၁၀ ရက်နေ့ ၂ လပိုင်း ၂၀၁၀ခုနှစ် .....
ကျွန်တော်ချစ်သော သူမ .... ကျွန်တော်နဲ့ ဝေးရာကို ခနထွက်သွားခဲ့တဲ့နေ့လေးပါ...
သူမ ရဲ့ အလုပ်ခွင်က ခနတာ ခွင့်လို့
သူမရဲ့ မိသားစုရှိရာ ရန်ကုန်မြို့တော်ကြီးဆီ
မိသားစုနဲ့ တွေ့ဖို့ ပြန်သွားခဲ့တဲ့နေ့လေး ဆိုပါတော့...
ဒီလိုပြန်ဖို့ အတွက် ဒီလို မိသားစုနဲ့ဆုံတွေ့ဖို့အတွက်
ကျွန်တော် ...
အားတက်သရော တိုက်တွန်းခဲ့ဖူးတယ်
အားတက်သရော ပြောဆို ခဲ့ဖူးတယ်
သူ့ကိုပျော်စေချင်တဲ့ စိတ်လေးတခုထဲနဲ့လုပ်ခဲ့တာပါ...
သူကတော့ ဘယ်လိုတွေထင်နေမလဲမသိပါဘူး...
အစပိုင်းကတော့ သူထင်နေမှာပါ
ကျွန်တော်က ခွဲရမယ်ဆိုတာ သိသိကြီးနဲ့ အတင်းပြန်ခိုင်းတယ်
ကျွန်တော်က ခွဲရမှာကို ဘာမှမဖြစ်သလိုပဲလို့....
ကောင်မလေးရေ...
တကယ်တော့ ရင်ထဲမှာ နာကျင်နေခဲ့တာပါ...
ကောင်မလေးမရှိတော့ရင် ဘယ်လိုနေရမယ်
လွမ်းတဲ့ စိတ်က ဘယ်လောက်ထိ လူကိုနှိပ်စက်မယ်ဆိုတာ သိပါတယ်
ဒါပေမယ့် ကောင်မလေးရယ်.....
နှစ်နဲ့ချီပြီး စိတ်ညစ်ခံ စိတ်ပင်ပန်းခံ စိတ်ရှုပ်ခံပြီး
အလုပ်ခွင်မှာ ပင်ပန်းသမျှတွေ ဖြေဖျောက်ပေးနိုင်တာက
မိသားစု မိသားစုရဲ့ နွေးထွေးမှုနဲ့
မိခင်တယောက်ရဲ့ ရင်ငွေ့တွေပါ
ဒီလိုနွေးထွေးမှုတွေဟာစိတ်ညစ်မှုတွေပျောက်ပြီး
ပျော်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာ အသေချာဆုံးပဲလေ
ဒါကြောင့် ဒီလို ပျော်ရွှင်မှုမျိုး ကောင်မလေးကို ရစေချင်တယ်
ကောင်မလေးကို ခံစားစေချင်တယ်
အဲ့ဒီစိတ်တခုထဲနဲ့ပဲ ကောင်မလေးကို မိသားစုဆီပြန်ဖို့
ကျွန်တော်တိုက်တွန်းခဲ့ပါတယ်
ဒီလို ပြန်သွားတဲ့အခါ
ကျွန်တော်နဲ့ တွေ့ရဖို့ အခက်အခဲတွေအများကြီးရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်...
လုံးဝ အဆက်အသွယ်မရတဲ့အထိလဲဖြစ်နိုင်တယ်လေ...
ဒါတွေအားလုံး ကျွန်တော်သိပါတယ်..
ကြိုပြီးတော့လဲ တွေးပြီးသားပါ..
ဒါတွေသိသိကြီးနဲ့
ကျွန်တော် သူ့ကို မိသားစုရင်ခွင်ထဲရောက်အောင် အတင်းထိုးထည့်ခဲ့တာ..
ချစ်လို့ပါ ချစ်လွန်းလို့ပါ....
ဒီလိုလုပ်ခဲ့တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် နာကျင်ပါတယ်
ရင်ထဲမှာ ပြောပြလို့မရတဲ့ နာကျင်မှုတွေအများကြီးပါ
ပြောပြလို့မရနိုင်တဲ့ လွမ်းတဲ့စိတ်တွေအများကြီးပါ
ပြောပြလို့မရနိုင်တဲ့ စိတ်မချခြင်း စိတ်ပူခြင်း
အတွေးဆိုးပေါင်းများစွာက သူ မရှိတဲ့ အချိန်တိုင်းမှာ နှိပ်စက်ခဲ့ပါတယ်....
ဒီလိုနဲ့ပဲ ၁၀ ရက်နေ့ဆိုတဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့သူ...
ကျွန်တော့်နားကခနတာ ထွက်ခွာသွားလိုက်ပြီလေ.....
ဒီလို ကျွန်တော်ချစ်တဲ့သူနဲ့ ခွဲလိုက်ရတဲ့ အချိန်ကစလို့
ကျွန်တော့် အတွက် သူ မရှိလို့မဖြစ်ဘူးဆိုတာ
တနေ့ထက်တနေ့ ပိုသေချာလာတယ်
စက္ကန့်နဲ့အမျှပိုပိုသေချာလာခဲ့ပါတယ်....
သူမရှိတော့တဲ့အချိန်ကစလို့
ကျွန်တော့် စိတ်တွေအားလုံးပုံမှန်မဖြစ်နိုင်ခဲ့တာ ကျွန်တော် အသိဆုံးပါ...
ဟိုး အရင် သူရှိတဲ့အချိန်တွေတုန်းကဆိုရင်
ကျွန်တော်ဘာလုပ်လုပ် သူရှိနေတယ်တဲ့အတွေးလေးရှိနေတယ်...
ကျွန်တော် ဘယ်လောက်စိတ်ညစ်ညစ် သူရှိနေတယ်ဆိုတဲ့စိတ်ကူးလေးနဲ့ ပျော်အောင်နေတတ်တယ်....
ကျွန်တော့်အတွက် သူက ကျွန်တော့်ဘေးမှာ အမြဲတမ်းရှိနေခဲ့ဖူးတယ်လေ...
အချိန်ပြည့်နီးပါး ကျွန်တော်သူနဲ့တွေ့နေခဲ့ရတယ်လေ
အချိန်ပြည့်နီးပါး သူ့ အသံတွေကျွန်တော်ကြားနေခဲ့ရတယ်လေ
အချိန်ပြည့်နီးပါး သူ့အပြုံးတွေကိုခံစားခွင့်ရှိခဲ့တယ်လေ
အချိန်ပြည့်နီးပါး လွမ်းတဲ့စိတ်တွေကို သတ် ပစ်နိုင်ခဲ့တယ်လေ....
ကျွန်တော့် ဘေးမှာသူရှိခဲ့တဲ့ အချိန်တွေတုန်းကပါ...
အခုသူမရှိတော့တဲ့အချိန်တွေမှာတော့
ကျွန်တော် ဘာလုပ်လုပ် လုပ်ရတာ စိတ်မဖြောင့်ပါဘူး ..
အလုပ်တခုလုပ်လို့ ဒါလုပ်လို့ပြီးသွားရင်ရော
သူနဲ့မတွေ့ရဘူးဆိုတဲ့ စိတ်ကြီးဝင်လာပြီး
ဘာဆိုဘာမှဆက်မလုပ်ချင်တော့ဘူး...
စိတ်ညစ်စရာကြုံလာတဲ့အချိန်မှာဆိုရင် ပိုဆိုးပါတယ်
စိတ်ညစ်လို့ ကျွန်တော့်ကိုအားပေးမယ့်
သူ့ရဲ့ အားပေးတဲ့အသံတွေမကြားရတော့ဘူးဆိုပြီး
စိတ်ညစ်တယ်ဆိုတာထက်ပိုဆိုးတဲ့ ခံစားချက်ကြီးကိုခံစားနေခဲ့ရတယ်..
အချိန်တိုင်းလိုလို သူမရှိဘူးသူနဲ့မတွေ့ရဘူး သူ့အသံလေးမကြားရဘူး
သူပြုံးတာလေးမမြင်ရဘူး သူနဲ့ပတ်သက်တာအားလုံး အားလုံး
ကျွန်တော့်မှာ ဘာဆိုဘာမှမရနိုင်တော့ဘူးဆိုတဲ့ အသိကြီးတခုက
လူကို သေအောင်သတ်သွားတာထက်ဆိုးတဲ့ နာကျင်မှု ကြီးတခုပါပဲ
အရမ်းကိုနေရခက်လွန်းပါတယ်...
သူမသွားခင်က ကျွန်တော်သူ့ကို မှာစရာတွေအများကြီးမှာခဲ့တယ် ကျွန်တော့်ရဲ့စိတ်မချတာတွေစိတ်ပူတတ်တာတေ
ွသူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တာကအစ အားလုံးအားလုံးကို
တခုချင်းစီကျွန်တော် အသေးစိတ်မှာခဲ့တယ်
အတန်တန် အထပ်ထပ်လဲ မှာခဲ့ပါတယ်..
အဲ့ဒီလိုမှာတဲ့အထဲကတခုဖြစ်တဲ့.......
သတိရတဲ့အချိန်တွေကိုရေးထားဖို
ကျွန်တော့်ရဲ့ အကျင့်တခုလိုဖြစ်နေတဲ့ စိတ်တွေက
အပြစ်ကင်းတဲ့ သူ့မျက်နှာလေးကိုမြင်ယောင်ရင်း
အိပ်ယာထက်မှာ နာရီတော်တော်များများ
သူ့အကြောင်းတွေစဉ်းစားနေမိပြန်
သူ့အတွက် သူမကြိုက်တာတွေမလုပ်ဖြစ်ဖို့
ကျွန်တော် ကိုယ့်ကိုထိန်းထိန်းသိမ်းသိမ်း
သူမကြိုက်တာတွေမလုပ်ဖို့က အလိုလို တားဆီးပြီးသားဖြစ်နေတတ်တယ်လေ
အချိန်ပြည့်ပါပဲ သူမကြိုက်တာတွေလုံးဝမလုပ်ဖြစ်ခဲ
အရာတော်တော်များများကို ပြင်ဆင်နိုင်ခဲ့ပါတယ်
ပေတေနေခဲ့တာတွေ သူနဲ့ပတ်သက်ပြီးပြင်နိုင်ခဲ့ပါ
ကျွန်တော်ချစ်တဲ့ သူ့ ဆီ ဖုန်းဆက်ဖြစ်ပါတယ်
ကျွန်တော်အရမ်းကြားချင်နေတဲ့ ချစ်ရသူရဲ့အသံလေးတွေကြားခွင့်ေ
ကျွန်တော့်ကို သတိရလွမ်းနေတဲ့ ချစ်သူကိုလဲကျေးဇူးတင်ပါတယ်
နှစ်ကိုယ့်တစိတ်လို ကျွန်တော်နဲ့ ထပ်တူ လွမ်းနေတဲ့
သူ့ ကို ကျွန်တော် အရမ်းချစ်တယ်..
ဒီနေ့ ဖုန်းပြောဖြစ်တော့ စစ ကြားရတဲ့ ချစ်သူရဲ့ အသံက အရမ်းကို တက်ကြွလန်းဆန်းနေခဲ့တယ်
အသံလေးတွေကြားရတော့ ကျွန်တော်ပျော်တယ်
ကျွန်တော်ကြည်နူးတယ် ကျွန်တော် ကျေနပ်မိတယ်
ရွှင်ရွှင်လန်းလန်း ပျော်ပျော်ရွှင်ရွှင်
တက်ကြွတဲ့ အသံနဲ့စကားပြောတာအရမ်းရှားတယ်မဟုတ်လား
လူကို
ကျွန်တော်သိတယ်လေ
စိတ်ညစ်ရတဲ့ အချိန်တွေအားလုံးဟာ
မိသားစုနဲ့တွေ့လိုက်ရတဲ့ တခဏတာလေးမှာ ပျောက်သွားတတ်တယ်
ကျွန်တော်ကျေနပ်ပါတယ်
ကျွန်တော် ကြည်နူးပါတယ်
ကျွန်တော် လွမ်းရတာ သတိရနေတာတွေ
ကျွန်တော် စိတ်ညစ်ရတာတွေ တန်ပါတယ်..
