ညနေခင်းလေးတခု........
လေပြေနုနုတို့က တိုးဝှေ့တိုက်ခတ် နေလိုက်တာ အရမ်းမပူတော့ပဲ
အေးချမ်းပြီးတော့ အရမ်းကိုနေလို့ကောင်းတဲ့ရာသီဥတုလေးတခုလေးပေါ့
ဒီလိုညနေခင်း မှောင်ရီပျိုးစ အချိန်လေးမှာ
တနေကုန်အလုပ်ခွင်မှာပင်ပန်းထားတဲ့သူတွေ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေလမ်းလျှောက်ထွက်ကြ
လမ်းမှာ စကားစမြည်ပြောကြနဲ့ ....
ညနေခင်းလေးက အရမ်းကိုအသက်ဝင်တဲ့ပန်းချီကားလေးတချပ်ဖြစ်နေခဲ့တယ်
ဒီလို လူတွေအများကြီး အမောဖြေ အပန်းဖြေနေတဲ့ကြားထဲမှာ... လူနှစ်ယောက် ........ လူနှစ်ယောက်ဆိုတာထက် ကောင်မလေးနဲ့ကောင်လေး ...
သူတို့နှစ်ယောက်ကလဲ ဒီလိုလူတွေလိုပဲ အပန်းဖြေလမ်းတူတူလျှောက်နေကြတာပေါ့....
ထူးခြားတာက သူတို့နှစ်ယောက်
တယောက်ကို တယောက်လွတ်ထွက်သွားမလားထင်ရလောက်အောင်
တင်းတင်းကျပ်ကျပ်လေး ဖက်ပြီးလမ်းလျှောက်နေကြတယ်...
နောက်ထပ် သူတို့ နှစ်ယောက်က အကျီ င်္ ဆင်တူ ဦးထုပ်ဆင်တူလေး ရယ်...
MP 4 လေးရဲ့ earphone လေး နှစ်ခုကို တယောက်တခုဆီ
နားမှာ တပ်ပြီးသီချင်းနားထောင်နေကြတယ်လေ
သူတို့ နှစ်ယောက်ကတော့ အရမ်းကိုချစ်ကြတဲ့ ချစ်သူစုံတွဲလေးတတွဲပါပဲ..
နှစ်ယောက်လုံး သီချင်းတပုဒ်ကို တူညီတဲ့ ခံစားချက်တွေနဲ့
အတူတူနားထောင်ရင်း ဖြေးဖြေးချင်း လမ်းလျှောက်နေကြတာပေါ့.....
ဘေးနားကဖြတ်သွားကြတဲ့လူတွေ ကလေးတွေ အားလုံးက
သူတို့ နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်ပြီး...
သိပ်ချစ်ကြတာပါလားလို့ ထင်မြင်ချက်လေးတွေပေးသွားကြတယ်..
ကြည့်တဲ့မြင်တဲ့သူတိုင်းကလဲ သူတို့ နှစ်ယောက်ကို မြင်တာနဲ့
ကြည်ကြည်နူးနူးလေးပြုံးသွားကြတယ်လေ..
တကယ်လဲသိပ်ချစ်ကြတဲ့ စုံတွဲလေးပါ..
ဒီလိုနဲ့ ညနေခင်းလေးရဲ့ မှောင်ရီပျိုးစအချိန်တွေကုန်လွန်လို့
နေမင်းကြီး ပျောက်သွားတဲ့အချိန်ကိုတောင် ရောက်လာခဲ့တာပေါ့...
ကောင်လေး။ ။ သဲ ညောင်းနေပြီလား ညောင်းနေရင်နားရအောင်လေ
ရှေ့ကထိုင်ခုံလေးမှာ အေးဆေးထိုင်ပြီးနားရအောင်
ကောင်မလေး။ ။ အင်း ဟုတ်တယ် သဲလဲ ကိုနဲ့အတူတူမလို့ ညောင်းရမှန်းတောင်မသိဘူး
လျှောက်လာတာ တော်တော်ကိုဝေးနေပြီ။ ရှေ့ရောက်ရင်နားရအောင်လေ
ကောင်လေး။ ။ နေဦး အဲ့ဒီရှေ့က ထိုင်ခုံကို ဘယ်သူအရင်ရောက်မလဲ အပြေးပြိုင်မယ်
ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာလုပ်ရမယ်။ ဘယ်လိုလဲ ပြိုင်ရဲလား
ကောင်မလေး။ ။စိမ်လိုက်လေ ပြိုင်ရဲသားပဲ....
ဒါပေမယ့် ကို က ယောက်ကျားလေး ကို ပဲနိုင်မှာပေါ့
သဲကိုတော့ တ၀က် အကြောပေးရမယ် အဲ့ဒါဆိုရင်တော့ ပြိုင်မယ်
ဘယ်လိုလဲ ????
ကောင်လေး ။ ။ လုပ်လိုက်လေ ကြာသလားလို့.....
ဒီလိုနဲ့ ကောင်မလေးနဲ့ကောင်လေးတို့ ထိုင်ခုံ ဆီအပြေးပြိုင်ကြတာပေါ့
ထိုင်ခုံဆီအရင်ရောက်သွားတာကတော့ ကောင်မလေး ပါ
ကောင်မလေးက ထိုင်ခုံပေါ်ရောက်ရောက်ချင်း ထိုင်ချလိုက်ပြီး
အရမ်းကိုမောတာကြောင့် အသက်ကို ပြင်းပြင်းရှူ အမောဖြေရင်း
ကောင်လေးကို ပြောင်ပြနေတယ်လေ
ကောင်မလေး ။ ။ သနားတယ် ကရော် ကရော် ........
ကောင်လေးက နှုတ်ခမ်းကို ကိုက်ရင်း မျက်မှောင်ကျုံ့ပြီးတော့
ကောင်လေး ။ ။ သနားလို့ မိန်းကလေးမလို့ အရှုံးပေးလိုက်တာ ... ဟဲဟဲ
ဒီလိုနဲ့ ကောင်လေးက ကောင်မလေးဘေးဝင်ထိုင်လိုက်ပြီးတော့ ...
ကောင်လေး။ ။ အရမ်းမောနေတာလား သဲ ကို့ ရင်ဘတ်ပေါ်မှီပြီး ခနနားပြီး အမောဖြေလိုက်ဦး လာ...
ကောင်မလေး။ ။ အခုမှပဲအမောပြေတော့တယ် ကို နော် ကတိတည်ရမယ် သဲ ခိုင်းတာလုပ်ရမယ်
ကောင်လေး။ ။ လုပ်ပါ့မယ်ဗျာ လုပ်ပါ့မယ် ကျွန်တော်မျိုး ရှုံးထားတဲ့လူဆိုတော့လဲ သခင်မလေး အလိုကျအားလုံးလုပ်ပါ့မယ်ဗျ ဘာများခိုင်းချင်တာလဲမသိဘူး
မိန့်တော်မူပါဗျာ
ကောင်မလေး။ ။ ဟဲဟဲ ကျွန်မ ချစ်သူ အရမ်းတော်တာပဲ အရှုံးကိုဝန်ခံရဲတယ် တိုးတက်ဦးမယ် သခင်မလေးခိုင်းချင်တာကတော့ မခက်ပါဘူးရှင်
အခုလို ကို့ ရင်ဘတ်ပေါ်မှာ မှီနေပြီးတော့ ကို သီချင်းဆိုတာလေး နားထောင်ချင်တယ်
ကောင်လေး ။ ။ အော် ... အဲ့လိုလား ရပါတယ် နားထောင်ပါဗျာ နားထောင်ပါ....... ဆိုမယ်နော်....
အဲ သခင်မလေး သခင်မလေး ခက်တော့ခက်နေပြီ သီချင်းနားထောင်ရင်းတောင် အိပ်ပျော်သွားရတယ်လို့...... သဲ .... ထထ ဘယ်လိုဖြစ်လို့အိပ်ပျော်သွားရတာတုန်း
ကောင်မလေး ။ ။ ဟီးးးး ဘယ်လိုဖြစ်သွားမှန်းမသိဘူး မှေးကနဲ ဖြစ်သွားတာ
ကောင်လေး ။ ။ သဲ အရမ်းပင်ပန်းနေပြီထင်တယ် သဲပြန်ချင်ပြီလား ပြန်ချင်ပြီဆိုပြန်ရအောင်လေ မိုးလဲချုပ်တော့မယ်.....
ကောင်မလေး။ ။ အာ မပြန်ချင်သေးဘူး ဒီလိုလေးထိုင်နေရတာ သဲ ပျော်လို့ .. မပြန်သေးဘူးနော် ခနနေဦးမယ်လေနော်...
ကောင်လေး ။ ။ သဘောပါဗျာ သဘောပါ မပြန်ချင်သေးဘူးဆိုလဲ ဆက်ထိုင်ကြတာပေါ့ ပြန်ရမှာဝေးလို့ ပြောတာပါ အပြန်ကျရင်တော့ လမ်းလျှောက်မပြန်တော့ဘူးနော် ကားငှားပြီးပဲ ပြန်တော့မယ် သဲ ပင်ပန်းနေပြီမလို့...
ကောင်မလေး။ ။ အင်း အပြန်ကျရင် ကားငှားပြန်မယ် အဲ့ဒါကောင်းတယ်
ဒီလိုနဲ့ ချစ်သူနှစ်ယောက် တယောက်ကို တယောက်တင်းတင်းကျပ်ကျပ်ဖက်ထားပြီး
ထိုင်ခုံလေးမှာထိုင်ရင်း ထွက်ခါစ ပြုလာတဲ့ ကြယ်တွေကြည့်လို့ ငြိမ်ငြိမ်လေးနဲ့နေနေကြတာပေါ့
အချိန်တွေကလဲ တရွေ့ရွေ့ နဲ့ကုန်လာတာ တဖြေးဖြေးမိုးချုပ်လာပြီး အေးလာတယ်
ကောင်မလေး ။ ။ ကို သဲ အေးလာပြီ ပြန်ရအောင်နော်... ပြီးတော့ ဗိုက်လဲဆာတယ်
ကောင်လေး ။ ။ အင်း အင်း .. အဲ့ဒါဆို ပြန်ရအောင် အရမ်းအေးနေရင် ဖျားနေဦးမယ်...
ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ထပြီးတော့ အနီးဆုံးက ကားလေးငှားပြီးပြန်ကြတာပေါ့
နှစ်ယောက်လုံး ထိုင်ခဲ့တဲ့ ထိုင်ခုံလေးကို လှည့်ကြည့်ပြီး တယောက်ကို တယောက်ကြည်ကြည်နူးနူးလေး
ပြုံးပြီးကြည့်ရင်းပြန်လာလိုက်တာ တည်းခိုခန်းကိုရောက်လာခဲ့တယ်...
ကောင်မလေးနဲ့ကောင်လေးက တောင်ပေါ်မြို့လေးတခုကို အတူတူ ခရီးထွက်လာကြတဲ့ချစ်သူတွေလေ
တည်းခိုခန်းရောက်ပြီး အခန်းထဲရောက်တာနဲ့ ကောင်မလေးက အရမ်းမောလာပြီး
အိပ်ယာပေါ်မှာခြေပစ်လက်ပစ်နဲ့ လှဲနေရင်း.....
ကောင်မလေး။ ။ ကို သဲဗိုက်ချာရယ် တထုထု ရုပ်ပေး ဗိုက်ချာရယ် ဗိုက်ချာရယ် အဟင့် အဟင့်
ကောင်လေး။ ။ လုပ်ပြန်ပြီ အသည်းယားအောင် ကိုက်စားမိတော့မယ် အသည်းယားအောင်မလုပ်နဲ့ ခနလေးစောင့် ကို သွားဝယ်လိုက်ဦးမယ် ... ခနလေးနော်
ဒီလိုနဲ့ ကောင်လေး ကောင်မလေး စားဖို့ အတွက် အပြင်မှာ စားဖို့သောက်ဖို့ အစုံဝယ်ပြီးတည်းခိုခန်းကို
ပြန်ရောက်တော့ အရမ်းကို အအိပ်ကြီးတဲ့ ကောင်မလေး အဝေးကြီးလမ်းလျှောက်ရလို့ပင်ပန်းပြီး
အိပ်ပျော်နေပြီလေ....
ကောင်လေး။ ။ အောင်မလေးဗျာ အမောကိုပြေရော အိပ်သွားပြန်ပြီ.... သဲ ထ ထ ထ ဗိုက်ဆာနေတာကို
စားပြီးမှ အိပ် ထထ ထမင်းစားလိုက်ဦး ... လိမ်မာတယ် သဲ ထ ထ
ကောင်မလေး ။ ။ အင်း အိပ်ပျော်သွားပြန်ပြီ ကို ကသွားလိုက်တော့ တယောက်ထဲ
ပျင်းတာနဲ့အိပ်ပျော်သွားတာ ဟီး.... ဘာတွေဝယ်လာတာလဲ တူတူစားမယ်နော်
ကောင်လေး။ ။ နှစ်ယောက်ထဲ ရှိတာကို တူတူ စားမှာပေါ့ တယောက်တကွဲစားလို့ဘယ်ဖြစ်မလဲ
ပါးစပ်ဟ ခွံ့ကျွေးမယ် ...... ဟဲဟဲ
ကောင်မလေး။ ။ ဆိုးပြန်ပြီ ဟိဟိ
ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေးတို့ တယောက်ကို တယောက် ခွံ့ကျွေးလိုက်စားလိုက်နဲ့
ထမင်းစားလို့ပြီးသွားခဲ့တယ်။
ကောင်လေး ။ ။ ထမင်းတော့စားလို့ပြီးသွားပြီ စားစားပြီးချင်းမအိပ်နဲ့ဦးနော် မကောင်းဘူး
လာ ပြတင်းပေါက်မှာ သွားရပ်ရအောင် ပြတင်းပေါက်မှာလေတွေတိုက်နေတာ
နေလို့ကောင်းတယ် လာ သဲ သွားရအောင်
ကောင်မလေး။ ။ ကောင်းတယ် ကောင်းတယ် အဲ့ဒါကောင်းတယ် ကို ကအရမ်းချစ်ဖို့ကောင်းတာပဲ
ကောင်မလေးနဲ့ ကောင်လေးတို့ ပြတင်းပေါက်ရှေ့မှာရပ်ရင်း
တိုက်နေတဲ့လေညှင်းလေးကိုမျက်နှာလေးတွေမော့ပြီး လေညှင်းခံကြတာပေါ့
ခနကြာတော့ ကောင်လေးက ကောင်မလေးရဲ့ အနောက်မှာရပ်ပြီး
ကောင်မလေးရဲ့ခါးလေးတွေဖက်လိုက်တယ်....... ဖက်ပြီးတော့....
ကောင်လေး ။ ။ အရမ်းချစ်တယ် သဲ ရယ်...... သဲ နဲ့ တသက်လုံးအတူတူနေချင်တယ်... သဲ ရော
ကောင်မလေး။ ။ သဲလဲအတူတူပဲပေါ့ ကို ကလဲ။ တသက်လုံး
ဒီလိုလေး အတူတူနေရရင် အရမ်းကောင်းမှာပဲ သဲကို မမေ့လိုက်နဲ့နော် ..
ကို့ ကိုလဲသဲအရမ်းချစ်တယ်......
လေပြင်းပြင်းလေး တချက်တိုးဝှေ့ပြီးတိုက်သွားတော့ ကောင်မလေးက
ကောင်လေးရဲ့ရင်ထဲတိုးဝင်လာတယ်
ကောင်လေး က ကောင်မလေးရဲ့ ပါးပြင်ကို အနမ်းစက် တွေခြွေချရင်း..
ကောင်လေး။ ။ချစ်တယ် သဲ ရယ်.........
ကောင်မလေး။ ။ ကို သဲ အိပ်ချင်ပြီ အေးလဲအေးလာပြီ။
ကောင်လေး။ ။ အင်း အိပ်လေ သဲ နောက်လဲနောက်ကျနေပြီ အိပ်တော့နော်...
ကောင်မလေး။ ။ ကို ကရော မအိပ်သေးဘူးလား။ ကို လဲအိပ်တော့လေ မိုးချုပ်နေပြီကို
ကောင်လေး။ ။ ကို ခနနေရင် အိပ်မယ်လေ သဲ အိပ်ပျော်အောင် အိပ်ပါ
ကောင်မလေး။ ။ အင်း အဲ့ဒါဆို သဲကို သီချင်းဆိုပြီး ချော့သိပ်လေနော် ကို သီချင်းဆိုတာ နားထောင်ပြီး အိပ်ချင်တယ် နော် ကိုနော်...
ကောင်လေး။ ။ ဆိုပြမှာပေါ့ သဲ ကလဲ .. သဲ သာအိပ်ပျော်အောင်အိပ်
ကို သဲအိပ်ပျော်တဲ့အထိ သီချင်းဆိုပြမယ်
ဒီလိုနဲ့ ကောင်မလေး အိပ်ယာပေါ်တက် မျက်လုံးလေးတွေမှိတ်ပြီး ငြိမ်ငြိမ်လေးလှဲရင်းအိပ်တာပေါ့
ကောင်လေးကတော့ သီချင်းတွေ တပုဒ်ပြီးတပုဒ်ဆိုပြရင်း တဖြေးဖြေးနဲ့ ကောင်မလေး တယောက်
အိပ်ပျော်သွားခဲ့တယ်
ကောင်မလေး အိပ်ပျော်နေတဲ့ မျက်နှာလေးကို ကောင်လေး တယောက်ထဲ ထိုင်ကြည့်ရင်း
ပြုံးနေခဲ့တာပေါ့.....
ဒီလိုထိုင်ကြည့်ရင်း ထိုင်ကြည့်ရင်း အချိန်တွေ တရွေ့ရွေ့နဲ့ကုန်လာရင်း
ကောင်လေး လဲမျက်လုံးတွေ မှေးစင်းလာပြီး အိပ်ချင်လာတယ်...
နောက်ဆုံး ကောင်လေး အိပ်ခါနီးမှာ ကောင်မလေးရဲ့ နဖူးကို ဖွဖွလေး တချက်နမ်းပြီး....
ကောင်လေး။ ။ ချစ်ဖို့ကောင်းလိုက်တာ ချစ်သူ ရယ်............
ဒီလိုနဲ့ ကောင်လေးလဲ အိပ်ပျော်သွားခဲ့တာပေါ့......
0 comments:
Post a Comment