BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, November 22, 2009

ဘယ်ကိုမှထွက်မသွားပါနဲ့


တောက်တဲ့ တကောင်လို
သူ့ ကိုတွယ်ကပ်နေမိပြန်ပါပြီ


ပသာနာ မျိုးစုံကို
အမျိုးမျိုးသောအကြောင်းတွေနဲ့ ရှာတတ်တဲ့ ကျွန်တော်


အမျိုးမျိုးသော စိတ်သောကတွေနဲ့ အမျိုးမျိုးသော စိတ်ညစ်စရာတွေပေးပြီး
သူ့ကိုရင်နာအောင်အကြိမ်ကြိမ်လုပ်ခဲ့မိတဲ့ ကျွန်တော်

အပြစ်ပေါင်းမနည်း အမှားတွေလဲ မနည်းတဲ့ ကျွန်တော်


ကျွန်တော့်လိုလူကို......

အမျိုးမျိုးသော နားလည်မှုတွေပေး
ချစ်ခြင်းတွေနဲ့ခွင့်လွှတ်ပေးခဲ့တဲ့သူ


မရည်ရွယ်ပါပဲ အနေအထိုင် အပြောအဆို မတတ်ခဲ့တဲ့
ကျွန်တော့်ကြောင့်
ပြသာနာပေါင်းစုံက ပိတ်ထားတဲ့
ရင်ခွင် နှစ်ခုဆီကို တည့်တည့်ကြီး
ဖောက်ဖောက်ဝင်လာခဲ့တယ်.......

အပြစ်ကင်းတဲ့ သူ ဘ၀ လွတ်လပ်နေတဲ့ ကလေးလေးစိတ်နဲ့ သူ

စိတ်သောကအပူ မောဟအပူတွေ

စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာတွေ အပြင်

ကျွန်တော်ကြောင့် ပဲ အမျိုးမျိုးသော နာကျည်းမှုတွေရခဲ့ပြီ


သူ့အပေါ်မှာ ဘယ်လိုများ
ကျွန်တော့်အပြစ်တွေကြေ အောင် ဆပ်ခွင့်ရှိဦးမလဲ မသိပါဘူး


အဲ့ဒီအပြစ်တွေအတွက်
တခုခုများနာကျင်အောင် လုပ်လိုက်ပါတော့လား ချစ်သူရယ်....

လမ်းခွဲဖို့နဲ့ ပြတ်သားဖို့ကလွဲလို့ပေါ့....


လမ်းခွဲဖို့ ပြတ်သားဖို့ ဆိုတာထက်
တရက်လောက်မတွေ့ရရင်ဆိုတာမျိုးတွေးမိရင်တောင်

ကျွန်တော့်ရင်တွေ စို့ သက်ပြင်းအမောတွေအကြိမ်ကြိမ် ချရင်း

တရက်လေးဝေးရဖို့တောင် ရင်မဆိုင်ရဲခဲ့ပါဘူး....


တသက်လုံး ဝေးဖို့ ဆိုတာ .......... ဘယ်လိုမှ.............မဖြစ်နိုင်ပါဘူး


အရာရာတိုင်းကို ခေါင်းငုံ့အရှုံးပေးထားပြီး

သူ့စိတ်တိုင်းကျနေထိုင်နိုင်အောင် ကြိုးစားနေရင်းက
မထင်မှတ်တဲ့
ပြသာနာတွေနဲ့ မထင်မှတ်တဲ့ နာကျည်းမှုတွေ
ဘာကြောင့်များ
ကျွန်တော်တို့ ကြားထဲ ၀င်ဝင်လာလဲမသိပါဘူး......

ကျွန်တော် ၀ဋ်လည်တာပဲလား...

မိန်းကလေးတော်တော်များများကို အပျော်တွဲခဲ့ဖူးတယ်......

ကိုယ့်စိတ်ပျော်ရွှင်မှုသက်သက် တကယ်မချစ်ပါပဲ
မိန်းကလေးတော်တော်များများကိုချစ်တယ်ဆိုတဲ့စကားတွေပြော
ပျင်းလာတော့ဖြတ်........ ကျွန်တော် ရက်စက်ခဲ့ဖူးတယ်


ဒါတွေကြောင့်ပဲ ကျွန်တော့်အတွက်
ရူးမလောက်ချစ်ရတဲ့ သူနဲ့ကျမှ

သူ့ရဲ့ အကြိမ်ကြိမ် လမ်းခွဲမယ့်စကားတွေနဲ့
မုန်းတဲ့စကားတွေ
ပြတ်သားမယ့်စကားတွေ
အထပ်ထပ်အပြောခံရရင်း မကြာခဏ အထားခံခဲ့ရပါတယ်


အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်စကားတွေပြော
အမှားတွေကိုပြင်
အရာရာကိုလဲ
သူ့ကြောင့်ပဲ ဆင်ဆင်ခြင်ခြင်နေတတ်လာခဲ့ပါတယ်


အရာရာ အားလုံး အတွက်လဲ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်.....


သူ့ကြောင့်ပဲ ကျွန်တော့်မှာ ပြောင်းလဲမှုတွေအများကြီးပြောင်းလဲခဲ့တယ်

ပြင်ဆင်ခဲ့တယ်......

ပျော်ရွှင်မှုတခု အတွက် ဘာဆိုဘာမှမစဉ်းစားပဲ

ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရင်းကျေနပ်နေတဲ့ဘ၀က

ကျွန်တော့်ကို ဆွဲထုတ်ရင်း ...........


သူ့ရဲ့ဖြူစင် အပြစ်ကင်းပြီးပျော်ရွှင်နေတဲ့ ဘ၀လေးကို အနစ်မွှန်းခံလို့

နာကျင်မှုတွေလက်ခံ သောကတွေလက်ခံ
ကြည်ကြည်ဖြူဖြူနားလည်မှုတွေပေး

အကြိမ်ကြိမ် ခွင့်လွှတ်ရင်း
သူ့ရင်ထဲမှာ ကျွန်တော့်ကိုနေခွင့်ပေးနေတုန်းပါပဲ


ကျွန်တော် ဘယ်လိုအမှားမျိုးမှ ထပ်မမှားအောင် ဂရုစိုက်နေပြီး
သူ့အတွက်ပျော်ရွှင်စရာလေးတွေပေးချင်တယ်.......
တဘ၀လုံး တသက်လုံး အတွက်ပေါ့...


တဘ၀လုံး တသက်လုံး ကျွန်တော့်ဘေးမှာ
သူ့ ကိုအမြဲရှိနေစေချင်တယ်


တရေးနှိုးလို့ မျက်လုံး ဖွင့်တာနဲ့
သူ့ပုံရိပ်တွေနဲ့ပဲ မနက်ခင်းလေးကိုကြိုချင်တယ်


တရက်ကုန်လို့ မျက်လုံး မှိတ်ရင်လဲ
သူ့ပုံရိပ်တွေပဲ စိတ်ထဲမှာစွဲ အိမ်မက်ထဲထိ သူနဲ့တွေ့ချင်တယ်
ချစ်သူရေ........

ကျေးဇူးပြုပြီး ကို့ ရင်ထဲက ဘယ်ကိုမှထွက်မသွားပါနဲ့...........


ချစ်သူအတွက်
နွေးထွေးခြင်း
ပျော်ရွှင်ခြင်း
ကြည်နူးခြင်း
လုံခြုံခြင်းတွေပေးရင်း
တသက်လုံး ရင်ထဲမှာ ထည့်ထားပါရစေ........
ဘယ်ကိုမှထွက်မသွားပါနဲ့................

အရမ်းချစ်တယ် ပိုးရယ်.......

Wednesday, November 18, 2009

ကျွန်တော်ဘာလုပ်ရမလဲ

ပြသာနာ ........
အမျိုးမျိုးသော ပြသာနာတွေကို အကြိမ်ကြိမ်တွေ့ခဲ့ဖူးပြီးပြီ
အကြိမ်ကြိမ်လဲ ဖြေရှင်းခဲ့ပြီးပြီ.........
အကြိမ်ပေါင်းများစွာ ပြန်ပြေလည်ခဲ့ဖူးတယ်.......

ပြသာနာ တခုဖြစ်လိုက်တိုင်း ကျွန်တော့်အတွက် အမြဲတမ်းပုံမှန်ရနေကြရလဒ်တခု
အမြဲပုံမှန်ကြားနေကြစကားခွန်း............... လမ်းခွဲမယ် .... တဲ့
ပြသာနာ တခုဖြစ်ရင် လမ်းခွဲဖို့ ပြတ်သားကြဖို့ တခါပြောတတ်ခဲ့တဲ့သူ........

