BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Sunday, November 22, 2009

ဘယ်ကိုမှထွက်မသွားပါနဲ့


တောက်တဲ့ တကောင်လို
သူ့ ကိုတွယ်ကပ်နေမိပြန်ပါပြီ


ပသာနာ မျိုးစုံကို
အမျိုးမျိုးသောအကြောင်းတွေနဲ့ ရှာတတ်တဲ့ ကျွန်တော်


အမျိုးမျိုးသော စိတ်သောကတွေနဲ့ အမျိုးမျိုးသော စိတ်ညစ်စရာတွေပေးပြီး
သူ့ကိုရင်နာအောင်အကြိမ်ကြိမ်လုပ်ခဲ့မိတဲ့ ကျွန်တော်

အပြစ်ပေါင်းမနည်း အမှားတွေလဲ မနည်းတဲ့ ကျွန်တော်


ကျွန်တော့်လိုလူကို......

အမျိုးမျိုးသော နားလည်မှုတွေပေး
ချစ်ခြင်းတွေနဲ့ခွင့်လွှတ်ပေးခဲ့တဲ့သူ


မရည်ရွယ်ပါပဲ အနေအထိုင် အပြောအဆို မတတ်ခဲ့တဲ့
ကျွန်တော့်ကြောင့်
ပြသာနာပေါင်းစုံက ပိတ်ထားတဲ့
ရင်ခွင် နှစ်ခုဆီကို တည့်တည့်ကြီး
ဖောက်ဖောက်ဝင်လာခဲ့တယ်.......

အပြစ်ကင်းတဲ့ သူ ဘ၀ လွတ်လပ်နေတဲ့ ကလေးလေးစိတ်နဲ့ သူ

စိတ်သောကအပူ မောဟအပူတွေ

စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာတွေ အပြင်

ကျွန်တော်ကြောင့် ပဲ အမျိုးမျိုးသော နာကျည်းမှုတွေရခဲ့ပြီ


သူ့အပေါ်မှာ ဘယ်လိုများ
ကျွန်တော့်အပြစ်တွေကြေ အောင် ဆပ်ခွင့်ရှိဦးမလဲ မသိပါဘူး


အဲ့ဒီအပြစ်တွေအတွက်
တခုခုများနာကျင်အောင် လုပ်လိုက်ပါတော့လား ချစ်သူရယ်....

လမ်းခွဲဖို့နဲ့ ပြတ်သားဖို့ကလွဲလို့ပေါ့....


လမ်းခွဲဖို့ ပြတ်သားဖို့ ဆိုတာထက်
တရက်လောက်မတွေ့ရရင်ဆိုတာမျိုးတွေးမိရင်တောင်

ကျွန်တော့်ရင်တွေ စို့ သက်ပြင်းအမောတွေအကြိမ်ကြိမ် ချရင်း

တရက်လေးဝေးရဖို့တောင် ရင်မဆိုင်ရဲခဲ့ပါဘူး....


တသက်လုံး ဝေးဖို့ ဆိုတာ .......... ဘယ်လိုမှ.............မဖြစ်နိုင်ပါဘူး


အရာရာတိုင်းကို ခေါင်းငုံ့အရှုံးပေးထားပြီး

သူ့စိတ်တိုင်းကျနေထိုင်နိုင်အောင် ကြိုးစားနေရင်းက
မထင်မှတ်တဲ့
ပြသာနာတွေနဲ့ မထင်မှတ်တဲ့ နာကျည်းမှုတွေ
ဘာကြောင့်များ
ကျွန်တော်တို့ ကြားထဲ ၀င်ဝင်လာလဲမသိပါဘူး......

ကျွန်တော် ၀ဋ်လည်တာပဲလား...

မိန်းကလေးတော်တော်များများကို အပျော်တွဲခဲ့ဖူးတယ်......

