BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Saturday, June 12, 2010

၁၁ လပြည့်အမှတ်တရများ.......





Tuesday, May 25, 2010

၂၅.၅.၂၀၁၀ ရဲ့အမှတ်တရလေးများ....


တကယ်ကို စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်လာဖို့အတွက်
အချိန်တွေ တဖြေးဖြေးနီးကပ်လာပါပြီ


ဒီလိုအချိန်တွေရောက်ဖို့အတွက် နှစ်ယောက်လုံး
စိတ်ညစ်စရာအပြည့်
ပျော်စရာအပြည့်နဲ့ ဖြတ်သန်းလာခဲ့ရတာ

ရက်တွေလတွေပြောင်းပြီး တနှစ်ဆိုတဲ့အချိန်ကိုတောင်ရောက်ရတော့မယ်

သိပ်ချစ်စရာကောင်းတဲ့ချစ်သူကောင်မလေးတယောက်ရထားတာ
ကောင်လေးအတွက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ဘ၀တခုလိုပါပဲ


အချစ်တခုထဲနဲ့ ပြီးပြည့်စုံတဲ့ဘ၀ ဆိုတာ ဖြစ်မလာဘူးလို့ ပြောတတ်ကြပါတယ်

ဒါပေမယ့် အဲ့ဒီ အချစ်ဆိုတာနဲ့ပဲ ပြီးပြည့်စုံတဲ့ ဘ၀ တခုကို
မဖြစ်ဖြစ်အောင်ဆောက်လို့ရပါတယ်


စိတ်ရှည်မှု သည်းခံမှု တယောက်နဲ့တယောက် အားပေးကူညီ ဖေးမမှုကြင်နာမှုတွေရှိနေရင
ပြီးပြည့်စုံတဲ့ ဘ၀တခုဆိုတာ တည်ဆောက်ဖို့မခဲယဉ်းပါဘူး

အချိန်အတိုင်းအတာ တခုမှာပဲ အဲ့ဒီဘ၀ဆိုတာကိုရအောင်လုပ်နိုင်ပါတယ်

ကောင်မလေးနဲ့ ကောင်လေးတို့ကလဲ
ဒီလိုပဲ ပြီးပြည့်စုံတဲ့ဘ၀တခုကို တည်ဆောက်ဖို့အတွက်

အများကြီး တိုင်ပင် ဆွေးနွေးခဲ့ကြဖူးတယ်

အများကြီး စိတ်ကူးတွေယဉ်ခဲ့ကြဖူးတယ်

စကားတွေလဲ များ ရန်တွေလဲဖြစ်ခဲ့ကြဖူးတယ်


ကောင်မလေးရေ....

ဘ၀ တခုကို နှစ်ယောက်အတူတူ ဖြတ်သန်းဖို့ အတွက်
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ပြီးပြီပဲ

ဘာပဲဖြစ်ဖြစ် အားတင်းပြီးရင်ဆိုင်ကြတာပေါ့...


ကောင်လေးရင်ထဲမှာ ကောင်မလေးရှိနေသရွေ့

ကောင်မလေးရင်ထဲမှာ ကောင်လေးရှိနေသရွေ့
အားလုံးကိုအတူရင်ဆိုင်ဖြတ်သန်းကြမယ်လေ....


ဒီနေ့ ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တချို့ ကို
အကောင်အထည်ဖော်ဖို့
တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်..

စိတ်ကူးယဉ်အိပ်မက်ဆိုတာက တဘ၀ လုံးရဲ့ စိတ်ကူးယဉ်အိပ်မက်တော့မဟုတ်ပါဘူး
ဒါပေမယ့် တဘ၀လုံးနဲ့တော့ပတ်သက်နေတာပေါ့


ကောင်မလေးနဲ့ ကောင်လေးတို့ချစ်သူသက်တမ်း ၁၀ လကျော်လာတဲ့အထိ

တယောက်နဲ့ တယောက် အပြင်မှာလုံးဝ မတွေ့ရသေးပါဘူး

တခါမှလဲ မတွေ့ဖူးကြသေးပါဘူး


အရမ်းထူးဆန်းတဲ့ ဖူးစာကြောင့်သာ တနေရာနဲ့တနေရာ
မိုင်ပေါင်းမရေတွက်နိုင်အောင်ကွာဝေးတဲ့
ကြားထဲက
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ဖြစ်ခဲ့ကြရတာပါ


ဒါပေမယ့်အခုတော့ ကောင်မလေးနဲ့ကောင်လေးတို့အတွက် ကံကြမ္မာကပေးလာတဲ့ ကံကောင်းခြင်းလက်ဆောင်ကို နှစ်ယောက်အတူတူ လက်ခံကြရတော့မှာလေ

သိပ်မကြာတော့အချိန်မှာ
ကောင်မလေးနဲ့ ကောင်လေးတို့ အပြင်မှာတွေ့ခွင့်ရကြတော့မှာပါ


လွယ်လွယ်ကူကူနဲ့ တွေ့ရမှာတော့မဟုတ်ပါဘူး
အခက်အခဲတွေအများကြီးတော့ရှိတယ်လေ

အချိန်မတူတဲ့အခက်အခဲတွေ

တယောက်နဲ့ တယောက်ရဲ့ ရတဲ့အချိန်လွဲနေတဲ့အခက်အခဲတွေ

ငွေကြေးအခက်အခဲတချို့တွေ
အခက်အခဲတွေအများကြီးပါပဲ....


ဒီလိုအခက်အခဲတွေကို လွန်ခဲ့တဲ့ လတွေကထဲက
နှစ်ယောက်အတူတူ တိုင်ပင်ဆွေးနွေးပြီး

အကောင်းဆုံးဖြစ်အောင် ဖြေရှင်းခဲ့ကြဖူးပါတယ်


ဒါပေမယ့် အခက်အခဲတွေက အချိန်တွေနီးလာလေလေ
ပိုများလေလေ ဖြစ်လာတာကြောင့်

ဒီနေ့လဲ ဒီအခက်အခဲတွေကို နှစ်ယောက်အတူ ဖြေရှင်းခဲ့ပါတယ်


ပထမဆုံးဖြေရှင်းကြတာကတော့ အချိန် .... အချိန်ပါပဲ
ကောင်လေးအတွက် အချိန်က အရမ်းကို အခက်အခဲဖြစ်တာကြောင့်

ကောင်မလေး က ကောင်လေးရဲ့ အချိန်နဲ့ အနီးစပ်ဆုံး အဆင်ပြေတဲ့အချိန်ကို
ရအောင်ယူနေရာပါတယ်

တကယ်တော့ မိန်းကလေးတယောက်အတွက်
ဒီလို ခက်ခက်ခဲခဲ အချိန်ကိုလုပြီးယူရတာမလွယ်လှပါဘူး


ဒါပေမယ့် ကောင်မလေး ကတော့ တက်တက်ကြွကြွနဲ့ ကိုအချိန်တွေ တွက်ပြရှာပါတယ်

ကောင်မလေးရဲ့ ဒီလို တက်ကြွတဲ့ အမူအရာ တွေကြောင့်
ကောင်လေး အရမ်းပျော်ခဲ့ရပါတယ်

ဒီလိုတွေ့ကြရဖို့အတွက် အခက်အခဲတွေကို စိတ်ညစ်နေရမယ့်အစား

အရမ်းကိုတက်ကြွနေတတ်တဲ့ ကောင်မလေး ကြောင့် ကောင်လေး တကယ့်ကို ကြည်နူးခဲ့ရပါတယ်

ကောင်မလေးနဲ့ကောင်လေးတို့ အချိန်ကို တွက်ကြတာ တော်တော်ကြာသွားခဲ့တယ်... အဆင်ပြေတဲ့အချိန်တခုကိုတော့ရသွားခဲ့ကြတယ်လေ
ဒါပေမယ့် ကောင်မလေးအတွက်ကတော့ အရမ်းကိုအလုပ်ရှုပ်ရမှာပေါ့ ..


ပထမဆုံး တွေ့ရမယ့်ဒီအချိန်လေးကို နှစ်ယောက်လုံး လက်လွတ်မခံချင်တာကြောင့် အလုပ်တွေအရှုပ်ခံခဲ့ကြတာပါ.....

ဒီလိုနဲ့ နောက်ဆုံး အချိန်တခုကို အတည်ပြုလိုက်ပါတယ်.....


စိတ်ကူးယဉ် အိပ်မက်တချို့ ကို စတင်ပြီးအကောင်အထည်ဖော်မယ့်ရက်စွဲလေးပါပဲ ......

ဒီနေ့ ၂၅ ရက်နေ့ ၅ လပိုင်းအတွက် အမှတ်ရစရာလေး တခုဆိုပါတော့......



နောက်ထပ် အမှတ်ရစရာလေးတွေရှိပါသေးတယ်


ဘာလဲဆိုတော့.....
ဒီနေ့ ကောင်မလေး အလုပ်က အပြန်မှာ ....
ဆွဲကြိုးလေးနှစ်ကုံး ၀ယ်လာပါတယ်

အရမ်းကို စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ အဓိပာယ် အပြည့်ပါတဲ့ ဆွဲကြိုးလေးတွေပါ


ကောင်မလေး တကုံး ကောင်လေး တကုံးပေါ့......

ဆွဲကြိုးလေး က လက်စွပ်လေးနှစ်ကွင်းစီပါ ပါတယ်..

အဲ့ဒီ လက်စွပ် နှစ်ကွင်းမှာ စာလုံးလေးတွေလဲထွင်းထားတယ်လေ

တကွင်းမှာ ကို

တကွင်းမှာ သဲ တဲ့....

အရမ်းကို စိတ်ကူးယဉ်ဆန်ပြီးအရမ်းကို အနှစ်သာရရှိတဲ့ ဆွဲကြိုးလေးပါပဲ

ဆွဲကြိုးလေးတွေသွားဝယ်နေတဲ့အချိန်က စလို့
ကောင်မလေး အရမ်းကို ပျော်ရွှင်ပြီး
အသံလေးတွေကအစ အရမ်းကိုတက်ကြွနေပါတယ်

အဲ့ဒီလို တက်ကြွပျော်ရွှင်နေတဲ့ကောင်မလေးကို
ကောင်လေး အပြင်မှာအရမ်းတွေ့ချင်မိတာတော့အမှန်ပါ


ဒီလိုနဲ့ ကောင်မလေး အိမ်ကိုပြန်ရောက်လာခဲ့တာပေါ့

အိမ်ကိုပြန်ရောက်တာနဲ့ ကောင်မလေးက ကောင်လေးကို ဆွဲကြိုးလေးတွေထုတ်ပြတယ်
ကောင်မလေးမှာတကယ့်ကို လှပတဲ့စိတ်ကူး ဆန်းဆန်းလေးတွေရှိနေတတ်တယ်ဆိုတာ
တကယ့်ကိုလက်တွေ့ပါပဲ

တကယ့်ကို လှတဲ့ဆွဲကြိုးလေးတွေပါ
ကောင်မလေး အရမ်းပျော်ပြီး ကောင်လေးလဲအရမ်းကိုပျော်ခဲ့ပါတယ်...

ဒါပေမယ့် ...... အချိန်တခု......
အချိန်တခု ဆိုတာ ကောင်လေးရဲ့ နေ့လည်စာ စားတဲ့အချိန်တခု ဆိုပါတော့


အဲ့ဒီအချိန်မှာ ကောင်လေး ထမင်းစားပါတယ်..

အခက်အခဲအမျိုးမျိုးကြောင့် ကောင်လေးမှာ စားစရာမရှိတဲ့အခြေအနေအထိရောက်နေတယ်လေ
ထမင်းနည်းနည်းရယ် ဘာမှမပါတဲ့ ဟင်းနည်းနည်းရယ်နဲ့
ကောင်မလေးရှေ့မှာထိုင်စားနေတာကို

ကောင်မလေးကြည့်ရင်း မျက်ရည်တွေဝဲနေခဲ့တယ်


ကောင်လေးက ထမင်းစားနေရင်းနဲ့ဘာဖြစ်လို့လဲမေးတော့ ကောင်မလေးမဖြေပဲ ဘာမှမဖြစ်ပါဘူးလို့ပဲပြောခဲ့တယ်

ကောင်လေး ခနခနမေးတော့မှ..
ကောင်မလေးက စိတ်မကောင်းလို့တဲ့..
ကောင်လေး ဒီလိုစားနေရတာကို စိတ်မကောင်းလို့ ငိုတာတဲ့..
ကောင်လေးအရမ်းကိုသနားသွားခဲ့တယ်..

ကောင်လေးအတွက်တော့ ဒီလိုစားရတာမဆန်းဘူးလို့ပြောလို့ရတယ်လေ


ကောင်လေးအတွက်မဆန်းပေမယ့်
ကောင်မလေးအတွက်တော့ မျက်ရည်ကျရတဲ့အထိကိုဆန်းနေတော့

ကောင်လေးအရမ်းစိတ်မကောင်းဖြစ်ပြီး

ကောင်မလေး စိတ်ပြေရာပြေကြောင်းဖြစ်အောင် အမျိုးမျိုးပြောပြတော့
ကောင်မလေးလဲတဖြေးဖြေး စိတ်သက်သာရာရသွားခဲ့တယ်


ဒီတော့မှ ကောင်လေးလဲ သက်ပြင်းလေးချနိုင်ခဲ့တာပါ.......

ကောင်လေးနဲ့ပတ်သက်လို့ ဒီလောက်ထိလိုက်တွေးပေးပြီး
စိတ်မကောင်းဖြစ်တတ်တဲ့ကောင်မလေးရေ...

ကောင်လေးဘ၀မှာ ကောင်မလေးကို ချစ်သလို
ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးတာအမှန်ပါ

ကောင်မလေးရဲ့ အချစ်လို လဲ ဘယ်သူ့ဆီကမှမရခဲ့ဖူးတာအမှန်ပါ......


အရမ်းချစ်တယ်ကောင်မလေးရယ်.......


တရက်ပြီးတရက် အမှတ်တရတွေနဲ့ထပ်ထပ်နေတတ်တဲ့

ဘ၀နှစ်ခု ပေါင်းစုမယ့် ရက်တွေ

လက်ချိုးလို့ရေရင်း သက်ပြင်းလေးခိုးခိုးချ

ပြုံးပြုံးလေးနဲ့အိပ်ခဲ့ရတဲ့ ညတွေမနည်းတော့ပြီ................


အရမ်းချစ်တယ် သဲ ရယ်.........

