ကောင်မလေး (သို့) သူ .........
ဒီနေ့တော့ ကောင်မလေး အရမ်းကိုစိတ်ညစ်လာတယ်ထင်ပါတယ် .........
သူ့ကောင်လေးနဲ့ .....စစတွေ့ချင်းကထဲက ကောင်မလေး စကားသိပ်မပြောဘူး ........
မေးတခွန်းဖြေတခွန်းပဲ
ူကောင်လေးကသူ့ကြောင့်များလားဆိုပြီး ... စိတ်ပူလို့ ကောင်မလေးကို
အမျိုးမျိုးမေးတော့ ကောင်မလေး ပြောပြပါတယ် ...........
သူ ဆိုတဲ့ ကောင်မလေးရေ .............
ကလေးလေး တယောက်နဲ့မလိုက်အောင်
စိတ်ဖိစီးမှုတွေ ...... စိတ်ပင်ပန်းစရာတွေ .......စိတ်ညစ်စရာတွေ များလွန်းလှပါလား ........
ကံကြမ္မာ က ဘယ်လိုများဖန်တီးထားလဲ မသိတော့ပါဘူး ..........
ဘာလို့များ ကောင်မလေးဆီကို ကံဆိုးချင်းတွေ ပို့ပို့ပေးနေတာလဲ ..........
ကောင်မလေးမျက်ရည်တွေကျတယ် ........ ဆိုးဆိုးရွားရွားကိုငိုတယ် .........
ကောင်မလေးငိုသံတွေ မျက်ရည်တွေ .........ကောင်လေးရင် ကိုတည့်တည့်ထိပါတယ်
ဘာကြောင့်ပဲ မျက်ရည်ကျကျ ........ ကောင်လေး ဘယ်လိုမှနေလို့မရဘူး
ကောင်လေး အမျိုးမျိုးဖျောင်းဖျတယ် ......ရှင်းပြတယ်........
လောကကြီးကို နားလည်တတ်အောင်ပြောပြတယ် .........
ကောင်မလေး က အရမ်းကို ဖြူစင်လွန်းတယ် ...... ဘယ်လိုမှပြောပြလို့မရလောက်အောင်
ငိုနေရှာတယ်လေ ..........
ကောင်လေး မနေတတ်တော့ဘူး .......... ကောင်မလေး မျက်ရည်တပေါက်က သူ့အတွက်အက်စစ်တွေလိုပဲ
ခံရခက်လွန်းနေတယ် ..........
အဲ့လိုနဲ့ ကောင်လေး က ကောင်မလေးကို အမှတ်တရ လက်ဆောင်လေးတခုပေးလိုက်တယ်
တန်ဖိုးကတော့မရှိပါဘူး ........... အမှတ်တရလေးဖြစ်အောင်ဆိုပြီး
ကောင်လေး တညလုံးမအိပ်ပဲလုပ်ထားတဲ့ .......... ကောင်မလေးအတွက် လက်ဆောင်သေးသေးလေးတခုပါပဲ
ကောင်မလေး အဲ့ဒါကိုရတော့ ကြည့်ပြီး ပထမ နဲနဲပြုံးလာတယ် .......
နောက် တဖြေးဖြေးနဲ့ ကောင်မလေး ပျော်လာသလိုလိုဖြစ်လာတယ် .......
နောက်တော့ ကောင်မလေးအရမ်းပျော်သွားပြီး .............
သူစိတ်ညစ်ခဲ့တာတွေ ကို ခနမေ့သွား ပါတယ် .........
ကောင်လေး ဆုတောင်းပါတယ် ..........
ကောင်မလေးအိပ်ပျော်သွားတဲ့အထိ စိတ်ညစ်စရာထပ်မလာပါစေနဲ့လို့
ကောင်လေးကိုယ်တိုင်လဲ ကောင်မလေးကို ပျော်အောင်အမျိုးမျိုးလုပ်တယ် ......
စိတ်ညစ်စရာတွေ ပြန်မတွေးမိအောင် အမျိုးမျိုး ကောင်မလေးကိုစိတ်ပြောင်းအောင်လုပ်လိုက်တယ်
အရမ်းအပြစ်ကင်းတဲ့ကောင်မလေး တယောက်ပြန်ပြီးရီလာပါပြီ ........
ပြန်ပြီးပျော်လာပါပြီ .......... ကောင်မလေး ရဲ့ အလှဆုံး အပြုံးပန်းချိုချိုလေးတွေကို
ကောင်လေး မြင်နေရပါပြီ ...........
ကောင်မလေး အဲ့လိုပျော်နေတော့ကောင်လေး လဲကြည်နူးနေတာပေါ့.....
ဒီလိုပြောနေရင်းနဲ့........
အချိန်တွေတဖြေးဖြေးကုန်ကုန်လာလိုက်တာ ........... ကောင်မလေးအိပ်ချင်နေပြီ
ကောင်မလေး စကားတခွန်းကိုပြောပြီးတော့ အိပ်သွားပါပြီ.......ပျော်ရွှင်စွာနဲ့ပေါ့
"ကို့ ကိုချစ်တယ်" တဲ့ ...............
ကောင်လေး ကြည်ကြည်နူးနူးပြုံးပြီး မြတ်မြတ်နိုးနိုးနဲ့ကောင်မလေး အိပ်နေတာကိုကြည့်နေရင်း ................
ကောင်မလေးအိပ်ပျော်သွားပါတယ် ...................
ကောင်မလေး အိပ်ပျော်သွားပေမယ့် ကောင်မလေး မသိလိုက်တာ ၂ ခုရှိနေပါတယ်...........
၁။ ကောင်မလေး ပြောနေကြစကားကိုဒီနေ့မပြောသွားပါဘူး.....
"နေဟာ
နောက်လာမခေါ်နဲ့
နောက်တခါမလာတော့ဘူး " .............. ဆိုတဲ့ စကားလေးရယ်
၂။ကောင်လေး ရှေ့ညကတညလုံးမအိပ်ရသေးလို့ ခေါင်းတွေအရမ်းကိုက်ပြီးနေမကောင်းဖြစ်နေတာရယ်......
အဲ့ဒီ ၂ ခုကိုတော့ ကောင်မလေး သတိမထားမိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်........ပြုံးပြုံးလေးပေါ့
အရမ်းချစ်တယ်ကောင်မလေးရယ် ........
အချိန်တိုင်းသာ ..........
Friday, July 17, 2009
၁၇-၇-၀၉ တညတာ ...........
Posted by ချစ်ရသူအတွက်အမှတ်တရ at 9:25 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment