BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Wednesday, July 29, 2009











Tuesday, July 28, 2009

၂၇-၇-၀၉ တရက်တာ (သို့) မဆုံးရှုံးပါရစေနဲ့


အဆင်ပြေပြီးပျော်ရွှင်မှုတွေကြားထဲက .........
အဆင်မပြေတာလေးတွေလဲပေါ်လာတတ်တယ်ဆိုတာ

ကောင်လေး နဲ့ ကောင်မလေးအတွက်တော့ တကယ် အမှန်ပါပဲ ........


ဒီနေ့ ကောင်မလေး နဲ့ ကောင်လေး ပထမဆုံး စတွေ့ချိန်က
ကောင်မလေး ရဲ့ နေ့လည်ထမင်းစားချိန် ..........

နေ့လည်ထမင်းစားချိန်မှာ ကောင်မလေး အလုပ် ခနနားရတော့
ကောင်လေး နဲ့ ဖုန်းပြောဖြစ်ကြတာပေါ့ .........


ကောင်လေး ကတော့ ထုံးစံ အတိုင်း ......
ကလေး တယောက်ကို စိတ်မချသလို

ကလေး တယောက်ကို စိတ်ပူသလို .............
ကလေးတယောက်ကို ဂရုစိုက်သလို

ကောင်မလေး ကို အားလုံးမေးတော့တာပဲ ........

စားပြီးပြီလား.......
ဘာနဲ့စားလဲ ..........

အစပ်တွေပါလား .....

အချဉ်တွေပါလား .....

အရမ်းပူလား ........

ရေရောသောက်ရဲ့လား .......
ဆေးရောက်သောက်ပြီးပြီလား ........
အကုန်မေးတော့တာပဲ ........

ကောင်လေးမေးလိုက်တော့မှ ကောင်မလေး ခေါင်းမူးသွားလားတောင်မသိပါဘူး ...........
ကောင်မလေး ကလဲ စကား နားထောင်ပါတယ် ..........
အကုန်လုံး ကောင်လေး မှာသလိုလိုက်လုပ်တယ်လေ ..........

ပြီးတော့ စကားတွေပြောကြတာပေါ့ ..........
အရင်လိုပါပဲကြည်ကြည်နူးနူးနဲ့ပါပဲ ........


ဒီလိုစကားတွေပြောရင်းနဲ့ ........

ကောင်မလေး အလုပ်နားချိန်ပြည့်သွားတော့ ....
အလုပ်ဆင်းချိန်မှပြန်ဆက်မယ်ဆိုပြီး

ကောင်မလေးအလုပ်သွားလုပ်တော့တာပေါ့.........


ဒါပေမယ့် ကောင်မလေး ကအလုပ်မလုပ်ခင်မှာခဲ့သေးတာပေါ့ .........
ထုံးစံအတိုင်းပါပဲ .....

မပြောင်းလဲပေမယ့် .......... ကောင်လေး အတွက်တော့ အမြဲတမ်း အသစ်ဖြစ်နေတဲ့

ကောင်မလေးရဲ့ စိတ်ပူတဲ့ အသံလေးတွေပေါ့ ...............

မနက်စာစားဖို့ .......
စားပြီးရင်နေ့လည်စာချက်ဖို့ .....

နေ့လည်စာချက်ရင်း ညစာပါတခါထဲချက်ဖို့ ..........
ပြီးရင်ရေချိုးဖို့ပေါ့ ...............
ကောင်လေးကလဲ ဟုတ်ကဲ့ လို့ပြောတတ်တာပေါ့ .................


တခုရှိသေးတယ် ...........
ကောင်မလေးရဲ့ စိတ်တိုင်းမကျတာလေး တခုပေါ့

ကောင်မလေးကမှာစရာတာရှိတာတွေမှာတဲ့ အခါ
ကောင်လေးက ဟုတ်ကဲ့ဆိုရင်
ကောင်မလေးက ဘာလဲ ရွဲ့တာလား တဲ့ .........
အဲ့လိုပြောလို့ ကောင်လေး က အဲ့ဒါဆိုလဲ မဟုတ်ကဲ့ လို့ပြောပြန်တော့လဲ
ကောင်မလေးက သူ့ကို ဂရုမစိုက်ဘူးတဲ့ .........

အဲ့လိုလေးတွေလဲရှိတတ်သေးတယ် ...........
အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပါ ......


ဒီလိုနဲ့ ကောင်လေး လဲ ကောင်မလေး မှာတာတွေလုပ်တာပေါ့ ........

မနက်စာစားနေ့လည်စာချက် ညစာချက်...........
ကောင်မလေးဖတ်ဖို့ စာတွေရေး ........
အားလုံး ပြီးတော့ အေးဆေးနား ရေချိုးပြီး

ကောင်မလေး အလုပ်ဆင်းချိန်ကိုစောင့်နေတာပေါ့ ......


ကောင်မလေး အလုပ်ဆင်းချိန်ရောက်တော့ ဖုန်းဆက်ပြီး
ကောင်မလေးနဲ့ ကောင်လေး စကားပြောကြပြန်တာပေါ့ ........

ကောင်လေးကလဲ စစတွေ့တာနဲ့ စပြီး ကောင်မလေး ခေါင်းမူးအောင်မေးတော့တာပေါ့ ..... ရေဘယ်လောက်သောက်လဲ ........
ဆေးသောက်တာသေချာလား.......

အန်သေးလား ......

စုံပလုံစိနေအောင်မေးတာပေါ့ .........


ကောင်မလေး ကလဲ ကောင်လေး စကားအားလုံးနားထောင်ပါတယ် ....... ဘာမှမဖြစ်ပါဘူးဆိုပြီးပြန်ပြောပြတာပေါ့ ...............
ဒီလိုနဲ့ကောင်မလေး နဲ့ကောင်လေး စကားတွေအများကြီးပြောဖြစ်ကြတယ်လေ.......

ကောင်မလေး မေးတာတွေကောင်လေး ဖြေ.......
ကောင်လေး မေးတာတွေကောင်မလေးဖြေ.........
ကောင်မလေးကိုပျော်အောင် ကောင်လေးက စ........
ကောင်မလေး ရီအောင် ရီစရာတွေပြော ........
အချိန်တွေကတော့ အဆင်ပြောချောမော နေတာပေါ့. ................


ကောင်လေးက ကောင်မလေး ကို အိမ်ကိုချက်ချင်းမပြန်ဖို့နဲ့ ..........
တနေနေရာရာမှာ ခနလေး နားပြီး လေကောင်းလေသန့် ရှူဖို့မှာတော့..


ကောင်မလေး က ချက်ချင်းမပြန်သေးပဲ
ကောင်လေးပြောသလို ပန်းခြံထဲမှာ ခနထိုင်နားတာပေါ့ .........

ပြီးတော့ကောင်လေး ပြောသလို အသက်ကို၀၀ ရှူပြီး........
.စကားတွေဆက်ပြောကြတာပေါ့ ...


အဲ့လိုပြောနေရင်းနဲနဲ ကြာလာတော့
ကောင်လေးက ကောင်မလေး ကို အပေါ်တက်ဖို့ပြောတာပေါ့.....
ပြီးတော့ ထုံးစံအတိုင်း ကောင်လေးက စိတ်ပူပြီးမှာတော့တာပဲ...

အခန်းထဲရောက်တဲ့ အခါ ခနနားဖို့ .........
နားပြီးရင် ရေကိုဝအောင် တခွက်သောက်ဖို့.......
သောက်ပြီးရင် ရေချိုးဖို့ ..........
ရေချိုးတဲ့ အခါ ခေါင်းလျှော်ပြီးရင် ခေါင်းခြောက်အောင်သုတ်ဖို့.......
ပြီးရင် ထမင်းစားဖို့ ....... ဆေးသောက်ဖို့ ...........
ပြီးရင်တော့ ကောင်လေး နဲ့ ပြန်တွေ့မယ်လို့ မှာတာပေါ့ .......

ကောင်လေး စိတ်ပူပြီး မှာတာပါ..........
ကောင်မလေးက အင်းအင်းအင်း ဆိုပြီးပြန်ပြောပါတယ်

ဒါပေမယ့် ကောင်မလေး ခေါင်းထဲကိုကောင်လေးမှာတာတွေတခုမှမရောက်ပါဘူး.......

ကောင်လေး မှာနေတာတွေ ကောင်မလေးအတွက် အပိုဖြစ်နေလားမသိပါဘူး........
ကောင်လေး ပြောနေတာတွေကို ကောင်မလေး ဂရုစိုက်ပုံလဲမရပါဘူး.......
စိတ်ဝင်စားပုံလဲမရပါဘူး ..............
ကောင်လေးက ဘာတွေလုပ်ရမှာလဲ ပြန်မေးတော့ ........
ဘာမှကိုကောင်မလေး မမှတ်မိပါဘူး.........

ကောင်လေး စိတ်မကောင်းဖြစ်သွားပါတယ် ...........
ဘာမှတောင်ပြန်မပြောနိုင်လောက်အောင်စိတ်မကောင်းဖြစ်ပြီး ငြိမ်သွားပါတယ် .........

ကောင်မလေးကလဲ ပြန်ပြောလို့ပြောတာပေါ့........
ကောင်လေးက မပြောတော့ပါဘူး...... အရေးမှမကြီးပဲလို့ပြောတော့ ....
ကောင်မလေး က ပြန်မပြောပြရင် စိတ်ဆိုးမှာ ဆိုလို့ .........

ကောင်လေး အစက စပြီး
ဘယ်လိုလုပ်ဘယ်လိုလုပ်ဆိုတာပြန်ပြောပြပေးလိုက်ပါတယ် ......


ကောင်မလေး အတွက် ကောင်လေး ပြောတဲ့ စကားတွေက
အရေးမကြီးဘူးလား
မလိုအပ်ဘူးလား ....
ဂရုစိုက်စရာမလိုဘူးလား ..... ကောင်လေး မသိပါဘူး .......
ကောင်လေးသိတာ ..........
ကောင်မလေး ကို ကျန်းကျန်းမာမာနဲ့ ပျော်နေစေချင်တာပါ.........


ဒီလိုနဲ့ ကောင်မလေး အခန်းထဲပြန်ရောက်ပြီး ခနနားနေတုန်း........
ကောင်မလေး အိမ်က ကောင်မလေးနဲ့ လာတွေ့လို့ ကောင်မလေး
သူ့အိမ်နဲ့ စကားပြောနေတဲ့ အတွက်...........

ကောင်လေး ကောင်မလေးကို စောင့်နေခဲ့ပါတယ် ..........

အဲ့ဒီအချိန်မှာ ၂ ယောက်လုံးအတွက် စိတ်ညစ်စရာစပေါ်လာတာပါပဲ .........


ကောင်မလေး ကိုကောင်လေးကစောင့်နေတာပေါ့...............

ကောင်မလေး သူ့အိမ်နဲ့တွေ့ပြီးတဲ့အချိန်မှာ .........
ကောင်လေးနဲ့ပြန်ပြောပါတယ်......

ကောင်မလေး အသံတွေ.......... ရေးတဲ့စာတွေ

ပုံစံတွေချက်ချင်းပြောင်းသွားသလိုပဲဆိုတာ
ကောင်လေးသတိထားမိသွားတယ်

ကောင်လေး မေးတော့တာပေါ့

ဘာတွေဖြစ်တာလဲ
ဘာတွေဖြစ်လဲဆိုတော့
ကောင်မလေးမပြောပါဘူး ဘာမှမဖြစ်ဘူးပဲပြောပါတယ်

ကောင်လေး အတင်းမေးတော့ နောက်ဆုံး ကောင်မလေး ပြောပြပါတယ်.........

အိမ်ကို ကောင်လေးနဲ့ အကြောင်းဖွင့်ပြောလိုက်တော့

အိမ်က ကောင်မလေးရဲ့အမ က ခါးခါးသီးသီး ငြင်းတယ်တဲ့

အဲ့ဒါကြောင့်ကောင်မလေးက စိတ်ညစ်တယ်တဲ့ .......

ကောင်လေး ဘာပြန်ပြောရမှန်းကိုမသိတော့ပါဘူး......

ကောင်လေး ရဲ့ ဘ၀ အခြေအနေ တခုကို
ကောင်မလေး ဖက် က လက်မခံနိုင်ဘူးဖြစ်နေတယ်လေ


ကောင်လေး စိတ်မကောင်းဖြစ်သွားတယ် စိတ်လဲညစ်သွားတယ်
ကောင်မလေးကိုလဲအရမ်းချစ်တယ်.....
မိသားစုနဲ့ ချစ်သူကြားမှာ စိတ်ညစ်ရမယ့်ကောင်မလေးကိုလဲ သနားတယ်

ကောင်လေး အများကြီးစဉ်းစားဖို့လိုလာပြီဆိုတာ သိလိုက်တာပေါ့.......

ဒါပေမယ့် ကောင်လေး မှာကောင်မလေး ကို
ချက်ချင်းစကားပြန်ပြောဖို့ အားမရှိတော့ဘူးလေ


အဲ့ဒါနဲ့ ကောင်မလေး ကိုနှုတ်ဆက်ပြီးဘောလုံးသွားကန်တာပေါ့..........

ကောင်လေး ဘောလုံးကန်နေတဲ့အချိန်မှာ ...... ကောင်မလေးကလဲ လုပ်စရာရှိတာတွေလုပ်ထားတယ်လေ

ကောင်လေး ဘောလုံးကန်ပြီးပြန်လာတော့
ကောင်မလေး နဲ့ပြန်တွေ့တာပေါ့...

ပြန်တွေ့တဲ့အချိန်မှာ တော်တော်ကြာကြာကို ဆွေးနွေးဖြစ်ကြတယ်

ကောင်မလေး မိသားစုက ကောင်လေးကို လက်မခံအတွက်
ဘယ်လိုရှေ့ဆက်မယ်ဆိုတာကိုပေါ့

ကောင်မလေးက တော့ ကလေးလေး ဆိုတဲ့ အတိုင်း
ဘာမှမစဉ်းစားတတ်ဘူးတဲ့

ကောင်လေး စဉ်းစားပြီး ကောင်လေး လုပ်တဲ့အတိုင်းပဲ
ကောင်မလေး က လိုက်လုပ်မှာတဲ့


ကောင်လေး အများကြီးစဉ်းစားပါတယ်......
တော်တော်များများ အဆင်ပြေမယ့်ဖက်ကိုလိုက်စဉ်းစားပါတယ
ချက်ချင်း လုပ်ဖို့လွယ်တဲ့ ကိစ္စလဲမဟုတ်ဘူး ....
အချိန်တွေအများကြီးယူပြီးလုပ်မှဖြစ်မှာမလို့....
ကောင်မလေးကိုလဲစိတ်မညစ်စေချင်တာကြောင့်

တခြားအကြောင်းပြောဖို့ ပြောလိုက်တာပေါ့

အဲ့ဒီမှာကောင်လေးနဲ့ကောင်မလေး တခြားအကြောင်းကိုဆက်ပြောဖြစ်ကြတယ် .........

ဒီလိုပဲပြောနေရင်းနဲ့ ကောင်မလေး အိပ်ချင်လာပြီလေ
ကောင်မလေး ကိုအိပ်ဖို့ပြောတော့
ကောင်မလေးက ပုံပြောပြရင်အိပ်မယ်တဲ့

ကောင်လေးက လဲ ပြောပြတာပေါ့........

ဒီလိုနဲ့ပြောရင်းပြောရင်းကောင်မလေး အိပ်ပျော်သွားပါတယ်........

ကောင်လေးမှာတော့ အတွေး တွေ အများကြီး စဉ်းစားစရာတွေတပုံကြီးနဲ့ တယောက်ထဲကျန်ခဲ့တာပေါ့.............

ကောင်မလေး ကတော့ အားလုံး မေ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါပြီ ......

ကောင်မလေးရေ ........
မနက်စောစောကစလို့ ..... ဘ၀အမောတွေပျောက်ပြီး ............. ပျော်ရွှင်ခြင်းတွေသာရောက်နေပါစေ .....

အရမ်းချစ်တယ်ကောင်မလေးရယ်.....

မဆုံးရှုံးပါရစေနဲ့

Sunday, July 26, 2009

၂၆-၇-၀၉ တရက်တာ (သို့) ဂျိုကာ



ကောင်လေးရဲ့ ဆုတောင်းတွေများပြည့်နေသလားပဲမသိပါဘူး ...........

ဒီနေ့ဆိုရင်လဲ ကောင်မလေးနဲ့ ကောင်လေး
အဆင်ပြေပြေ နဲ့ပဲ တနေ့ ဆိုတဲ့အချိန်ကိုဖြတ်သန်းခဲ့ပါတယ်။


ဒီနေ့ တနင်္ဂနွေ နေ့ ကောင်မလေး အလုပ်ပိတ်တယ်လေ ......
ဒါပေမယ့် ကောင်မလေး စနေနေ့ညက ကောင်လေးနဲ့ ည ၃ နာရီအထိ စကားတွေပြောနေခဲ့တဲ့အတွက် အိပ်ရာထနောက်ကျခဲ့ပါတယ် .........

ကောင်မလေးအိပ်ရာနှိုးပြီးတော့ ....... အ၀တ်တွေဘာတွေလျှော် ရေချိုးပြီးတော့ ........ ကောင်လေးကို ဖုန်းခေါ်လိုက်ပါတယ် ....... ကောင်လေးက အိပ်နေတာပေါ့ ........
ကောင်မလေး ဖုန်းခေါ်တော့ထလာပြီး .......
ကောင်မလေးနဲ့ပြောတယ်လေ

ကောင်မလေးက ဒီနေ့အတွက်သွားစရာရှိတာတွေကိုကောင်လေးကို အသိပေးတယ် အသိပေးတယ်ဆိုတာထက်ခွင့်တောင်းတာပါ ........

ပထမဆုံး ကောင်မလေး က သူ့အမ ဆီကိုသွားမယ် .........

သူ့အမ ဆီသွားပြီးရင် သူ့ သူငယ်ချင်းတယောက်နဲ့ ချိန်းထားတာသွားမယ် ......

နဲနဲ လည်မယ်ပတ်မယ်ပေါ့ .............

အဲ့ဒီကပြန်ရင်တော့ ဆေးခန်းပြရမယ်ဆိုပြီး
ကောင်လေးဆီခွင့်တောင်းပါတယ်

ကာင်လေးကလဲ ကောင်မလေး အလုပ်ပိတ်ရက်မှာ
စိတ်ပျော်သလိုလေး
နေစေချင်တာကြောင့် ခွင့်ပြုလိုက်တာပေါ့ ......

ကောင်မလေး က သူငယ်ချင်းနဲ့ချိန်းထားတာ ညနေ ၄ နာရီလို့ပြောပါတယ်
ဒါပေမယ့်ကောင်လေးနဲ့ ပြောနေတဲ့ အချိန်က ပဲ ညနေ ၃ နာရီကျော်နေပါပြီ. ....
ကောင်လေးက ကောင်မလေးနောက်ကျမှာစိုးလို့ မြန်မြန်သွားဖို့ပြောတော့ .....

ကောင်မလေး နောက်ထပ်တခုခွင့်တောင်းပါတယ် ......


ဘာလဲဆိုတော့ ............
ကောင်လေးက ကောင်မလေး ကို ဘောင်းဘီ တိုတိုလေးတွေ
အကျီရင်ဟိုက်တာတွေပေးမ၀တ်ဘူးလေ
ကောင်မလေးက ဒီနေ့ အလုပ်ပိတ်ရက် လျှောက်သွားဖို့
လွတ်လွတ်လပ်လပ်
ဘောင်းဘီတို လေးနဲ့ သွားချင်တယ်ထင်ပါတယ် ........
ဘောင်းဘီ တို လေး ၀တ်ပြီး ကောင်လေးကို ခွင့်တောင်းတယ်လေ .........

ကောင်လေး က လဲ အလုပ်ပိတ်ရက်လေး ၀တ်ပါစေဆိုပြီးခွင့်ပြုလိုက်တယ်.......
ကောင်မလေး က ပျော်သွားပြီးတော့ ကောင်လေးကို ဖုန်းဆက်ဖို့မှာပြီး သွားလိုက်တာပေါ့ ...... ကောင်မလေးသွားလိုက်ပြီးမကြာပါဘူး ..............
ဖုန်းဆက်တာပေါ့ ........
ကောင်မလေးက အမ အိမ်က ထွက်လာပြီ ဆိုတာပြောပြတယ်....
အမ အိမ်ကထွက်လာတာ တော်တော်ကို နောက်ကျနေလို့ ......
သူငယ်ချင်းက စောင့်နေတာကြာနေပြီ
ဆိုတာတွေပါ ကောင်မလေး က ပြောပြတယ် .............

ကောင်လေးက လဲ မြန်မြန်သွားဖို့ပြောတာပေါ့ .........
အဲ့လိုနဲ့ ကောင်မလေးကလဲ မြန်မြန်သွားတယ်လေ ......

ကောင်မလေး သူ့သူငယ်ချင်းနဲ့တွေ့တော့
နောက်မှဖုန်းပြန်ဆက်မယ်ဆိုပြီးဖုန်းချလိုက်တာပေါ့



ကောင်လေးက ကောင်မလေး ဘယ်တော့ဖုန်းပြန်ဆက်မလဲဆိုပြီးစောင့်နေတာတော်တော်ကြာသွားတယ်

တော်တော် ကြာတော့မှကောင်မလေး က ဖုန်းဆက်လာတယ်လေ
သူငယ်ချင်းဘယ်ပျောက်သွားမှန်းမသိဘူးတဲ့
ဖုန်းဆက်တာလဲ မကိုင်ဘူးတဲ့
ဘယ်လိုလုပ်ရမလဲဆိုပြီး
ကောင်လေး ဆီဖုန်းလှမ်းဆက်တာပေါ့ ......


ကောင်လေးကလဲ ခနတော့စောင့်ကြည့်ဖို့ နဲ့ ဖုန်းပြန်ဆက်ကြည့်ဖို့ပြောတာပေါ့ ....... အဲ့လိုပြောနေရင်းနဲ့ မကြာပါဘူး
ကောင်မလေး သူငယ်ချင်းပြန်လာတယ်လေ
ဗိုက်နာလို့ ခနသွားရှင်းတာပါတဲ့ .........
ကောင်မလေး ကလဲ ရီ ကောင်လေးကလဲရီနဲ့ပေါ့ .............


ကောင်မလေးက ကောင်လေး ကိုဘာတွေလုပ်နေတာလဲ
နေ့လည်စာရောစားပြီးပြီလားဆိုတော့

ကောင်လေးကချက်တော့ချက်ပြီးပြီမစားရသေးဘူးလို့ ပြောတာပေါ့ ..........


ကောင်မလေးက စားလိုက်ဖို့နဲ့
စားပြီးရင် ညအတွက်ပါတခါထဲအပြီးချက်ထားဖို့မှာတာပေါ့...

မှာပြီးတော့ အမ အိမ်ပြန်သွားရမယ်ဆိုပြီးဖုန်းချသွားတယ်လေ ........


အဲ့ဒါနဲ့ကောင်လေးကလဲ ကောင်မလေးပြောသလို ထမင်းထစားလိုက်ပြီးတော့
ညစာအတွက်ထမင်းပြန်ချက်တာပေါ့ ..........
အဲ့လိုနဲ့ ကောင်မလေး လဲ ပြန်မလာသေးတာနဲ့
ကောင်လေး ဘောလုံးကန်ဖို့အချိန်ရောက်လာတော့

ကောင်လေးလဲ ဘောလုံးဆင်းကန်တာပေါ့ ..........


ကောင်မလေးကတော့ ပြောထားခဲ့တယ် ...ကောင်လေးကိုစောင့်နေမယ်လို့ ....
ကောင်လေးဘောလုံးကန်ပြီးပြန်တက်လာတော့ ကောင်မလေးမစောင့်နေပါဘူး ......

ကောင်လေး ဖုန်းဆက်ဖို့ကျပြန်တော့လဲ ........
ကောင်လေးကွန်ပျူတာက မအားဘူးဖြစ်နေတော့

ကောင်မလေးကိုဘယ်လိုခေါ်ရမှန်းမသိဘူး ........

ကောင်မလေးလဲပြန်မရောက်သေးတာလားမသိဘူးဆိုပြီး

ကောင်လေး ခနလေးစောင့်နေလိုက်တော့
ကောင်မလေးရောက်လာတာပေါ့ ......


ကောင်မလေး ဆေးခန်းကပြန်လာတဲ့အကြောင်းပြောပြတော့...

ကောင်လေး သေချာမေးတော့တာပဲ......

ဆရာဝန်ဘာတွေပြောလဲ ဘာတွေမှာလိုက်လဲလို့ပေါ့ ........


ဆရာဝန်ပြောလိုက်မှာလိုက်တာတွေ အရမ်းများတယ်ထင်ပါတယ် ကောင်မလေး မမှတ်မိတော့ဘူးတဲ့
သူမှတ်မိတာလေးတွေတော့ပြောပြပါတယ် ......


ကံကြမ္မာ ဘာကြောင့်များ .........
ကောင်မလေး ကိုမျက်နှာသာမပေးရတာလဲမသိပါဘူး

ကောင်မလေးဆီ ကံကောင်းခြင်းတချို့တော့ပေးဖို့ကောင်းပါတယ် ......
အခုတော့ ကောင်မလေး ဆီ ကံဆိုးခြင်းတွေ ...... စိတ်ညစ်စရာတွေ ....... စိတ်ရှုပ်စရာတွေပဲပေးနေတယ် မတရားဘူးလို့ပဲပြောရမလား ..........
ကောင်မလေးက တကယ့်ကို ကလေးလေး တယောက်လို နုနု လေးပါ .......
ကလေးလေး တယောက်လိုလဲ အပြစ်ကင်းပြီး ....... ဘာဆိုဘာမှမသိပါဘူး.........
အဲ့လို ကောင်မလေး တယောက်ကို
ဘာကြောင့်များ ကံဆိုးခြင်းတွေပဲ ပို့ပေးနေရတာလဲ မသိတော့ပါဘူး ..



ကောင်မလေး အစာအိမ်ယောင်နေတာပါတဲ့ ........

အစက ကျန်းမာရေးမကောင်းတဲ့
ခနခန နေမကောင်းဖြစ်နေ ခေါင်းကိုက်နေတတ်တဲ့ ကောင်မလေး
အခုတော့ အစာအိမ်ယောင်တာပါတိုးလာပါပြီ .....

ကောင်လေး အရမ်းစိတ်ပူပြီး .........
ဆရာဝန်ကဘာတွေမှာလဲ သေချာမေးတော့
ကောင်းမလေးပြောပြရှာပါတယ် .........
အစာစားတဲ့ အခါ အစပ်တွေ အချဉ်တွေ အရမ်းပူတာတွေမစားဖို့

အမာတွေမစားဖို့ .............
အစားကိုအချိန်မှန်မှန် စားဖို့ ...........
ရေများများသောက်ဖို့

စားတဲ့အခါမှာလဲ ပူပူနွေးနွေးလေးစားဖို့ ................
မှာလိုက်တယ်ဆိုတာကောင်လေးကိုပြန်ပြောပြတယ်


ကောင်လေးကလဲကောင်မလေးကို ......
နောက်နေ့ကစပြီး ဆရာဝန်ပြောတဲ့ အတိုင်းနေဖို့

အခုလိုပုံစံနဲ့ဆက်မနေဖို့ .............
ဂရုစိုက်ပါလို့ ပြောတော့
ကောင်မလေးက .......

တကယ့်အပြစ်ကင်းပြီး ဘာမှမသိတဲ့ ကလေးလေးတယောက်လို ......

သူဘာမှမလုပ်ဘူး အစာအိမ်က သူ့သူယောင်တာပါတဲ့

နောက်ပြီး သူဂရုမစိုက်တတ်ဘူး ဘယ်လိုဂရုစိုက်ရမှာလဲတဲ့ ..........


တကယ့်ကို ကလေးလေး တယောက်လိုပါပဲ .........

အဲ့ဒါနဲ့ကောင်လေး က သေချာပြောပြတာပေါ့...........

မနက်ဖြန်ကစပြီး အလုပ်သွားတဲ့ အခါ ရေထည့်သွားဖို့ .......

အစားစားချိန်ရောက်ရင် ဆာဆာ မဆာဆာ စားဖို့ .......
အလုပ်ကို ဆေးတွေယူသွားဖို့ ...........
အစားစား ပြီးတိုင်းဆေးသောက်ဖို့

အချဉ်အစပ်တွေ နောက်တခါ လုံးဝ မစားဖို့ ...........
အားလုံး သေသေချာချာပြောပြတော့


ကောင်မလေးက ဘာတွေမှန်းလဲ မသိဘူး ရှုပ်နေတာပဲတဲ့ ...........

ဒါပေမယ့် လဲ စကားနားထောင်ပါ့မယ်တဲ့ .....
အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေး ပါ........


အဲ့လိုနဲ့ ကောင်မလေး နဲ့ကောင်လေး စကားတွေပြောကြတာပေါ့ ...........

ကောင်မလေး သူ့အမ အိမ် သွားလည်တုန်းက .......
သူ့ အမ ကလေး (ကောင်မလေးရဲ့တူလေး)တွေအကြောင်း
ပြောပြတာပေါ့ ......

ကောင်မလေး က သူ့ရဲ့ တူလေး တွေကိုအရမ်းချစ်တယ်လေ ......
အဲ့လိုသူ့တူလေးတွေနဲ့ တွေ့ပြီးလို့ ပြန်လာတဲ့ အခါ
ကောင်လေး ကို ပြောပြတိုင်း

ကောင်မလေး ပျော်ပျော်ရွှင်ရွှင်ရီရီပြုံးပြုံးနဲ့ ပြောပြတယ် ........


( ကောင်မလေးရေ ..... အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ ပြုံးနေပါလားကွယ် )

အဲ့လိုနဲ့ ကောင်မလေး က ပြောပြီးသွားတော့ ......
ခန ပြန်မှိုင်သွားပါတယ် .......

အဲ့ဒီမှာကောင်လေး က လဲ ကောင်မလေး ပြန်ပျော်လာဖို့ပြန်ရီလာဖို့ လုပ်တာပေါ့........


ကောင်မလေး ရီအောင် မျက်နှာကိုအမျိုးမျိုးလုပ်ပြတယ် ......

ရှုံ့လိုက်မဲ့လိုက် ခပ်တည်တည်နေလိုက် ရီလိုက် အမျိုးမျိုးလုပ်ပြတော့

ကောင်မလေး အရမ်းရီပြီး ကောင်လေးကို ပြောတယ် ........

မျက်နှာက စပ်ဖြီးဖြီးနဲ့ ဂျိုကာ ကျနေတာပဲတဲ့.........


ကောင်မလေးရေ .............. ကောင်မလေးပျော်မယ်ဆိုရင် ဂျိုကာ တကောင်အဖြစ်နဲ့ပဲ ဘေးမှာရှင်သန်ခွင့်ရရင်ကျေနပ်ပါပြီ.....

ဒီလိုနဲ့ ကောင်မလေး လဲ တနေ့လုံး လမ်းတွေ လျှောက် ထားရတာ ....
အရမ်းပင်ပန်းနေပြီထင်ပါတယ်

မျက်လုံးလေးတွေမှေးပြီ အိပ်ချင်နေပြီလေ.................

အဲ့လိုဖြစ်လာတော့ ကောင်လေးက ကောင်မလေးကိုပြောတာပေါ့ ......

အိပ်မပျော်ခင် နှုတ်ဆက်ပေးဖို့ပါ...........
ကောင်မလေးက ပြုံးပြီး ပြောပါတယ် ..............

"ကို့ ကိုချစ်တယ်" ........... တဲ့

ကောင်လေးက လဲ ပြုံးပြီးပြန်ပြောပါတယ် ........


"ပိုး ကို ပိုပြီးချစ်တယ်" ..................လို့ပေါ့

ပြီးတော့ ကောင်မလေး အိပ်ပျော်တဲ့အထိ ကောင်လေးထိုင်စောင့်နေတာပေါ့ ........
ဒီလိုနဲ့ တဖြေးဖြေး ကောင်မလေး အိပ်ပျော်သွားပါတယ်...................

မနက်ခင်းမှာ........ ကံကောင်းခြင်း ပျော်ရွှင်ခြင်း ကြည်နူးခြင်းတွေပြည့်နေတဲ့ နေ့သစ်လေးရပါစေ..ကောင်မလေးရေ

အရမ်းချစ်တယ်ကောင်မလေးရယ် ....





၂၅-၇-၀၉တရက်သာ (သို့) ကြည်နူးခြင်း





ကောင်မလေး (သို့) သူ

ဒီနေ့ကတော့ ကောင်မလေး နဲ့ ကောင်လေး စကားလဲမများပါဘူး
ရန်လဲမဖြစ်ပါဘူး ....
ကောင်မလေးကလဲ စိတ်မဆိုးဘူး ....... စိတ်မကောက်ဘူး ...........

ကောင်လေး စိတ်ထဲမှာ တခုခုထူးဆန်းနေတာပေါ့ .............
အမြဲစိတ်ဆိုးစိတ်ကောက်နေကြကောင်မလေး က ဒီနေ့ လုံးဝ စိတ်မဆိုးဘူး စိတ်မကောက်ဘူးလေ

စတွေ့ကထဲက ကောင်မလေး စကားကောင်းကောင်းပြောတယ် ......
ပျော်စရာလေးတွေပြောပြတယ် .......
ကောင်လေးလဲအရမ်းပျော်တာပေါ့ .............

ကောင်မလေး က မျက်မှန်လုပ်မယ်ဆိုပြီး ........... ဆိုင်ရောက်တော့လဲ
ကောင်လေးဆီဖုန်းဆက်ပြီး .... ဘယ်လိုမျက်မှန်လေးလုပ်ချင်တယ် ........
မျက်မှန်ပုံစံက ဘယ်လိုပုံစံလေးတွေ ဘယ်လိုအရောင်တွေရှိတယ် ဆိုတာပြောပြတယ် ......
ပြီးတော့ ကောင်လေး ဘယ်လိုပုံစံ ဘယ်လိုအရောင်ကြိုက်လဲမေးတယ် ........
ကောင်လေး ကြိုက်တဲ့ အရောင်လုပ်မယ်ပေါ့ ............

ကောင်လေးကလဲ စိတ်ကူးထဲမှာ ကောင်မလေး ပုံဖော်ပြီး ......ဘယ်လိုအရောင်ဘယ်လိုပုံဆိုလိုက်မယ်
ပြောပြတာပေါ့ ...............

