BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Wednesday, August 19, 2009

အသက်...........


အခုတလော ဘာမှမရေးဖြစ်တာလဲကြာပြီ .......
ဒီလိုမရေးဖြစ်တာနဲ့ပတ်သက်လို့လဲ

ဘာကြောင့်မှန်းတော့မသိပါဘူး .......


တဦးတည်းသော ကျွန်တော့် ပရိသတ်လဲ ဘာမှမပြောပါဘူး......

သူကိုယ်တိုင်လဲ ဒီထဲမ၀င်ကြည့်ဖြစ်တော့ဘူးလားမသိပါဘူး ......


ဒါမှမဟုတ် ............

အကြောင်းတခုခုတော့ရှိမှာပေါ့ .....

ဒီနေ့ ကောင်မလေး နဲ့ ကောင်လေး ပြသာနာအကြီးကြီးတက်တယ်
မနက်မိုးလင်းလို့ နေတောင်မထွက်သေးပါဘူး
ပြသာနာက အရင်စပြီး ကြိုဆိုတော့တာပါပဲ ..........

ကောင်လေး ရဲ့ အရင်က ရှုပ်ထားသမျှကိစ္စတွေက
အခုရှင်းလို့မရလောက်တဲ့ ပြသာနာတွေဖြစ်ဖြစ်နေခဲ့တယ်............


အမှားများစွာထဲက ကောင်လေးရဲ့ အမှားတခုပေါ့ ........
ကောင်မလေး စိတ်ထဲမှာထင်နေတာက

ကောင်လေး က သူ့ကိုတကယ်မချစ်ပဲ
အရင်ကလို အပျော်သဘောပဲချစ်တယ်လို့
ထင်နေတာပါ .........

တကယ်တော့ ................
ကောင်မလေးရယ် .......
တခါမှမချစ်ခဲ့ဖူးတဲ့ အချစ်တွေနဲ့ချစ်ခဲ့တာပါ


ကောင်မလေးမသိနိုင်တဲ့ ...........
ကောင်မလေးမမြင်နိုင်တဲ့
အချစ်တွေနဲ့ချစ်ခဲ့တာပါ.......

ကောင်လေးဖက်က မိန်းကလေးတယောက်ကို
ဒီလောက်အထိမချစ်ခဲ့ဖူးတာအမှန်ပါ..........

ကောင်မလေး နဲ့တွေ့မှ ဘယ်လိုဖြစ်လာမှန်းမသိတဲ့
ပြောပြလို့မရတဲ့ စိတ်မျိုးနဲ့ ချစ်ခဲ့တာပါ.......
အမြဲတမ်း အတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပေါ့ .....

ကောင်မလေး ဖက်ကလဲ ပွေရှုပ်ခဲ့တဲ့
ကောင်လေးကို ဘယ်လိုမှမ ယုံပါဘူး


ယုံပေးပါကောင်မလေးရယ် .............

အမြဲတမ်း ရှုပ်ခဲ့ပွေခဲ့တဲ့ ကောင်လေး တကယ်ချစ်တတ်ခဲ့တာပါ .......


အမြဲတမ်းလဲ အဲ့ဒီလို ရှုပ်ခဲ့ပွေခဲ့တာတွေကြောင့်
နောင်တများနဲ့နေနေရတာပါ


ကောင်လေး တခါမှ ဒီလို ချစ်မိမယ့် မိန်းကလေး ဆိုတာ မရှိနိုင်ဘူး ဆိုပြီး

ရှုပ်ခဲ့ပွေခဲ့တယ် ........

ဒါပေမယ့် အခု အသက်လောက်ချစ်ရမယ့် သူရှိလာတော့

အဲ့ဒီရှုပ်ခဲ့သမျှတွေဟာ ကောင်လေးနဲ့ကောင်မလေးကြား
ပြသာနာတွေဖြစ်လာခဲ့တာပေါ့


ကောင်လေး နောင်တ တွေရနေတာပါ .........

ယုံပေးပါ ........ ကောင်မလေးရယ် .......

တခါမှမချစ်ခဲ့ဖူးတဲ့ ခံစားချက်မျိုးနဲ့ချစ်မိတာပါ ........


အရမ်းဖြူစင်ပြီး ရိုးသားတဲ့ ကောင်မလေး အပေါ်မှာ
ကောင်လေးရဲ့ အတိတ်ကအဖြစ်တွေကြောင့်

စိတ်ညစ်စရာတွေဖြစ်လာခဲ့ရတာပါ ...............

အတိတ်တွေကိုမေ့လိုက်လို့ရရင်အရမ်းကောင်းမယ် ကောင်မလေးရယ် ....... အတိတ်တွေမှာမကောင်းခဲ့တဲ့ကောင်လေးတယောက်ရဲ့
နောင်တကို ကောင်မလေးသိနိုင်မလား


ကောင်မလေး တခုခုဖြစ်လို့ စိတ်ညစ်တဲ့အခါအတိုင်း

ကောင်လေးရင်ထဲမှာမချိအောင် ခံရတယ်ဆိုတာ........ ကောင်မလေးသိနိုင်မလား


ကောင်မလေး မျက်ရည်ကျတိုင်း
ကောင်လေးရင်ထဲမှာ
နေလို့မရလောက်အောင် ခံစားရတယ်ဆိုတာ .......... ကောင်မလေးသိနိုင်မလား


ကောင်မလေး မုန်းသွားမှာကြောက်လို့ ......
ကောင်မလေး ထွက်သွားမှာကြောက်လို့ ........

ကောင်မလေး စိတ်ကုန်သွားမှာကြောက်လို့ ......

ကောင်မလေး မေ့သွားမှာကြောက်လို့ .........

အရာရာကိုပြုပြင်ပြီး....... အရာရာအတွက် ..........
ရင်တထိတ်ထိတ်နဲ့ နေနေရတဲ့ ဘ၀နဲ့


ကောင်လေးရဲ့ ရှုပ်ခဲ့ပွေခဲ့သမျှတွေကို
စိတ်ညစ်ခံ စိတ်ရှုပ်ခံနေရတဲ့ ကောင်မလေး ဘ၀ ..........
ဘယ်လိုမှ ညှိလို့မရခဲ့ပါဘူး ...........

တကယ်တော့လေ .....................
ကောင်လေးရင်ထဲမှာ ကောင်မလေး တယောက်ပဲရှိနေတာပါ .........
တကယ့်ကို ပြောပြလို့မရလောက်အောင်ချစ်ခဲ့တာပါ ...........

ကောင်မလေးရဲ့ အပြုံးချိုချိုလေး ..............
ကောင်မလေးရဲ့ နှုတ်ခမ်းကွေးကွေးလေး ..........
ကောင်မလေးရဲ့ မျက်ဝန်းနက်နက်လေး .........

ကောင်မလေးရဲ့ အမူအရာလေး ............
ကောင်မလေးနဲ့ပတ်သက်သမျှ အားလုံး ချစ်နေခဲ့တာပါ ...........


နောက်ဆုံးတခုပြောပြပါ့မယ် ..........


ကောင်မလေး က ကောင်လေးရဲ့ အသက်ပါ .................

အရမ်းချစ်တယ် ကောင်မလေးရယ် ............

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်