သူ့ရဲ့ ပျော်ရွှင်မှုလေးတွေနဲ့ ကျွန်တော်လဲရဲပါတယ် သူ့ရဲ့ ဒီလို အသံလေးတွေကြားရတော့ မပြုံးနိုင်ဖြစ်နေတဲ့
ကျွန်တော့် နှုတ်ခမ်းတွေတောင် ပြန်ပြုံးလာနိုင်ခဲ့တယ်
ကျွန်တော့် ရဲ့ တယောက်ထဲသော ချစ်ရတဲ့သူလေးပါ...
သူ့ရဲ့ ပျော်ရွှင်နေတဲ့ အသံလေးတခုထဲနဲ့
ကျွန်တော် ကျေကျေနပ်နပ်ကြီးဆက်ခံစားလိုက်
ကျွန်တော် သေလောက်အောင်လဲလွမ်းရဲပါတယ်....
ကျွန်တော့်ကိုလွမ်းလို့ စိတ်ညစ်ရတာမျိုးမဖြစ်ပါစေနဲ့...
၁၂ ရက်နေ့ တနေ့လုံး ကျွန်တော် သူ့ဆီဖုန်းမဆက်ဖြစ်လိုက်ပါဘူး
တနေ့လုံးလဲ ကျွန်တော်သူနဲ့မတွေ့ခဲ့ရပါဘူး....
အဲ့ဒီနေ့ သူ ကျွန်တော်နဲ့တွေ့ဖို့လာခဲ့မယ်လို့ ပြောခဲ့တယ်
ဒါပေမယ့် တနေ့လုံး လုံးဝ ရောက်မလာခဲ့တဲ့အတွက်
သူနဲ့မတွေ့လိုက်ရပါဘူး....
ဖုန်းဆက်ဖို့အတွက်လဲ ကျွန်တော့်ဖက်က အဆင်မပြေတဲ့အတွက်
ကျွန်တော်ဖုန်းမဆက်လိုက်ရဘူး...
အဲ့လိုအကြောင်းတွေကြောင့်ပဲ ကျွန်တော်တို့နှစ်ယောက်
တနေ့လုံး မတွေ့ဖြစ်ခဲ့ကြဘူး...
လွမ်းတဲ့စိတ်နဲ့ သတိရတဲ့စိတ်ကတော့ မတွေ့ဖြစ်တာကြောင့်
ကျွန်တော့်ကို ပိုပြီးဆိုးဆိုးဝါးဝါး ထိုးနှက်တိုက်ခိုက်ကြပါတယ်
တနေ့လုံး နေလို့မရလောက်အောင်ကို သတိရနေပြီး
သူနဲ့တွေ့ချင်တဲ့စိတ်က အရမ်းကိုပြင်းထန်နေခဲ့တယ်
ဒီလိုနဲ့ နေရခက်တဲ့ စိတ်တွေနဲ့ နာကျင်စွာပဲ
အဲ့ဒီ တနေ့လုံးကို ဖြတ်သန်းခဲ့ရပါတယ်...
၁၃ ရက်နေ့ ......
ကံကောင်းစွာ သူနဲ့ဖုန်းပြောလို့ရခဲ့တယ်...
၁၂ ရက်နေ့က သူမလာနိုင်ခဲ့တဲ့အကြောင်းတွေရှင်းပြတယ်
ကျွန်တော်ကိုယ်တိုင်ကလဲ ဖုန်းမဆက်ဖြစ်ခဲ့တဲ့အကြောင်းတွေရှင်းပြတယ်
ဒီလိုနဲ့ပဲကျွန်တော်နဲ့သူနဲ့ စကားတွေပြောခဲ့ကြတာပေါ့
အရမ်းပျော်ရပါတယ် အရမ်းလဲကြည်နူးရပါတယ်
စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲကိုကြည်နူးမိတာပါ
သူ့အသံလေးကြားလိုက်ရတာဟာဘာနဲ့မှမလဲနိုင်တဲ့
ပျော်ရွှင်မှုလေးတခုပါ...
အရမ်းကို အပြစ်ကင်းစင်ပြီးဖြူစင်လွန်းတဲ့ ကလေးလေးတယောက်ရဲ့
တက်ကြွနေတဲ့အသံလေးလိုပါပဲ......
သူ့ဆီကလဲ ကျွန်တော်ကြားချင်နေတဲ့
စကားတွေအထပ်ထပ် ကြားခွင့်ရခဲ့တယ်
ကျွန်တော်ပြောချင်နေတဲ့စကားတွေကို အထပ်ထပ် ပြောတာလဲ
သူ နားထောင်ပေးခဲ့တယ်.....
ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်......
ပြောပြလို့မရနိုင်တဲ့ အချစ်တွေတပွေ့တပိုက်ကြီးနဲ့ ချစ်ခဲ့တာပါ......
တသက်လုံး တဘ၀လုံး အတွက်ကိုချစ်ခဲ့တာပါ.....
၁၄ ရက်နေ့ .....
မေ့လို့မရနိုင်တဲ့နေ့လေးတနေ့ဆိုပါတော့.....
အားလုံးသော ချစ်သူများအတွက် မမေ့နိုင်စရာ
အမှတ်တရနေ့လေးတနေ့အဖြစ်သတ်မှတ်ပေးထားတဲ့ ချစ်သူများနေ့ပါ..
ကျွန်တော့်အတွက်လဲ ဘယ်လိုမှမမေ့နိုင်တဲ့ နေ့လေးတနေ့ဖြစ်ခဲ့တယ်..
တကယ်ကို ပျော်စရာတွေအပြည့်နဲ့ ကြည်နူးခြင်းတွေကိုကံကြမ္မာက
ကျွန်တော့်အတွက်ယူလာပေးခဲ့တယ်လေ....
ကျွန်တော်ချစ်တဲ့သူ ကျွန်တော်နဲ့တွေ့ဖို့အတွက် အဲ့ဒီနေ့မှာ
ရောက်လာခဲ့ပါတယ်.....
ကျွန်တော်နဲ့ခွဲနေရတဲ့အချိန် ၄ ရက်အတွင်းမှာ သူ့ရဲ့မျက်နှာလေးကို
ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့လေးတနေ့ ပါပဲ..
တခြားသော ချစ်သူတွေတော့ ဘယ်လိုအမှတ်တရတွေ
ပျော်စရာတွေဖြစ်ခဲ့ကြတယ်ကျွန်တော်မသိပါဘူး..
ကျွန်တော့်အတွက်တော့ တကယ့်ကို မေ့မရတဲ့
အမှတ်တရနေ့လေးဖြစ်ခဲ့ပါတယ်
သူ့ရဲ့ ရွှင်လန်းနေတဲ့ မျက်နှာလေးနဲ့ ပျော်နေတဲ့မျက်နှာလေး
ပြုံးနေတဲ့ သူ့ နှုတ်ခမ်းလေး
တက်ကြွနေတဲ့ သူ့ဟန်တွေ
ကျွန်တော်မြင်တွေ့ခွင့်ရခဲ့တယ်....
ကျွန်တော့်အတွက်တော့ သူ မထင်မှတ် မသိလိုက်ပေမယ့်
အမှတ်တရတွေအများကြီးကို သူကိုယ်တိုင် လုပ်ပေးနေခဲ့ပါတယ်..
သူနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်
သူရဲ့ အပြုံးတွေကိုအကြာကြီးမြင်တွေ့ခွင့်ရခဲ့တယ်.....
ကျေးဇူးတင်ပါတယ်ချစ်သူရယ်.....
လွမ်းနေတဲ့ စိတ် သတိရတဲ့စိတ်တွေရဲ့ ထိုးနှက်မှုအောက်မှာ
နေနေရတဲ့ အချိန်တွေကို ပြန်ပြီး နှစ်သိမ့် ဖြေဆေးပေးခဲ့တဲ့
ချစ်သူကို အရမ်းကျေးဇူးတင်ပါတယ်......
အရမ်းလဲချစ်ပါတယ်........
ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ ချစ်သူလေးပါပဲ.....
ချစ်သူများနေ့အတွက် ကျွန်တော်ရေးထားတဲ့ ကဗျာလေးတပုဒ်ပါ...
သူမရှိတော့တဲ့ အသိ ရင်ထဲမချိစွာနဲ့ပဲ
တယောက်ထဲတွေး တယောက်ထဲငေးရင်း
ချစ်သူများနေ့ အတူတွေ့လို့
အတူတူတွေး အတူရေးဖြစ်ကြမယ့်
ကဗျာတပုဒ် …..
အခုတော့ တယောက်ထဲထုတ်
ငါ့ရင်တခုလုံးတော့ စုတ်ပြတ်နေပြီ……..