ကောင်လေး ပြောပြတဲ့ပုံစံက ကောင်မလေး မကြိုက်ဘူးလေ ........
ကောင်မလေး ကြိုက်တဲ့ ပုံစံက တမျိုးဖြစ်နေတယ်.........
ဒါပေမယ့် ... ကောင်လေး ကြိုက်တဲ့ ပုံစံလေးပဲ ကောင်မလေးဝယ်ခဲ့တာပေါ့ ......

ပြီးတော့ကောင်မလေးက ကောင်လေးကိုပြောတာတယ်
သူချက်ချင်းအိမ်ပြန်လို့မရသေးတဲ့အကြောင်း သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့အကြောင်းပြောပြတာပေါ့
ပြောပြတယ်ဆိုတာထက်ကောင်လေး ဆီကခွင့်တောင်းတာပါ .......
ကောင်လေးကလဲတခုခုတော့ စားဖြစ်အောင်စားဖို့နဲ့ မိုးမချုပ်ဖို့
သေချာမှာပြီး ပေးသွားလိုက်တာပေါ့ ....

ကောင်လေးကလဲကောင်မလေးဆီကခွင့်တောင်းတယ်လေ
ဒီနေ့ညနေဘောလုံးကန်ဖို့ရှိတဲ့အကြောင်းပေါ့ ...............
ကောင်မလေး ကြည်ကြည်ဖြူဖြူပဲလက်ခံလိုက်တယ်။
ကောင်လေးအတွက်တော့အရမ်းထူးဆန်းနေတာပေါ့ ......
ဘောလုံးကန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ထားတာလေ .......
ကောင်လေးထင်ထားတာ ရမှာမဟုတ်ဘူးလို့ပဲထင်ထားတာ.......
ဒါပေမယ့် ကောင်မလေး ကြည်ကြည်ဖြူဖြူနဲ့ သဘောတူလိုက်တော့
ကောင်လေး အတွက် တော်တော်ထူးဆန်းနေတာပေါ့ ..........

ဒီနေ့ကတော့ တကယ့်ထူးဆန်းခြင်းတွေနဲ့ နေ့ တရက်ပါပဲ .....

အဲ့လိုနဲ့ ကောင်လေးကလဲ ဘောလုံးကန်ပြီးရင် ချက်ချင်းပြန်လာမယ်....... ကောင်မလေးအိပ်နေပါလို့မှာတယ်လေ........
ကောင်လေးပြန်ရောက်တာနဲ့ ဖုန်းဆက်ပြီး နှိုးအောင်နှိုးပါ့မယ် .........
အိပ်နေလို့ မှာတော့ ............ ကောင်မလေးကလဲ သေချာနှိုးဖို့ .....မနှိုးနှိုးအောင်နှိုးဖို့မှာတာပေါ့
ကောင်လေးကလဲ ကတိတွေအထပ်ထပ်ပေးလိုက်တယ်လေ ...........
ပြီးတော့ ကောင်မလေး ဖုန်း အား ကုန်နေလို့ ဖုန်းချသွားတာပေါ့ ..........

ပြီးတော့ ကောင်မလေးကလဲ သူ့သူငယ်ချင်းတွေနဲ့ ဆိုင်မှာ တခုခုစားပြီး လျှောက်လည်ကြတယ်လေ
ကောင်လေးကလဲ ......... ဘောလုံးသွားကန်တာပေါ့ .........

ကောင်လေး ဘောလုံး ကန်ပြီးတဲ့အချိန်က ကောင်မလေးဆီမှာ ည ၁၂ နာရီလေ .........
ကောင်လေးလဲ ကန်ကန်ပြီးချင်း ချက်ချင်းပြန်လာ ရေချိုးပြီးတာနဲ့ ကောင်မလေး အိပ်နေမလားဆိုပြီး
ကြည့်လိုက်တော့ ......... ကောင်မလေး မအိပ်ပဲ ကောင်လေးကိုစောင့်နေတယ်လေ

ကောင်လေးက ပြောတာပေါ့ ........ ဘာလို့မအိပ်တာလဲ အိပ်ရေးပျက်မယ်ဆိုတော့
ကောင်မလေးကလဲ မအိပ်ချင်သေးလို့ပါတဲ့ ........

အဲ့လိုနဲ့ ကောင်မလေးနဲ့ကောင်လေးစကားတွေပြောကြတာပေါ့ ...........
ကောင်လေး ဘယ်လောက် စစ ကောင်မလေး စိတ်မကောက်ပါဘူး စိတ်မဆိုးပါဘူး
ပြုံးပြုံးလေးပဲနေပါတယ် .......... ကောင်လေးအတွက်တော့ တကယ့်ကိုထူးဆန်းပြီး

ကြည်နူးခြင်း တွေပြည့်နေတဲ့ နေ့လေးဖြစ်နေတာပေါ့ .......

ဒီလိုပဲပြောနေရင်းနဲ့ ကောင်မလေး ဆီမှာ ည ၃ နာရီ ထိုးသွားတော့
အရမ်းနောက်ကျနေပြီလေ ကောင်လေးကလဲ ကောင်မလေးကိုအိပ်ဖို့ပြောတာပေါ့
ကောင်မလေးကမအိပ်ချင်သေးဘူးလို့ ပြောပါတယ်

ဒါပေမယ့် ကောင်မလေး တနေ့လုံး ပင်ပန်းလာသလိုပဲ မျက်လုံးလေးတွေမှေးနေပြီလေ
ကောင်လေးက ဘာမှမပြောတော့ပဲ ခနငြိမ်ငြိမ်လေးနေလိုက်တာပေါ့ ........
ကောင်လေး ဘာမှမပြောတော့ ကောင်မလေး ကလဲ ပြန်မပြောနိုင်တော့ပါဘူး........
တဖြေးဖြေးနဲ့ ကောင်မလေး အိပ်ပျော်သွားပါတယ် .........

ကောင်မလေး အိပ်ပျော်သွားတဲ့အချိန်အထိကောင်လေး စောင့်ပြီး.......
အိပ်ပျော်သွားပြီဆိုတော့မှ ......... ကောင်လေး လဲ ညစာစားဖို့ လုပ်တော့တာပေါ့

ကောင်လေးစိတ်ထဲမှာ ဆုတောင်းလိုက်တာတခုက .............

ကောင်မလေးရေ ................
ဒီလိုနေ့လေးတွေပဲ နေ့တိုင်းပိုင်ဆိုင်ပါရစေလားတဲ့


အရမ်းချစ်တယ် ....... ကောင်မလေးရယ်





Friday, July 24, 2009

၂၄-၇-၀၉တရက်တာ (သို့) ဆိုးဝါးသောညလေး


ဒီနေ့ကတော့ တော်တော်ဆိုးတဲ့အခြေအနေတခုလို့ပြောရမှာပါပဲ ......
ဘာလို့လဲဆိုတော့ ......
ထုံးစံအတိုင်းပါပဲ ကောင်လေးနဲ့ ကောင်မလေး အဆင်မပြေကြပြန်ပါဘူး .......
အဆင်မပြေတာကလဲ အရင်အတိုင်းပါပဲ .......... ကောင်လေးက အမှားလုပ်တယ်
ကောင်မလေးက စိတ်ဆိုးတယ် .............
ဒါပေမယ့် ဒီတခါစိတ်ဆိုးတာတော်တော်ဆိုးတယ် ..........
အခြေအနေတွေက နဲနဲတင်းမာကုန်တာပေါ့ ..........

ပထမ ကောင်မလေး ထမင်းစားချိန် မှာ ကောင်လေး ဖုန်းဆက်တော့ ........
စကားများကြတယ်လေ ........ ဒီလိုပဲ ပြောရင်းပြောရင်းနဲ့
စကားအခြေအတင်ဖြစ်ပြီးတော့ ...............
ကောင်မလေး က ကောင်လေးကိုပြောလိုက်တယ် ......

"ဒါနောက်ဆုံးနေ့ပဲ ......... နောက်ဆုံးပဲ ပြတ်ပြီ " လို့ပေါ့..........

ပြီးတော့ဖုန်းချသွားခဲ့တယ် ............

ကောင်လေး တယောက် ဘာမှလဲမစဉ်းစားနိုင်တော့ပါဘူး .......
တယောက်ထဲ ကြောင်တောင်တောင်ကြီးထိုင်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတာပေါ့ .....

ကောင်လေး အကြာကြီးထိုင်ပြီးစဉ်းစားတယ် .........
သူမှားခဲ့လား မှန်သလားဆိုတာသေသေချာချာ စဉ်းစားလို့မရဘူး ............
ဒါပေမယ့် နောက်ဆုံးတော့ ထုံးစံအတိုင်း .........
သူမှားတာပါ ဆိုပြီး ကောင်မလေး ကိုပြန်တောင်းပန်ဖို့ ဖုန်းပြန်ခေါ်တာပေါ့.......

ကောင်မလေးက ကိုင်ပါတယ် .... ဒါပေမယ့် ကောင်မလေး အလုပ်ချိန်ဖြစ်နေတော့ ကောင်းကောင်းပြောလို့မရဘူးလေ .........
အဲ့ဒါကြောင့် အလုပ်ဆင်း ခါနီးမှပြန်ခေါ်ဆိုပြီးကောင်မလေး ဖုန်းချသွားတာပေါ့ .......

အလုပ်ဆင်းချိန်ရောက်တော့ ကောင်လေး ဖုန်းပြန်ခေါ်ပြီး သူမှားပါတယ် ခွင့်လွှတ်ပါဆိုပြီး
ချော့တယ် ......... ကောင်မလေး ကလဲ ရပါတယ် ....ဆိုပြီး ပြန်အဆင်ပြေသွားကြတယ်လေ ......
ပြန်အဆင်ပြေပါတယ် အဆင်ပြေသွားပါတယ် ဒါပေမယ့် ခနပါ ........ တညပြည့်အောင်အဆင်မပြေလိုက်ပါဘူး

ဘာကြောင့်လဲဆိုတော့ ...... ကောင်လေး ဒီနေ့ ဘောလုံးကန်ရမယ်လေ
ကောင်လေးတို့တကျောင်းလုံး ဘောလုံး မကန်မနေရ ကန်ရမှာ မလို့ကောင်လေး ဘောလုံးကန်ရမယ်ဆိုတာ
ကောင်မလေးကိုပြောပြပြီးသွားရတော့မယ်လို့ပြောပါတယ် ....

ကောင်လေးက လဲ သွားဖို့နောက်ကျနေပြီလေ ........... ကောင်မလေးကလဲ ၁၀မိနစ်နေဦးလို့ပြောတာပေါ့
ကောင်လေး အချိန်ကိုကြည့်ပြီး ဘယ်လိုမှမရတော့လို့ သွားတော့မယ်နော်ဆိုပြီး ဖုန်းချလိုက်တာပေါ့ ...

ကောင်မလေး အဲ့ဒီအချိန်ကထဲက စိတ်ထဲမှာ တင်းသွားတယ်ထင်ပါတယ် ........
ဒီလိုနဲ့ ကောင်လေးကဘောလုံး သွားကန် ..........
ကောင်မလေး က လဲ အဲ့ဒီညမှာ သူ့ ရဲ့ အမကိုသွားကြိုဖို့ကိစ္စရှိနေတာနဲ့
သူ့အမ ကို လေဆိပ်မှာသွားကြိုတာပေါ့ .... လေဆိပ်ရောက်တော့ ကောင်လေးများဖုန်းဆက်မလားဆိုပြီး
ကောင်မလေး ဖုန်းတမျှော်မျှော်နဲ့ ဖြစ်နေတယ်လေ ........
ကောင်မလေး မျှော်နေပေမယ့် ကောင်လေး ဖုန်းမဆက်ဖြစ်ခဲ့ပါဘူး .........