ကျွန်တော့်အတွက်တော့ တော်တော် နာနာကျင်ကျင်ခံစားရပါတယ်
ခံစားရတိုင်းလဲ မပြတ်သားနိုင်တဲ့ ကျွန်တော်
ယောက်ကျားတန်မဲ့ မိန်းကလေးတယောက်ကို လမ်းခွဲဖို့ သတ္တိတွေ မရှိခဲ့တဲ့ ကျွန်တော်
အကြိမ်ကြိမ်ပဲ အောက်ကျို့ခံပြီး ပြန်တောင်းပန်ခဲ့ပါတယ်

ပြန်အဆင်ပြေခဲ့ပါတယ်......... ခနတာပေါ့
အကြာကြီးတော့အဆင်မပြေနိုင်ခဲ့ပါဘူး ......... ပြသာနာတခုထပ်ဖြစ်လာပြီး
တခါထပ်လမ်းခွဲဖို့နဲ့စိတ်ကုန်တာတွေပါပြောတတ်လာခဲ့တဲ့သူ..........

လမ်းခွဲရမှာကြောက်လို့ ထပ်တောင်းပန်ခဲ့တဲ့ ကျွန်တော်......

ဒါတွေကြောင့် နောက်ထပ် ပြသာနာဖြစ်လာခဲ့ရင် လမ်းခွဲဖို့စကားမပြောဖို့ကို
တောင်းတောင်းပန်ပန်နဲ့ပြောခဲ့တယ်.......

ဒါပေမယ့်.......
ဒီနေ့ ......... ထပ်ပြောလာပြန်ပါတယ်.......
လမ်းခွဲချင်တယ်တဲ့......... ဒါပဲသိတယ်တဲ့
ယောက်ကျားဖြစ်လျှက်နဲ့ ကျွန်တော် မျက်ရည်ကျမိပါတယ်.......

ကိုယ်တိုင် အဖြေမရှာတတ်တော့လောက်အောင် စိတ်ထဲမှာရှုပ်ထွေးနောက်ကျိနေလို့
သူငယ်ချင်းတယောက်ကို ရင်ဖွင့်လိုက်တယ်........

သူငယ်ချင်းပြောပြတာက........
ကောင်မလေးဖက်က မင်းကို တော်တော်စိတ်ကုန်နေလောက်ပြီတဲ့..
မင်းကို မချစ်လောက်တော့ဘူးတဲ့....
အဲ့ဒါကြောင့် အမြဲတမ်း လမ်းခွဲဖို့ပြောတာပေါ့တဲ့......
မင်း တောင်းပန်လို့မင်းကိုပြန်လက်ခံခဲ့ရင်တောင်
မင်းနဲ့ တွဲနေရတာ သူစိတ်ညစ်နေမှာပဲတဲ့.....
သူ့ဖက်က မင်းနဲ့တွဲနေရတာ အရမ်းစိတ်ညစ်နေလို့ လမ်းခွဲချင်နေတာလေ...
မင်း အတင်းမတွယ်ကပ်နေပါနဲ့တဲ့....... မင်းကတောင်းပန်ပြီး အတင်းတွယ်ကပ်နေလေလေ
သူ့အတွက် စိတ်ညစ်စရာတွေတိုးလေလေပဲဖြစ်နေမှာပေါ့တဲ့........

ကျွန်တော်ဘာလုပ်ရမလဲ.......
အဲ့ဒါ ကျွန်တော့်အတွက် အဖြေလား
တကယ်ပဲ ........ ကျွန်တော်အောက်ကျို့ခံတောင်းပန်နေလို့
သူ စိတ်ညစ်ညစ်နဲ့ပဲ လက်ခံပြီး တွဲပေးနေတာလား
ကျွန်တော့်ကို အရမ်းလမ်းခွဲချင်နေတာ ကျွန်တော် အတင်းတွယ်ကပ်နေတာ
သူ့အတွက် စိတ်ညစ်စရာတွေပိုပို တိုးနေပြီလား.......


သူ လမ်းခွဲတာကို မျက်စိမှိတ်ခေါင်းညိတ်ပြီးလက်ခံလိုက်ရမှာလား
ကျွန်တော့်မှာ သူနဲ့လမ်းခွဲဖို့ အဲ့လောက် သတ္တိမရှိသေးဘူး

ဒါပေမယ့်.......
အရမ်းလမ်းခွဲချင်နေတဲ့ သူ့အပေါ်မှာလဲ ကျွန်တော်ဆက်တွယ်ကပ်မနေသင့်တော့ဘူး

ကျွန်တော်ဘာလုပ်ရမလဲ...................
ဘာဆိုဘာမှမသိတော့ပါဘူး......................................

Sunday, November 8, 2009

အတူတူ ဖြတ်သန်းပါရစေ



ရေးနေကြ ထုံးစံအတိုင်းပဲပေါ့......
မရောက်ဖြစ်တာအရမ်းကိုကြာနေပြီဆိုတာပါပဲ.......
အဲ့ဒီမရောက်ဖြစ်တာ အရမ်းကြာတဲ့ အကြောင်းကလဲ
ထုံးစံအတိုင်းထဲက ထုံးစံအတိုင်းပါပဲ

ပြသာနာပေါင်းစုံကြောင့်ပဲမရောက်ဖြစ်ခဲ့ပါဘူး......

ပြသာနာတွေဖြစ်နေကြ
ကောင်မလေးနဲ့ ကောင်လေးတို့နှစ်ယောက်အကြောင်းကတော့

ရေးလိုက်တိုင်း ပုံမှန်တခုလိုဖြစ်နေခဲ့တယ်........


ဒီတခါရေးရမှာလဲ ပုံမှန်တခုလိုပါပဲ

ပြသာနာ တခုဖြစ်လိုက်တိုင်း အဆိုးဆုံးပဲလို့ရေးတတ်ခဲ့တော့
အခုတခါဖြစ်ခဲ့ရတဲ့ ပြသာနာကလဲ အဆိုးဆုံးလို့ပဲရေးရတော့မှာပဲ

အဆိုးတကာ့အဆိုးဆုံးပြသာနာပါပဲ......
ဟိုး အရင် ပြသာနာတွေဖြစ်တိုင်း
ကောင်မလေးဖက်က လမ်းခွဲမယ့်စကား ခနခနပြောခဲ့ဖူးတယ်.......

ကောင်မလေးဖက်ကအဲ့လိုတွေပြောခဲ့တိုင်း ကောင်လေး သိထားတာက
ကောင်မလေး ရဲ့ဒေါသစိတ်ကြောင့်သာ

စိတ်မထိန်းပဲ ခနတာပြောထွက်သွားတာလို့ပဲ ထင်ခဲ့တယ်....

ပြီးသွားရင်လဲပြန်ပြေလည်သွားခဲ့ကြတာဆိုတော့
ကောင်လေး အဲ့လိုပဲ ထင်ခဲ့တယ်


ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ပြသာနာတွေအရ
ကောင်မလေးဖက် ကလမ်းခွဲစကားကို ၂ ခါတိတိ သေသေချာချာပြောခဲ့တယ်...

အရင်ကလိုပြောတာမျိုးမဟုတ်ပဲ
စိတ်တိုတဲ့ပုံစံ ဒေါသထွက်တဲ့ပုံစံမျိုးနဲ့ပြောတာလဲမဟုတ်ဘူး

အေးအေးဆေးဆေးနဲ့ လမ်းခွဲဖို့ပြောလာတယ်.....


ဒီလိုပြောလာတော့ကောင်လေးဖက် အရင်လိုပါပဲ

ကောင်လေး ကိုယ်တိုင်မှားသည်ဖြစ်စေ
ကောင်မလေး ကပဲမှားသည်ဖြစ်စေ

ကောင်လေးဖက်ကပဲ တောင်းပန်ခဲ့တယ် အလျော့ပေးခဲ့တယ်


ဒီလိုနဲ့ပဲ ပထမပြသာနာတခုက အဆင်ပြေသွားခဲ့တယ်ဆိုပါတော့.....

အဆင်ပြေသွားတယ်ဆိုပေမယ့် ၂ ယောက်လုံးအတွက်

ပြင်စရာရှိတဲ့ အမှားတွေ
တယောက်မကြိုက်တဲ့ ပုံစံတွေ တယောက်ပြောပြီး

နှစ်ယောက်လုံး ကတိတွေပေးခဲ့ကြတယ်.........

ပြန်ပြီးအဆင်ပြေပြေနဲ့ ပြန်ပျော်ရွှင်ခဲ့ကြပြန်ပါတယ်
ဒါပေမယ့်လဲ အဆင်ပြေခဲ့တဲ့ရက်ကသိပ်မကြာလိုက်ပါဘူး....

အရမ်းတိုတောင်းတဲ့ အချိန်လေးမှာပဲ
ပြသာနာတခု ထပ်ဖြစ်ခဲ့ကြပြန်တယ်......

ဘယ်သူကမှားမှန်းလဲမသိ....
ဘယ်သူကအမှန်လဲ မသိတဲ့ပြသာနာတခုမှာ

နှစ်ယောက်လုံး စကားနိုင်လုရင်း အခြေအနေက အရမ်းတင်းမာလာတယ်


ကောင်မလေးဖက်က သူ့သူငယ်ချင်းရဲ့ ချစ်သူကဘယ်လို

အခုကောင်လေးက ဘယ်လိုဆိုပြီး နှိုင်းပြီးပြောလာတယ်...


အဲ့ဒီလို တခြားလူနဲ့ နှိုင်းပြီး ဆိုးဆိုးရွားရွားအပြောခံရတဲ့အတွက်
ကောင်လေး တော်တော် ဒေါသထွက်သွားခဲ့တယ်....

ပြောတဲ့သူကလဲ ကောင်လေး အရမ်းချစ်ရတဲ့
ကောင်မလေးကိုယ်တိုင်ကပြောတာဆိုတော့


အမြဲဒေါသကိုထိန်းဖို့ပြောတတ်တဲ့ကောင်လေးကိုယ်တိုင်

ဒေါသဆိုတာကို မထိန်းလိုက်နိုင်ပါဘူး.....


ကောင်မလေးကို ပြောချင်တာတွေပြောပြီး အော်ငေါက်လိုက်မိတယ်

ကောင်မလေး ဘ၀မှာ မိသားစုကလွဲလို့ တခြား လူတယောက်ရဲ့
အော်တာငေါက်တာ မခံခဲ့ဖူးဘူးထင်ပါတယ်.......


ချက်ချင်းပဲ ကောင်မလေး ကောင်လေးကို စိတ်ကုန်သွားခဲ့တယ်....

ကောင်လေးကိုလဲ အေးအေးဆေးဆေးနဲ့
စကားတခွန်းကို သေသေချာချာပြောသွားတယ်

ကောင်မလေးပြောသွားတာက.........


ko'
el lout hti phit nay lal lote chin tha lo thar lote tot

sate kone tal


ma khaw par nat tot
pyaw sa yar ma shi woo

poe har poe lal taw taw ko sate kone twar p


bar ma htet ma lo tot woo
ko' lal poe lo chin tet a yin ka ko' ma hote tot woo

poe lal ko' phit say chin tet a yin ka poe ma hote tot woo

nay tet tha lo nay tot so ter
ko'. ko pyaw ya mar par

nay tet tha lo nay p tot
pyaw ag nay


bar ma pyan ma pyaw tot woo so yin
out lite tot mal


ta tar naw

kg p lay ma pyaw yin lal

poe phit say chin tet a yin ka ko'
ma hote tet a twet poe ma lo chin tot woo

poe pyaw chin ter dar pal

အဲ့ဒါကောင်မလေးကိုယ်တိုင်ပြောသွားတဲ့စာတွေစကားတွေပါ......

ကောင်လေးကို စိတ်ကုန်သွားတဲ့အကြောင်းနဲ့

ကောင်လေးကို မလိုချင်တော့ဘူးဆိုတဲ့အကြောင်းကို
အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသားပြောပြီး ဖုန်းခေါ်လဲမကိုင်တော့ပါဘူး

ကောင်လေး တော်တော်ကို စိတ်ညစ်သွားတယ်.....

ကောင်မလေးနဲ့လမ်းခွဲဖို့ကို ဘယ်တုန်းကမှမတွေးခဲ့ဘူး

ကောင်မလေးနဲ့ တသက်လုံး တဘ၀ လုံး အတူတူနေဖို့ ကိုပဲ
စိတ်ကူးတွေယဉ်ပြီး
ပျော်ခဲ့ဖူးတဲ့ ကောင်လေး......

အခုလို သွေးအေးအေးနဲ့ လမ်းခွဲခံလိုက်ရတော့....

တလောကလုံး ဘာမှမရှိတော့သလိုခံစားလိုက်ရတယ်......

ဒါပေမယ့် ကောင်လေးရဲ့ မသိစိတ်က
ကောင်မလေးဒေါသကြောင့်ပြောသွားတာပါလို့ပဲ
စိတ်တွေကူးပြီး
တညလုံးမအိပ်ပဲ
ကောင်မလေး အိပ်ရာနိုးတဲ့အထိ ထိုင်စောင့်နေခဲ့တယ်

ကောင်မလေးအိပ်ရာနိုးလာတဲ့အချိန်ရောက်တော့
ချက်ချင်းကောင်မလေးကိုဖုန်းဆက်ပြီး
ကောင်လေးသိချင်နေတာကိုမေးလိုက်တယ်


ကောင်လေးသိချင်တာက.......

ညကပြောခဲ့တဲ့ စိတ်ကုန်သွားပြီဆိုတာရယ် မလိုတော့ဘူးဆိုတာရယ်က

စိတ်တိုလို့ ဒေါသ ကြောင့်ပဲ ခနတာပြောထွက်သွားတာလား

ဒါမှမဟုတ်.......
တကယ်ကို စိတ်ထဲကပါလို့ သေချာစဉ်းစားပြီးပြောလိုက်တာလားဆိုတာပါ.......

အဲ့ဒါကိုကောင်မလေးကိုမေးလိုက်တော့
ကောင်မလေးကလဲ ချက်ချင်းပဲပြန်ဖြေပါတယ်.......

စိတ်ထဲကပါလို့ပါတဲ့ ပြောပြီးပါပြီတဲ့...........

ကောင်လေးဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းမသိလောက်အောင်ဖြစ်သွားခဲ့ပါတယ်
ကောင်လေး မမျှော်လင့်ထားတဲ့ စကားတွေကိုကောင်မလေးပြောသွားခဲ့တယ်

ကောင်လေး မကြားချင်တဲ့ အသံတွေကို ကြားလိုက်ရတယ်.......


ဒီလိုနဲ့ ကောင်မလေး အလုပ်ကိုသွားလိုက်တာပေါ့.....

အချိန်တွေ ကုန်ကုန်လာရင်းက

ကောင်မလေး အလုပ်ကပြန်ရောက်လာတဲ့အချိန်တောင်ပြန်ရောက်သွားခဲ့တယ်


ကောင်လေး အမှတ်မရှိပဲ ကောင်မလေးကို ထပ်ဖုန်းဆက်ပြီးမေးတယ်

ပြောခဲ့တာတွေက လုံးဝသေချာသွားပြီလား
ပြန်မစဉ်းစားတော့ဘူးလားလို့ပေါ့


ကောင်မလေးဖက်ကလုံးဝမပြောင်းလဲတဲ့ အဖြေတွေပဲပြန်ပေးခဲ့ပါတယ်......
ကောင်လေး မှာပြောစရာမရလောက်အောင်နာကျင်နေခဲ့ပြီ.....


ကောင်မလေးကတော့ အေးတိအေးစက်ပါပဲ

ကောင်မလေးရင်ထဲမှာတော့ ဘယ်လိုနေမလဲမသိပါဘူး .....
ကောင်လေးအတွက်တော့ ဘာမှလဲမစဉ်းစားတတ်တော့သလို
အသိဥာဏ်တွေတောင် ပျောက်သွားသလိုဖြစ်သွားခဲ့ပါတယ်.....


ဒဏ်ရာတွေအထပ်ထပ်ရတဲ့အထိ အသိဥာဏ်တွေပျောက်သွားခဲ့တယ်.....


ကောင်လေးရဲ့သူငယ်ချင်း တယောက်က
ဒါတွေကို မြင်နေသိနေတော့

ကောင်မလေးကို ၀င်ပြီး ဖြေရှင်းပေးတယ် ပြောပြပေးတယ်


ကောင်မလေး တဖြေးဖြေးလက်ခံလာပါတယ်.....

ကောင်လေးအတွက်တော့ ကောင်မလေးကို ဘာမှမပြောနိုင်တော့တဲ့အတွက်
ငြိမ်ပဲငြိမ်နေလိုက်မိတယ်......

ကောင်လေးရဲ့ ဒဏ်ရာတွေက
တစက်ပြီးတစက်ကျနေတဲ့ သွေးစက်တွေနဲ့
အတူ
မျက်ရည်တွေကလဲ တစက်ပြီးတစက်ပါပဲ ............


ကောင်လေးရဲ့သူငယ်ချင်း က ကူညီပြီး ဖြေးရှင်းပေးလိုက်တဲ့အတွက်

ပြသာနာက အေးသွားပါတယ်....

