ကောင်မလေးက ကောင်လေးကိုအရမ်းချစ်တဲ့အကြောင်းလေးပါ ....
ကောင်မလေးက ကောင်လေးကို အရမ်းချစ်ပုံရပါတယ် ...
သူများ အတွဲ ရည်းစားတွေဆိုရင်ပေါ့ ......
အပြင်မှာတွေ့ကြတဲ့ အခါ လက်လေး တွဲပြီးလမ်းလျှောက်ကြတယ် .....
တူတူ ထိုင်တဲ့အခါ မိန်းကလေးကို ဖက်ထားမယ် ....
မိန်ကလေးက သူ့ချစ်သူ ပခုံးမှာမှီပြီးစကားတွေပြောမယ် ......
ကြည်ကြည်နူးနူးလေးတွေပေါ့ ..........
အဲ့လိုတွေတွေ့ပြီးတော့ နောက်ဆုံး ပြန်ဖို့ နှုတ်ဆက်ကြပြီဆိုရင်လဲ
မိန်းကလေး ရဲ့ နဖူးကို သူ့ချစ်သူက ဖွဖွလေး နမ်းပြီး နှုတ်ဆက်ကြတယ်လေ ....
ကောင်မလေးရဲ့ချစ်သူ ကောင်လေး ကလဲ အဲ့လိုလေးတွေ အမြဲစိတ်ကူးယဉ်တတ်တယ်..... ကောင်လေးစဉ်းစားတာက .........
ကောင်မလေးနဲ့အပြင်မှာတွေ့တဲ့အခါ သူများတွေလိုပေါ့
့ကောင်မလေးရဲ့ လက်ကို ကိုင်ပြီး လမ်းတွေလျှောက်မယ် ..........
လမ်းလျှောက်လို့ညောင်းတဲ့ အခါ
ထိုင်ခုံလေးမှာ ကောင်မလေး ပခုံးကိုဖက်ထားပြီး တူတူထိုင်မယ်
ကောင်မလေး အတွက် ပျော်စရာတွေဖြစ်အောင် ရီစရာတွေပြောပြမယ် ......
ပြီးတော့ ကောင်မလေးကို ဘယ်လောက်ချစ်တယ်ဆိုတာတွေပြောပြမယ် ...
ကောင်မလေးရဲ့ ဆံပင်လေးတွေကို သပ်ပြီး ညနေစောင်းတဲ့အထိထိုင်မယ် ......
နေ၀င်တာကို တူတူကြည့်မယ် ......
ပြီးရင်ကောင်မလေးကို အိမ်ပြန်လိုက်ပို့မယ် ......
အဲ့လိုပြန်ပို့လို့ တနေ့တာ ခန ခွဲရမယ့် နှုတ်ဆက်တဲ့အချိန်မှာ
ကောင်မလေးရဲ့ နဖူးပေါ်က ဆံနွယ်စ တွေကို သပ်တင်လိုက်ပြီး
ကောင်မလေး နဖူးကို ဖွဖွလေးနမ်း ပြီး နှုတ်ဆက်မယ် ...........
ဒါကကောင်လေးရဲ့ စိတ်ကူးတွေပေါ့ ........
ကောင်လေးက အဲ့လိုစိတ်ကူးပြီး အမြဲကြည်နူးနေတတ်တယ် ...
ဒါပေမယ့် ........ ကောင်လေးစိတ်ကူးက စိတ်ကူး ရင်းနဲ့ပဲ စိတ်ကူးထဲမှာပဲ ပျောက်ကုန်တယ်
ဘာကြောင့်လဲဆိုတော့ ........
ကောင်လေးက သူစိတ်ကူးသမျှ သူကြည်နူး သမျှတွေကို ......
ကောင်မလေးလဲကြည်နူးအောင် ပြောပြတယ် ........
အပြင်မှာတွေ့တဲ့အခါသူကတော့ ဒီလိုလေးတွေ ဖြစ်ချင်တယ် ဒီလိုလေးတွေစိတ်ကူးတယ်လို့ပြောပြတယ် အဲ့လိုပြောပြတဲ့အခါ .........
ကောင်မလေး ဘာပြန်ပြောလဲဆိုတော့ ...........
ကောင်လေးက ကောင်မလေးကို အပြင်မှာတွေ့တဲ့အခါ
လက်လေးကိုင်ပြီးလမ်းလျှောက်ချင်တယ်ဆိုတော့ ..
ကိုင်ရဲကိုင်ကြည့် ....... လက်သီးနဲ့ထိုးမှာ ...... မကိုင်နဲ့တဲ့
ကောင်လေးက ကောင်မလေးနဲ့တူတူထိုင်တဲ့အခါ ပခုံးလေးဖက်ပြီး စကားတွေပြောချင်တယ်ဆိုတော့ ဖက်ရဲဖက်ကြည့် ....... ပိတ်ကန်မှာ .........မဖက်နဲ့တဲ့
ကောင်လေးက ကောင်မလေးကို နှုတ်ဆက်တဲ့အခါ နဖူးလေး နမ်းပြီး နှုတ်ဆက်ချင်တယ်ဆိုတော့ .. နမ်းရဲနမ်းကြည့် ..... ဓါးနဲ့ထိုးမှာ .... မနမ်းနဲ့တဲ့
အဲ့လိုတွေ ပြန်ပြောခံရတော့ ကောင်လေးရဲ့ စိတ်ကူးတွေ စိတ်ကူး ထဲမှာပဲ အငွေ့ပျံပြီး ပျောက်ကုန်တာပေါ့
နောက်ဆုံး တခု ကောင်မလေးပြောတာက ....... အိမ်ထောင်ကျတဲ့အခါတောင် .....
ကောင်လေးကို ဖေဖေနဲ့တူတူအိပ် ............
ကောင်မလေးက မေမေနဲ့တူတူအိပ်မယ်တဲ့ ......
ကောင်မလေး က ကောင်လေးကို အဲ့လောက်အထိချစ်တာပါ .........
အဲ့ဒါကြောင့် ....ကောင်လေးလဲ များများ စိတ်ကူးမယဉ်ရဲတော့ပါဘူး ..........
အရမ်းချစ်တယ်ကောင်မလေးရယ် .........
အော် .......... တခုပြောဖို့ မေ့ကျန်ခဲ့တယ်
ကောင်လေးက အရမ်းချစ်တယ်လို့ ပြောတိုင်း ကောင်မလေးကဘာပြန်ပြောလဲဆိုတော့
"တူတူပါပဲ " တဲ့ ..........
ချစ်တယ်လို့ ပြန်မပြောတတ်ပါဘူး..........
အချိန်တိုင်းသာ ..........
Tuesday, July 21, 2009
ကောင်မလေး အချစ်
Posted by ချစ်ရသူအတွက်အမှတ်တရ at 6:05 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment