BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, November 8, 2009

အတူတူ ဖြတ်သန်းပါရစေ



ရေးနေကြ ထုံးစံအတိုင်းပဲပေါ့......
မရောက်ဖြစ်တာအရမ်းကိုကြာနေပြီဆိုတာပါပဲ.......
အဲ့ဒီမရောက်ဖြစ်တာ အရမ်းကြာတဲ့ အကြောင်းကလဲ
ထုံးစံအတိုင်းထဲက ထုံးစံအတိုင်းပါပဲ

ပြသာနာပေါင်းစုံကြောင့်ပဲမရောက်ဖြစ်ခဲ့ပါဘူး......

ပြသာနာတွေဖြစ်နေကြ
ကောင်မလေးနဲ့ ကောင်လေးတို့နှစ်ယောက်အကြောင်းကတော့

ရေးလိုက်တိုင်း ပုံမှန်တခုလိုဖြစ်နေခဲ့တယ်........


ဒီတခါရေးရမှာလဲ ပုံမှန်တခုလိုပါပဲ

ပြသာနာ တခုဖြစ်လိုက်တိုင်း အဆိုးဆုံးပဲလို့ရေးတတ်ခဲ့တော့
အခုတခါဖြစ်ခဲ့ရတဲ့ ပြသာနာကလဲ အဆိုးဆုံးလို့ပဲရေးရတော့မှာပဲ

အဆိုးတကာ့အဆိုးဆုံးပြသာနာပါပဲ......
ဟိုး အရင် ပြသာနာတွေဖြစ်တိုင်း
ကောင်မလေးဖက်က လမ်းခွဲမယ့်စကား ခနခနပြောခဲ့ဖူးတယ်.......

ကောင်မလေးဖက်ကအဲ့လိုတွေပြောခဲ့တိုင်း ကောင်လေး သိထားတာက
ကောင်မလေး ရဲ့ဒေါသစိတ်ကြောင့်သာ

စိတ်မထိန်းပဲ ခနတာပြောထွက်သွားတာလို့ပဲ ထင်ခဲ့တယ်....

ပြီးသွားရင်လဲပြန်ပြေလည်သွားခဲ့ကြတာဆိုတော့
ကောင်လေး အဲ့လိုပဲ ထင်ခဲ့တယ်


ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ပြသာနာတွေအရ
ကောင်မလေးဖက် ကလမ်းခွဲစကားကို ၂ ခါတိတိ သေသေချာချာပြောခဲ့တယ်...

အရင်ကလိုပြောတာမျိုးမဟုတ်ပဲ
စိတ်တိုတဲ့ပုံစံ ဒေါသထွက်တဲ့ပုံစံမျိုးနဲ့ပြောတာလဲမဟုတ်ဘူး

အေးအေးဆေးဆေးနဲ့ လမ်းခွဲဖို့ပြောလာတယ်.....


ဒီလိုပြောလာတော့ကောင်လေးဖက် အရင်လိုပါပဲ

ကောင်လေး ကိုယ်တိုင်မှားသည်ဖြစ်စေ
ကောင်မလေး ကပဲမှားသည်ဖြစ်စေ

ကောင်လေးဖက်ကပဲ တောင်းပန်ခဲ့တယ် အလျော့ပေးခဲ့တယ်


ဒီလိုနဲ့ပဲ ပထမပြသာနာတခုက အဆင်ပြေသွားခဲ့တယ်ဆိုပါတော့.....

အဆင်ပြေသွားတယ်ဆိုပေမယ့် ၂ ယောက်လုံးအတွက်

ပြင်စရာရှိတဲ့ အမှားတွေ
တယောက်မကြိုက်တဲ့ ပုံစံတွေ တယောက်ပြောပြီး

နှစ်ယောက်လုံး ကတိတွေပေးခဲ့ကြတယ်.........

ပြန်ပြီးအဆင်ပြေပြေနဲ့ ပြန်ပျော်ရွှင်ခဲ့ကြပြန်ပါတယ်
ဒါပေမယ့်လဲ အဆင်ပြေခဲ့တဲ့ရက်ကသိပ်မကြာလိုက်ပါဘူး....

အရမ်းတိုတောင်းတဲ့ အချိန်လေးမှာပဲ
ပြသာနာတခု ထပ်ဖြစ်ခဲ့ကြပြန်တယ်......

ဘယ်သူကမှားမှန်းလဲမသိ....
ဘယ်သူကအမှန်လဲ မသိတဲ့ပြသာနာတခုမှာ

နှစ်ယောက်လုံး စကားနိုင်လုရင်း အခြေအနေက အရမ်းတင်းမာလာတယ်


ကောင်မလေးဖက်က သူ့သူငယ်ချင်းရဲ့ ချစ်သူကဘယ်လို

အခုကောင်လေးက ဘယ်လိုဆိုပြီး နှိုင်းပြီးပြောလာတယ်...


အဲ့ဒီလို တခြားလူနဲ့ နှိုင်းပြီး ဆိုးဆိုးရွားရွားအပြောခံရတဲ့အတွက်
ကောင်လေး တော်တော် ဒေါသထွက်သွားခဲ့တယ်....

ပြောတဲ့သူကလဲ ကောင်လေး အရမ်းချစ်ရတဲ့
ကောင်မလေးကိုယ်တိုင်ကပြောတာဆိုတော့


အမြဲဒေါသကိုထိန်းဖို့ပြောတတ်တဲ့ကောင်လေးကိုယ်တိုင်

ဒေါသဆိုတာကို မထိန်းလိုက်နိုင်ပါဘူး.....


ကောင်မလေးကို ပြောချင်တာတွေပြောပြီး အော်ငေါက်လိုက်မိတယ်

ကောင်မလေး ဘ၀မှာ မိသားစုကလွဲလို့ တခြား လူတယောက်ရဲ့
အော်တာငေါက်တာ မခံခဲ့ဖူးဘူးထင်ပါတယ်.......


ချက်ချင်းပဲ ကောင်မလေး ကောင်လေးကို စိတ်ကုန်သွားခဲ့တယ်....

ကောင်လေးကိုလဲ အေးအေးဆေးဆေးနဲ့
စကားတခွန်းကို သေသေချာချာပြောသွားတယ်

ကောင်မလေးပြောသွားတာက.........


ko'
el lout hti phit nay lal lote chin tha lo thar lote tot

sate kone tal


ma khaw par nat tot
pyaw sa yar ma shi woo

poe har poe lal taw taw ko sate kone twar p


bar ma htet ma lo tot woo
ko' lal poe lo chin tet a yin ka ko' ma hote tot woo

poe lal ko' phit say chin tet a yin ka poe ma hote tot woo

nay tet tha lo nay tot so ter
ko'. ko pyaw ya mar par

nay tet tha lo nay p tot
pyaw ag nay


bar ma pyan ma pyaw tot woo so yin
out lite tot mal


ta tar naw

kg p lay ma pyaw yin lal

poe phit say chin tet a yin ka ko'
ma hote tet a twet poe ma lo chin tot woo

poe pyaw chin ter dar pal

အဲ့ဒါကောင်မလေးကိုယ်တိုင်ပြောသွားတဲ့စာတွေစကားတွေပါ......

ကောင်လေးကို စိတ်ကုန်သွားတဲ့အကြောင်းနဲ့

ကောင်လေးကို မလိုချင်တော့ဘူးဆိုတဲ့အကြောင်းကို
အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသားပြောပြီး ဖုန်းခေါ်လဲမကိုင်တော့ပါဘူး

ကောင်လေး တော်တော်ကို စိတ်ညစ်သွားတယ်.....

ကောင်မလေးနဲ့လမ်းခွဲဖို့ကို ဘယ်တုန်းကမှမတွေးခဲ့ဘူး

ကောင်မလေးနဲ့ တသက်လုံး တဘ၀ လုံး အတူတူနေဖို့ ကိုပဲ
စိတ်ကူးတွေယဉ်ပြီး
ပျော်ခဲ့ဖူးတဲ့ ကောင်လေး......

အခုလို သွေးအေးအေးနဲ့ လမ်းခွဲခံလိုက်ရတော့....

တလောကလုံး ဘာမှမရှိတော့သလိုခံစားလိုက်ရတယ်......

ဒါပေမယ့် ကောင်လေးရဲ့ မသိစိတ်က
ကောင်မလေးဒေါသကြောင့်ပြောသွားတာပါလို့ပဲ
စိတ်တွေကူးပြီး
တညလုံးမအိပ်ပဲ
ကောင်မလေး အိပ်ရာနိုးတဲ့အထိ ထိုင်စောင့်နေခဲ့တယ်

ကောင်မလေးအိပ်ရာနိုးလာတဲ့အချိန်ရောက်တော့
ချက်ချင်းကောင်မလေးကိုဖုန်းဆက်ပြီး
ကောင်လေးသိချင်နေတာကိုမေးလိုက်တယ်


ကောင်လေးသိချင်တာက.......

ညကပြောခဲ့တဲ့ စိတ်ကုန်သွားပြီဆိုတာရယ် မလိုတော့ဘူးဆိုတာရယ်က

စိတ်တိုလို့ ဒေါသ ကြောင့်ပဲ ခနတာပြောထွက်သွားတာလား

ဒါမှမဟုတ်.......
တကယ်ကို စိတ်ထဲကပါလို့ သေချာစဉ်းစားပြီးပြောလိုက်တာလားဆိုတာပါ.......

အဲ့ဒါကိုကောင်မလေးကိုမေးလိုက်တော့
ကောင်မလေးကလဲ ချက်ချင်းပဲပြန်ဖြေပါတယ်.......

စိတ်ထဲကပါလို့ပါတဲ့ ပြောပြီးပါပြီတဲ့...........

ကောင်လေးဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းမသိလောက်အောင်ဖြစ်သွားခဲ့ပါတယ်
ကောင်လေး မမျှော်လင့်ထားတဲ့ စကားတွေကိုကောင်မလေးပြောသွားခဲ့တယ်

ကောင်လေး မကြားချင်တဲ့ အသံတွေကို ကြားလိုက်ရတယ်.......


ဒီလိုနဲ့ ကောင်မလေး အလုပ်ကိုသွားလိုက်တာပေါ့.....

အချိန်တွေ ကုန်ကုန်လာရင်းက

ကောင်မလေး အလုပ်ကပြန်ရောက်လာတဲ့အချိန်တောင်ပြန်ရောက်သွားခဲ့တယ်


ကောင်လေး အမှတ်မရှိပဲ ကောင်မလေးကို ထပ်ဖုန်းဆက်ပြီးမေးတယ်

ပြောခဲ့တာတွေက လုံးဝသေချာသွားပြီလား
ပြန်မစဉ်းစားတော့ဘူးလားလို့ပေါ့


ကောင်မလေးဖက်ကလုံးဝမပြောင်းလဲတဲ့ အဖြေတွေပဲပြန်ပေးခဲ့ပါတယ်......
ကောင်လေး မှာပြောစရာမရလောက်အောင်နာကျင်နေခဲ့ပြီ.....


ကောင်မလေးကတော့ အေးတိအေးစက်ပါပဲ

ကောင်မလေးရင်ထဲမှာတော့ ဘယ်လိုနေမလဲမသိပါဘူး .....
ကောင်လေးအတွက်တော့ ဘာမှလဲမစဉ်းစားတတ်တော့သလို
အသိဥာဏ်တွေတောင် ပျောက်သွားသလိုဖြစ်သွားခဲ့ပါတယ်.....


ဒဏ်ရာတွေအထပ်ထပ်ရတဲ့အထိ အသိဥာဏ်တွေပျောက်သွားခဲ့တယ်.....


ကောင်လေးရဲ့သူငယ်ချင်း တယောက်က
ဒါတွေကို မြင်နေသိနေတော့

ကောင်မလေးကို ၀င်ပြီး ဖြေရှင်းပေးတယ် ပြောပြပေးတယ်


ကောင်မလေး တဖြေးဖြေးလက်ခံလာပါတယ်.....

ကောင်လေးအတွက်တော့ ကောင်မလေးကို ဘာမှမပြောနိုင်တော့တဲ့အတွက်
ငြိမ်ပဲငြိမ်နေလိုက်မိတယ်......

ကောင်လေးရဲ့ ဒဏ်ရာတွေက
တစက်ပြီးတစက်ကျနေတဲ့ သွေးစက်တွေနဲ့
အတူ
မျက်ရည်တွေကလဲ တစက်ပြီးတစက်ပါပဲ ............


ကောင်လေးရဲ့သူငယ်ချင်း က ကူညီပြီး ဖြေးရှင်းပေးလိုက်တဲ့အတွက်

ပြသာနာက အေးသွားပါတယ်....

ကောင်မလေးဖက်ကလဲ အရင်လိုပါပဲ နားလည်ပေးလိုက်တာလား
စိတ်ကိုလျော့လိုက်တာလားမသိနိုင်တဲ့ စိတ်နဲ့
ကောင်လေးကိုပြန်လက်ခံခဲ့တယ်........


ဒီပြသာနာတွေမှာ
ဘယ်သူကမှားလဲ ဘယ်သူကမှန်နေလဲဆိုတာ
မသိနိုင်ပါဘူး........

ကောင်မလေးမှားလား ဒါမှမဟုတ်ကောင်လေးကပဲ မှားတာလား

ကောင်မလေးမှန်လား ဒါမှမဟုတ် ကောင်လေးကပဲ မှန်တာလား

ဘာဆိုဘာမှန်းမသိနိုင်တဲ့ အကြောင်းအရာတခုကြောင့်

ဒီလောက်အထိဖြစ်ပျက်သွားခဲ့တယ်.......


ရင်ထဲကဒဏ်ရာ ကိုယ်ပေါ်ကဒဏ်ရာ
ဒဏ်ရာကိုယ်စီနဲ့
ကောင်မလေးနဲ့ ကောင်လေးတို့
ပြန်အဆင်ပြေသွားခဲ့ကြပါတယ်.....


တခါတလေတော့လဲ စဉ်းစားမိတယ်ကောင်မလေးရေ

ဒီမှာပြသာနာတခုခုကိုရေးလိုက်တိုင်း
အဆိုးဆုံးပြသာနာလို့ခနခနရေးခဲ့တယ်

အဲ့ဒီပြသာနာတွေပြီးလို့ ထပ်ဖြစ်လာတဲ့ ပြသာနာတိုင်းကလဲ
ပိုပိုဆိုးလာခဲ့တယ်


ပြသာနာတွေကို ဒီမှာထည့်မရေးရဲလောက်အောင်ကိုဖြစ်လာခဲ့ပြီ

အမှတ်တရဆိုတဲ့ ဒီနေရာလေးမှာ အမှတ်တရတွေလဲမနည်းတော့ပါဘူး မနည်းတော့တဲ့အမှတ်တရတွေထဲက ကြည်နူးစရာအမှတ်တရဖြစ်တဲ့
ချစ်သူတွေဖြစ်ခဲ့တာ(၄) လပြည့်တဲ့အမှတ်တရနေ့လေးကလဲ

မနက်ဖြန် ၉ ရက်နေ့ဆိုရင် ရောက်လာပြန်ပါပြီ.......


ဘာပဲပြောပြော ဘာပဲဖြစ်ဖြစ်
တဖြေးဖြေးနဲ့ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေက မနည်းတော့ပါဘူး


စက္ကန့်ပေါင်းများစွာ နာရီတွေများစွာ နေ့ရက်တွေများစွာနဲ့
ဖြတ်သန်းလာခဲ့တာ
အခု ၄ လပြည့်တော့မယ်......

ချစ်သူ
.............
ပြသာနာတွေများစွာကိုလဲ ရင်ဆိုင်ခဲ့ကြပြီးပြီ
နားလည်မှုများစွာကိုလဲ ပေးခဲ့ကြပြီးပြီ

ချစ်ခြင်းတွေနဲ့လဲကြည်နူးခဲ့ကြပြီးပြီ

နောက်ဖြစ်လာမယ့်ရှေ့ရေးအတွက်လဲ ဆွေးနွေးခဲ့ကြပြီးပြီ


ဒီလိုလေးပဲ နောက်ဖြစ်လာမယ့်
အမျိုးမျိုးသော အကြောင်းတွေကိုဆက်ပြီး

ရင်ဆိုင်ရဲတဲ့ သတ္တိလေးနဲ့ ခိုင်မာတဲ့ စိတ်ဓါတ်လေးမွေးလို့
နှစ်ယောက်အတူ ဆက်ပြီးဖြတ်သန်းပါရစေ.........

ချစ်သူနှစ်ယောက်ဘ၀မှာ နှစ်ယောက်လုံးသာ
အတူတူ ဖြတ်သန်းပါရစေ........
တယောက်ထဲနေခဲ့ဖို့ ထပ်မပြောပါနဲ့တော့လို့.......................


အရမ်းချစ်တယ် ပိုးရယ်.........

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်