BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Tuesday, May 25, 2010

၂၅.၅.၂၀၁၀ ရဲ့အမှတ်တရလေးများ....


တကယ်ကို စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်လာဖို့အတွက်
အချိန်တွေ တဖြေးဖြေးနီးကပ်လာပါပြီ


ဒီလိုအချိန်တွေရောက်ဖို့အတွက် နှစ်ယောက်လုံး
စိတ်ညစ်စရာအပြည့်
ပျော်စရာအပြည့်နဲ့ ဖြတ်သန်းလာခဲ့ရတာ

ရက်တွေလတွေပြောင်းပြီး တနှစ်ဆိုတဲ့အချိန်ကိုတောင်ရောက်ရတော့မယ်

သိပ်ချစ်စရာကောင်းတဲ့ချစ်သူကောင်မလေးတယောက်ရထားတာ
ကောင်လေးအတွက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ဘ၀တခုလိုပါပဲ


အချစ်တခုထဲနဲ့ ပြီးပြည့်စုံတဲ့ဘ၀ ဆိုတာ ဖြစ်မလာဘူးလို့ ပြောတတ်ကြပါတယ်

ဒါပေမယ့် အဲ့ဒီ အချစ်ဆိုတာနဲ့ပဲ ပြီးပြည့်စုံတဲ့ ဘ၀ တခုကို
မဖြစ်ဖြစ်အောင်ဆောက်လို့ရပါတယ်


စိတ်ရှည်မှု သည်းခံမှု တယောက်နဲ့တယောက် အားပေးကူညီ ဖေးမမှုကြင်နာမှုတွေရှိနေရင
ပြီးပြည့်စုံတဲ့ ဘ၀တခုဆိုတာ တည်ဆောက်ဖို့မခဲယဉ်းပါဘူး

အချိန်အတိုင်းအတာ တခုမှာပဲ အဲ့ဒီဘ၀ဆိုတာကိုရအောင်လုပ်နိုင်ပါတယ်

ကောင်မလေးနဲ့ ကောင်လေးတို့ကလဲ
ဒီလိုပဲ ပြီးပြည့်စုံတဲ့ဘ၀တခုကို တည်ဆောက်ဖို့အတွက်

အများကြီး တိုင်ပင် ဆွေးနွေးခဲ့ကြဖူးတယ်

အများကြီး စိတ်ကူးတွေယဉ်ခဲ့ကြဖူးတယ်

စကားတွေလဲ များ ရန်တွေလဲဖြစ်ခဲ့ကြဖူးတယ်


ကောင်မလေးရေ....

ဘ၀ တခုကို နှစ်ယောက်အတူတူ ဖြတ်သန်းဖို့ အတွက်
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ပြီးပြီပဲ

ဘာပဲဖြစ်ဖြစ် အားတင်းပြီးရင်ဆိုင်ကြတာပေါ့...


ကောင်လေးရင်ထဲမှာ ကောင်မလေးရှိနေသရွေ့

ကောင်မလေးရင်ထဲမှာ ကောင်လေးရှိနေသရွေ့
အားလုံးကိုအတူရင်ဆိုင်ဖြတ်သန်းကြမယ်လေ....


ဒီနေ့ ကောင်မလေး နဲ့ ကောင်လေးတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တချို့ ကို
အကောင်အထည်ဖော်ဖို့
တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်..

စိတ်ကူးယဉ်အိပ်မက်ဆိုတာက တဘ၀ လုံးရဲ့ စိတ်ကူးယဉ်အိပ်မက်တော့မဟုတ်ပါဘူး
ဒါပေမယ့် တဘ၀လုံးနဲ့တော့ပတ်သက်နေတာပေါ့


ကောင်မလေးနဲ့ ကောင်လေးတို့ချစ်သူသက်တမ်း ၁၀ လကျော်လာတဲ့အထိ

တယောက်နဲ့ တယောက် အပြင်မှာလုံးဝ မတွေ့ရသေးပါဘူး

တခါမှလဲ မတွေ့ဖူးကြသေးပါဘူး


အရမ်းထူးဆန်းတဲ့ ဖူးစာကြောင့်သာ တနေရာနဲ့တနေရာ
မိုင်ပေါင်းမရေတွက်နိုင်အောင်ကွာဝေးတဲ့
ကြားထဲက
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ဖြစ်ခဲ့ကြရတာပါ


ဒါပေမယ့်အခုတော့ ကောင်မလေးနဲ့ကောင်လေးတို့အတွက် ကံကြမ္မာကပေးလာတဲ့ ကံကောင်းခြင်းလက်ဆောင်ကို နှစ်ယောက်အတူတူ လက်ခံကြရတော့မှာလေ

သိပ်မကြာတော့အချိန်မှာ
ကောင်မလေးနဲ့ ကောင်လေးတို့ အပြင်မှာတွေ့ခွင့်ရကြတော့မှာပါ


လွယ်လွယ်ကူကူနဲ့ တွေ့ရမှာတော့မဟုတ်ပါဘူး
အခက်အခဲတွေအများကြီးတော့ရှိတယ်လေ

အချိန်မတူတဲ့အခက်အခဲတွေ

တယောက်နဲ့ တယောက်ရဲ့ ရတဲ့အချိန်လွဲနေတဲ့အခက်အခဲတွေ

ငွေကြေးအခက်အခဲတချို့တွေ
အခက်အခဲတွေအများကြီးပါပဲ....


ဒီလိုအခက်အခဲတွေကို လွန်ခဲ့တဲ့ လတွေကထဲက
နှစ်ယောက်အတူတူ တိုင်ပင်ဆွေးနွေးပြီး

အကောင်းဆုံးဖြစ်အောင် ဖြေရှင်းခဲ့ကြဖူးပါတယ်


ဒါပေမယ့် အခက်အခဲတွေက အချိန်တွေနီးလာလေလေ
ပိုများလေလေ ဖြစ်လာတာကြောင့်

ဒီနေ့လဲ ဒီအခက်အခဲတွေကို နှစ်ယောက်အတူ ဖြေရှင်းခဲ့ပါတယ်


ပထမဆုံးဖြေရှင်းကြတာကတော့ အချိန် .... အချိန်ပါပဲ
ကောင်လေးအတွက် အချိန်က အရမ်းကို အခက်အခဲဖြစ်တာကြောင့်

ကောင်မလေး က ကောင်လေးရဲ့ အချိန်နဲ့ အနီးစပ်ဆုံး အဆင်ပြေတဲ့အချိန်ကို
ရအောင်ယူနေရာပါတယ်

တကယ်တော့ မိန်းကလေးတယောက်အတွက်
ဒီလို ခက်ခက်ခဲခဲ အချိန်ကိုလုပြီးယူရတာမလွယ်လှပါဘူး


ဒါပေမယ့် ကောင်မလေး ကတော့ တက်တက်ကြွကြွနဲ့ ကိုအချိန်တွေ တွက်ပြရှာပါတယ်

ကောင်မလေးရဲ့ ဒီလို တက်ကြွတဲ့ အမူအရာ တွေကြောင့်
ကောင်လေး အရမ်းပျော်ခဲ့ရပါတယ်

ဒီလိုတွေ့ကြရဖို့အတွက် အခက်အခဲတွေကို စိတ်ညစ်နေရမယ့်အစား

အရမ်းကိုတက်ကြွနေတတ်တဲ့ ကောင်မလေး ကြောင့် ကောင်လေး တကယ့်ကို ကြည်နူးခဲ့ရပါတယ်

ကောင်မလေးနဲ့ကောင်လေးတို့ အချိန်ကို တွက်ကြတာ တော်တော်ကြာသွားခဲ့တယ်... အဆင်ပြေတဲ့အချိန်တခုကိုတော့ရသွားခဲ့ကြတယ်လေ
ဒါပေမယ့် ကောင်မလေးအတွက်ကတော့ အရမ်းကိုအလုပ်ရှုပ်ရမှာပေါ့ ..


ပထမဆုံး တွေ့ရမယ့်ဒီအချိန်လေးကို နှစ်ယောက်လုံး လက်လွတ်မခံချင်တာကြောင့် အလုပ်တွေအရှုပ်ခံခဲ့ကြတာပါ.....

ဒီလိုနဲ့ နောက်ဆုံး အချိန်တခုကို အတည်ပြုလိုက်ပါတယ်.....


စိတ်ကူးယဉ် အိပ်မက်တချို့ ကို စတင်ပြီးအကောင်အထည်ဖော်မယ့်ရက်စွဲလေးပါပဲ ......

ဒီနေ့ ၂၅ ရက်နေ့ ၅ လပိုင်းအတွက် အမှတ်ရစရာလေး တခုဆိုပါတော့......



နောက်ထပ် အမှတ်ရစရာလေးတွေရှိပါသေးတယ်


ဘာလဲဆိုတော့.....
ဒီနေ့ ကောင်မလေး အလုပ်က အပြန်မှာ ....
ဆွဲကြိုးလေးနှစ်ကုံး ၀ယ်လာပါတယ်

အရမ်းကို စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ အဓိပာယ် အပြည့်ပါတဲ့ ဆွဲကြိုးလေးတွေပါ


ကောင်မလေး တကုံး ကောင်လေး တကုံးပေါ့......

ဆွဲကြိုးလေး က လက်စွပ်လေးနှစ်ကွင်းစီပါ ပါတယ်..

အဲ့ဒီ လက်စွပ် နှစ်ကွင်းမှာ စာလုံးလေးတွေလဲထွင်းထားတယ်လေ

တကွင်းမှာ ကို

တကွင်းမှာ သဲ တဲ့....

အရမ်းကို စိတ်ကူးယဉ်ဆန်ပြီးအရမ်းကို အနှစ်သာရရှိတဲ့ ဆွဲကြိုးလေးပါပဲ

ဆွဲကြိုးလေးတွေသွားဝယ်နေတဲ့အချိန်က စလို့
ကောင်မလေး အရမ်းကို ပျော်ရွှင်ပြီး
အသံလေးတွေကအစ အရမ်းကိုတက်ကြွနေပါတယ်

အဲ့ဒီလို တက်ကြွပျော်ရွှင်နေတဲ့ကောင်မလေးကို
ကောင်လေး အပြင်မှာအရမ်းတွေ့ချင်မိတာတော့အမှန်ပါ


ဒီလိုနဲ့ ကောင်မလေး အိမ်ကိုပြန်ရောက်လာခဲ့တာပေါ့

အိမ်ကိုပြန်ရောက်တာနဲ့ ကောင်မလေးက ကောင်လေးကို ဆွဲကြိုးလေးတွေထုတ်ပြတယ်
ကောင်မလေးမှာတကယ့်ကို လှပတဲ့စိတ်ကူး ဆန်းဆန်းလေးတွေရှိနေတတ်တယ်ဆိုတာ
တကယ့်ကိုလက်တွေ့ပါပဲ

တကယ့်ကို လှတဲ့ဆွဲကြိုးလေးတွေပါ
ကောင်မလေး အရမ်းပျော်ပြီး ကောင်လေးလဲအရမ်းကိုပျော်ခဲ့ပါတယ်...

ဒါပေမယ့် ...... အချိန်တခု......
အချိန်တခု ဆိုတာ ကောင်လေးရဲ့ နေ့လည်စာ စားတဲ့အချိန်တခု ဆိုပါတော့


အဲ့ဒီအချိန်မှာ ကောင်လေး ထမင်းစားပါတယ်..

အခက်အခဲအမျိုးမျိုးကြောင့် ကောင်လေးမှာ စားစရာမရှိတဲ့အခြေအနေအထိရောက်နေတယ်လေ
ထမင်းနည်းနည်းရယ် ဘာမှမပါတဲ့ ဟင်းနည်းနည်းရယ်နဲ့
ကောင်မလေးရှေ့မှာထိုင်စားနေတာကို

ကောင်မလေးကြည့်ရင်း မျက်ရည်တွေဝဲနေခဲ့တယ်


ကောင်လေးက ထမင်းစားနေရင်းနဲ့ဘာဖြစ်လို့လဲမေးတော့ ကောင်မလေးမဖြေပဲ ဘာမှမဖြစ်ပါဘူးလို့ပဲပြောခဲ့တယ်

ကောင်လေး ခနခနမေးတော့မှ..
ကောင်မလေးက စိတ်မကောင်းလို့တဲ့..
ကောင်လေး ဒီလိုစားနေရတာကို စိတ်မကောင်းလို့ ငိုတာတဲ့..
ကောင်လေးအရမ်းကိုသနားသွားခဲ့တယ်..

ကောင်လေးအတွက်တော့ ဒီလိုစားရတာမဆန်းဘူးလို့ပြောလို့ရတယ်လေ


ကောင်လေးအတွက်မဆန်းပေမယ့်
ကောင်မလေးအတွက်တော့ မျက်ရည်ကျရတဲ့အထိကိုဆန်းနေတော့

ကောင်လေးအရမ်းစိတ်မကောင်းဖြစ်ပြီး

ကောင်မလေး စိတ်ပြေရာပြေကြောင်းဖြစ်အောင် အမျိုးမျိုးပြောပြတော့
ကောင်မလေးလဲတဖြေးဖြေး စိတ်သက်သာရာရသွားခဲ့တယ်


ဒီတော့မှ ကောင်လေးလဲ သက်ပြင်းလေးချနိုင်ခဲ့တာပါ.......

ကောင်လေးနဲ့ပတ်သက်လို့ ဒီလောက်ထိလိုက်တွေးပေးပြီး
စိတ်မကောင်းဖြစ်တတ်တဲ့ကောင်မလေးရေ...

ကောင်လေးဘ၀မှာ ကောင်မလေးကို ချစ်သလို
ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးတာအမှန်ပါ

ကောင်မလေးရဲ့ အချစ်လို လဲ ဘယ်သူ့ဆီကမှမရခဲ့ဖူးတာအမှန်ပါ......


အရမ်းချစ်တယ်ကောင်မလေးရယ်.......


တရက်ပြီးတရက် အမှတ်တရတွေနဲ့ထပ်ထပ်နေတတ်တဲ့

ဘ၀နှစ်ခု ပေါင်းစုမယ့် ရက်တွေ

လက်ချိုးလို့ရေရင်း သက်ပြင်းလေးခိုးခိုးချ

ပြုံးပြုံးလေးနဲ့အိပ်ခဲ့ရတဲ့ ညတွေမနည်းတော့ပြီ................


အရမ်းချစ်တယ် သဲ ရယ်.........

Sunday, May 23, 2010

ကောင်လေး ရဲ့ ချစ်သူ



ဒီ နေ့ ၂၄ ရက်နေ့ ... နောက်လ ဒီလိုနေ့လေးဆိုရင် အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးရဲ့ ရင်ခွင်ထဲကို တိုးဝင်ခွင့်ရပြီပေါ့...
ကောင်မလေး တစ်ယောက်အရမ်းပျော်နေပါတယ်... ကောင်လေးရင်ထဲမှာရော...သူလဲကောင်မလေးနဲ့ ထပ်တူဖြစ်နေမှာပါနော်...
ပြသနာတွေ စိတ်ဆင်းရဲစရာ တွေအများကြီး ကို ခံနိုင်ရည် ရှိရှိနဲ့ ဖြတ်သန်းလာခဲ့ကြတာ ခုဆိုရင် ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့
ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ်လေ...
ကောင်မလေး ဆိုးသမျှ နစ်နစ်နာနာပြောသမျှကို ချစ်တဲ့စိတ် တစ်ခုထဲ နဲ့ ကောင်လေးဘက်က ခွင့်လွှတ်ပေးခဲ့တာ...
တစ်ကယ်ဆိုရင် ကောင်လေးလဲ လူတစ်ယောက်ပဲလေ... နာကျဉ်းတတ်တဲ့ စိတ်လေးတော့ရှိမှာပါပဲ...
ဒါပေမယ့် ဘယ်လို အချစ်မျိုးတွေနဲ့ များ ကောင်မလေးကို သီးခံပြီး ချစ်နေသေးတာလဲ လို့လဲ ကောင်မလေးတစ်ခါတစ်လေ
စဉ်းစားမိပါတယ်... ကောင်လေးဘက် ကစိတ်အရမ်း ကျဉ်းကျပ်နေခဲ့ရင်တောင် ကောင်မလေးကို လမ်းခွဲစကားမပြောခဲ့ဘူး...
ကောင်လေးကပြောတယ်... ကောင်မလေး က သူရဲ့ ဘဝတဲ့... အဲဒါသာ အမှန်ဆိုရင် ကောင်လေးရဲ့ ဘဝထဲမှာ ကောင်မလေး တစ်သက်လုံး ရှင်သန်သွားချင်တယ်... အရမ်းချစ်တယ် ကောင်လေးရေ...