ကိုယ့်စိတ်ပျော်ရွှင်မှုသက်သက် တကယ်မချစ်ပါပဲ
မိန်းကလေးတော်တော်များများကိုချစ်တယ်ဆိုတဲ့စကားတွေပြော
ပျင်းလာတော့ဖြတ်........ ကျွန်တော် ရက်စက်ခဲ့ဖူးတယ်


ဒါတွေကြောင့်ပဲ ကျွန်တော့်အတွက်
ရူးမလောက်ချစ်ရတဲ့ သူနဲ့ကျမှ

သူ့ရဲ့ အကြိမ်ကြိမ် လမ်းခွဲမယ့်စကားတွေနဲ့
မုန်းတဲ့စကားတွေ
ပြတ်သားမယ့်စကားတွေ
အထပ်ထပ်အပြောခံရရင်း မကြာခဏ အထားခံခဲ့ရပါတယ်


အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်စကားတွေပြော
အမှားတွေကိုပြင်
အရာရာကိုလဲ
သူ့ကြောင့်ပဲ ဆင်ဆင်ခြင်ခြင်နေတတ်လာခဲ့ပါတယ်


အရာရာ အားလုံး အတွက်လဲ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်.....


သူ့ကြောင့်ပဲ ကျွန်တော့်မှာ ပြောင်းလဲမှုတွေအများကြီးပြောင်းလဲခဲ့တယ်

ပြင်ဆင်ခဲ့တယ်......

ပျော်ရွှင်မှုတခု အတွက် ဘာဆိုဘာမှမစဉ်းစားပဲ

ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရင်းကျေနပ်နေတဲ့ဘ၀က

ကျွန်တော့်ကို ဆွဲထုတ်ရင်း ...........


သူ့ရဲ့ဖြူစင် အပြစ်ကင်းပြီးပျော်ရွှင်နေတဲ့ ဘ၀လေးကို အနစ်မွှန်းခံလို့

နာကျင်မှုတွေလက်ခံ သောကတွေလက်ခံ
ကြည်ကြည်ဖြူဖြူနားလည်မှုတွေပေး

အကြိမ်ကြိမ် ခွင့်လွှတ်ရင်း
သူ့ရင်ထဲမှာ ကျွန်တော့်ကိုနေခွင့်ပေးနေတုန်းပါပဲ


ကျွန်တော် ဘယ်လိုအမှားမျိုးမှ ထပ်မမှားအောင် ဂရုစိုက်နေပြီး
သူ့အတွက်ပျော်ရွှင်စရာလေးတွေပေးချင်တယ်.......
တဘ၀လုံး တသက်လုံး အတွက်ပေါ့...


တဘ၀လုံး တသက်လုံး ကျွန်တော့်ဘေးမှာ
သူ့ ကိုအမြဲရှိနေစေချင်တယ်


တရေးနှိုးလို့ မျက်လုံး ဖွင့်တာနဲ့
သူ့ပုံရိပ်တွေနဲ့ပဲ မနက်ခင်းလေးကိုကြိုချင်တယ်


တရက်ကုန်လို့ မျက်လုံး မှိတ်ရင်လဲ
သူ့ပုံရိပ်တွေပဲ စိတ်ထဲမှာစွဲ အိမ်မက်ထဲထိ သူနဲ့တွေ့ချင်တယ်
ချစ်သူရေ........

ကျေးဇူးပြုပြီး ကို့ ရင်ထဲက ဘယ်ကိုမှထွက်မသွားပါနဲ့...........


ချစ်သူအတွက်
နွေးထွေးခြင်း
ပျော်ရွှင်ခြင်း
ကြည်နူးခြင်း
လုံခြုံခြင်းတွေပေးရင်း
တသက်လုံး ရင်ထဲမှာ ထည့်ထားပါရစေ........
ဘယ်ကိုမှထွက်မသွားပါနဲ့................

အရမ်းချစ်တယ် ပိုးရယ်.......

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်