Sunday, May 23, 2010

ကောင်လေး ရဲ့ ချစ်သူ



ဒီ နေ့ ၂၄ ရက်နေ့ ... နောက်လ ဒီလိုနေ့လေးဆိုရင် အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးရဲ့ ရင်ခွင်ထဲကို တိုးဝင်ခွင့်ရပြီပေါ့...
ကောင်မလေး တစ်ယောက်အရမ်းပျော်နေပါတယ်... ကောင်လေးရင်ထဲမှာရော...သူလဲကောင်မလေးနဲ့ ထပ်တူဖြစ်နေမှာပါနော်...
ပြသနာတွေ စိတ်ဆင်းရဲစရာ တွေအများကြီး ကို ခံနိုင်ရည် ရှိရှိနဲ့ ဖြတ်သန်းလာခဲ့ကြတာ ခုဆိုရင် ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့
ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ်လေ...
ကောင်မလေး ဆိုးသမျှ နစ်နစ်နာနာပြောသမျှကို ချစ်တဲ့စိတ် တစ်ခုထဲ နဲ့ ကောင်လေးဘက်က ခွင့်လွှတ်ပေးခဲ့တာ...
တစ်ကယ်ဆိုရင် ကောင်လေးလဲ လူတစ်ယောက်ပဲလေ... နာကျဉ်းတတ်တဲ့ စိတ်လေးတော့ရှိမှာပါပဲ...
ဒါပေမယ့် ဘယ်လို အချစ်မျိုးတွေနဲ့ များ ကောင်မလေးကို သီးခံပြီး ချစ်နေသေးတာလဲ လို့လဲ ကောင်မလေးတစ်ခါတစ်လေ
စဉ်းစားမိပါတယ်... ကောင်လေးဘက် ကစိတ်အရမ်း ကျဉ်းကျပ်နေခဲ့ရင်တောင် ကောင်မလေးကို လမ်းခွဲစကားမပြောခဲ့ဘူး...
ကောင်လေးကပြောတယ်... ကောင်မလေး က သူရဲ့ ဘဝတဲ့... အဲဒါသာ အမှန်ဆိုရင် ကောင်လေးရဲ့ ဘဝထဲမှာ ကောင်မလေး တစ်သက်လုံး ရှင်သန်သွားချင်တယ်... အရမ်းချစ်တယ် ကောင်လေးရေ...

ပြောင်းလဲမှုဆိုတာ အရာရာတိုင်းမှာ ရှိတတ်တယ်တဲ့... ကောင်လေးမှာရော ရှိနေပြီလား...
ကောင်လေးရဲ့ ကောင်မလေးအပေါ်ထားတဲ့ စိတ်လေးလဲ အနည်းအကျဉ်းတော့ပြောင်းလဲတတ်လာပြီလေ...
အကြောင်းရင်းကို ကောင်လေးကိုယ်တိုင်တောင် မသိပါဘူးတဲ့...
စိတ် ဆိုတာ ပြောင်းလဲလို့ရလား...ရလို့ ပဲကောင်လေးစိတ်တွေ ပြောင်းလဲလာတာနေမှာပါ...
ကောင်မလေးဘက်က နင် ငါဆိုတဲ့ အသုံးတွေ သုံးလာရင် မခံနိုင်အောင် ဖြစ်တတ်တဲ့ ကောင်လေး... ခုတော့
ရန်ဖြစ်ရင် မင်း ငါ ဆိုတဲ့ စကားလုံးတွေနဲ့ ကောင်မလေး ကို ပြန်ပြောတတ်နေပြီ...
ကောင်မလေး မျက်ရည်ကျတိုင်း သူ့ရင်တွေ နာကျင်ရတယ်ဆိုတဲ့ ကောင်လေး ... ခုတော့
ကောင်မလေး ငိုတဲ့ အခါတိုင်း မငိုနဲ့ ခုချက်ချင်းတိတ် ဆိုပြီး ဒေါသ နဲ့ပြောတတ်နေပြီ...

ကောင်မလေးဘက်ကတစ်ကိုယ်ကောင်းဆန် တာပဲလား... လောဘကြီးလွန်းနေတာလား... ကောင်မလေးလဲရေရေရာရာ မသိပါဘူး...
အရင်ကနဲ့ မတူ ပြောင်းလဲဆက်ဆံတတ်လာတဲ့ ကောင်လေးရဲ့ စိတ်လေး ကို မခံနိုင်အောင်ဖြစ်နေမိတယ်...တစ်ခါတစ်ခါ
အသက်တောင် ဆက်ရှင်သန်ချင်စိတ်တွေ ကုန်လာအောင်ရင်ထဲမှာ စူးစူးနစ်နစ်ကို နာကျင်နေခဲ့တာ...
ကောင်လေး စိတ်ကိုလဲ အရင် လိုပြန်နေဖို့ အတင်းအကျပ် တိုက်တွန်းနေခဲ့တယ်...
ကောင်လေးပြောသလို ကောင်မလေးက ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး ကောင်လေးဘက်ကို မတွေးပေးခဲ့တာ ပဲဖြစ်နေပြီလား...
ဟုတ်မှာပါ ... ကောင်လေးမမှားပါဘူး... ကောင်လေးနဲ့ ပတ်သက်ရင် အရာရာ လောဘကြီးနေတတ်တဲ့ ကောင်မလေးပဲ မှားခဲ့တာဖြစ်မှာပါ... ဒါကလဲ ကောင်လေးကို သိပ်ချစ်လို့ပါ....

ကောင်လေးရဲ့ စိတ်ပျက် သွေးအေးတဲ့ အမူအရာ နဲ့ ဆက်ဆံ ခံခဲ့ရဖူးတယ်...
ကောင်မလေးအတွက်တော့ ဘာမျှော်လင့်ချက် ဘာအဓိပါယ်မှ မရှိတော့ တဲ့ အရမ်းရင်နာရတဲ့ အချိန်တွေပေါ့...
ဒီလို အဖြစ်အပျက်ကြုံရတာ များလာတာနဲ့ အမျှ ခုဆိုရင် ကောင်မလေးကြောက်တတ်လာတယ်...
ကောင်လေးမျက်နှာ တစ်ချက်ပျက်လိုက်တာနဲ့ ကို ကောင်မလေး ရူးမလောက်ဖြစ်နေတတ်တယ်...
ပြသနာ မရှာပါဘူး ... ဒေါသထိန်းပါ့မယ် ..ဆိုတဲ့ ကတိကြောင့် အတတ်နိုင်ဆုံး ထိန်းခဲ့ပေမယ့်
ကြာလာတာနဲ့ အမျှ ကောင်မလေး ရင်တွေပူလာပြီလေ...
ကောင်လေး ကတော့ ဘယ်သိပါ့မလဲနော်... ဒါကြောင့်လဲ ကောင်မလေးဘက်က ပြသနာရှာရမှ ကျေနပ်နေတာလို့ ကောင်လေးထင်နေတာနေမှာပါ ...

ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးလဲ အရင်လိုမဟုတ်ဘဲ ပြောင်းလဲနေပါပြီ... အရင်လို တစ်ခုခုဆို ဒေါသရှေ့တန်းတင်တတ်တာတွေ
ကောင်လေးအပေါ်မှာ စက်ရုပ်တစ်ရုပ်လို ခိုင်းစေနေတာတွေ ကောင်မလေးဆင်ခြင်နေပါပြီ ...
ပတ်ဝန်းကျင်နဲ့ သင့်တင့်အောင်လဲ ကောင်မလေးနေသွားမှာပါ... ကောင်လေးဖြစ်စေချင်တဲ့ အရာလေးတွေကို တဖြေးဖြေးနဲ့ ကောင်မလေး ကြိုးစားပေးမှာပါ... ကောင်မလေးစရိုက်နဲ့ ဆန့်ကျင်ဘက် တွေဖြစ်နေပေမယ့် ကောင်လေးကို ချစ်တဲ့စိတ်လေးနဲ့ ပြင်သွားမှာပါ... ဒါပေမယ့် ကောင်လေးရဲ့ ဟိုးအရင်ကလို မပြောင်းလဲတဲ့ အချစ်တွေနဲ့ ကြင်နာယုယတာလေး ကိုတော့ ကောင်မလေး
အလိုချင်ဆုံး အမျှော်လင့်ဆုံး အလိုချင်ဆုံးဆိုတာ ကောင်လေးသိမှာပါနော်...

ကောင်လေးနဲ့ကောင်မလေး ကအရမ်းချစ်ကြတဲ့ ချစ်သူတွေဆိုပေမယ့် ကောင်လေးဇာတိမြို့ဆိုတာ ကောင်မလေးကြားဖူးရုံသက်သက်နေရာလေးပါ... ကောင်လေးအတွက်ကလဲ ကောင်မလေးရဲ့မြို့လေးဆိုတာ တစ်ခဏတာ ခြေချဖူးတဲ့နေရာလေးလောက်ပါပဲ... ခုလို ချစ်သူတွေဖြစ်ခဲ့ကြတော့လဲ ကောင်လေး နဲ့ ကောင်မလေး နေတဲ့ နေရာတွေက မိုင်တွေအများကြီး ဝေးနေပြန်ရော...တစ်ယောက်မျက်နှာ ကို တစ်ယောက် ကွန်ပျူတာထဲမှာ သာမြင်တွေ့ခွင့်ရပြီး အသဲနစ်အောင်ချစ်ခဲ့ကြရတာ.... တစ်ခြား စုံတွဲ ချစ်သူတွေလို အထိအတွေ့ မပါ အချစ်သက်သက်နဲ့ ဖြူဖြူစင်စင်ပဲ ချစ်သူဘဝလေးကို
တည်ဆောက်ခဲ့ကြတာ... တစ်ခုရှိသေးတယ်.... ကောင်မလေးကြည်နူးမိတာလေးတစ်ခု... ဘာလဲ ဆိုတော့ ... ကောင်လေးနဲ့ကောင်မလေး ရုပ်ချင်း တူတာပါ.... သူငယ်ချင်းတွေ က နင်တို့ နှစ်ယောက် ရုပ်ချင်းအရမ်းတူတာပဲ လို့ ပြောတဲ့အချိန်တွေမှာလဲ ကောင်မလေးအရမ်းပျော်တတ်ပါတယ်... ဒါတွေအားလုံးက ကောင်မလေး နဲ့ ကောင်လေး က တစ်ကယ့်ဖူးစာရှင်
အစစ်အမှန်တွေ ဆိုတဲ့ သက်သေတွေလိုပဲ ..... ကောင်လေး လက်ခံလား...ဟင်....

အရမ်းချစ်ရတဲ့ သူ့ကို တွေ့ရမယ့်ရက်လေးတွေကို ပဲ ကောင်မလေးတွက်နေမိတယ်...
တွေ့ခွင့်ရတဲ့ အချိန်ကျရင် ကောင်လေးပြောတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးထဲက လို အရမ်းကို ကြည်နူးစရာကောင်းမှာ...
အရမ်းချစ်တယ်.... ကောင်လေးရေ...
ကောင်လေးရဲ့ အနားမှာ တစ်သက်လုံးရှိနေပါရစေနော်...
ကောင်လေးရဲ့ လက်လေးတွေကို တစ်သက်လုံး တွဲထားပါရစေ...
ကောင်လေးရဲ့ ရင်ခွင်ထဲမှာ ပဲ တစ်သက်လုံး ကောင်မလေးကို သိမ်းထားပေးပါနော်....


ကို့ ကို အရမ်းချစ်တယ်.....

Friday, May 21, 2010

တနေ့နေ့......... စိတ်ကူးယဉ်အိပ်မက်တချို့


ညနေခင်းလေးတခု........
လေပြေနုနုတို့က တိုးဝှေ့တိုက်ခတ် နေလိုက်တာ
အရမ်းမပူတော့ပဲ
အေးချမ်းပြီးတော့ အရမ်းကိုနေလို့ကောင်းတဲ့ရာသီဥတုလေးတခုလေးပေါ့


ဒီလိုညနေခင်း မှောင်ရီပျိုးစ အချိန်လေးမှာ
တနေကုန်အလုပ်ခွင်မှာပင်ပန်းထားတဲ့သူတွေ
ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေလမ်းလျှောက်ထွက်ကြ

လမ်းမှာ စကားစမြည်ပြောကြနဲ့ ....

ညနေခင်းလေးက အရမ်းကိုအသက်ဝင်တဲ့ပန်းချီကားလေးတချပ်ဖြစ်နေခဲ့တယ်

ဒီလို လူတွေအများကြီး အမောဖြေ အပန်းဖြေနေတဲ့ကြားထဲမှာ...
လူနှစ်ယောက် ........ လူနှစ်ယောက်ဆိုတာထက် ကောင်မလေးနဲ့ကောင်လေး ...
သူတို့နှစ်ယောက်ကလဲ ဒီလိုလူတွေလိုပဲ အပန်းဖြေလမ်းတူတူလျှောက်နေကြတာပေါ့....


ထူးခြားတာက သူတို့နှစ်ယောက်
တယောက်ကို တယောက်လွတ်ထွက်သွားမလားထင်ရလောက်အောင်

တင်းတင်းကျပ်ကျပ်လေး ဖက်ပြီးလမ်းလျှောက်နေကြတယ်...


နောက်ထပ် သူတို့ နှစ်ယောက်က အကျီ င်္ ဆင်တူ ဦးထုပ်ဆင်တူလေး ရယ်...

MP 4 လေးရဲ့ earphone လေး နှစ်ခုကို တယောက်တခုဆီ
နားမှာ တပ်ပြီးသီချင်းနားထောင်နေကြတယ်လေ


သူတို့ နှစ်ယောက်ကတော့ အရမ်းကိုချစ်ကြတဲ့ ချစ်သူစုံတွဲလေးတတွဲပါပဲ..
နှစ်ယောက်လုံး သီချင်းတပုဒ်ကို တူညီတဲ့ ခံစားချက်တွေနဲ့
အတူတူနားထောင်ရင်း
ဖြေးဖြေးချင်း လမ်းလျှောက်နေကြတာပေါ့.....

ဘေးနားကဖြတ်သွားကြတဲ့လူတွေ ကလေးတွေ အားလုံးက

သူတို့ နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်ပြီး...

သိပ်ချစ်ကြတာပါလားလို့ ထင်မြင်ချက်လေးတွေပေးသွားကြတယ်..


ကြည့်တဲ့မြင်တဲ့သူတိုင်းကလဲ သူတို့ နှစ်ယောက်ကို မြင်တာနဲ့
ကြည်ကြည်နူးနူးလေးပြုံးသွားကြတယ်လေ..


တကယ်လဲသိပ်ချစ်ကြတဲ့ စုံတွဲလေးပါ..
ဒီလိုနဲ့ ညနေခင်းလေးရဲ့ မှောင်ရီပျိုးစအချိန်တွေကုန်လွန်လို့

နေမင်းကြီး ပျောက်သွားတဲ့အချိန်ကိုတောင် ရောက်လာခဲ့တာပေါ့...


ကောင်လေး။ ။ သဲ ညောင်းနေပြီလား ညောင်းနေရင်နားရအောင်လေ

ရှေ့ကထိုင်ခုံလေးမှာ အေးဆေးထိုင်ပြီးနားရအောင်

ကောင်မလေး။ ။ အင်း ဟုတ်တယ် သဲလဲ ကိုနဲ့အတူတူမလို့ ညောင်းရမှန်းတောင်မသိဘူး
လျှောက်လာတာ တော်တော်ကိုဝေးနေပြီ။ ရှေ့ရောက်ရင်နားရအောင်လေ

ကောင်လေး။ ။ နေဦး အဲ့ဒီရှေ့က ထိုင်ခုံကို ဘယ်သူအရင်ရောက်မလဲ အပြေးပြိုင်မယ်

ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာလုပ်ရမယ်။ ဘယ်လိုလဲ ပြိုင်ရဲလား

ကောင်မလေး။ ။စိမ်လိုက်လေ ပြိုင်ရဲသားပဲ....
ဒါပေမယ့် ကို က ယောက်ကျားလေး ကို ပဲနိုင်မှာပေါ့

သဲကိုတော့ တ၀က် အကြောပေးရမယ် အဲ့ဒါဆိုရင်တော့ ပြိုင်မယ်

ဘယ်လိုလဲ ????


ကောင်လေး ။ ။ လုပ်လိုက်လေ ကြာသလားလို့.....

ဒီလိုနဲ့ ကောင်မလေးနဲ့ကောင်လေးတို့ ထိုင်ခုံ ဆီအပြေးပြိုင်ကြတာပေါ့

ထိုင်ခုံဆီအရင်ရောက်သွားတာကတော့ ကောင်မလေး ပါ
ကောင်မလေးက ထိုင်ခုံပေါ်ရောက်ရောက်ချင်း ထိုင်ချလိုက်ပြီး
အရမ်းကိုမောတာကြောင့်
အသက်ကို ပြင်းပြင်းရှူ အမောဖြေရင်း
ကောင်လေးကို ပြောင်ပြနေတယ်လေ


ကောင်မလေး ။ ။ သနားတယ် ကရော် ကရော် ........

ကောင်လေးက နှုတ်ခမ်းကို ကိုက်ရင်း မျက်မှောင်ကျုံ့ပြီးတော့


ကောင်လေး ။ ။ သနားလို့ မိန်းကလေးမလို့ အရှုံးပေးလိုက်တာ ... ဟဲဟဲ


ဒီလိုနဲ့ ကောင်လေးက ကောင်မလေးဘေးဝင်ထိုင်လိုက်ပြီးတော့ ...


ကောင်လေး။ ။ အရမ်းမောနေတာလား သဲ ကို့ ရင်ဘတ်ပေါ်မှီပြီး ခနနားပြီး အမောဖြေလိုက်ဦး လာ...


ကောင်မလေး။ ။ အခုမှပဲအမောပြေတော့တယ် ကို နော် ကတိတည်ရမယ် သဲ ခိုင်းတာလုပ်ရမယ်


ကောင်လေး။ ။ လုပ်ပါ့မယ်ဗျာ လုပ်ပါ့မယ် ကျွန်တော်မျိုး ရှုံးထားတဲ့လူဆိုတော့လဲ သခင်မလေး
အလိုကျအားလုံးလုပ်ပါ့မယ်ဗျ ဘာများခိုင်းချင်တာလဲမသိဘူး
မိန့်တော်မူပါဗျာ


ကောင်မလေး။ ။ ဟဲဟဲ ကျွန်မ ချစ်သူ အရမ်းတော်တာပဲ အရှုံးကိုဝန်ခံရဲတယ် တိုးတက်ဦးမယ်
သခင်မလေးခိုင်းချင်တာကတော့ မခက်ပါဘူးရှင်
အခုလို ကို့ ရင်ဘတ်ပေါ်မှာ မှီနေပြီးတော့ ကို သီချင်းဆိုတာလေး နားထောင်ချင်တယ်


ကောင်လေး ။ ။ အော် ... အဲ့လိုလား ရပါတယ် နားထောင်ပါဗျာ နားထောင်ပါ....... ဆိုမယ်နော်....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2


အဲ သခင်မလေး သခင်မလေး ခက်တော့ခက်နေပြီ သီချင်းနားထောင်ရင်းတောင်
အိပ်ပျော်သွားရတယ်လို့...... သဲ .... ထထ ဘယ်လိုဖြစ်လို့အိပ်ပျော်သွားရတာတုန်း

ကောင်မလေး ။ ။ ဟီးးးး ဘယ်လိုဖြစ်သွားမှန်းမသိဘူး မှေးကနဲ ဖြစ်သွားတာ

ကောင်လေး ။ ။ သဲ အရမ်းပင်ပန်းနေပြီထင်တယ် သဲပြန်ချင်ပြီလား ပြန်ချင်ပြီဆိုပြန်ရအောင်လေ မိုးလဲချုပ်တော့မယ်.....

ကောင်မလေး။ ။ အာ မပြန်ချင်သေးဘူး ဒီလိုလေးထိုင်နေရတာ သဲ ပျော်လို့ .. မပြန်သေးဘူးနော် ခနနေဦးမယ်လေနော်...

ကောင်လေး ။ ။ သဘောပါဗျာ သဘောပါ မပြန်ချင်သေးဘူးဆိုလဲ ဆက်ထိုင်ကြတာပေါ့ ပြန်ရမှာဝေးလို့ ပြောတာပါ အပြန်ကျရင်တော့ လမ်းလျှောက်မပြန်တော့ဘူးနော် ကားငှားပြီးပဲ ပြန်တော့မယ် သဲ ပင်ပန်းနေပြီမလို့...

ကောင်မလေး။ ။ အင်း အပြန်ကျရင် ကားငှားပြန်မယ် အဲ့ဒါကောင်းတယ်

ဒီလိုနဲ့ ချစ်သူနှစ်ယောက် တယောက်ကို တယောက်တင်းတင်းကျပ်ကျပ်ဖက်ထားပြီး
ထိုင်ခုံလေးမှာထိုင်ရင်း ထွက်ခါစ ပြုလာတဲ့ ကြယ်တွေကြည့်လို့ ငြိမ်ငြိမ်လေးနဲ့နေနေကြတာပေါ့
အချိန်တွေကလဲ တရွေ့ရွေ့ နဲ့ကုန်လာတာ တဖြေးဖြေးမိုးချုပ်လာပြီး အေးလာတယ်

ကောင်မလေး ။ ။ ကို သဲ အေးလာပြီ ပြန်ရအောင်နော်... ပြီးတော့ ဗိုက်လဲဆာတယ်

ကောင်လေး ။ ။ အင်း အင်း .. အဲ့ဒါဆို ပြန်ရအောင် အရမ်းအေးနေရင် ဖျားနေဦးမယ်...

ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ထပြီးတော့ အနီးဆုံးက ကားလေးငှားပြီးပြန်ကြတာပေါ့
နှစ်ယောက်လုံး ထိုင်ခဲ့တဲ့ ထိုင်ခုံလေးကို လှည့်ကြည့်ပြီး တယောက်ကို တယောက်ကြည်ကြည်နူးနူးလေး
ပြုံးပြီးကြည့်ရင်းပြန်လာလိုက်တာ တည်းခိုခန်းကိုရောက်လာခဲ့တယ်...

ကောင်မလေးနဲ့ကောင်လေးက တောင်ပေါ်မြို့လေးတခုကို အတူတူ ခရီးထွက်လာကြတဲ့ချစ်သူတွေလေ
တည်းခိုခန်းရောက်ပြီး အခန်းထဲရောက်တာနဲ့ ကောင်မလေးက အရမ်းမောလာပြီး
အိပ်ယာပေါ်မှာခြေပစ်လက်ပစ်နဲ့ လှဲနေရင်း.....

ကောင်မလေး။ ။ ကို သဲဗိုက်ချာရယ် တထုထု ရုပ်ပေး ဗိုက်ချာရယ် ဗိုက်ချာရယ် အဟင့် အဟင့်

ကောင်လေး။ ။ လုပ်ပြန်ပြီ အသည်းယားအောင် ကိုက်စားမိတော့မယ် အသည်းယားအောင်မလုပ်နဲ့ ခနလေးစောင့် ကို သွားဝယ်လိုက်ဦးမယ် ... ခနလေးနော်

ဒီလိုနဲ့ ကောင်လေး ကောင်မလေး စားဖို့ အတွက် အပြင်မှာ စားဖို့သောက်ဖို့ အစုံဝယ်ပြီးတည်းခိုခန်းကို
ပြန်ရောက်တော့ အရမ်းကို အအိပ်ကြီးတဲ့ ကောင်မလေး အဝေးကြီးလမ်းလျှောက်ရလို့ပင်ပန်းပြီး
အိပ်ပျော်နေပြီလေ....

ကောင်လေး။ ။ အောင်မလေးဗျာ အမောကိုပြေရော အိပ်သွားပြန်ပြီ.... သဲ ထ ထ ထ ဗိုက်ဆာနေတာကို
စားပြီးမှ အိပ် ထထ ထမင်းစားလိုက်ဦး ... လိမ်မာတယ် သဲ ထ ထ

ကောင်မလေး ။ ။ အင်း အိပ်ပျော်သွားပြန်ပြီ ကို ကသွားလိုက်တော့ တယောက်ထဲ
ပျင်းတာနဲ့အိပ်ပျော်သွားတာ
ဟီး.... ဘာတွေဝယ်လာတာလဲ တူတူစားမယ်နော်

ကောင်လေး။ ။ နှစ်ယောက်ထဲ ရှိတာကို တူတူ စားမှာပေါ့ တယောက်တကွဲစားလို့ဘယ်ဖြစ်မလဲ
ပါးစပ်ဟ ခွံ့ကျွေးမယ် ...... ဟဲဟဲ

ကောင်မလေး။ ။ ဆိုးပြန်ပြီ ဟိဟိ

ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေးတို့ တယောက်ကို တယောက် ခွံ့ကျွေးလိုက်စားလိုက်နဲ့
ထမင်းစားလို့ပြီးသွားခဲ့တယ်။

ကောင်လေး ။ ။ ထမင်းတော့စားလို့ပြီးသွားပြီ စားစားပြီးချင်းမအိပ်နဲ့ဦးနော် မကောင်းဘူး
လာ ပြတင်းပေါက်မှာ သွားရပ်ရအောင် ပြတင်းပေါက်မှာလေတွေတိုက်နေတာ

နေလို့ကောင်းတယ် လာ သဲ သွားရအောင်


ကောင်မလေး။ ။ ကောင်းတယ် ကောင်းတယ် အဲ့ဒါကောင်းတယ် ကို ကအရမ်းချစ်ဖို့ကောင်းတာပဲ

ကောင်မလေးနဲ့ ကောင်လေးတို့ ပြတင်းပေါက်ရှေ့မှာရပ်ရင်း
တိုက်နေတဲ့လေညှင်းလေးကိုမျက်နှာလေးတွေမော့ပြီး လေညှင်းခံကြတာပေါ့
ခနကြာတော့ ကောင်လေးက ကောင်မလေးရဲ့ အနောက်မှာရပ်ပြီး
ကောင်မလေးရဲ့ခါးလေးတွေဖက်လိုက်တယ်....... ဖက်ပြီးတော့....

ကောင်လေး ။ ။ အရမ်းချစ်တယ် သဲ ရယ်...... သဲ နဲ့ တသက်လုံးအတူတူနေချင်တယ်... သဲ ရော

ကောင်မလေး။ ။ သဲလဲအတူတူပဲပေါ့ ကို ကလဲ။ တသက်လုံး
ဒီလိုလေး အတူတူနေရရင် အရမ်းကောင်းမှာပဲ
သဲကို မမေ့လိုက်နဲ့နော် ..
ကို့ ကိုလဲသဲအရမ်းချစ်တယ်......


လေပြင်းပြင်းလေး တချက်တိုးဝှေ့ပြီးတိုက်သွားတော့ ကောင်မလေးက
ကောင်လေးရဲ့ရင်ထဲတိုးဝင်လာတယ်
ကောင်လေး က ကောင်မလေးရဲ့ ပါးပြင်ကို အနမ်းစက် တွေခြွေချရင်း..

ကောင်လေး။ ။ချစ်တယ် သဲ ရယ်.........

ကောင်မလေး။ ။ ကို သဲ အိပ်ချင်ပြီ အေးလဲအေးလာပြီ။

ကောင်လေး။ ။ အင်း အိပ်လေ သဲ နောက်လဲနောက်ကျနေပြီ အိပ်တော့နော်...

ကောင်မလေး။ ။ ကို ကရော မအိပ်သေးဘူးလား။ ကို လဲအိပ်တော့လေ မိုးချုပ်နေပြီကို

ကောင်လေး။ ။ ကို ခနနေရင် အိပ်မယ်လေ သဲ အိပ်ပျော်အောင် အိပ်ပါ

ကောင်မလေး။ ။ အင်း အဲ့ဒါဆို သဲကို သီချင်းဆိုပြီး ချော့သိပ်လေနော် ကို သီချင်းဆိုတာ နားထောင်ပြီး အိပ်ချင်တယ် နော် ကိုနော်...

ကောင်လေး။ ။ ဆိုပြမှာပေါ့ သဲ ကလဲ .. သဲ သာအိပ်ပျော်အောင်အိပ်
ကို သဲအိပ်ပျော်တဲ့အထိ သီချင်းဆိုပြမယ်


ဒီလိုနဲ့ ကောင်မလေး အိပ်ယာပေါ်တက် မျက်လုံးလေးတွေမှိတ်ပြီး ငြိမ်ငြိမ်လေးလှဲရင်းအိပ်တာပေါ့
ကောင်လေးကတော့ သီချင်းတွေ တပုဒ်ပြီးတပုဒ်ဆိုပြရင်း တဖြေးဖြေးနဲ့ ကောင်မလေး တယောက်
အိပ်ပျော်သွားခဲ့တယ်

ကောင်မလေး အိပ်ပျော်နေတဲ့ မျက်နှာလေးကို ကောင်လေး တယောက်ထဲ ထိုင်ကြည့်ရင်း
ပြုံးနေခဲ့တာပေါ့.....
ဒီလိုထိုင်ကြည့်ရင်း ထိုင်ကြည့်ရင်း အချိန်တွေ တရွေ့ရွေ့နဲ့ကုန်လာရင်း
ကောင်လေး လဲမျက်လုံးတွေ မှေးစင်းလာပြီး အိပ်ချင်လာတယ်...
နောက်ဆုံး ကောင်လေး အိပ်ခါနီးမှာ ကောင်မလေးရဲ့ နဖူးကို ဖွဖွလေး တချက်နမ်းပြီး....