ကောင်မလေးဖက်ကလဲ အရင်လိုပါပဲ နားလည်ပေးလိုက်တာလား
စိတ်ကိုလျော့လိုက်တာလားမသိနိုင်တဲ့ စိတ်နဲ့
ကောင်လေးကိုပြန်လက်ခံခဲ့တယ်........


ဒီပြသာနာတွေမှာ
ဘယ်သူကမှားလဲ ဘယ်သူကမှန်နေလဲဆိုတာ
မသိနိုင်ပါဘူး........

ကောင်မလေးမှားလား ဒါမှမဟုတ်ကောင်လေးကပဲ မှားတာလား

ကောင်မလေးမှန်လား ဒါမှမဟုတ် ကောင်လေးကပဲ မှန်တာလား

ဘာဆိုဘာမှန်းမသိနိုင်တဲ့ အကြောင်းအရာတခုကြောင့်

ဒီလောက်အထိဖြစ်ပျက်သွားခဲ့တယ်.......


ရင်ထဲကဒဏ်ရာ ကိုယ်ပေါ်ကဒဏ်ရာ
ဒဏ်ရာကိုယ်စီနဲ့
ကောင်မလေးနဲ့ ကောင်လေးတို့
ပြန်အဆင်ပြေသွားခဲ့ကြပါတယ်.....


တခါတလေတော့လဲ စဉ်းစားမိတယ်ကောင်မလေးရေ

ဒီမှာပြသာနာတခုခုကိုရေးလိုက်တိုင်း
အဆိုးဆုံးပြသာနာလို့ခနခနရေးခဲ့တယ်

အဲ့ဒီပြသာနာတွေပြီးလို့ ထပ်ဖြစ်လာတဲ့ ပြသာနာတိုင်းကလဲ
ပိုပိုဆိုးလာခဲ့တယ်


ပြသာနာတွေကို ဒီမှာထည့်မရေးရဲလောက်အောင်ကိုဖြစ်လာခဲ့ပြီ

အမှတ်တရဆိုတဲ့ ဒီနေရာလေးမှာ အမှတ်တရတွေလဲမနည်းတော့ပါဘူး မနည်းတော့တဲ့အမှတ်တရတွေထဲက ကြည်နူးစရာအမှတ်တရဖြစ်တဲ့
ချစ်သူတွေဖြစ်ခဲ့တာ(၄) လပြည့်တဲ့အမှတ်တရနေ့လေးကလဲ

မနက်ဖြန် ၉ ရက်နေ့ဆိုရင် ရောက်လာပြန်ပါပြီ.......


ဘာပဲပြောပြော ဘာပဲဖြစ်ဖြစ်
တဖြေးဖြေးနဲ့ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေက မနည်းတော့ပါဘူး


စက္ကန့်ပေါင်းများစွာ နာရီတွေများစွာ နေ့ရက်တွေများစွာနဲ့
ဖြတ်သန်းလာခဲ့တာ
အခု ၄ လပြည့်တော့မယ်......

ချစ်သူ
.............
ပြသာနာတွေများစွာကိုလဲ ရင်ဆိုင်ခဲ့ကြပြီးပြီ
နားလည်မှုများစွာကိုလဲ ပေးခဲ့ကြပြီးပြီ

ချစ်ခြင်းတွေနဲ့လဲကြည်နူးခဲ့ကြပြီးပြီ

နောက်ဖြစ်လာမယ့်ရှေ့ရေးအတွက်လဲ ဆွေးနွေးခဲ့ကြပြီးပြီ


ဒီလိုလေးပဲ နောက်ဖြစ်လာမယ့်
အမျိုးမျိုးသော အကြောင်းတွေကိုဆက်ပြီး

ရင်ဆိုင်ရဲတဲ့ သတ္တိလေးနဲ့ ခိုင်မာတဲ့ စိတ်ဓါတ်လေးမွေးလို့
နှစ်ယောက်အတူ ဆက်ပြီးဖြတ်သန်းပါရစေ.........

ချစ်သူနှစ်ယောက်ဘ၀မှာ နှစ်ယောက်လုံးသာ
အတူတူ ဖြတ်သန်းပါရစေ........
တယောက်ထဲနေခဲ့ဖို့ ထပ်မပြောပါနဲ့တော့လို့.......................


အရမ်းချစ်တယ် ပိုးရယ်.........


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်