အခုဆိုရင် ကျွန်တော်ချစ်တဲ့ သူ ကျွန်တော်နဲ့ခွဲသွားတာ ၅ ရက်တိတိရှိပါပြီ...
၅ ရက်ဆိုတဲ့ အချိန်ဟာ အခုတော့ အရမ်းကိုကြာလွန်းနေသလိုပါပဲ...
၅ ရက်ဆိုတဲ့ အချိန်အတွင်းမှာရှိတဲ့ စက္ကန့်ပေါင်းများစွာတိုင်း
စက္ကန့်တချက်ခြင်းနဲ့အညီ လွမ်းတဲ့ စိတ်ရဲ့ ထိုးနှက်ချက်တွေကို အလူးအလဲခံရတာလဲ
မသက်သာလှပါဘူး.....
ကျွန်တော်လွမ်းနေသတိရနေသလို သူလဲပဲလွမ်းနေသတိရနေမလား
ဒါမှမဟုတ် မေ့ပဲနေပြီလား ...
သတိရနေသည်ဖြစ်စေ မေ့နေသည်ဖြစ်စေ ကျွန်တော်ကျေနပ်ပါတယ်
ဒီလိုဖြစ်အောင် ဖန်တီးခဲ့တဲ့အထဲမှာ ကျွန်တော် ကိုယ်တိုင်ကလဲ ပါခဲ့တယ်မဟုတ်လား
ဒါကြောင့် ဒီလိုအချိန်တွေမှာ သူ့မိသားစုရင်ငွေ့တွေကြားမှာနေရင်းပျော်နေလို့
ကျွန်တော့်ကိုမေ့နေတယ်ဆိုရင်လဲ ကျွန်တော်ကျေနပ်ပါတယ်
သူ့ရဲ့ကောင်းမွန်တဲ့ပျော်ရွှင်မှုတခုကြောင့် ကျွန်တော့်ကိုမေ့နေတာ
ကျွန်တော်ကျေနပ်ပါတယ်...
ဒီလိုမှမဟုတ်ပဲ တခြားသောအကြောင်း.....
ကျွန်တော် မတွေးရဲပါဘူး တခြားသော အကြောင်းဆိုတဲ့စိတ်ကြီးမ၀င်လာအောင်
ကျွန်တော့်ကို ကျွန်တော် အတန်တန်အထပ်ထပ် သတိပေးပြီးနေခဲ့တယ်
သူကျွန်တော့်ကိုတကယ်ချစ်တာပါဆိုတဲ့စိတ်တခုထဲနဲ့ တခြားသောအကြောင်းကြောင့်
ကျွန်တော့်ကိုမေ့နေပြီလားဆိုတဲ့စိတ်ကို အတတ်နိုင်ဆုံးကျွန်တော်ဖျောက်ထားတယ်...
တကယ်လဲ တခြားသောအကြောင်းတခုခုကြောင့်ကျွန်တော့်ကိုမေ့နေတာမျိုးမဖြစ်ပါစေနဲ့
ချစ်သူရေ......
ဒီလိုဝေးနေရတဲ့အချိန်တွေ မတွေ့ရတဲ့အချိန်တွေမှာ
ချစ်သူက ဘယ်လောက်အထိ လိုအပ်တယ်ဆိုတာ သိလာပါပြီ...
ချစ်သူမရှိပဲ နေ့စဉ်ရက်ဆက် နေရတာဟာ တကယ်ကို အထီးကျန်ဆန်လွန်းပါတယ်
ချစ်သူနဲ့မတွေ့ရတဲ့နေ့တိုင်းဟာ ဘာဆိုဘာမှ မရှိတော့တဲ့ ဘ၀ ဆိုတာတောင်မရှိတော့တဲ့
လူတယောက်လိုပါပဲ...
လွမ်းတဲ့စိတ် သတိရတဲ့စိတ်နဲ့ တွေ့ချင်တဲ့စိတ်တွေကပဲ
အချိန်ပြည့် နေရာယူထားတာ ....
ချစ်လွန်းလို့ပါ.....
ချစ်လွန်းလို့ပါ......
ချစ်လွန်းလို့ ဆိုတာ ယုံပေးပါချစ်သူရယ်။
0 comments:
Post a Comment