အခု ရက်ပိုင်းတွေမှာ ချစ်သူ နှစ်ယောက်အဆင်ပြေနေကြပါပြီ .....
ပျော်စရာတွေနဲ့ ဖြတ်သန်းခဲ့တဲ့
အချိန်တွေများများလာပါပြီ ........
ဒီလို ပျော်ရွှင်စွာနဲ့ပဲ နေ့ရက်တွေတနေ့ပြီးတနေ့
ကုန်ဆုံးသွားချင်တဲ့ဆန္ဒကတော့
နှစ်ယောက်လုံးရဲ့ရင်ထဲမှာရှိနေမယ်ထင်ပါရဲ့
အဆင်မပြေခဲ့တဲ့ အချိန်တွေတိုင်းမှာလဲ .....
ကောင်လေး ရဲ့အမှားများစွာကြောင့်ပါပဲ ...
အခု ကောင်လေး ကိုယ်တိုင် အစစအရာရာ ပြင်ပြီးတော့
စိတ်တွေ အကုန်လုံး ကို ကောင်မလေး အပေါ်မှာပဲ ထားလိုက်ပါပြီ
ဒါတွေကိုလဲ ကောင်မလေး ချက်ချင်းမယုံကြည်လာနိုင်တာတောင်
တနေ့ တော့ ယုံကြည်လာမှာပါ ............
ကောင်မလေး က
ကောင်လေးရဲ့ ဘ၀ ...........
ကောင်လေး အတွက် အလင်းရောင်လေး တခု .........
ကောင်လေး ကို အမှောင်ထဲက ဆွဲထုတ်ပေးခဲ့သူပေါ့ .......
အမှားတွေကို အမှားမှန်းလဲသိနေခဲ့ပါတယ်
မကောင်းတာတွေကို မကောင်းမှန်းလဲ သိနေခဲ့ပါတယ်
ဒါပေမယ့် မပြင်ခဲ့တဲ့ ကောင်လေး ရဲ့ စိတ်တွေကို
ကောင်မလေး က ဖြူစင်တဲ့ အချစ်တွေ ဖြူစင်တဲ့ မေတ္တာတွေ မျက်ရည်တွေများစွာနဲ့
ပြင်လာအောင် ပြောင်းလာအောင် လုပ်ပေးခဲ့ပါတယ်.........
ကျေးဇူးတင်ပါတယ် ကောင်မလေး ရေ ........
စာတွေအရှည်ကြီးရေးနေခဲ့တာတွေက
ဖတ်နေတဲ့ တဦးတည်းသောပရိသတ်(ကောင်မလေး)အတွက်
ငြီးငွေ့လာပြီး မဖတ်ချင်တော့ဘူးထင်ပါတယ် ........
စိတ်တော့မကောင်းပါဘူး .........
ကျွန်တော် စာရေးဆရာတယောက်လဲမဟုတ်ဘူး......
ဒီလိုစာတွေ ရေးတယ် ဆိုတာကလဲ တခါမှ ဒါမျိုးမရေးခဲ့ဖူးဘူးလေ ......
အဲ့ဒါကြောင့် ကျွန်တော် ရေးသမျှအားလုံး က တပုံစံထဲလိုလိုဖြစ်နေခဲ့တယ်...
စိတ်မကောင်းဖြစ်တာတခုထဲပါ ......
စိတ်မဆိုးပါဘူး ........ သူမှမဟုတ်ပါဘူး
ဘယ်သူမှ ဒီလို တပုံစံထဲဖြစ်နေတဲ့ စာကို
အမြဲတမ်း မဖတ်နိုင်ပါဘူး.......... မဖတ်ချင်ကြပါဘူး .........
အဲ့ဒီလို တပုံစံထဲမရေးနဲ့ တခြားဟာ ပြောင်းရေးတော့လို့ ပြောပေးတဲ့
ကျွန်တော်ရဲ့ တဦးတည်းသောပရိသတ် (ကောင်မလေး) ကို ကျေးဇူးတင်ပါတယ်....
နောက်ရေးတဲ့ အခါတွေမှာ ဒီလိုတပုံစံထဲဖြစ်နေဦးမယ်ဆိုရင်တော့
မရေးတော့ပါဘူး........
တပုံစံထဲမဖြစ်နိုင်တော့ဘူး လို့ ထင်တဲ့ အခါတော့ ရေးဖြစ်မယ်ထင်ပါတယ်
အခုရေးတာကလဲ တပုံစံထဲမဖြစ်နိုင်ဘူးထင်လို့ရေးလိုက်တာမဟုတ်ပါဘူး
ကဗျာ တပုဒ်ရေးဖြစ်လို့ပါ .......
ရေးရတဲ့ ကျွန်တော့်အတွက်တော့ ကဗျာတပုဒ်ရဖို့မလွယ်ပါဘူး...
ကဗျာ ဆိုပြီးရေးလိုက်ပေမယ့် ....... သူ့အတွက်တော့ ဖတ်လို့ကောင်းမယ့်
ကဗျာ ဖြစ်ချင်မှဖြစ်မှာပါ........
ဒါပေမယ့် စဉ်းစားပြီးရေးပြီးသားဖြစ်လို့ ဒီမှာရေးလိုက်တာပါ.......
ကောင်မလေးရေ စိတ်တိုင်းကျပါစေ ...............ကဗျာက......
ရွေးခဲ့တဲ့လမ်း ........
ရွေးခဲ့တဲ့လမ်းအတွက်
နောင်တဆိုတာမတမ်းတ တတ်တဲ့ ချစ်သူ
ကိုယ်တိုင်လဲ အတူတူပါပဲ .......
ရွေးခဲ့ပြီးလျှောက် ........ ဒို့နှစ်ယောက်ရဲ့
လက်တွေခိုင်မြဲ ........... မစဲ တော့မယ့်
ချစ်ခြင်းနဲ့ ............အပြစ်တွေမကင်းခဲ့တဲ့
အတိတ်တွေအတွက် ....... မပိတ်နိုင်မယ့်အလင်းပေးခဲ့တဲ့သူ
ကျွန်တော့် ချစ်သူ ........
ရှေ့ဆက်ချစ်မယ့် အနာဂတ်ရဲ့ နေ့သစ်တွေမှာ
ရင်ခုန်ခြင်းတွေနဲ့သာဖြတ်သန်း .......
ချစ်ခြင်းရဲ့ပန်းလေးတွေ အမြဲလန်းနေစေရမယ် ................
အချိန်တိုင်းသာ ..........
Sunday, August 30, 2009
၃၀-၈-၀၉(သို့)ရွေးခဲ့တဲ့လမ်း
Posted by ချစ်ရသူအတွက်အမှတ်တရ at 12:34 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment