BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, August 30, 2009

အမှတ်တရများ .......


စိတ်မကောင်းစရာ
စာလေး တကြောင်းနှစ်ကြောင်းကိုရေးချင်ပါတယ်......
ကောင်လေး ရဲ့ အမှားတွေ ကြောင့် ဖြစ်ခဲ့ရတဲ့
ကောင်မလေး ရဲ့ ဒေါသတွေက သိပ်ပြင်းထန် လွန်းပါတယ်.......

ချစ်သူ နှစ်ယောက် အတွက် အမှတ်တရဆိုပြီးလုပ်ထားတဲ့ ဒီနေရာလေး က
နှစ်ယောက်စလုံးအတွက် ကြည်နူးမှုတခု နဲ့ အမှတ်တရ လေး တခုတော့ ပေးနိုင်လိမ့်မယ်လို့
ထင်ပြီး လုပ်ခဲ့တာပါ .......

အမှတ်တရများစွာတော့ရှိခဲ့ပါတယ်.......
အဲ့လိုအမှတ်တရများစွာထဲက
ကောင်လေး အတွက် မေ့လို့မရမယ့် .......
အမှတ်ရစရာလေး ၂ ခုရှိနေပါတယ် .........

ပထမ တခုက ကောင်လေး အတွက် အရမ်းပျော်စရာကောင်းခဲ့ပြီး
အရမ်းကိုကြည်နူးခဲ့ရတဲ့ အမှတ်ရစရာလေးပါ .....
ဘာလဲဆိုတော့ ......

ကောင်မလေး ကိုယ်တိုင် ဒီနေရာလေး မှာစာတွေဝင်ရေးပေးခဲ့လို့ပါပဲ .....
၂ ခါတိတိ ကောင်မလေး ကိုယ်တိုင်ဝင်ရေးပေးခဲ့တဲ့ စာတွေကြောင့်.....
ကောင်လေး ရင်ထဲက မေ့မရတဲ့ ပထမ အမှတ်တရလေး တခုဖြစ်ခဲ့ပါတယ် .....

ဒုတိယတခုကတော့
ကောင်လေးအတွက် အရမ်း ၀မ်းနည်းစရာကောင်းပြီး
အရမ်းစိတ်ထိခိုက်ရတဲ့ အမှတ်ရစရာလေးပါ .......
ဘာလဲဆိုတော့ ......

ကောင်မလေး ကိုယ်တိုင် ရေးထားခဲ့ စာလေး တွေ ကို
ကောင်မလေး ကိုယ်တိုင်ပဲ ဖျက်လိုက်ပါတယ် .....
ကောင်မလေး ရေးထားတဲ့ စာတွေ ဒီနေရာလေး မှာ တလုံးမှမကျန်တော့မပါဘူး....
အရိပ်လေးတောင် ချန်မထားခဲ့ပါဘူး ...
နောက်ထပ် ကောင်မလေးနဲ့ ကောင်လေး ရဲ့ ပုံတွေအားလုံးကို
ကောင်မလေး ကိုယ်တိုင်ပဲဖျက်ပစ်ခဲ့ပါတယ် ..........
ကောင်လေးရင်ထဲ မေ့မရတဲ့ ဒုတိယ အမှတ်တရလေး တခုဖြစ်ခဲ့ပါတယ် .......

ဒီလိုအမှတ်တရလေးတွေနဲ့ပဲ .........ကောင်မလေးကို

အရမ်းချစ်တယ် ကောင်မလေးရယ်............

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်