ကောင်လေး။ ။ ချစ်ဖို့ကောင်းလိုက်တာ ချစ်သူ ရယ်............

ဒီလိုနဲ့ ကောင်လေးလဲ အိပ်ပျော်သွားခဲ့တာပေါ့......


အရမ်းချစ်တယ် သဲ ရယ်............

Thursday, April 22, 2010

အမြဲထာဝရတဘ၀လုံး နေပါရစေလို့......



ဘာလိုလိုနဲ့ နေရာတခု အထီးကျန်နေတာတော်တော်ကြာနေပြီ

သူလဲမရောက် ကိုယ်တိုင်ကလဲမရောက်နဲ့
ခြောက်ကပ်ပြီး တိတ်ဆိတ်နေတဲ့ နေရာလေးတခုဖြစ်နေတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိဘူး


ခြောက်ကပ်နေပါတယ်ဆိုတဲ့ ဒီနေရာလေးကို လာဖို့ စိတ်ကူးတွေနဲ့
ဒီနေရာမှာ အရင်ကလို စာတွေရေးဖို့ စိတ်ကူးတွေ အစီအစဉ်တွေ အများကြီးရှိနေခဲ့တာကတော့အမှန်ပါ

ဒါပေမယ့် အခြေအနေအကြောင်းအကြောင်းကြောင့်ရယ်
အချိန်မရတာတွေကြောင့်ရယ် ဒီနေရာလေးကို မရောက်ဖြစ်ခဲ့ဘူး

ကောင်မလေး တယောက်ကတော့ ဒီနေရာလေးကို မှတ်မိနေလောက်ပါရဲ့
သတိလဲရနေလောက်ပါရဲ့....
ဒါပေမယ့် သူကိုယ်တိုင်လဲ ဒီနေရာလေးကို ၀င်မကြည့်ဖြစ်တာတော်တော်ကြာခဲ့ပြီထင်တယ်

အမှတ်တရပေါင်းများစွာကို ဒီနေရာလေးမှာ
နှစ်ယောက်အတူတူ လာထားတတ်ကြတဲ့
ကောင်မလေးနဲ့ ကောင်လေးတို့နှစ်ယောက်

ကောင်မလေးနဲ့ ကောင်လေးတို့နှစ်ယောက်ဆိုတာထက်
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဆိုပါတော့


အမှတ်တရပေါင်းများစွာ
ပျော်ရွှင်စရာပေါင်းများစွာ
စိတ်ညစ်စရာစရာပေါင်းများစွာတို့ရဲ့

ရင်ဖွင့်စရာနေရာလေးက အခုတော့ ဘာမှမရှိတော့တဲ့ နေရာလေးလိုဖြစ်နေခဲ့ပြီ

အမှတ်တရတွေဖြစ်တဲ့ တလတခါတော့ ပုံမှန်ရေးနေကြ ၉ ရက်နေ့မှာတောင်
ဘာမှလာမရေးဖြစ်ခဲ့ကြပါဘူး နှစ်ယောက်လုံး မရောက်ဖြစ်ခဲ့ကြဘူး
တခြားတခြားသော အမှတ်တရများစွာနဲ့သာ ပျော်နေခဲ့ကြတယ်

ဘာပဲဖြစ်ဖြစ်ပါ အခုတော့ ရောက်လာပါပြီ ......
အမှတ်တရပေါင်းများစွာ
တပွေ့တပိုက်ကြီး သယ်ပြီး ရေးမယ့် လူကတော့ ရောက်လာပြီး

စာတွေစီချ လို့ ခံစားချက်တွေနဲ့
အမှတ်တရတွေအားလုံး ကို ဒီနေရာလေးမှာ လာသိမ်းနေပါပြီ


လာသိမ်းထားတဲ့ အမှတ်တရတွေကိုတော့ ကောင်မလေး တယောက်လာကြည့်နိုင်ပါစေ
အမှတ်တရသိမ်းထားတဲ့ ဒီနေရာလေးက အမှတ်တရတွေကို ကောင်မလေးတယောက်......
မှတ်မှတ်ရရ လာကြည့်နိုင်ပါစေလို့.........

အခုစရေးမှာတော့ အမှတ်တရ တွေအားလုံးပေါ့....
အခု ၂၂ ရက်နေ့ ၄ လပိုင်း ရဲ့ အနီးစပ်ဆုံး
အမှတ်တရနေ့လေး တခုကနေစရေးပါမယ်.....


အနီးစပ်ဆုံး နဲ့ အမှတ်တရရှိနေမယ့် နေ့ကတော့ ၁၆ ရက်နေ့ပါပဲ.....
သင်္ကြန် အတက်နေ့ဆိုပါတော့....
အဲ့ဒီနေ့က ..... မှတ်မှတ်ရရ ကောင်လေးရဲ့မွေးနေ့ပါ...
ကောင်လေး အတွက် မွေးနေ့ ဆိုတာကို
အမှတ်တရ ဘယ်သူကမှ လုပ်ပေးလေ့မရှိခဲ့ပါဘူး ...

ကောင်လေး ကိုယ်တိုင်ကတောာင် မွေးနေ့ဆိုတာကို မေ့မေ့နေတတ်ပါတယ်

ဒါပေမယ့် ကောင်မလေး ကတော့
ကောင်လေး မွေးနေ့အတွက် အမှတ်တရတွေအများကြီး
လုပ်ပေးခဲ့တယ်....
အရမ်းကို အလိုက်သိပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ကောင်မလေး ပေါ့....

ကောင်လေး ရဲ့မွေးနေ့မတိုင်ခင်မှာပဲကောင်မလေး က
ကောင်လေးအတွက်
သူကိုယ်တိုင် လုပ်ထားတဲ့ ပုံလေးတပုံကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တယ်....
အရမ်းကို ကြည်နူးစရာကောင်းပြီး
အရမ်းကို စိတ်ချမ်းမြေ့စရာကောင်းတဲ့ မွေးနေ့လက်ဆောင်လေးပါ

တကယ့်ကို အမှတ်တရဖြစ်စရာလေးပါပဲ ....

ကောင်မလေး ပေးခဲ့တဲ့ ပုံက...............


တခြားသော လူများအတွက်ကတော့ သိပ်ရိုးရှင်းတဲ့ ပုံလေးတပုံဖြစ်နေပါလိမ့်မယ်
ကောင်မလေး နဲ့ ကောင်လေး အတွက်တော့
အရမ်းကို ကြည်နူးစရာကောင်းတဲ့ ပုံလေး တပုံပါပဲ

ကောင်လေး ရဲ့ စိတ်ထဲမှာ ပုံလေး ကြည့်ကြည့်ပြီးအရမ်းပျော်ပါတယ်
အရမ်းကြည်နူးနေခဲ့ပါတယ်

ပုံလေးက ရိုးရိုးရှင်းရှင်းလေးပေမယ့်
ကောင်လေးအတွက်တော့ အဓိပာယ်ပေါင်းများစွာပါဝင်နေသလိုပဲ


ကိုယ့်ရဲ့ ချစ်သူ ကိုယ်တိုင်လုပ်ထားပေးတာ ကြောင့်လားတော့မသိဘူး
ဘယ်လိုမှ တန်ဖိုးဖြတ်မရသလိုပဲ ဘာနဲ့မှလဲမလဲ နိုင်ဘူး.....
အရမ်းကို ပြီးပြည့်စုံတဲ့ မွေးနေ့လက်ဆောင်လေး တခုပါပဲ ...... ကောင်မလေးရေ

ကောင်မလေး ကလဲ သူပေးထားတဲ့ မွေးနေ့လက်ဆောင်လေးအတွက်
ကောင်လေးဆီက တခုတောင်းဆိုပါတယ် ......
ကောင်မလေးလုပ်ပေးထားတဲ့ ပုံကို ကောင်လေး ကွန်ပြူတာရဲ့ destopbackground မှာ အမြဲတမ်းထားပေးဖို့ပါပဲတဲ့ ........

အရမ်းကို စိတ်ကူး ကောင်းတဲ့ ကောင်မလေးပါ.....
အရမ်းလဲ စဉ်းစားတတ်ပါတယ် .....

ဒါမှ ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ အဲ့ဒီပုံကို အရင်မြင်ရမှာလေ.....
ပြီးတော့ ကွန်ပြူတာ ဖွင့်ပြီး ကွန်ပြူတာ ရှေ့မှာ ရှိနေမယ့်
တချိန်လုံး အဲ့ဒီပုံလေးကိုမြင်နေရမှာ မဟုတ်လား


အရမ်းကို တော်ပြီး အရမ်းချစ်ဖို့ကောင်မလေးပါ.........

ဒီလိုနဲ့ ကောင်လေးရဲ့ မွေးနေ့ မနက်ကိုရောက်လာခဲ့ပါတယ်......
ကောင်လေးရဲ့မွေးနေ့မနက်မှာတော့ ကောင်မလေး က မနက်စောစောထပြီး
ဘုရားမှာ သစ်သီးကပ်တယ် ဘုရားဝတ်ပြုဆုတောင်းပေးခဲ့ပါတယ်...
ကောင်လေးမွေးနေ့အတွက်ကို
ကောင်မလေးက ဘာသာတရား အနေနဲ့ပါ လုပ်ပေးခဲ့တယ်လေ.....


ဒီလိုနဲ့ ကောင်မလေးကတော့ ထုံးစံအတိုင်းအလုပ်ကိုသွားခဲ့တယ်....
အရင်လိုပါပဲ ကောင်မလေး အလုပ်ကပြန်လာပြီး
ကောင်လေး နဲ့စကားတွေပြောဖြစ်ခဲ့ကြတယ်

ကောင်မလေးက ကောင်လေးအတွက် မွေးနေ့မှာ အမှတ်တရလုပ်ပေးစရာတခုကျန်သေးတယ်လို့ပြောပြီး
ကောင်လေးကို ရေမိုးချိုး အ၀တ်အစားလဲပြီး ဘုရားရှိခိုး ဖို့ပြောတယ်

ကောင်လေးကလဲ ရေမိုးချိုး အ၀တ်အစား လဲ ဘုရားရှိခိုးတာပေါ့
ဒီလိုနဲ့ ဘုရားရှိခိုးပြီး ကောင်လေး ပြန်လာတော့

ကောင်မလေး တယောက် ကောင်လေး ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီးတော့
ကောင်လေးကို ဦး ၃ ကြိမ်ချပြီး ရှိခိုးပါတယ်...
ကောင်မလေးဖက်က
မယဉ်မကျေး ပဲ ပြစ်မှားပြောဆိုခဲ့တာရှိရင်ခွင့်လွှတ်ပေးဖို့လဲပြောပါတယ်


ကောင်လေး စိတ်ထဲမှာ ဘယ်လိုတွေဖြစ်ကုန်မှန်းမသိဘူး
အရမ်းကိုကြည်နူးသွားသလို ပျော်သွားသလိုပါပဲ
ကိုယ်တိုင်ခံစားဖူးမှ အဲ့ဒီခံစားချက်က ဘယ်လောက်ထိကြည်နူးပျော်စရာကောင်းတယ်ဆိုတာသိပါလိမ့်မယ်

ဒီလို ကြည်နူးတယ်ပျော်တယ်ဆိုတာလောက်လေးချရေးတာနဲ့
ဘယ်လိုမှမလုံလောက်တာကတော့အမှန်ပါပဲ


ဒီလိုနဲ့ ကောင်လေးရဲ့ မွေးနေ့က ပြီးသွားခဲ့ပါတယ် ......
ကောင်လေးမွေးနေ့အတွက် ကောင်မလေး တယောက် ကောင်လေးရဲ့စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်သွားအောင်
ကြည်နူးအောင် ပျော်ရွှင်အောင် တခုပြီးတခုလုပ်ပေးခဲ့တယ်

အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေးပါ.......

အခုရေးမှာကတော့ မရေးဖြစ်ခဲ့တဲ့ ဒုတိယ အမှတ်တရလေး တခုပါ..
ဘာလဲဆိုတော့ ကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ ချစ်သူသက်တမ်း ၉ လပြည့်တဲ့ အမှတ်တရနေ့လေးပါ

အဲ့ဒီနေ့အတွက် ကောင်လေးက အမှတ်တရမလုပ်ပေးတော့ဘူး
ကောင်မလေး လုပ်ပေးရမယ်လို့ပြောခဲ့ဖူးတယ်....

ကောင်မလေးကလဲ လုပ်ပေးပါမယ်လို့ပြောခဲ့ဖူးတယ်
တကယ့်ကို အမှတ်တရနေ့လေး တနေ့ဖြစ်သွားခဲ့တယ်ဆိုပါတော့ . . . . . .
ချစ်သူသက်တမ်း ၉ လပြည့်တဲ့နေ့မှာ နှစ်ယောက်လုံး ချစ်ချစ်ခင်ခင်နဲ့
မှတ်မှတ်ရရ ဖြစ်အောင် အကြီးအကျယ် စကားများရန်ဖြစ်ခဲ့တယ်....

အရင်ရန်ဖြစ်နေကြလိုပါပဲ တကယ့်ကို ကြီးကြီးကျယ်ကျယ်ပါပဲ
ရန်ဖြစ်တိုင်းလဲ သေးသေးဖွဲဖွဲကမရှိသလောက်ရှားတာဆိုတော့ ကြီးကြီးကျယ်ကျယ်လို့ပဲပြောရတော့မှာပေါ့

ဒီလို စကားတွေများ ရန်ဖြစ် စကားနိုင်တွေလုကြရင်း
အမှတ်တရ နေ့လေးတနေ့ကို ဖြတ်သန်းကုန်လွန်ခဲ့တယ်

သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ယောက်ပါ.......
ဒီလိုနဲ့ပဲ ချစ်သူသက်တမ်း ၉ လပြည့်တဲ့နေ့မှာ တယောက် ကတယောက် ကို
ဘာအမှတ်တရမှမလုပ်ပေးနိုင်ခဲ့ကြပါဘူး......

အခုရေးမှာကတော့ မရေးဖြစ်ခဲ့တဲ့ တတိယ အမှတ်ရစရားလေး တခုဆိုပါတော့...
ပုံမှန်အမှတ်တရ လေးတွေထက်ပိုပြီး အမှတ်တရဖြစ်နေရမယ့်
အမှတ်တရလေးတခုပါ..

ဘာလဲဆိုတော့ ......

၆ ရက်နေ့ ၄ လပိုင်း အင်္ဂါနေ့ ကပြီးသွားခဲ့တဲ့
ချစ်ရတဲ့ ကောင်မလေး ရဲ့မွေးနေ့လေးပါပဲ.....


ကောင်လေးသိရသလောက် ကောင်မလေးအတွက်မွေးနေ့ဆိုတာ
နှစ်တိုင်းလိုလိုမွေးနေ့ပွဲလေး လုပ်တတ်တယ်ဆိုတာပါပဲ

အဲ့ဒီတော့ ကောင်မလေး မွေးနေ့အတွက်
ကောင်လေးတခုခုလုပ်ပေးမယ်လို့စဉ်းစားထားပါတယ်

ကြိုပြီးစဥ်းစားထားတယ်ဆိုပါတော့
ဒါပေမယ့် ကောင်လေးဘာလုပ်ပေးမယ်ဆိုတာကိုတော့

ကောင်မလေးကို အသိမပေးခဲ့ဘူး......

ကောင်မလေးကတော့ ကောင်လေး ဘာများလုပ်ပေးမလဲလို့
စဉ်းစားနေခဲ့မယ်လို့ထင်တာပါပဲ


ဒီလိုနဲ့ ၆ ရက်နေ့ကိုရောက်လာတာပေါ့....
၆ ရက်နေ့ ကောင်လေး ကျောင်းကပြန်လာပြီးတော့
ကောင်မလေးကို ဘာတွေများလုပ်ပေးမယ်ထင်လဲဆိုတော့
ကောင်မလေး က အရင်လုပ်ပေးနေကြတွေပဲပြောခဲ့ပါတယ်....
တခုမှမမှန်ခဲ့ဘူး...

ဒါပေမယ့်နောက်ဆုံးတော့
ကောင်လေးကပြောပြရင်းပြောပြရင်းမှန်သွားခဲ့တယ်လေ


ဘာလဲဆိုတော့
ကောင်မလေးအတွက် မွေးနေ့ ကိတ်လေး ၀ယ်လာပြီးတော့
ကောင်မလေး မွေးနေ့အတွက်
ကောင်လေး က သူငယ်ချင်းတွေခေါ်ပြီး ကိတ်မုန့်လှီးကျွေးရင်း

Happybirthday လုပ်ပေးတာပေါ့ ......

ကောင်လေးသူငယ်ချင်းတွေအများကြီးနဲ့
ဆူညံပြီးပျော်ဖို့ကောင်းနေတာတော့အမှန်ပါပဲ

အဲ့ဒီအချိန်မှာ ကောင်မလေး ရဲ့မျက်နှာလေး က ပြုံးပြီး ရှင်းရှင်းလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေခဲ့တယ်

ကောင်မလေးရဲ့ စိတ်ထဲမှာ ရင်ထဲမှာ
ဘယ်လောက်ထိကြည်နူးနေမယ်ဆိုတာကတော့

ကောင်မလေး တယောက်ပဲ အသိဆုံးဖြစ်မှာပါ .......

ကောင်လေး အတွက်ကတော့
ကောင်မလေးရဲ့ ပြုံးနေ ပျော်နေတဲ့ မျက်နှာလေးမြင်နေရတာနဲ့တင်

ကျေနပ်ခဲ့တယ် ..... ပျော်ခဲ့တယ် ...
အတိုင်းမသိဆိုပါတော့.......

ကောင်လေးလုပ်ပေးခဲ့တဲ့ ကောင်မလေးအတွက် မွေးနေ့ကိတ်လေးကတော့ .......


ဒီလိုလေး ကောင်လေးနဲ့ ကောင်မလေး တယောက်နဲ့တယောက်
အမှတ်တရကိုယ်စီလေးတွေလုပ်ပေးရင်း ချစ်ခဲ့ကြတာ
၉ လတောင်ကျော်ခဲ့ပါပြီ....
မကြာခင်မှာ ပဲ ၁ နှစ်ဆိုတဲ့ အချိန်လဲပြည့်ပါတော့မယ်....

ဒီလိုအမြဲ တယောက်နဲ့ တယောက် မေ့မရတဲ့ အမှတ်တရကိုယ်စီနဲ့ပဲ
တဘ၀လုံးလက်တွဲပြီး တူတူဖြတ်သန်းရင်း
ပျော်ရွှင်စရာတွေဆက်ဖန်တီးဖြစ်ကြဦးမှာပါ.....


ကောင်မလေးရေ......
ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတွေနဲ့အတူ ကောင်လေးရဲ့ရင်ထဲမှာ
အမြဲထာဝရတဘ၀လုံး နေပေးပါလို့....
ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတွေနဲ့ အတူ ကောင်မလေးရဲ့ရင်ထဲမှာလဲ
အမြဲထာဝရတဘ၀လုံး နေပါရစေလို့......

အရမ်းချစ်တယ် သဲရယ်......

Monday, March 1, 2010

နံရံပေါ်က ကဗျာ


တို့တွေဝေးကွာ ရင်မှာဆွေးခါမှ
အတိတ်တွေတွေး အဝေးကိုငေးလို့
ငါ့နံရံလေး မှာ ကဗျာတွေရေး
တယောက်ထဲရေး ........ ရေး ........... ရေး မိပြန်ပြီ

ဖြစ်နိုင်မယ်ဆို ......
ငါ့ရင်ခွင်ထက် တရေးလောက်မှေးစက်လှည့်ပါလား

မင်းအတွက် တန်ဖိုးမရှိပေမယ့်
ငါ့ရဲ့နှလုံးသွေးတွေရင်း ခံစားချက်တွေနဲ့ခင်းထားတဲ့
ကဗျာတွေကပြောပြလိမ့်မယ် ထင်ပါရဲ့ .........

ငါ့အချစ် ငါ့ဘ၀ ငါ့စိတ်တွေက
မင်းအနားမှာ အမြဲ ......... အမြဲရှိတယ်ဆိုတာကိုပေါ့ .........

အရမ်းချစ်တယ် သဲ ရယ်...

Saturday, February 27, 2010

အဆုံးမရှိတဲ့ချစ်ခြင်းတွေအောက် ဒို့ နှစ်ယောက်
ရင်ဆိုင်ဖြတ်သန်း ခြေလှမ်းပေါင်းမနည်းတော့ပြီ

ပျော်ရွှင်ခြင်း
ကြည်နူးခြင်း
ကျေနပ်ခြင်း
နွေးထွေးခြင်း
အေးချမ်းခြင်း တွေရှိခဲ့သလို

စိတ်ညစ်စရာ
မကျေနပ်စရာ
ပျင်းရိစရာ
ငြီးငွေ့စရာ
စိတ်ပျက်စရာ တွေလဲ ရှိခဲ့ကြဖူးတယ်

ဘယ်လိုတံတိုင်းတွေ ကာရံလို့ရိုင်းနေပါစေ
ဒို့နှစ်ယောက် ဖြိုဖျက် အတူ ကျော်ဖြတ်နိုင်ခဲ့တယ်........

ဘယ်တော့မှမယိုင် ဒို့တွေရင်ဆိုင်ရင်းက
မောပန်းလာတဲ့တနေ့ ချစ်တဲ့သူ့ ကို
ရင်ဝယ်ထွေးပွေ့ အနမ်းငွေ့လေးနဲ့
ချော့သိပ် ရင်ခွင်ထဲမှာ ပေးအိပ်ချင်တယ်.........


ဝေးရမှာကို ကြောက်လို့
စိတ်ကူးထဲမှာတောင် ထည့်မတွေး
ရင်ခုန်ခြင်းတွေပဲပေးခဲ့ဖူးတယ်......
ဒါပေမယ့်လဲ...
လမ်းခွဲဖို့အကြောင်း ခနခနပြော ...... မမောဘူးလားချစ်သူ
မချစ်ခဲ့ဖူးတဲ့အချစ်တခုနဲ့ မခုန်ဖူးတဲ့ရင်ခုန်သံတချို့ကိုရင်းပြီးချစ်ခဲ့ပြီးမှ
ပြတ်သားကြမယ့်စကားတွေထပ်ထပ် မကြားပါရစေနဲ့.........
အကြိမ်ကြိမ်ပြောခဲ့ကြတဲ့ .. အနာဂတ်တွေ....
အကြိမ်ကြိမ်စိတ်ကူးခဲ့ကြတဲ့... ပျော်ရွှင်ကြည်နူးခြင်းတွေ
အကြိမ်ကြိမ်မျှော်လင့်ခဲ့ကြတဲ့... ဆုံတွေ့ခြင်းတွေ
အားလုံးကိုဖျက်.... မေ့ပစ်ရက်လို့လား........

သတိရချိန်


ဖြတ်သန်းရတဲ့ ခရီးလမ်း
ကြမ်းတမ်းခက်ခဲ အမှောင်ထဲမှာ
သတိရလို့ တမ်းတမိတယ်........ ချစ်သူ

ခရီးတကွေ့ ပျော်စရာတွေ့လို့
ကြည်နူးရွှင်ပြုံး ပျော်မဆုံးတဲ့အခါ
သတိရလို့ တမ်းတမိတယ် ....... ချစ်သူ

ကိုယ်စိတ်နှလုံး နှုံးချိပင်ပန်း
အခန်းထဲမှာ ဖျားနာတဲ့အခါ
သတိရလို့ တမ်းတမိတယ်...... ချစ်သူ

အားသစ်အင်သစ် ကိုယ်စိတ်သစ်နဲ့
ဖျတ်လတ်တက်ကြွ အနိုင်ရတဲ့အခါ
သတိရလို့ တမ်းတမိတယ်...... ချစ်သူ

မီးတွေကိုပိတ် တိတ်ဆိတ်ငြိမ်လို့
မျက်စိကိုမှိတ် အိပ်သည့်ချိန်ခါ
သတိရလို့ တမ်းတမိတယ် ....... ချစ်သူ

နံနက်မိုးသောက် အာရုဏ်ရောက်လို့
မျက်စိကိုဖွင့် မနက်သစ်မှာ
သတိရလို့ တမ်းတမိပြန်တယ်...... ချစ်သူ


အရမ်းချစ်တယ် သဲရယ်......

Monday, February 15, 2010

ခွဲခွာနေရသော နေ့ရက်များ.......


၁၀ ရက်နေ့ ၂ လပိုင်း ၂၀၁၀ခုနှစ် .....
ကျွန်တော်ချစ်သော သူမ .... ကျွန်တော်နဲ့ ဝေးရာကို ခနထွက်သွားခဲ့တဲ့နေ့လေးပါ...

သူမ ရဲ့ အလုပ်ခွင်က ခနတာ ခွင့်လို့
သူမရဲ့ မိသားစုရှိရာ ရန်ကုန်မြို့တော်ကြီးဆီ

မိသားစုနဲ့ တွေ့ဖို့ ပြန်သွားခဲ့တဲ့နေ့လေး ဆိုပါတော့...

ဒီလိုပြန်ဖို့ အတွက် ဒီလို မိသားစုနဲ့ဆုံတွေ့ဖို့အတွက်
ကျွန်တော် ...
အားတက်သရော တိုက်တွန်းခဲ့ဖူးတယ်

အားတက်သရော ပြောဆို ခဲ့ဖူးတယ်


သူ့ကိုပျော်စေချင်တဲ့ စိတ်လေးတခုထဲနဲ့လုပ်ခဲ့တာပါ...
သူကတော့ ဘယ်လိုတွေထင်နေမလဲမသိပါဘူး...
အစပိုင်းကတော့ သူထင်နေမှာပါ

ကျွန်တော်က ခွဲရမယ်ဆိုတာ သိသိကြီးနဲ့ အတင်းပြန်ခိုင်းတယ်
ကျွန်တော်က ခွဲရမှာကို ဘာမှမဖြစ်သလိုပဲလို့....

ကောင်မလေးရေ...

တကယ်တော့ ရင်ထဲမှာ နာကျင်နေခဲ့တာပါ...
ကောင်မလေးမရှိတော့ရင် ဘယ်လိုနေရမယ်
လွမ်းတဲ့ စိတ်က ဘယ်လောက်ထိ လူကိုနှိပ်စက်မယ်ဆိုတာ သိပါတယ်

ဒါပေမယ့် ကောင်မလေးရယ်.....

နှစ်နဲ့ချီပြီး စိတ်ညစ်ခံ စိတ်ပင်ပန်းခံ စိတ်ရှုပ်ခံပြီး

အလုပ်ခွင်မှာ ပင်ပန်းသမျှတွေ ဖြေဖျောက်ပေးနိုင်တာက
မိသားစု
မိသားစုရဲ့ နွေးထွေးမှုနဲ့
မိခင်တယောက်ရဲ့ ရင်ငွေ့တွေပါ

ဒီလိုနွေးထွေးမှုတွေဟာ
စိတ်ညစ်မှုတွေပျောက်ပြီး
ပျော်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာ အသေချာဆုံးပဲလေ


ဒါကြောင့် ဒီလို ပျော်ရွှင်မှုမျိုး ကောင်မလေးကို ရစေချင်တယ်
ကောင်မလေးကို ခံစားစေချင်တယ်

အဲ့ဒီစိတ်တခုထဲနဲ့ပဲ ကောင်မလေးကို မိသားစုဆီပြန်ဖို့
ကျွန်တော်တိုက်တွန်းခဲ့ပါတယ်


ဒီလို ပြန်သွားတဲ့အခါ
ကျွန်တော်နဲ့ တွေ့ရဖို့ အခက်အခဲတွေအများကြီးရှိမယ်ဆိုတာ
ကျွန်တော်သိပါတယ်...
လုံးဝ အဆက်အသွယ်မရတဲ့အထိလဲဖြစ်နိုင်တယ်လေ...


ဒါတွေအားလုံး ကျွန်တော်သိပါတယ်..
ကြိုပြီးတော့လဲ တွေးပြီးသားပါ..


ဒါတွေသိသိကြီးနဲ့
ကျွန်တော် သူ့ကို မိသားစုရင်ခွင်ထဲရောက်အောင် အတင်းထိုးထည့်ခဲ့တာ..

ချစ်လို့ပါ ချစ်လွန်းလို့ပါ....

ဒီလိုလုပ်ခဲ့တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် နာကျင်ပါတယ်
ရင်ထဲမှာ ပြောပြလို့မရတဲ့ နာကျင်မှုတွေအများကြီးပါ
ပြောပြလို့မရနိုင်တဲ့ လွမ်းတဲ့စိတ်တွေအများကြီးပါ

ပြောပြလို့မရနိုင်တဲ့ စိတ်မချခြင်း စိတ်ပူခြင်း
အတွေးဆိုးပေါင်းများစွာက
သူ မရှိတဲ့ အချိန်တိုင်းမှာ နှိပ်စက်ခဲ့ပါတယ်....

ဒီလိုနဲ့ပဲ ၁၀ ရက်နေ့ဆိုတဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့သူ...
ကျွန်တော့်နားကခနတာ ထွက်ခွာသွားလိုက်ပြီလေ.....

ဒီလို ကျွန်တော်ချစ်တဲ့သူနဲ့ ခွဲလိုက်ရတဲ့ အချိန်ကစလို့
ကျွန်တော့် အတွက် သူ မရှိလို့မဖြစ်ဘူးဆိုတာ
တနေ့ထက်တနေ့
ပိုသေချာလာတယ်
စက္ကန့်နဲ့အမျှပိုပိုသေချာလာခဲ့ပါတယ်....


သူမရှိတော့တဲ့အချိန်ကစလို့
ကျွန်တော့် စိတ်တွေအားလုံးပုံမှန်မဖြစ်နိုင်ခဲ့တာ
ကျွန်တော် အသိဆုံးပါ...

ဟိုး အရင် သူရှိတဲ့အချိန်တွေတုန်းကဆိုရင်
ကျွန်တော်ဘာလုပ်လုပ်
သူရှိနေတယ်တဲ့အတွေးလေးရှိနေတယ်...
ကျွန်တော် ဘယ်လောက်စိတ်ညစ်ညစ် သူရှိနေတယ်ဆိုတဲ့စိတ်ကူးလေးနဲ့
ပျော်အောင်နေတတ်တယ်....
ကျွန်တော့်အတွက် သူက ကျွန်တော့်ဘေးမှာ အမြဲတမ်းရှိနေခဲ့ဖူးတယ်လေ...


အချိန်ပြည့်နီးပါး ကျွန်တော်သူနဲ့တွေ့နေခဲ့ရတယ်လေ

အချိန်ပြည့်နီးပါး သူ့ အသံတွေကျွန်တော်ကြားနေခဲ့ရတယ်လေ

အချိန်ပြည့်နီးပါး သူ့အပြုံးတွေကိုခံစားခွင့်ရှိခဲ့တယ်လေ

အချိန်ပြည့်နီးပါး လွမ်းတဲ့စိတ်တွေကို သတ် ပစ်နိုင်ခဲ့တယ်လေ....


ကျွန်တော့် ဘေးမှာသူရှိခဲ့တဲ့ အချိန်တွေတုန်းကပါ...

အခုသူမရှိတော့တဲ့အချိန်တွေမှာတော့
ကျွန်တော် ဘာလုပ်လုပ် လုပ်ရတာ စိတ်မဖြောင့်ပါဘူး ..
အလုပ်တခုလုပ်လို့ ဒါလုပ်လို့ပြီးသွားရင်ရော
သူနဲ့မတွေ့ရဘူးဆိုတဲ့ စိတ်ကြီးဝင်လာပြီး

ဘာဆိုဘာမှဆက်မလုပ်ချင်တော့ဘူး...


စိတ်ညစ်စရာကြုံလာတဲ့အချိန်မှာဆိုရင် ပိုဆိုးပါတယ်

စိတ်ညစ်လို့ ကျွန်တော့်ကိုအားပေးမယ့်
သူ့ရဲ့ အားပေးတဲ့အသံတွေမကြားရတော့ဘူးဆိုပြီး

စိတ်ညစ်တယ်ဆိုတာထက်ပိုဆိုးတဲ့ ခံစားချက်ကြီးကိုခံစားနေခဲ့ရတယ်..


အချိန်တိုင်းလိုလို သူမရှိဘူးသူနဲ့မတွေ့ရဘူး သူ့အသံလေးမကြားရဘူး

သူပြုံးတာလေးမမြင်ရဘူး သူနဲ့ပတ်သက်တာအားလုံး အားလုံး

ကျွန်တော့်မှာ ဘာဆိုဘာမှမရနိုင်တော့ဘူးဆိုတဲ့ အသိကြီးတခုက

လူကို သေအောင်သတ်သွားတာထက်ဆိုးတဲ့ နာကျင်မှု ကြီးတခုပါပဲ

အရမ်းကိုနေရခက်လွန်းပါတယ်...


သူမသွားခင်က ကျွန်တော်သူ့ကို မှာစရာတွေအများကြီးမှာခဲ့တယ်
ကျွန်တော့်ရဲ့စိတ်မချတာတွေစိတ်ပူတတ်တာတေ
ွသူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တာကအစ
အားလုံးအားလုံးကို
တခုချင်းစီကျွန်တော် အသေးစိတ်မှာခဲ့တယ်

အတန်တန် အထပ်ထပ်လဲ မှာခဲ့ပါတယ်..


အဲ့ဒီလိုမှာတဲ့အထဲကတခုဖြစ်တဲ့.......

သတိရတဲ့အချိန်တွေကိုရေးထားဖို့ ပြောဖူးခဲ့တာကျွန်တော်ပါအချိန်ပြည့်သတိရနေလို့ မရေးတော့ဘူးလို့ပြောခဲ့တာ သူ...

ကျွန်တော်ကိုယ်တိုင်ကလဲ အချိန်ပြည့်သတိရနေလွမ်းနေမိပါတယ်
ဒီနေ့ ကျွန်တော့် ရဲ့ ပုံမှန်အချိန်တွေလိုဖြစ်နေတဲ့
ကျွန်တော့်ရဲ့ အကျင့်တခုလိုဖြစ်နေတဲ့ စိတ်တွေက
ပုံမှန်အချိန်မှာပဲ အိပ်ယာနိုးလာပြီးတော့ ပြန်အိပ်လို့မရခဲ့ဘူး
သတိရတဲ့စိတ်တွေနဲ့ အတူ
အပြစ်ကင်းတဲ့ သူ့မျက်နှာလေးကိုမြင်ယောင်ရင်း
အိပ်ယာထက်မှာ နာရီတော်တော်များများ
သူ့အကြောင်းတွေစဉ်းစားနေမိပြန်ပါတယ်
သူမကြိုက်တာတွေမလုပ်ဖို့ အတန်တန်မှာတတ်တဲ့
သူ့အတွက် သူမကြိုက်တာတွေမလုပ်ဖြစ်ဖို့
ကျွန်တော် ကိုယ့်ကိုထိန်းထိန်းသိမ်းသိမ်းနဲ့နေစရာမလိုပါဘူး
ကျွန်တော်ချစ်ရတဲ့သူ့ ကို ကျွန်တော်သတိရတိုင်း
သူမကြိုက်တာတွေမလုပ်ဖို့က အလိုလို တားဆီးပြီးသားဖြစ်နေတတ်တယ်လေ
အချိန်ပြည့်နီးပါးသတိရနေတတ်တဲ့ ကျွန်တော့်စိတ်ကြောင့်
အချိန်ပြည့်ပါပဲ သူမကြိုက်တာတွေလုံးဝမလုပ်ဖြစ်ခဲ့ပါဘူး
ကျေးဇူးတင်ပါတယ်ချစ်သူ...
အရာတိုင်းအတွက်ပါ..
သူနဲ့ပတ်သက်လို့ ကျွန်တော့်အတွက်
အရာတော်တော်များများကို ပြင်ဆင်နိုင်ခဲ့ပါတယ်
ကျွန်တော်ပြင်ဖို့စိတ်ကူးမရှိပဲ
ပေတေနေခဲ့တာတွေ သူနဲ့ပတ်သက်ပြီးပြင်နိုင်ခဲ့ပါတယ်
ချစ်တဲ့စိတ်တခုထဲနဲ့ပြင်ခဲ့တာပါ

၁၁ ရက်နေ့
ကျွန်တော်ချစ်တဲ့ သူ့ ဆီ ဖုန်းဆက်ဖြစ်ပါတယ်
ကျွန်တော်အရမ်းကြားချင်နေတဲ့ ချစ်ရသူရဲ့အသံလေးတွေကြားခွင့်ပေးတဲ့ ကံကြမ္မာကိုကျေးဇူးတင်ပါတယ်
ကျွန်တော့်ကို သတိရလွမ်းနေတဲ့ ချစ်သူကိုလဲကျေးဇူးတင်ပါတယ်
နှစ်ကိုယ့်တစိတ်လို ကျွန်တော်နဲ့ ထပ်တူ လွမ်းနေတဲ့
သူ့ ကို ကျွန်တော် အရမ်းချစ်တယ်..
ဒီနေ့ ဖုန်းပြောဖြစ်တော့ စစ ကြားရတဲ့ ချစ်သူရဲ့ အသံက အရမ်းကို တက်ကြွလန်းဆန်းနေခဲ့တယ်
ကျွန်တော်ချစ်တဲ့သူ့ရဲ့ တက်ကြွလန်းဆန်းပြီးရွှင်မြူးနေတဲ
အသံလေးတွေကြားရတော့ ကျွန်တော်ပျော်တယ်
ကျွန်တော်ကြည်နူးတယ် ကျွန်တော် ကျေနပ်မိတယ်
သူ့ရဲ့ မိသားစုနဲ့ တွေ့ဖို့ ကျွန်တော့်ဖက်ကလဲ အတင်းတိုက်တွန်းခဲ့ဖူးတယ်လေ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ သူ ဒီလောက်ထိ
ရွှင်ရွှင်လန်းလန်း ပျော်ပျော်ရွှင်ရွှင်
တက်ကြွတဲ့ အသံနဲ့စကားပြောတာအရမ်းရှားတယ်မဟုတ်လား
အခုကျွန်တော့်ရဲ့ချစ်သူလေး အရမ်းကိုပျော်နေလောက်ပါပြီ...
အချိန်တွေအကြာကြီးခွဲနေရတဲ့ မိသားစုနဲ့ပြန်တွေ့ရတဲ့ ခံစားချက်လေးက လူကိုဘယ်လောက်ထိပျော်အောင်
လူကိုဘယ်လောက်ထိစိတ်ရွှင်လန်းအောင်လုပ်ပေးနိုင်တယ်ဆိုတာ
ကျွန်တော်သိတယ်လေ
စိတ်ညစ်ရတဲ့ အချိန်တွေအားလုံးဟာ
မိသားစုနဲ့တွေ့လိုက်ရတဲ့ တခဏတာလေးမှာ ပျောက်သွားတတ်တယ်
အခု ကျွန်တော်ချစ်ရတဲ့ သူလဲ ဒီလိုပဲ
စိတ်ညစ်စရာတွေပျောက်နေလောက်ပါပြီ
ဒီလိုလေးပဲ အမြဲပျော်ရွှင်နေပါစေ ချစ်ရသူရေ....
သူ့ရဲ့ ပျော်နေတဲ့ အသံ တက်ကြွနေတဲ့ ပုံစံ လွတ်လပ်နေတဲ့ ဟန်လေးတွေ မျက်စိထဲမြင်ယောင်ရင်း
ကျွန်တော်ကျေနပ်ပါတယ်
ကျွန်တော် ကြည်နူးပါတယ်
ကျွန်တော် လွမ်းရတာ သတိရနေတာတွေ
ကျွန်တော် စိတ်ညစ်ရတာတွေ တန်ပါတယ်..
သူ့ ကို လွမ်းနေ သတိရနေလို့ ကျွန်တော် စိတ်ညစ်ရတာနဲ့
သူ့ရဲ့ ပျော်ရွှင်မှုလေးတွေနဲ့ ကျွန်တော်လဲရဲပါတယ်
သူ့ရဲ့ ဒီလို အသံလေးတွေကြားရတော့ မပြုံးနိုင်ဖြစ်နေတဲ့
ကျွန်တော့် နှုတ်ခမ်းတွေတောင် ပြန်ပြုံးလာနိုင်ခဲ့တယ်
ကျွန်တော့်ရဲ့ နှုတ်ခမ်းတခုကို ပြုံးလာအောင်လုပ်နိုင်တဲ့
ကျွန်တော့် ရဲ့ တယောက်ထဲသော ချစ်ရတဲ့သူလေးပါ...
အခု ကျွန်တော့်ကို နှိပ်စက်နေတဲ့ အလွမ်းဒဏ်ကို
သူ့ရဲ့ ပျော်ရွှင်နေတဲ့ အသံလေးတခုထဲနဲ့
ကျွန်တော် ကျေကျေနပ်နပ်ကြီးဆက်ခံစားလိုက်ပါဦးမယ်
ရူးချင်ရူးသွားပါစေ သူပျော်နေမယ်ဆို
ကျွန်တော် သေလောက်အောင်လဲလွမ်းရဲပါတယ်.......
အရမ်းချစ်တယ်ချစ်သူရယ်.... သူ ပျော်နေတဲ့ အချိန်လေးတွေထဲက
ကျွန်တော့်ကိုလွမ်းလို့ စိတ်ညစ်ရတာမျိုးမဖြစ်ပါစေနဲ့.......
ကျွန်တော့်ကို သတိရလဲ သတိရတဲ့စိတ်နဲ့ သူပျော်အောင်နေတတ်ပါစေ.......
ပျော်နေပါစေ
ပျော်နေပါစေ ........ ချစ်သူရေ

၁၂ ရက်နေ့ တနေ့လုံး ကျွန်တော် သူ့ဆီဖုန်းမဆက်ဖြစ်လိုက်ပါဘူး
တနေ့လုံးလဲ ကျွန်တော်သူနဲ့မတွေ့ခဲ့ရပါဘူး....
အဲ့ဒီနေ့ သူ ကျွန်တော်နဲ့တွေ့ဖို့လာခဲ့မယ်လို့ ပြောခဲ့တယ်
ဒါပေမယ့် တနေ့လုံး လုံးဝ ရောက်မလာခဲ့တဲ့အတွက်
သူနဲ့မတွေ့လိုက်ရပါဘူး....
ဖုန်းဆက်ဖို့အတွက်လဲ ကျွန်တော့်ဖက်က အဆင်မပြေတဲ့အတွက်
ကျွန်တော်ဖုန်းမဆက်လိုက်ရဘူး...
အဲ့လိုအကြောင်းတွေကြောင့်ပဲ ကျွန်တော်တို့နှစ်ယောက်
တနေ့လုံး မတွေ့ဖြစ်ခဲ့ကြဘူး...
လွမ်းတဲ့စိတ်နဲ့ သတိရတဲ့စိတ်ကတော့ မတွေ့ဖြစ်တာကြောင့်
ကျွန်တော့်ကို ပိုပြီးဆိုးဆိုးဝါးဝါး ထိုးနှက်တိုက်ခိုက်ကြပါတယ်
တနေ့လုံး နေလို့မရလောက်အောင်ကို သတိရနေပြီး
သူနဲ့တွေ့ချင်တဲ့စိတ်က အရမ်းကိုပြင်းထန်နေခဲ့တယ်
ဒီလိုနဲ့ နေရခက်တဲ့ စိတ်တွေနဲ့ နာကျင်စွာပဲ
အဲ့ဒီ တနေ့လုံးကို ဖြတ်သန်းခဲ့ရပါတယ်...

၁၃ ရက်နေ့ ......
ကံကောင်းစွာ သူနဲ့ဖုန်းပြောလို့ရခဲ့တယ်...
၁၂ ရက်နေ့က သူမလာနိုင်ခဲ့တဲ့အကြောင်းတွေရှင်းပြတယ်
ကျွန်တော်ကိုယ်တိုင်ကလဲ ဖုန်းမဆက်ဖြစ်ခဲ့တဲ့အကြောင်းတွေရှင်းပြတယ်
ဒီလိုနဲ့ပဲကျွန်တော်နဲ့သူနဲ့ စကားတွေပြောခဲ့ကြတာပေါ့
အရမ်းပျော်ရပါတယ် အရမ်းလဲကြည်နူးရပါတယ်
စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲကိုကြည်နူးမိတာပါ
သူ့အသံလေးကြားလိုက်ရတာဟာဘာနဲ့မှမလဲနိုင်တဲ့
ပျော်ရွှင်မှုလေးတခုပါ...
အရမ်းကို အပြစ်ကင်းစင်ပြီးဖြူစင်လွန်းတဲ့ ကလေးလေးတယောက်ရဲ့
တက်ကြွနေတဲ့အသံလေးလိုပါပဲ......
သူ့ဆီကလဲ ကျွန်တော်ကြားချင်နေတဲ့
စကားတွေအထပ်ထပ် ကြားခွင့်ရခဲ့တယ်
ကျွန်တော်ပြောချင်နေတဲ့စကားတွေကို အထပ်ထပ် ပြောတာလဲ
သူ နားထောင်ပေးခဲ့တယ်.....
ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်......
ပြောပြလို့မရနိုင်တဲ့ အချစ်တွေတပွေ့တပိုက်ကြီးနဲ့ ချစ်ခဲ့တာပါ......
တသက်လုံး တဘ၀လုံး အတွက်ကိုချစ်ခဲ့တာပါ.....

၁၄ ရက်နေ့ .....
မေ့လို့မရနိုင်တဲ့နေ့လေးတနေ့ဆိုပါတော့.....
အားလုံးသော ချစ်သူများအတွက် မမေ့နိုင်စရာ
အမှတ်တရနေ့လေးတနေ့အဖြစ်သတ်မှတ်ပေးထားတဲ့ ချစ်သူများနေ့ပါ..
ကျွန်တော့်အတွက်လဲ ဘယ်လိုမှမမေ့နိုင်တဲ့ နေ့လေးတနေ့ဖြစ်ခဲ့တယ်..
တကယ်ကို ပျော်စရာတွေအပြည့်နဲ့ ကြည်နူးခြင်းတွေကိုကံကြမ္မာက
ကျွန်တော့်အတွက်ယူလာပေးခဲ့တယ်လေ....
ကျွန်တော်ချစ်တဲ့သူ ကျွန်တော်နဲ့တွေ့ဖို့အတွက် အဲ့ဒီနေ့မှာ
ရောက်လာခဲ့ပါတယ်.....
ကျွန်တော်နဲ့ခွဲနေရတဲ့အချိန် ၄ ရက်အတွင်းမှာ သူ့ရဲ့မျက်နှာလေးကို
ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့လေးတနေ့ ပါပဲ..
တခြားသော ချစ်သူတွေတော့ ဘယ်လိုအမှတ်တရတွေ
ပျော်စရာတွေဖြစ်ခဲ့ကြတယ်ကျွန်တော်မသိပါဘူး..
ကျွန်တော့်အတွက်တော့ တကယ့်ကို မေ့မရတဲ့
အမှတ်တရနေ့လေးဖြစ်ခဲ့ပါတယ်
သူ့ရဲ့ ရွှင်လန်းနေတဲ့ မျက်နှာလေးနဲ့ ပျော်နေတဲ့မျက်နှာလေး
ပြုံးနေတဲ့ သူ့ နှုတ်ခမ်းလေး
တက်ကြွနေတဲ့ သူ့ဟန်တွေ
ကျွန်တော်မြင်တွေ့ခွင့်ရခဲ့တယ်....
ကျွန်တော့်အတွက်တော့ သူ မထင်မှတ် မသိလိုက်ပေမယ့်
အမှတ်တရတွေအများကြီးကို သူကိုယ်တိုင် လုပ်ပေးနေခဲ့ပါတယ်..
သူနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်
သူရဲ့ အပြုံးတွေကိုအကြာကြီးမြင်တွေ့ခွင့်ရခဲ့တယ်.....
ကျေးဇူးတင်ပါတယ်ချစ်သူရယ်.....
လွမ်းနေတဲ့ စိတ် သတိရတဲ့စိတ်တွေရဲ့ ထိုးနှက်မှုအောက်မှာ
နေနေရတဲ့ အချိန်တွေကို ပြန်ပြီး နှစ်သိမ့် ဖြေဆေးပေးခဲ့တဲ့
ချစ်သူကို အရမ်းကျေးဇူးတင်ပါတယ်......
အရမ်းလဲချစ်ပါတယ်........
ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ ချစ်သူလေးပါပဲ.....

ချစ်သူများနေ့အတွက် ကျွန်တော်ရေးထားတဲ့ ကဗျာလေးတပုဒ်ပါ...
သူမရှိတော့တဲ့ အသိ ရင်ထဲမချိစွာနဲ့ပဲ
တယောက်ထဲတွေး တယောက်ထဲငေးရင်း
ချစ်သူများနေ့ အတူတွေ့လို့
အတူတူတွေး အတူရေးဖြစ်ကြမယ့်
ကဗျာတပုဒ် …..
အခုတော့ တယောက်ထဲထုတ်
ငါ့ရင်တခုလုံးတော့ စုတ်ပြတ်နေပြီ……..


အခုဆိုရင် ကျွန်တော်ချစ်တဲ့ သူ ကျွန်တော်နဲ့ခွဲသွားတာ ၅ ရက်တိတိရှိပါပြီ...
၅ ရက်ဆိုတဲ့ အချိန်ဟာ အခုတော့ အရမ်းကိုကြာလွန်းနေသလိုပါပဲ...
၅ ရက်ဆိုတဲ့ အချိန်အတွင်းမှာရှိတဲ့ စက္ကန့်ပေါင်းများစွာတိုင်း
စက္ကန့်တချက်ခြင်းနဲ့အညီ လွမ်းတဲ့ စိတ်ရဲ့ ထိုးနှက်ချက်တွေကို အလူးအလဲခံရတာလဲ
မသက်သာလှပါဘူး.....

ကျွန်တော်လွမ်းနေသတိရနေသလို သူလဲပဲလွမ်းနေသတိရနေမလား
ဒါမှမဟုတ် မေ့ပဲနေပြီလား ...
သတိရနေသည်ဖြစ်စေ မေ့နေသည်ဖြစ်စေ ကျွန်တော်ကျေနပ်ပါတယ်
ဒီလိုဖြစ်အောင် ဖန်တီးခဲ့တဲ့အထဲမှာ ကျွန်တော် ကိုယ်တိုင်ကလဲ ပါခဲ့တယ်မဟုတ်လား

ဒါကြောင့် ဒီလိုအချိန်တွေမှာ သူ့မိသားစုရင်ငွေ့တွေကြားမှာနေရင်းပျော်နေလို့
ကျွန်တော့်ကိုမေ့နေတယ်ဆိုရင်လဲ ကျွန်တော်ကျေနပ်ပါတယ်
သူ့ရဲ့ကောင်းမွန်တဲ့ပျော်ရွှင်မှုတခုကြောင့် ကျွန်တော့်ကိုမေ့နေတာ
ကျွန်တော်ကျေနပ်ပါတယ်...

ဒီလိုမှမဟုတ်ပဲ တခြားသောအကြောင်း.....
ကျွန်တော် မတွေးရဲပါဘူး တခြားသော အကြောင်းဆိုတဲ့စိတ်ကြီးမ၀င်လာအောင်
ကျွန်တော့်ကို ကျွန်တော် အတန်တန်အထပ်ထပ် သတိပေးပြီးနေခဲ့တယ်
သူကျွန်တော့်ကိုတကယ်ချစ်တာပါဆိုတဲ့စိတ်တခုထဲနဲ့ တခြားသောအကြောင်းကြောင့်
ကျွန်တော့်ကိုမေ့နေပြီလားဆိုတဲ့စိတ်ကို အတတ်နိုင်ဆုံးကျွန်တော်ဖျောက်ထားတယ်...
တကယ်လဲ တခြားသောအကြောင်းတခုခုကြောင့်ကျွန်တော့်ကိုမေ့နေတာမျိုးမဖြစ်ပါစေနဲ့

ချစ်သူရေ......
ဒီလိုဝေးနေရတဲ့အချိန်တွေ မတွေ့ရတဲ့အချိန်တွေမှာ
ချစ်သူက ဘယ်လောက်အထိ လိုအပ်တယ်ဆိုတာ သိလာပါပြီ...
ချစ်သူမရှိပဲ နေ့စဉ်ရက်ဆက် နေရတာဟာ တကယ်ကို အထီးကျန်ဆန်လွန်းပါတယ်
ချစ်သူနဲ့မတွေ့ရတဲ့နေ့တိုင်းဟာ ဘာဆိုဘာမှ မရှိတော့တဲ့ ဘ၀ ဆိုတာတောင်မရှိတော့တဲ့
လူတယောက်လိုပါပဲ...
လွမ်းတဲ့စိတ် သတိရတဲ့စိတ်နဲ့ တွေ့ချင်တဲ့စိတ်တွေကပဲ
အချိန်ပြည့် နေရာယူထားတာ ....

ချစ်လွန်းလို့ပါ.....
ချစ်လွန်းလို့ပါ......
ချစ်လွန်းလို့ ဆိုတာ ယုံပေးပါချစ်သူရယ်။


အရမ်းချစ်တယ် သဲ ရယ်.......




၉-၂-၂၀၁၀ ၇ လပြည့်အမှတ်တရ......



အရမ်းကို စိတ်ကောက်တတ်တဲ့ ကောင်မလေး နဲ့ချစ်သူတွေဖြစ်ခဲ့ကြတာ

အခုဆိုရင် ၇ လတိတိပြည့်သွားပါပြီ……

ဒီလို ၇ လကနေ နှစ်ပေါင်း ၇၀၀ မကလဲ ချစ်နေချင်တယ်
အတူတူ ရှိနေချင်တာ ကောင်လေး ရဲ့ စိတ်ထဲက တကယ့် မျှော်လင့်ချက်လေးတခုပါ

ဒါပေမယ့် အချိန်တိုင်းလိုလို ကောင်မလေးဖက်က
လမ်းခွဲစကားကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်


၇ ရက်နေ့ ၂ လပိုင်း ၂၀၁၀ ခုနှစ် တနင်္ဂနွေနေ့ကတော့
ကောင်မလေး နဲ့ ကောင်လေး တို့ စကားများ ရန်ဖြစ်ခဲ့ကြတယ်
တခါစကားများ ရန်ဖြစ်တိုင်း တခါ အကြီးအကျယ်ဖြစ်ခဲ့ကြမို့
ဒီတခါလဲ အရင်ကနဲ့မတူတဲ့ အကြီးအကျယ်စကားများ ရန်ဖြစ်ခြင်းမျိုးနဲ့
ရန်ဖြစ်စကားများခဲ့ကြတာပါပဲ….

ပြသာနာကိုမရှာပါပဲ ပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးထားတဲ့
ကောင်မလေးနဲ့ ကောင်လေးဆီကို

အမြဲတမ်းလိုလို ပြသာနာတွေဝင်ဝင်လာတတ်တာ

ဘာကြောင့်လဲ….
ကောင်မလေး ရော ကောင်လေး ရော အဖြေမရှာတတ်တော့ပါဘူး


အကြိမ်ပေါင်းများစွာ အဖြေတွေရှာလို့
အကြိမ်ပေါင်းများစွာ ငြိနှိုင်း ခဲ့ကြပြီးပါပြီ


ဒါပေမယ့် တိကျတဲ့ အဖြေတခု မရကြခဲ့ပါဘူး…..
ကောင်မလေးဖက်ကပဲ တဖက်သတ်ပြသာနာရှာတာလား
ကောင်လေးဖက်ကပဲ ကောင်မလေးနဲ့ပတ်သက်ရင် သည်းမခံနိုင်တာလား
ဘယ်လိုဝေခွဲလို့လဲ မရခဲ့ပါဘူး….

အခုဖြစ်ခဲ့ကြတဲ့ ပြသာနာဆိုတာကတော့ အဲ့ဒီလို ဝေခွဲလို့မရ ရှာမရတဲ့ အဖြေတွေ
ကြားထဲကပဲ ဖြစ်ခဲ့ကြတဲ့ ပြသာနာ တခုပါပဲ….

မနက်ကထဲကစကားများ ရန်တွေဖြစ်ခဲ့ကြတာ…
ညရောက်မှပြန်ပြီး ပြေပြေလည်လည်ဖြစ်သွားခဲ့ကြတယ်…

တနေ့လုံး …..
တနေ့လုံး … စကားများ ရန်ဖြစ်ခဲ့ကြတာပါ…

တနေ့လုံးလဲ ကောင်မလေးရော ကောင်လေးရော စိတ်ပင်ပန်းခဲ့ကြတယ်…

ကောင်လေးဖက်က ဒီတခါကောင်မလေးကို
လွန်လွန်ကျွံကျွံပြောဆို အော်ဟစ်မိခဲ့တယ်

တော်တော်ကို လွန်သွားပါတယ်…
တခါမှ ကောင်မလေးအပေါ်မှာ ဒီလောက်ထိမပေါက်ကွဲခဲ့ဖူးပါဘူး..