အဲ့လိုနဲ့ ကောင်မလေး အမ ကိုကြိုပြီး အိမ်ပြန်ရောက်တော့ ကောင်လေး များစောင့်နေမလားဆိုပြီး ......
ကွန်ပျူတာကို ဖွင့်ကြည့်ပါတယ် . ........... ကောင်လေးကိုမတွေ့ပါဘူး .......
ကောင်လေး မရောက်သေးဘူးလေ .......

အဲ့ဒီအချိန်မှာတော့ ကောင်မလေး ရဲ့ စိတ်က သည်းမခံနိုင်တော့ပါဘူး ဒေါသတွေထွက်လာပါတယ်....
ဒါပေမယ့် ကောင်လေးကို သူစောင့်နေပါတယ် ........
ကောင်လေးကလဲ ဘောလုံး သွားကန်တာ တော်တော်နဲ့ ပြန်မလာဘူးလေ ........
ကောင်မလေး နေမကောင်းဖြစ်နေပါပြီ ............. ဒါပေမယ့် မအိပ်သေးပဲ ကောင်လေးပြန်လာတာကိုစောင့်နေတာပေါ့ .................

ကောင်လေးကအရမ်းကြာလာတော့ ...... ကောင်မလေးရဲ့ ဒေါသတွေတဖြေးဖြေးလျော့လာပြီး
စိတ်မကောင်းဖြစ်လာတာပေါ့ ............
ဒီလိုနဲ့အကြာကြီးစောင့်နေပြီးမှ ......... ကောင်လေး ပြန်ရောက်လာတော့ ......
ကောင်လေးရှင်းပြပါတယ် ........ ဘယ်လိုမှပြန်လို့မရတဲ့အကြောင်း ဘာကြောင့်နောက်ကျနေတဲ့အကြောင်း
အကုန်ရှင်းပြပေမယ့် ...........
ကောင်မလေး ဘယ်လိုမှ လက်မခံတော့ပါဘူး ............

ကောင်လေး ဘာပြောပြော စကားလဲပြန်မပြောတော့ပါဘူး ........
ကောင်လေးကလဲ သူမှားပြန်ပြီဆိုပြီး အမျိုးမျိုးချော့ပါတယ် .......... မရပါဘူး.........
ရှင်းပြတယ် ......... ကောင်မလေး လက်မခံဘူး ........

ဘာပြောပြောကောင်မလေးကပြန်မပြောတော့ .........
ကောင်လေးလဲဘာပြောရမှန်းမသိတော့ဘူး........ အဲ့လိုနဲ့ ကောင်လေးလဲ ဘာမှမပြောပဲ
ြိငိမ်ငြိမ်နေလိုက်တာပေါ့ .............

အဲ့လိုအကြာကြီးနေပြီးတော့ ............ ကောင်မလေး စကားပြန်ပြောလာပါတယ် .....
ကောင်မလေးက စိတ်မကောင်းဖြစ်နေတာတွေရော စိတ်ကတိုနေသေးတာတွေရောကြောင့်ထင်ပါတယ်
ကောင်လေးနဲ့စကားကောင်းကောင်းမပြောဖြစ်ပါဘူး ..........

အချေအတင် စကားထပ်များကြပြန်ပါတယ် ..........
ကောင်လေးက လဲ သူရှင်းပြတာလက်ခံသင့်ပါတယ် ...... နားလည်ပေးသင့်ပါတယ်ပြောတယ်
ကောင်မလေးကလဲမရဘူး ......

အဲ့လိုနဲ့ .......... ကောင်လေးက ဒီလို အတိုင်းဆို ဘယ်လိုရှေ့ဆက်မလဲ
ချစ်သူဆိုတာ တယောက်နဲ့တယောက် နားလည်မှုလေးရှိသင့်တယ် .........ဆိုပြီးပြောလိုက်တော့
ကောင်မလေး ဘာမှပြန်မပြောတော့ပဲ ......... တခါ ထပ်ပြီးငြိမ်သွားပြန်တယ်......

ကောင်လေးလဲဘာမှမပြောတော့ပဲ .............. ငြိမ်နေလိုက်ပါတယ် ..........

ကောင်မလေး အရမ်းပင်ပန်းပြီး ............. အိပ်ပျော်သွားခဲ့တယ်လေ ..........

ကောင်လေး ခေါ်ကြည့်ပါတယ် ........... ကောင်မလေး ဖက်က စကားသံပြန်မကြားရတော့
ကောင်လေး လဲ ထွက်သွားလိုက်ပါတယ် .........................

ဒီညကတော့ ဆိုးဝါးသောညလေး ပါပဲ .........

ဒီတညရဲ့ နိဂုံးက အရင်ညတွေလို
တယောက်ကို တယောက် ချစ်တယ်ဆိုတဲ့ စကားလေးပြောပြီးတောင် မနှုတ်ဆက်လိုက်ကြပါဘူး ......

ဒါပေမယ့် ........... ကောင်လေးရင်ထဲမှာတော့ ...........

အရမ်းချစ်တယ် ကောင်မလေးရယ် ............................

ကောင်မလေးရေ .......... မင်းရဲ့ ရင် ထဲမှာ ရော ???????????????

Thursday, July 23, 2009

၂၃-၇-၀၉ တရက်တာ(သို့) ၁ နာရီ ၃၃ မိနစ်


ဒီနေ့ကတော့ ပြသာနာတွေနဲ့ နေ့ ......
ကံဆိုးတဲ့နေ့လို့ပြောရမယ်ထင်ပါတယ် ...............

ကောင်လေးနဲ့ကောင်မလေး အဆင်မပြေပါဘူး ...............
ကောင်လေး က ပဲ အမှားလား ....... ကောင်မလေး ကပဲ အမှားလား
ဝေခွဲမရတဲ့ ပြသာနာတွေနဲ့ ကောင်လေးနဲ့ ကောင်မလေး အဆင်မပြေခဲ့ပါဘူး .....

ကောင်လေး ရဲ့ ညည အိပ်မရတဲ့ အမှားက
အဆိုးဆုံးနဲ့ ပြင်လို့မရတဲ့
ကောင်မလေး ခွင့်မလွှတ်နိုင်တဲ့ အမှားတခုဖြစ်နေတာပေါ့ .........

ကောင်မလေး အမြဲမှာပါတယ် ကောင်လေးကို ညတိုင်း ၁၂ တိတိ အိပ်ပါလို့ ...........
ကောင်လေး ကလဲ အိပ်ပါတယ်
ဒါပေမယ့် ဘယ်လိုအိပ်အိပ် .... ကောင်လေး အိပ်လို့မရခဲ့ဘူး .......


အမြဲတမ်း ၂ နာရီ ၃ နာရီမှာ အိပ်ခဲ့တဲ့ကောင်လေး ....အကျင့်ဖြစ်နေခဲ့ပြီလေ
၁၂ တိတိ ဆိုရင် ကောင်မလေး စကားအတိုင်း ကောင်လေး အိပ်ပျော်အောင်အိပ်ပါတယ်
အမျိုးမျိုးသော အကြောင်းတွေကြောင့် ကောင်လေး အိပ်မရခဲ့ဘူး ..........

ဒီနေ့ လဲ ကောင်လေး မနက် ၆ နာရီမှ အိပ်လို့ရတယ် ...........ဒါပေမယ့်
ကောင်မလေး ကို မနက်မှာ ကောင်လေး ဖုန်းဆက်ရမယ်ဆိုတာကြောင့် .....
ကောင်လေး အိပ်ပျော်အောင် မအိပ်ရဲပဲ စိတ်တထင့်ထင့် နဲ့စောင့်နေခဲ့ပေါ့........

မနက် ၈ နာရီ ခွဲ .....
ကောင်မလေး ရဲ့ ထမင်းစားချိန်မှာ ကောင်လေး ဖုန်းဆက်တယ်လေ .........

ကောင်လေး မအိပ်ရသေးပါဘူး .......
ဖုန်းပြောနေရင်းနဲ့ ကောင်လေးအရမ်းကိုအိပ်ချင်နေခဲ့တယ်


ဒီလိုနဲ့ ကောင်မလေးရဲ့ ထမင်းစားချိန်ပြီးလို့ အလုပ်ပြန်ဝင်ရမယ့်အချိန်ရောက်တော့
ကောင်လေးဆီမှာ မနက် ၉ နာရီကျော်နေပါပြီ .............

ကောင်လေး က ကောင်မလေးကို ပြောတယ် အရမ်းအိပ်ချင်လို့ ဖုန်းပြောပြီးရင်အိပ်မယ်လို့ .......
ကောင်မလေးကလဲ ပြန်အိပ်လိုက်ပါတဲ့ ............... ဒါပေမယ့် ကောင်မလေးကလဲ ထပ်မှာပါသေးတယ်
ကောင်မလေး အလုပ်ဆင်းတဲ့ အချိန် (ကောင်လေးဆီမှာ ညနေ ၂ နာရီလောက်) မှာ ဖုန်းထပ်ဆက်ဖို့ရယ်
အဲ့ဒီအချိန်မှာ နေ့လည်စာချက်ပြီးဖို့ရယ်မှာပါတယ် .........
ကောင်လေး လုပ်ပါ့မယ်လို့ ပြောပြီး .... တညလုံးမအိပ်ရသေးတာကြောင့် မနက် ၉ ခွဲလောက်မှာ ချက်ချင်းအိပ်ပျော်သွားတာပေါ့ ................


ကောင်လေး အိပ်ပျော်သွားတာဟာ .... တကယ့်ကို အမှားကြီး မှားတာပါ .............
တညလုံးမအိပ်ရသေးတဲ့အတွက် ......... ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်မှာ ကောင်လေး ဘယ်လိုမှမထနိုင်လိုက်ပါဘူး ........ကောင်မလေးကိုဘယ်လိုမှဖုန်းမဆက်လိုက်နိုင်ဘူးဖြစ်သွားပါတယ်
ကောင်မလေး အရမ်းကို စိတ်ဆိုးသွားပါတယ် ..... တော်တော် ကိုစိတ်ဆိုးသွားပါတယ် .....
ကောင်လေး အိပ်ရာက နိုးတော့ ကောင်မလေး ဖုန်းဆက်ဖို့ပြောတဲ့အချိန်ထက် ၂၀ မိနစ်ကျော်ကျော်
နောက်ကျနေပါပြီ ..........

ကောင်မလေး အရမ်းစိတ်ဆိုးပြီး .......... ကောင်လေး ဖုန်းဆက်တာကို ဘယ်လိုမှမကိုင်ပါဘူး
ကောင်လေး ခနခန ဖုန်းခေါ်တယ် .... ကောင်မလေး က တခါတခါကိုင်ပေးပါတယ် .....
ကောင်လေး ကလဲ ချော့ပါတယ် အမျိုးမျိုး တောင်းပန်တယ် ........
ကောင်မလေး စိတ်ဆိုးမပြေခဲ့ဘူး ...... ဖုန်းကိုခနခန ချတယ်
ကောင်လေးက လဲ ခနခနပြန်ခေါ်ပြီး တောင်းပန်တယ် ချော့တယ် .......
ဒီလိုနဲ့ ................. ကောင်မလေးစိတ်ကောက်တာကို ကောင်လေး လိုက်ချော့တာ .....


၁ နာရီ ၃၃ မိနစ် တိတိ ကြာပါတယ် ..........


အဲ့လောက်ကြာကြာ အမျိုးမျိုး တောင်းပန်ပြီးချော့တော့ ကောင်မလေး စိတ်ဆိုးပြေသွားလားမသိဘူး

စိတ်ဆိုးပြေခဲ့ပေမယ့် ...... ကောင်မလေး စိတ်ဆိုးဆိုး နဲ့ အိမ်မပြန်ပဲ လျှောက်သွားနေတာ
ဘယ်ရောက်နေမှန်းမသိဘူးတဲ့ .......

ကောင်လေး လဲ အရမ်းစိတ်ပူ ပြီး ဘယ်လိုလုပ် ဘယ်လိုလုပ်ရင် အဆင်ပြေမယ် သိသလောက်
ပြောပြတယ် ......
ကောင်မလေး ကလဲ သူသိသလောက် ...... လမ်းရှာပြီး အိမ်ကိုရောက်အောင်ပြန်တာပေါ့.....

ကောင်မလေး အိမ်ပြန်ရောက်တော့ ကောင်လေး ဆီမှာ ညနေ ၃ နာရီ ခွဲ ၄ နာရီ ထိုးခါနီးပါပြီ ......
ကောင်မလေး က ဆိုင်က၀ယ်လာတဲ့ မုန့်ကို ဗိုက်ဆာတယ်ဆိုပြီး စားတာပေါ့ ........

ကောင်လေး တနေ့လုံးဘာမှမစားရသေးပါဘူး .......
ကောင်မလေး စားနေတာကိုကြည့်ပြီး ပြုံးနေခဲ့ပါတယ် ....

ကောင်မလေး စိတ်ဆိုးပြေခဲ့တာ ........ ကောင်လေးအတွက်တော်တော်ကံကောင်းခဲ့သလိုပါပဲ

ကောင်မလေးကထပ်မစားချင်တော့ဘူးပြောတော့ ......
ကောင်လေးက ဆေးသောက်ဖို့နဲ့ ရေချိုးဖို့ ပြောတယ် .....
ကောင်မလေး က ရေချိုးမယ် ........ ကောင်လေးကိုလဲ တခုခုစားဖို့လုပ် ....လုပ်ပြီးရင်စား
စားပြီးရင်ရေချိုးထားလို့ မှာပြီးရေသွားချိုးတာပေါ့ ...... ..

ကောင်လေး လဲ ကောင်မလေး မှာသလို နေ့လည်စာစားပြီး ရေချိုး ....ချိုးပြီးတာနဲ့
ကောင်မလေး နဲ့ စကားတွေပြန်ပြောခဲ့ပါတယ် ........

ကံဆိုးချင်တော့ .......... ကွန်နက်ရှင် က မကောင်းပဲ ကျသွားခဲ့တယ်လေ .......
ကောင်လေး ကွန်နက်ရှင် ပြန်ရအောင် အမျိုးမျိုးပြန်လုပ်ပေမယ့် မရဘူး
ကွန်နက်ရှင်ကျတာတော်တော်ကြာသွားပါတယ် ......

ကောင်လေးထင်ထားတာ ကွန်နက်ရှင် ကျနေတဲ့အချိန်မှာကောင်မလေး စာတွေအများကြီးရေးပြီး
မေးလ်ပို့ထားမယ်ထင်နေခဲ့တာပါ ........

ကွန်နက်ရှင် ပြန်ရတဲ့ အချိန်မှာတော့ ကောင်လေး ထင်သလို စာတွေအများကြီးမမြင်ရဘူး ......
ကောင်မလေး ကို ပြောပြတော့ ... ကောင်မလေး က နေမကောင်းဘူးတဲ့ ...........
ကောင်လေး စိတ်မကောင်းတာကို ခန ဖယ်ထားပြီး
ကောင်မလေး ကို ဆေးသောက်ဖို့ နောက်နေ့ဆေးခန်းပြဖို့ နောက်ကျနေလို့ အိပ်ဖို့ပြောတော့
ကောင်မလေး က အိပ်ပဲအိပ်ခိုင်းနေတယ် မပြောချင်ဘူးလားဆိုပြီး ထပ်စိတ်ကောက်ပြန်တယ် .....

ကောင်လေး ထပ်ချော့ပြန်တယ် ........
ချော့နေရင်းနဲ့ပဲ ကွန်နက်ရှင် က ထပ်ကျသွားပြန်ရော .................
ကောင်မလေး အရမ်းစိတ်ညစ်သွားလားမသိပါဘူး .....
ကောင်လေး ကွန်နက်ရှင်ပြန်ရတဲ့အချိန်မှာ .....
ဘယ်လိုခေါ်ခေါ် ကောင်မလေး လှည့်မကြည့်တော့ဘူး

အိပ်ပျော်သွား တာထင်ပါတယ် ...........

ဒါပေမယ့် ကောင်မလေး အိပ်မပျော်ခင် ကောင်လေး အတွက် စာရေးပေးခဲ့တယ် ......
ကောင်လေး အတွက်တော့ ကျေနပ်စရာနဲ့ ကြည်နူးစရာပေါ့ ............ဘာလဲဆိုတော့ .........


"ကို့ ကို ချစ်တယ်.......
အရမ်းချစ်တယ်....
အကြီးကြီးချစ်တယ်.............
ကို ပြန်မလာခင် အိပ်ပျော်သွားရင်မပြောလိုက်ရမှာစိုးလို့.............
ပိုးကျတော့ မကြားရတော့ဘူးပေါ့နော်...." တဲ့

ကောင်လေး ကလဲ ပြန်ပြီးပြောပါတယ် ........... ဘာလဲဆိုတော့ ...........

"ပိုး
အိပ်နေပြီထင်တယ်
ပိုးရယ်.......
ကို ပိုးကိုအရမ်းချစ်ပါတယ် ......" တဲ့

ဒါပေမယ့် ကောင်မလေး မသိနိုင်တော့ပါဘူး .........

သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီလေ ...............................
အိပ်မက်လှလှ မက်လို့ ... မနက်လှလှ ကိုရပါစေ ကောင်မလေးရေ .............



အရမ်းချစ်တယ် ကောင်မလေးရယ်................



Tuesday, July 21, 2009

၂၁-၇-၀၉ တညတာ ....


ကောင်မလေး (သို့) သူ

ဒီတညတာ အတွက်တော့ .............
ကောင်မလေးနဲ့ကောင်လေး အဆင်ပြေပြေနဲ့ပဲ တညတာကိုဖြတ်သန်းခဲ့ပါတယ် ........

ဒါပေမယ့် .......... ကောင်မလေး က ကောင်လေးနဲ့မတွေ့ခင် ကထဲက စိတ်ကဆိုးနေခဲ့ပါတယ် ...
ကောင်မလေး စိတ်ဆိုးရတဲ့အကြောင်းက ဒီလိုပါ ..........

ကောင်လေး က မနက်အိပ်ရာထတာနဲ့ ကောင်မလေးနဲ့မတွေ့ခင်အချိန်အထိ
ဘာတွေလုပ်ရတယ်ဆိုတာကို စာရေးထားပေးရတယ် ........

မနက်အိပ်ရာထတယ် .........မျက်နှာသစ် ....သွားတိုက်တာတွေ
မနက်စာ ကိုကော်ဖီနဲ့မုန့်စားတဲ့ အခါကော်ဖီနဲ့မုန့်စားတဲ့အကြောင်း
ပြီးရင် ဘာတွေလုပ်တယ်ဆိုတဲ့အကြောင်း ...
နေ့လည်မှာလဲ နေ့လည်စာအတွက် ဘာတွေ ချက်တယ်ဆိုတာတွေရော ......
အားလုံးကို ကောင်မလေး သိအောင်ရေးပေးရပါတယ် ..........

ကောင်မလေး အလုပ်က ပြန်လာတဲ့အခါ ........ ကောင်လေးရေးထားတဲ့ စာတွေကိုအရင်ဖတ်လေ့ရှိပါတယ်

ကောင်မလေးအတွက် အဲ့လို အလုပ်ကမောမောပန်းပန်းနဲ့ပြန်လာရတဲ့အခါ ..........
ကောင်လေးရဲ့စာတွေကိုဖတ်ရလို့ နဲနဲလေး အမောပြေသွားအောင် ..............
ဒါမှမဟုတ် ........
ကောင်မလေး အလုပ်မှာ စိတ်ညစ်လာတဲ့ အခါ ကောင်လေးစာဖတ်ရတဲ့အတွက်
ပျော်ရွှင်လာအောင် ဆိုပြီး ကောင်လေး ရေးပေးခဲ့ပါတယ် .......

ကောင်မလေး ကတော့ ဘယ်လိုခံစားချက်နဲ့ ဖတ်နေမလဲ ကောင်လေး မသိပါဘူး .......
မေးရင်လဲမသိဘူးလေလို့ ပဲ ဖြေတတ်တဲ့ ......... ကောင်မလေးပါ
အဲ့လို စာတွေကို ကောင်လေး ဒီနေ့မရေးဖြစ်လိုက်ဘူးလေ .......
ကောင်မလေး စိတ်ဆိုးတာပေါ့ .........

ဒါပေမယ့် ကောင်မလေး ဒီနေ့ အရမ်းကိုပျော်နေခဲ့ပါတယ် .....
အလုပ်မှာလဲ ပျော်လာတယ်ထင်ပါတယ် ...........
ပြန်လာကထဲက ကောင်မလေး ပြုံးနေခဲ့တယ်လေ ........ ကောင်မလေးရဲ့ အပြုံးတွေ ကောင်လေးဆီကို
ကူးစက်လာတာပေါ့ ...... ကောင်လေးလဲပျော်နေခဲ့ပါတယ် ........

ဒီလိုနဲ့ ဒီတညတာ ကို ကောင်လေးနဲ့ကောင်မလေး .........ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းခဲ့ပါတယ် .
ဒီလိုပျော်စရာတွေပြောရင်း ပြောရင်းနဲ့ .........

ကောင်မလေးက သူ့ သူငယ်ချင်း အတွဲအကြောင်းကို ကောင်လေးကိုပြောပြပါတယ် ..........

သူ့ သူငယ်ချင်းအတွဲက မွေးနေ့တခု ပြီးလို့ မိန်းကလေးကို သူ့ချစ်သူကပြန်လိုက်ပို့ပါတယ်တဲ့
အိမ်ရောက်ခါနီးတော့ အိမ်မပြန်ချင်သေးတာနဲ့ အဲ့ဒီအတွဲလေး က ကျောင်းထဲမှာခန ၀င်ထိုင်ကြတယ်တဲ့
အဲ့ဒီမှာ ကောင်လေး က မေးတာပေါ့ ....... ဘာဖြစ်သေးလဲဆိုတော့

ကောင်မလေးက ပြောပြတယ် ............ ရှက်စရာကြီး မပြောပြတော့ဘူးလို့ ပြောရှာတယ်
ကောင်လေးက ဘာကြောင့်များ ရှက်စရာကြီး ဖြစ်လို့မပြောချင်ဖြစ်ရတာလဲလို့ မေးတော့
ကောင်မလေးက ပြောပြပါတယ် .............
မိန်းကလေးကို သူ့ချစ်သူက နမ်းတယ်တဲ့ .............
အဲ့လိုပြောပြပြီး ....... ကောင်မလေး အရမ်းရှက်နေပါတယ် .........

အရမ်းကိုဖြူစင် ပြီး အပြစ်ကင်းတဲ့ကောင်မလေး ရေ ...........
ကောင်လေး ရင်ထဲမှာ ကောင်မလေးကို ကြင်ကြင်နာနာ မြတ်မြတ် နိုးနိုး နဲ့ ဖက်ထားချင်မိသွားတယ်

အဲ့လိုနဲ့ ကောင်မလေး ရဲ့ အိပ်ချိန်ရောက်တော့ ကောင်လေး က အရင်ညတွေလိုပဲ အိပ်ဖို့ပြောတာပေါ့
ကောင်မလေးကလဲ စကားနားထောင်ပြီး အိပ်တော့မယ်လို့ပြောပါတယ် ......

ပြီးတော့ ပြောသေးတယ် .........

တကယ်ဆိုရင် သူအရမ်း ခေါင်းကိုက်နေတာပါတဲ့ ကောင်လေးနဲ့ အရမ်းတွေ့ချင်လို့
ကောင်လေး က ခေါင်းကိုက်နေတာသိရင် အိပ်ခိုင်းမှာသိလို့ ခေါင်းကိုက်နေတာကိုမပြောပဲ
ကြိတ်မှိတ်ခံပြီး ဆက်ပြောနေတာပါတဲ့ .........

ကောင်လေး စိတ်မကောင်းဖြစ်သွားတယ် ..........
ကောင်လေး ကောင်မလေးအတွက်ဘာမှမလုပ်ပေးနိုင်တဲ့အပြင် .......
ကောင်မလေးကို ဒုက္ခပေးသလိုဖြစ်နေခဲ့ပြီလေ ............
ကောင်လေး ကောင်မလေး ကို မြတ်မြတ်နိုးနိုးနဲ့ပြောလိုက်ပါတယ် ........

အရမ်းချစ်တယ် ပိုး ရယ် ........ တဲ့

ကောင်မလေး က ကောင်လေး ကိုပြန်ပြောပါတယ် .........

ကို့ ကိုလဲချစ်တယ် ............ တဲ့

အခုတော့ကောင်မလေးအိပ်ပျော်နေပါပြီ ..........
ကောင်မလေးရေ ..........ကောင်းသောအိမ်မက်မက်လို့
နံနက်မိုးသောက်မှာ ပျော်ရွှင်မှုတွေရောက်ပါစေ................................


အရမ်းချစ်တယ်ကောင်မလေး ရယ် .

ကောင်မလေး အချစ်


ကောင်မလေးက ကောင်လေးကိုအရမ်းချစ်တဲ့အကြောင်းလေးပါ ....
ကောင်မလေးက ကောင်လေးကို အရမ်းချစ်ပုံရပါတယ် ...

သူများ အတွဲ ရည်းစားတွေဆိုရင်ပေါ့ ......
အပြင်မှာတွေ့ကြတဲ့ အခါ လက်လေး တွဲပြီးလမ်းလျှောက်ကြတယ် .....
တူတူ ထိုင်တဲ့အခါ မိန်းကလေးကို ဖက်ထားမယ် ....
မိန်ကလေးက သူ့ချစ်သူ ပခုံးမှာမှီပြီးစကားတွေပြောမယ် ......
ကြည်ကြည်နူးနူးလေးတွေပေါ့ ..........
အဲ့လိုတွေတွေ့ပြီးတော့ နောက်ဆုံး ပြန်ဖို့ နှုတ်ဆက်ကြပြီဆိုရင်လဲ
မိန်းကလေး ရဲ့ နဖူးကို သူ့ချစ်သူက ဖွဖွလေး နမ်းပြီး နှုတ်ဆက်ကြတယ်လေ ....

ကောင်မလေးရဲ့ချစ်သူ ကောင်လေး ကလဲ အဲ့လိုလေးတွေ အမြဲစိတ်ကူးယဉ်တတ်တယ်..... ကောင်လေးစဉ်းစားတာက .........
ကောင်မလေးနဲ့အပြင်မှာတွေ့တဲ့အခါ သူများတွေလိုပေါ့
ကောင်မလေးရဲ့ လက်ကို ကိုင်ပြီး လမ်းတွေလျှောက်မယ် ..........
လမ်းလျှောက်လို့ညောင်းတဲ့ အခါ
ထိုင်ခုံလေးမှာ ကောင်မလေး ပခုံးကိုဖက်ထားပြီး
တူတူထိုင်မယ်
ကောင်မလေး အတွက် ပျော်စရာတွေဖြစ်အောင် ရီစရာတွေပြောပြမယ် ......
ပြီးတော့ ကောင်မလေးကို ဘယ်လောက်ချစ်တယ်ဆိုတာတွေပြောပြမယ် ...
ကောင်မလေးရဲ့ ဆံပင်လေးတွေကို သပ်ပြီး ညနေစောင်းတဲ့အထိထိုင်မယ် ......
နေ၀င်တာကို တူတူကြည့်မယ် ......
ပြီးရင်ကောင်မလေးကို အိမ်ပြန်လိုက်ပို့မယ် ......
အဲ့လိုပြန်ပို့လို့ တနေ့တာ ခန ခွဲရမယ့် နှုတ်ဆက်တဲ့အချိန်မှာ
ကောင်မလေးရဲ့ နဖူးပေါ်က ဆံနွယ်စ တွေကို သပ်တင်လိုက်ပြီး
ကောင်မလေး နဖူးကို ဖွဖွလေးနမ်း ပြီး နှုတ်ဆက်မယ် ...........
ဒါကကောင်လေးရဲ့ စိတ်ကူးတွေပေါ့ ........

ကောင်လေးက အဲ့လိုစိတ်ကူးပြီး အမြဲကြည်နူးနေတတ်တယ် ...
ဒါပေမယ့် ........ ကောင်လေးစိတ်ကူးက စိတ်ကူး ရင်းနဲ့ပဲ စိတ်ကူးထဲမှာပဲ ပျောက်ကုန်တယ်
ဘာကြောင့်လဲဆိုတော့ ........
ကောင်လေးက သူစိတ်ကူးသမျှ သူကြည်နူး သမျှတွေကို ......
ကောင်မလေးလဲကြည်နူးအောင် ပြောပြတယ် ........

အပြင်မှာတွေ့တဲ့အခါသူကတော့ ဒီလိုလေးတွေ ဖြစ်ချင်တယ် ဒီလိုလေးတွေစိတ်ကူးတယ်လို့ပြောပြတယ်
အဲ့လိုပြောပြတဲ့အခါ .........
ကောင်မလေး ဘာပြန်ပြောလဲဆိုတော့ ...........

ကောင်လေးက ကောင်မလေးကို အပြင်မှာတွေ့တဲ့အခါ

လက်လေးကိုင်ပြီးလမ်းလျှောက်ချင်တယ်ဆိုတော့ ..

ကိုင်ရဲကိုင်ကြည့် ....... လက်သီးနဲ့ထိုးမှာ ...... မကိုင်နဲ့တဲ့


ကောင်လေးက ကောင်မလေးနဲ့တူတူထိုင်တဲ့အခါ ပခုံးလေးဖက်ပြီး စကားတွေပြောချင်တယ်ဆိုတော့
ဖက်ရဲဖက်ကြည့် ....... ပိတ်ကန်မှာ .........မဖက်နဲ့တဲ့

ကောင်လေးက ကောင်မလေးကို နှုတ်ဆက်တဲ့အခါ နဖူးလေး နမ်းပြီး နှုတ်ဆက်ချင်တယ်ဆိုတော့ ..
နမ်းရဲနမ်းကြည့် ..... ဓါးနဲ့ထိုးမှာ .... မနမ်းနဲ့တဲ့

အဲ့လိုတွေ ပြန်ပြောခံရတော့ ကောင်လေးရဲ့ စိတ်ကူးတွေ စိတ်ကူး ထဲမှာပဲ အငွေ့ပျံပြီး ပျောက်ကုန်တာပေါ့


နောက်ဆုံး တခု ကောင်မလေးပြောတာက .......
အိမ်ထောင်ကျတဲ့အခါတောင် .....
ကောင်လေးကို ဖေဖေနဲ့တူတူအိပ် ............
ကောင်မလေးက မေမေနဲ့တူတူအိပ်မယ်တဲ့ ......


ကောင်မလေး က ကောင်လေးကို အဲ့လောက်အထိချစ်တာပါ .........

အဲ့ဒါကြောင့် ....ကောင်လေးလဲ များများ စိတ်ကူးမယဉ်ရဲတော့ပါဘူး ..........

အရမ်းချစ်တယ်ကောင်မလေးရယ် .........


အော် .......... တခုပြောဖို့ မေ့ကျန်ခဲ့တယ်

ကောင်လေးက အရမ်းချစ်တယ်လို့ ပြောတိုင်း ကောင်မလေးကဘာပြန်ပြောလဲဆိုတော့

"တူတူပါပဲ " တဲ့ ..........

ချစ်တယ်လို့ ပြန်မပြောတတ်ပါဘူး..........

Sunday, July 19, 2009

၁၉-၇-၀၉ တရက်တာ ........


