အနေအထိုင်အပြောအဆို မတတ်
အလိုက်လဲမသိတဲ့ .............. လူတယောက်ကို ကျေးဇူးပြုပြီး ...........
မထားခဲ့လိုက်ပါနဲ့ ထွက်မသွားပါနဲ့ ...............
မစွန့် လွှတ်နိုင်လို့ပါ .......
အဆုံးအရှုံးမခံနိုင်လို့ပါ ...........
အရမ်းချစ်လို့ပါ .................
ဒီစကားတွေကို ကောင်မလေးသိအောင်
ကောင်မလေးဘေးမှာထိုင်ပြီးပြောချင်ပါတယ်.........
ကောင်မလေးရဲ့ မျက်ဝန်း နက်နက် ကိုသေချာကြည့်လို့ .....
လေးလေးနက်နက် နဲ့ ပြောချင်တာက ............
အရမ်းချစ်ပါတယ် ........
ပြောမပြ တတ်အောင်ချစ်တာပါ ........
တနေ့ နေ့ တချိန်ချိန်မှာတော့ ..... ဒီလိုပြောပြနိုင်မှာပါ .....
သိပ်မလိုတော့တဲ့ တနေ့ ပေါ့ .........
ကောင်မလေးရေ ............. နောက်တခေါက်ပြန်ပြောပါရစေ ....
ကျေးဇူးပြုပြီး ................. မငြီးငွေ့ လိုက်ပါနဲ့
တွေ့ ဆုံချိန်တိုင်းမှာ မင်းမျက်နှာ
သာယာရွှင်ပြုံး ပျော်မဆုံးအောင်
ထားချင်ပေမယ့်
ငါ့ရဲ့စိတ်က အမြဲတိတ်ဆိတ်
မင်းရဲ့ အရိပ်လိုသာ နေတတ်ခဲ့တဲ့
ငါ့ကို …..
ကျေးဇူးပြုပြီး မငြီးငွေ့လိုက်ပါနဲ့
မတွေ့ရတဲ့အချိန်ခါ ငါ့စိတ်ထဲမှာ
ရှိနေတာတွေကို စာစီရေးချ
သတိရတာတောင်
စာလုံးလှလှ ကဗျာ လှလှတွေနဲ့
မရေးတတ်ခဲ့လို့
ငါ့ရဲ့စာတွေကို……..
ကျေးဇူးပြုပြီး ဖတ်ရတာ မငြီးငွေ့လိုက်ပါနဲ့
ချစ်တဲ့စကား မင်းလေးကြားအောင်
ပြောချင်ပေမယ့်
အတိတ်ဆိုးဆိုးတွေ အရိပ်လိုမိုးနေတဲ့
ငါ့ဘ၀နဲ့ ဖြူစင်လှတဲ့ မင်းဘဝ
ခြားနားချက်တွေကြောင့်
မပြောရဲခဲ့တဲ့
ငါ့ကို ………………
ကျေးဇူးပြုပြီး မငြီးငွေ့လိုက်ပါနဲ့
နောက်ဆုံးတခု တောင်းဆုပြုပါရစေ
0 comments:
Post a Comment