ကောင်မလေးကလဲ ကောင်လေး
ဒီလောက်ထိပေါက်ကွဲမယ်လို့မမျှော်လင့်ခဲ့ဖူးဘူးတဲ့

ကောင်လေး ကိုယ်တိုင်လဲ
ဒီလောက်ထိ ပေါက်ကွဲ အော်ဟစ်မိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါဘူး


တခါမှလဲ ဒီလို ဒေါသမဖြစ်ခဲ့ဖူးပါဘူး
ဒီလို ဒေါသတွေဖြစ်လာလိမ့်မယ်လို့လဲ လုံးဝမထင်မိပါဘူး


ဒါပေမယ့် ဖြစ်သွားခဲ့ပြီးပါပြီ…
ကောင်မလေးရဲ့စိတ်ထဲမှာ ဒဏ်ရာများဖြစ်သွားပြီလား ……
ကောင်လေး အရမ်းကြောက်ပါတယ်

ကောင်လေး ပေးခဲ့တဲ့ ဒဏ်ရာတွေမနည်းတော့ဘူးလေ…

ကောင်မလေး ရဲ့စိတ်ထဲမှာ
အခုဆိုရင် ကောင်လေးကမချစ်တော့ဘူးလို့ ထင်နေပြီလား


ကောင်မလေးနဲ့ ပတ်သက်လာရင်
အရင်လို သည်းမခံနိုင်တော့ဘူး
အရင်ကလောက်မချစ်တော့ဘူးလို့ ထင်နေပြီလား မသိပါဘူး


ကောင်မလေး ကိုယ်တိုင် မျက်ရည်တွေကျပြီးပြောခဲ့ပါတယ်
အရင်က ကို့ ကိုပဲလိုချင်တယ် အရင်က ကို့ ကိုပဲချစ်တယ်တဲ့

တကယ်တော့ ကောင်မလေးရယ်
အခု ကောင်မလေးရဲ့ ရှေ့မှာ ရှိနေတဲ့ ကောင်လေးဆိုတာ

အရင်က လူ

အရင်ကစိတ်နဲ့
အရင်ကလိုပဲ ချစ်နေတဲ့ ကောင်လေးပါ


အခုလို အော်ခဲ့မိတာတွေက မချစ်လို့ လုံးဝမဟုတ်ရပါဘူး
အရမ်းချစ်လွန်းလို့ ဖြစ်သွားတာပါလို့ပဲ ပြောပါရစေ ကောင်မလေးရေ….

မချစ်တော့လို့ အရင်ကလိုမချစ်နိုင်တော့လို့
ဒီလိုတွေဖြစ်တာလို့ ထင်နေတဲ့
ကောင်မလေးအတွက်
အရင်ကလိုပဲ ချစ်နေတုန်းပါဆိုတာ သိအောင် ကောင်လေး ဘယ်လို သက်သေပြရမလဲ

လူတယောက်ရဲ့စိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ပြနိုင်တဲ့ နည်းလေးရှိရင်
ကောင်လေးရဲ့စိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ကောင်မလေးကို ပြလိုက်ချင်ပါတယ်…

လူတယောက်ရဲ့ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ပြနိုင်တဲ့ နည်းလေးရှိရင်
ကောင်လေးရဲ့ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ကောင်မလေး ကို ပြလိုက်ချင်ပါတယ်…

ကောင်လေးရဲ့ စိတ်ထဲမှာ ကောင်မလေး ကိုအရင်လို ချစ်တုန်းပါပဲ….
အရင်လိုမြတ်နိုး တန်ဖိုးထားတုန်းပါပဲ
အရင်ကလိုပဲ ကောင်မလေးကို စွန့်လွှတ်ဖို့ ကြောက်နေတုန်းပါပဲ….


ကောင်လေးရဲ့ ရင်ထဲမှာတော့ ကောင်မလေးတယောက်က
အမြဲတမ်းရှိနေခဲ့တယ်

အမြဲတမ်းရှိနေုတုန်းပဲ
အမြဲတမ်းလဲရှိနေဦးမှာပါ…


ဒါတွေကောင်မလေး မသိတာတော့မဟုတ်ပါဘူး…
သံသယစိတ်နှိပ်စက်တာကြောင့် ကောင်လေး က မချစ်တော့ဘူးလို့ ထင်နေခဲ့တာပါ…

သေချာပါတယ် ကောင်မလေးရေ…….

ကောင်လေးရဲ့ စိတ်ထဲ
ကောင်လေးရဲ့ ရင်ထဲ
ကောင်လေးရဲ့ အတွေးထဲ
ကောင်လေးရဲ့ ဘ၀ထဲ
ကောင်လေးရဲ့ အတိတ်တွေ
ကောင်လေးရဲ့ အနာဂတ်တွေ အားလုံး အားလုံးထဲမှာ ကောင်မလေးရှိနေပါတယ်….

သံသယစိတ်တွေနဲ့ မယုံကြည်တဲ့ စိတ်တွေဖျောက်ပေးပါလား ကောင်မလေးရယ်…

လူဆိုတာ အမြဲတမ်း မမှန်နိုင်ဘူးလေ အမှားဆိုတာရှိတတ်ကြတာပဲမဟုတ်လား
ကောင်လေးကလဲ လူတယောက်ပဲမို့ အမှားဆိုတာတွေရှိနိုင်တယ်..
အမှားတွေကိုတော့ ဘယ်သူကမှ မလုပ်ချင်ကြပါဘူး..
အမှားကြောင့်ရလာတဲ့ ရလဒ်ဆိုတာ မကောင်းနိုင်ဘူးလေ ..

ဒါကြောင့် ကောင်မလေး နဲ့ ပတ်သက်လာရင်
ကောင်လေး အတတ်နိုင်ဆုံးမမှားအောင်
နေနေပါပြီ

ဒါပေမယ့် တခါတလေ မှားခဲ့ရင်တော့ နားလည်ပေးပါ ကောင်မလေးရေ…..

တနင်္ဂနွေနေ့ ကဖြစ်သွားခဲ့တဲ့ ပြသာနာတခုကြောင့်
ကောင်မလေးရဲ့ စိတ်ထဲမှာ နာကျည်းသွားမှာ စိတ်မကောင်းဖြစ်သွားမှာ
တခုခုပေါ့ မကောင်းတဲ့ စိတ်တခုခုဖြစ်သွားမှာ အရမ်းကြောက်တယ်
လုပ်ခဲ့မိတဲ့ အမှားတွေအတွက် တကယ်နောင်တရပါတယ်
မရည်ရွယ်ခဲ့ပါဘူး တကယ်ကိုမရည်ရွယ်ပါဘူး….

နောက်…….. နောက်တခါဆိုတာမဖြစ်ရအောင် ကောင်လေး ထိန်းမှာပါ
နောက်တခါ ဆိုတာလဲ မဖြစ်စေရပါဘူး ..

ကောင်မလေးရေ……..
ဖြစ်နိုင်ရင် အတိတ်ကဖြစ်ခဲ့တဲ့ အဆိုးတွေကိုပြန်မတွေးပါနဲ့.....
ပျော်စရာကောင်းခဲ့တဲ့ အတိတ်နဲ့ ပျော်စရာကောင်းမယ့် အနာဂတ်ကိုပဲတွေးလို့
ပျော်အောင်နေပေးပါလား ……

အတိတ်ကဖြစ်ခဲ့တဲ့ ပြသာနာရဲ့ အဆိုးတွေကို တွေးတွေးပြီး စိတ်ညစ်နေမယ့်
ကောင်မလေး မျိုးမဖြစ်စေချင်ဘူး…

အတိတ်ကဖြစ်ခဲ့တဲ့ ပြသာနာရဲ့ အဆိုးတွေကို တွေးတွေးပြီး စိတ်ထဲမှာ ဒဏ်ရာအသစ်အသစ်တွေ ထပ်ဖြစ်နေမှာကိုလဲ မလိုချင်ဘူး…

ဒဏ်ရာသစ်တွေကိုရင်ထဲမှာသိမ်းထားလို့
နောက်အတူလက်တွဲသွားရမယ့်အချိန်တွေကို ကြောက်နေတာမျိုးမဖြစ်စေချင်ဘူးကောင်မလေးရယ်….

ဖြစ်နိုင်ရင် ဒဏ်ရာတွေ နာကျည်းစရာတွေကို မေ့နိုင်အောင်မေ့ပြီး…
ပျော်စရာကောင်းမယ့် အချိန်လေးတွေကိုပဲ စဉ်းစား
ပျော်စရာကောင်းခဲ့တဲ့ အချိန်လေးတွေကိုပဲ ပြန်တွေး
ပျော်စရာကောင်းနေတဲ့ အချိန်လေးတွေနဲ့ပဲ ပျော်အောင်နေပေးပါလို့……….

၇ လမှသည် နှစ်ပေါင်း ၇၀၀ မက အတူလက်တွဲပါရစေ………

အရမ်းချစ်တယ် သဲ ရယ်……

Sunday, January 24, 2010

တန်ဖိုးမရှိတဲ့ဘဝ


ကောင်မလေး နဲ့ ကောင်လေး
အမြဲတမ်းလိုလို ပြသာနာတွေတက်ခဲ့ဖူးပါတယ်


တခါတလေ ပြသာနာအရမ်းကြီးတဲ့အခါမှာ
ကောင်မလေးက ကောင်လေးကို
အမြဲတမ်း အဆက်အသွယ်ဖြတ်ဖို့နဲ့
လမ်းခွဲဖို့ စကားပြောခဲ့ပါတယ်

ချစ်သူတယောက်ရဲ့ လမ်းခွဲစကားပြောခံရတဲ့
ခံစားချက်ကို
ကောင်မလေးမသိလို့ပဲလား
သိသိကြီးနဲ့ ပြောတာပဲလား....


အဲ့ဒီလို ပြောတိုင်း ကောင်လေး တော်တော်
ခံစားရခက်ပါတယ်...

ရင်ထဲမှာ တော်တော်လဲ နာကျင်ပါတယ်....


ကောင်မလေးကတော့ လမ်းခွဲဖို့ကို ခနခနပြောခဲ့တာပါပဲ...
ကောင်မလေး လမ်းခွဲ တိုင်းလဲ
ကောင်လေး သေမလောက် လိုက်တောင်းပန်ခဲ့ပါတယ်


ကောင်လေး ကိုယ်တိုင် မှန်နေခဲ့ရင်တောင်
သေမလောက် လိုက်တောင်းပန်ခဲ့ပါတယ်


ယောက်ကျားတယောက်မှာရှိသင့်တဲ့
မာနဆိုတာလုံးဝ မရှိတော့လောက်အောင်
တောင်းပန်ခဲ့ပါတယ်...

မာနဆိုတာတွေအားလုံးကို ကောင်မလေးရဲ့
ခြေဖ၀ါးအောက်ထဲရောက်တဲ့အထိ
တောင်းပန်ခဲ့ပါတယ်

ကောင်မလေး လမ်းခွဲစကားပြောခဲ့တဲ့ အချိန်တိုင်း တောင်းပန်ခဲ့တာပါ...

ဒီလိုတွေ ခနခန ဖြစ်လာတော့

ကောင်လေးလဲ တခုတွေးမိပြီး အရမ်းဝမ်းနည်းလို့

ကောင်မလေးကို ပြောပြခဲ့ပါတယ်.....


ကောင်လေးဖက်က
ဒီလို ခနခန မာန သိက္ခာဆိုတာ မရှိလောက်အောင်တောင်းပန်နေလို့

ကောင်မလေးအတွက် ကောင်လေးဆိုတာ
တန်ဖိုး မရှိတော့ဘူးလားလို့


ကောင်မလေးအတွက် မလိုချင်ရင် စိတ်တိုင်းမကျရင်
လမ်းခွဲလိုက်မယ်
ကောင်လေးဆိုတာ ကောင်မလေးအတွက်မလိုဘူး အေးဆေးပဲ
လမ်းခွဲချင်တဲ့အချိန်လမ်းခွဲလို့ရတယ်

အွန်လိုင်းပေါ်ကလူတယောက်
တန်ဖိုးမရှိသလိုဖြစ်နေပြီလားလို့ ........
ကောင်လေး ပြောခဲ့ဖူးတယ်


ကောင်မလေးက မဟုတ်ပါဘူးလို့ပဲ ပြန်ပြောခဲ့ဖူးတယ်
အဲ့ဒီမဟုတ်ပါဘူး ဆိုတဲ့ စကားလေးတခွန်းထဲနဲ့ပဲ
ကောင်လေး ကျေနပ်ခဲ့ဖူးတယ်

နောက်ထပ် ကတိတခုလဲ ကောင်မလေးထပ်ပေးခဲ့တယ် ......
နောက်တခါ လမ်းခွဲစကားမပြောတော့ပါဘူးတဲ့....

နောက်တခါ အဆက်အသွယ်ဖြတ်ဖို့စကားမပြောပါဘူးတဲ့.....
ကောင်မလေး ပြောခဲ့တဲ့စကား ပါ...

ဒီနေ့ ၂၄ရက်နေ့ ၁ လပိုင်း ၂၀၁၀ တနင်္ဂနွေနေ့

ကောင်လေး အတွက် ဒဏ်ရာတခု ကောင်မလေး ထပ်ပေးပြန်ပါပြီ....

မထင်မိပါဘူး....


နောက်ဆုံးတော့လဲ တန်ဖိုးဆိုတာကို
ကောင်မလေး ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးနေသလိုပါပဲ....


ကောင်မလေးဖက်က ကောင်လေးကို
လမ်းခွဲမယ့် စကားတွေကို ရင့်ရင့်သီးသီးပြောလာပြန်ပါပြီ....

ကောင်မလေး ပြောသွားတဲ့စကားက.....


"ခင်ဗျားကို မုန်းတယ် အရမ်းမုန်းတယ်"

"နောက်ကို လာမပတ်သက်နဲ့ ခင်ဗျားကို နောက်ဘယ်တော့မှမတွေ့ချင်ဘူး" တဲ့.........
ကောင်မလေးပြောသွားတဲ့စကားပါ.......

ကောင်မလေး လမ်းခွဲစကားတွေမုန်းတဲ့စကားတေခနခနပြောလို့
ကောင်လေးကို တန်ဖိုးမထားတာလားလို့ ကောင်လေး ပြောခဲ့တယ်...
ကောင်လေးကိုယ်တိုင်လဲ တန်ဖိုး မရှိတော့သလို ခံစားခဲ့ဖူးတယ်....

ဒါပေမယ့်.....

ကောင်လေး ကောင်မလေးရဲ့
ဒီလိုစကားတွေ အပြောခံနေရတဲ့ ကြားထဲက

အမှတ်မရှိ တန်ဖိုးမရှိစွာပဲကောင်မလေးကို ဖုန်းထပ်ခေါ်ခဲ့ပါတယ်...


၁ခါ ....
၂ခါ....

၃ခါ...


၃ခါထက်မနည်းခေါ်ခဲ့ပါတယ်...

ဒါပေမယ့် ကောင်မလေး ဖုန်းမကိုင်ခဲ့ဘူး....

မမုန်းပါဘူး....
အရမ်းမုန်းတယ်လို့ ရက်ရက်စက်စက်ပြောသွားတဲ့

ကောင်မလေးကို ဘယ်တော့မှမမုန်းပါဘူး...
မုန်းလို့လဲမရပါဘူး.....


ကောင်လေးမုန်းတာ.....

တန်ဖိုးမရှိတဲ့ဘဝ

တန်ဖိုးမရှိတဲ့ကိုယ့်ဘ၀ကိုပဲ မုန်းတာပါ .........


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်