ကောင်မလေး(သို့)သူ ကောင်မလေးနဲ့ကောင်လေးနဲ့တွေ့ကြပြန်ပြီပေါ့ ......... အရင်ညပုံပြင်လေးရဲ့အဆက်ပေါ့ ပုံပြင်ဆိုပေမယ့် ....... ကောင်လေးရဲ့ရင်ထဲ ဘယ်တော့မှလဲဟောင်းမသွား ....ပြောင်းလဲလို့လဲသွားမှာမဟုတ်တဲ့ပုံပြင်လေးပါ ကဲ့ ဖတ်ကြည့်လိုက်ပါဦး ....... ကောင်မလေးနဲ့ကောင်လေးနဲ့ စတွေ့ကြတယ် ဒီနေ့တော့ ကောင်မလေး အလုပ်မရှိဘူးလေ ကောင်လေးနဲ့အကြာကြီးတွေ့မယ်လို့ စိတ်ကူးထားတယ်ထင်ပါတယ် ...... ဒါပေမယ့် ကံကြမ္မ္မာက ကောင်မလေး အပေါ်ရက်စက်တာလား ......... ဒါမှမဟုတ် ကောင်လေးကပဲကောင်မလေး အပေါ်ရက်စက်တာလားမသိပါဘူး ..... ကောင်လေး ရှေ့ညက ကိစ္စ တခုကြောင့် မအိပ်လိုက်ရဘူး ........ ကောင်မလေးနဲ့တွေ့ဖို့အတွက် ကောင်လေး အိပ်ရာ အားတင်းပြီးထလာပါသေး တယ် ဒါပေမယ့် ကောင်မလေး ဘယ်လိုမှ ကြာကြာထိုင်လို့မရဘူး အရမ်းအိပ်ချင်နေတော့ ကောင်မလေးကိုခွင့်တောင်းပြီး ခနအိပ်ဖို့ပြောတယ် ...... ကောင်မလေးကလဲ နားလည်စွာနဲ့ပေးအိပ်ပါတယ် .......... ကောင်လေးက ကောင်မလေးကိုမှာခဲ့ပါတယ် ....... သူ့ကိုနှိုးဖို့ပေါ့ ........ ဒီလိုနဲ့ ကောင်လေး အိပ်ပျော်သွားပါတယ် ........ ကောင်မလေး က တယောက်ထဲကျန်ခဲ့တာပေါ့ ............. ကောင်လေးကိုနှိုးဖို့ကျတော့ ကောင်မလေး က အိပ်ရေးပျက်မှာစိုးလို့မနှိုးပဲစောင့်နေတယ်တဲ့ ....... ကောင်မလေး ရယ် ........... ကံကြမ္မာကြောင့်ပဲလား ........ကောင်လေးကြောင့်ပဲလား ...... ဒီလိုနဲ့ ကောင်လေး အိပ်တာ အရမ်းကြာသွားတယ် ....... ဘယ်လောက်တောင်ကြာသွားလဲဆိုတော့ ကောင်မလေး ပြန်အိပ်မယ့်အချိန်တောင်ပြန်ရောက်လာတဲ့အထိကြာသွားတော့ ကောင်မလေးလဲ အိပ်ရေးဝလောက်ပါပြီဆိုပြီး နှိုးလိုက်တယ် ........... ကောင်လေး ထလာတော့ ............. ကောင်မလေး နေမကောင်းဖြစ်နေပြီ .......... ခေါင်းတွေမှုးပြီးအိပ်ရာထဲလှဲနေပြီတဲ့ ......... ကောင်လေးအရမ်းစိတ်မကောင်းဖြစ်သွားတယ် ကောင်မလေးကိုချော့လိုက်ခြောက်လိုက်နဲ့ အစားစားဖို့ ပြောတယ် .......... ခနခနပြောတော့ ကောင်မလေး လဲ ထစားပါတယ် ........... ပြီးတော့ဆေးသောက်ပြီး ကောင်လေးနဲ့ကောင်မလေး စကားတွေပြောကြတာပေါ့....... ဒီလိုနဲ့ အရမ်းနောက်ကျလာတော့ ကောင်မလေးကို ကောင်လေးက အိပ်ပါတော့ဆိုပြီး ပြောတယ် ကောင်မလေးမအိပ်ချင်သေးဘူးတဲ့ ........ကောင်လေးနဲ့ပြောချင်သေးတယ်တဲ့ ခုမှတွေ့ရတာ ပြောပါရစေတဲ့ .......... ကောင်လေး ဘာလုပ်ရမှာလဲ .......ဆက်ပြောလို့လဲမရတော့ဘူး ကောင်မလေး ရဲ့အိပ်ချိန်တွေအရမ်းလွန်နေပြီ ကောင်မလေးနေလဲမကောင်းဘူး ............မနက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့ တခုခုဖြစ်မှာစိုးလို့ အတင်းအိပ်ခိုင်းတော့ ...........ကောင်မလေး စိတ်ဆိုးသွားတယ် စိတ်ဆိုးပြီး ..........ပြောမိပြောရာပြောတော့ ........ ကောင်လေးကချော့ပြီး အိပ်ဖို့အတွက် ဒီနေ့ အတွက် နှုတ်ဆက်တာ ကောင်းကောင်းလေးနှုတ်ဆက်ပြီး ပျော်ပျော်ရွှင်ရွှင်လေးအိပ်ဖို့ပြောပါတယ်
ကောင်မလေးကလဲ အရမ်းစိတ်ဆိုးနေတော့ ....... ဘယ်လိုပြောပြောမရဘူး ....... ဒီလိုနဲ့ ပြောရင်းပြောရင်း ကောင်မလေး စိတ်ထဲမှာ အတွေးတခု ၀င်သွားပြန်တယ် ........ ကောင်လေးမှာ အရင်က ရည်းစားတယောက်ရှိခဲ့ဖူးတယ်လေ .......... အဲ့ဒီတော့ အရင်တယောက်လောက် သူ့ကိုမချစ်နိုင်ဘူးလို့ထင်သွားတယ် ......... ကောင်လေး ရှင်းပြတယ်
ဘယ်လိုပြောပြောမရတော့ဘူး ........
ကောင်မလေး စိတ်ဆိုးပြီးအိပ်သွားတယ် .........................................
သူ အိပ်ပျော်နေလောက်ပါပြီ ...... ကောင်လေး တယောက်ထဲ ငူငူကြီးထိုင်ပြီးကျန်ခဲ့ပါတယ် ...... ကောင်မလေးကလဲအိပ်သွားပြီလေ ကောင်မလေးကိုသူရှင်းပြချင်တာလဲရှင်းပြလို့မရတော့ဘူး ...... ပြောပြချင်တာလဲပြောပြလို့မရတော့ဘူး ကောင်လေး စိတ်ထဲမှာ တကယ်တော့ ကောင်မလေး တယောက်ပဲရှိတာပါ .......... ဒါကိုကောင်မလေး ဘယ်လိုမှမယုံနိုင်ဘူးဖြစ်နေတယ် ...................
ကောင်လေး တယောက်ထဲ စိတ်ထဲကတမ်းတနေပါတယ် .........
ကောင်မလေးရေ ယုံပေးပါ ...... တကယ်ချစ်တာပါ...... ယုံပေးပါတဲ့
ကောင်မလေးရေ ................ ကောင်မလေးအတွက်ရေးထားတဲ့ကဗျာလေးတပုဒ်ဖတ်ပေးပါဦး ကဗျာရဲ့ ခေါင်းစဉ်က ယုံပေးပါတဲ့ ....................

မလှပတဲ့ အတိတ် ရှတတအရိပ်တွေနဲ့
ငါ့ဘ၀ ခါးသက်လှပါတယ် ............

အတိတ်တွေဖယ် အရိပ်တွေပယ်ပြီး
သံသယဆိုးနဲ့ မင်းအတွေးမျိုးတွေ
ခဏအဝေးထား ငါ့အချစ်တွေယုံပေးပါလား ...............

လူတကာသုံးတဲ့ မဖြစ်နိုင်တဲ့ စကားလုံးတွေနဲ့
မင်းယုံကြည်မှုကို ငါမယူပါဘူး ..............

တနေ့နေ့ဆိုတဲ့ တောင့်တခြင်းများနဲ့
ညမှာအိပ်မရ မျက်ရည်ပါကျနေတတ်ပြီ ..........ကောင်မလေးရေ

Friday, July 17, 2009

၁၇-၇-၀၉ တညတာ ...........


ကောင်မလေး (သို့) သူ .........
ဒီနေ့တော့ ကောင်မလေး အရမ်းကိုစိတ်ညစ်လာတယ်ထင်ပါတယ် .........
သူ့ကောင်လေးနဲ့ .....စစတွေ့ချင်းကထဲက ကောင်မလေး စကားသိပ်မပြောဘူး ........
မေးတခွန်းဖြေတခွန်းပဲ
ူကောင်လေးကသူ့ကြောင့်များလားဆိုပြီး ... စိတ်ပူလို့ ကောင်မလေးကို
အမျိုးမျိုးမေးတော့ ကောင်မလေး ပြောပြပါတယ် ...........
သူ ဆိုတဲ့ ကောင်မလေးရေ .............
ကလေးလေး တယောက်နဲ့မလိုက်အောင်
စိတ်ဖိစီးမှုတွေ ...... စိတ်ပင်ပန်းစရာတွေ .......စိတ်ညစ်စရာတွေ များလွန်းလှပါလား ........
ကံကြမ္မာ က ဘယ်လိုများဖန်တီးထားလဲ မသိတော့ပါဘူး ..........
ဘာလို့များ ကောင်မလေးဆီကို ကံဆိုးချင်းတွေ ပို့ပို့ပေးနေတာလဲ ..........
ကောင်မလေးမျက်ရည်တွေကျတယ် ........ ဆိုးဆိုးရွားရွားကိုငိုတယ် .........
ကောင်မလေးငိုသံတွေ မျက်ရည်တွေ .........ကောင်လေးရင် ကိုတည့်တည့်ထိပါတယ်
ဘာကြောင့်ပဲ မျက်ရည်ကျကျ ........ ကောင်လေး ဘယ်လိုမှနေလို့မရဘူး
ကောင်လေး အမျိုးမျိုးဖျောင်းဖျတယ် ......ရှင်းပြတယ်........
လောကကြီးကို နားလည်တတ်အောင်ပြောပြတယ် .........
ကောင်မလေး က အရမ်းကို ဖြူစင်လွန်းတယ် ...... ဘယ်လိုမှပြောပြလို့မရလောက်အောင်
ငိုနေရှာတယ်လေ ..........
ကောင်လေး မနေတတ်တော့ဘူး .......... ကောင်မလေး မျက်ရည်တပေါက်က သူ့အတွက်အက်စစ်တွေလိုပဲ
ခံရခက်လွန်းနေတယ် ..........
အဲ့လိုနဲ့ ကောင်လေး က ကောင်မလေးကို အမှတ်တရ လက်ဆောင်လေးတခုပေးလိုက်တယ်
တန်ဖိုးကတော့မရှိပါဘူး ........... အမှတ်တရလေးဖြစ်အောင်ဆိုပြီး
ကောင်လေး တညလုံးမအိပ်ပဲလုပ်ထားတဲ့ .......... ကောင်မလေးအတွက် လက်ဆောင်သေးသေးလေးတခုပါပဲ
ကောင်မလေး အဲ့ဒါကိုရတော့ ကြည့်ပြီး ပထမ နဲနဲပြုံးလာတယ် .......
နောက် တဖြေးဖြေးနဲ့ ကောင်မလေး ပျော်လာသလိုလိုဖြစ်လာတယ် .......
နောက်တော့ ကောင်မလေးအရမ်းပျော်သွားပြီး .............
သူစိတ်ညစ်ခဲ့တာတွေ ကို ခနမေ့သွား ပါတယ် .........
ကောင်လေး ဆုတောင်းပါတယ် ..........
ကောင်မလေးအိပ်ပျော်သွားတဲ့အထိ စိတ်ညစ်စရာထပ်မလာပါစေနဲ့လို့
ကောင်လေးကိုယ်တိုင်လဲ ကောင်မလေးကို ပျော်အောင်အမျိုးမျိုးလုပ်တယ် ......
စိတ်ညစ်စရာတွေ ပြန်မတွေးမိအောင် အမျိုးမျိုး ကောင်မလေးကိုစိတ်ပြောင်းအောင်လုပ်လိုက်တယ်
အရမ်းအပြစ်ကင်းတဲ့ကောင်မလေး တယောက်ပြန်ပြီးရီလာပါပြီ ........
ပြန်ပြီးပျော်လာပါပြီ .......... ကောင်မလေး ရဲ့ အလှဆုံး အပြုံးပန်းချိုချိုလေးတွေကို
ကောင်လေး မြင်နေရပါပြီ ...........
ကောင်မလေး အဲ့လိုပျော်နေတော့ကောင်လေး လဲကြည်နူးနေတာပေါ့.....
ဒီလိုပြောနေရင်းနဲ့........
အချိန်တွေတဖြေးဖြေးကုန်ကုန်လာလိုက်တာ ........... ကောင်မလေးအိပ်ချင်နေပြီ
ကောင်မလေး စကားတခွန်းကိုပြောပြီးတော့ အိပ်သွားပါပြီ.......ပျော်ရွှင်စွာနဲ့ပေါ့

"ကို့ ကိုချစ်တယ်" တဲ့ ...............
ကောင်လေး ကြည်ကြည်နူးနူးပြုံးပြီး မြတ်မြတ်နိုးနိုးနဲ့ကောင်မလေး အိပ်နေတာကိုကြည့်နေရင်း ................
ကောင်မလေးအိပ်ပျော်သွားပါတယ် ...................

ကောင်မလေး အိပ်ပျော်သွားပေမယ့် ကောင်မလေး မသိလိုက်တာ ၂ ခုရှိနေပါတယ်...........

၁။ ကောင်မလေး ပြောနေကြစကားကိုဒီနေ့မပြောသွားပါဘူး.....
"နေဟာ
နောက်လာမခေါ်နဲ့
နောက်တခါမလာတော့ဘူး " .............. ဆိုတဲ့ စကားလေးရယ်

၂။ကောင်လေး ရှေ့ညကတညလုံးမအိပ်ရသေးလို့ ခေါင်းတွေအရမ်းကိုက်ပြီးနေမကောင်းဖြစ်နေတာရယ်......

အဲ့ဒီ ၂ ခုကိုတော့ ကောင်မလေး သတိမထားမိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်........ပြုံးပြုံးလေးပေါ့

အရမ်းချစ်တယ်ကောင်မလေးရယ် ........


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်