ပြောင်းလဲမှုဆိုတာ အရာရာတိုင်းမှာ ရှိတတ်တယ်တဲ့... ကောင်လေးမှာရော ရှိနေပြီလား...
ကောင်လေးရဲ့ ကောင်မလေးအပေါ်ထားတဲ့ စိတ်လေးလဲ အနည်းအကျဉ်းတော့ပြောင်းလဲတတ်လာပြီလေ...
အကြောင်းရင်းကို ကောင်လေးကိုယ်တိုင်တောင် မသိပါဘူးတဲ့...
စိတ် ဆိုတာ ပြောင်းလဲလို့ရလား...ရလို့ ပဲကောင်လေးစိတ်တွေ ပြောင်းလဲလာတာနေမှာပါ...
ကောင်မလေးဘက်က နင် ငါဆိုတဲ့ အသုံးတွေ သုံးလာရင် မခံနိုင်အောင် ဖြစ်တတ်တဲ့ ကောင်လေး... ခုတော့
ရန်ဖြစ်ရင် မင်း ငါ ဆိုတဲ့ စကားလုံးတွေနဲ့ ကောင်မလေး ကို ပြန်ပြောတတ်နေပြီ...
ကောင်မလေး မျက်ရည်ကျတိုင်း သူ့ရင်တွေ နာကျင်ရတယ်ဆိုတဲ့ ကောင်လေး ... ခုတော့
ကောင်မလေး ငိုတဲ့ အခါတိုင်း မငိုနဲ့ ခုချက်ချင်းတိတ် ဆိုပြီး ဒေါသ နဲ့ပြောတတ်နေပြီ...

ကောင်မလေးဘက်ကတစ်ကိုယ်ကောင်းဆန် တာပဲလား... လောဘကြီးလွန်းနေတာလား... ကောင်မလေးလဲရေရေရာရာ မသိပါဘူး...
အရင်ကနဲ့ မတူ ပြောင်းလဲဆက်ဆံတတ်လာတဲ့ ကောင်လေးရဲ့ စိတ်လေး ကို မခံနိုင်အောင်ဖြစ်နေမိတယ်...တစ်ခါတစ်ခါ
အသက်တောင် ဆက်ရှင်သန်ချင်စိတ်တွေ ကုန်လာအောင်ရင်ထဲမှာ စူးစူးနစ်နစ်ကို နာကျင်နေခဲ့တာ...
ကောင်လေး စိတ်ကိုလဲ အရင် လိုပြန်နေဖို့ အတင်းအကျပ် တိုက်တွန်းနေခဲ့တယ်...
ကောင်လေးပြောသလို ကောင်မလေးက ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး ကောင်လေးဘက်ကို မတွေးပေးခဲ့တာ ပဲဖြစ်နေပြီလား...
ဟုတ်မှာပါ ... ကောင်လေးမမှားပါဘူး... ကောင်လေးနဲ့ ပတ်သက်ရင် အရာရာ လောဘကြီးနေတတ်တဲ့ ကောင်မလေးပဲ မှားခဲ့တာဖြစ်မှာပါ... ဒါကလဲ ကောင်လေးကို သိပ်ချစ်လို့ပါ....

ကောင်လေးရဲ့ စိတ်ပျက် သွေးအေးတဲ့ အမူအရာ နဲ့ ဆက်ဆံ ခံခဲ့ရဖူးတယ်...
ကောင်မလေးအတွက်တော့ ဘာမျှော်လင့်ချက် ဘာအဓိပါယ်မှ မရှိတော့ တဲ့ အရမ်းရင်နာရတဲ့ အချိန်တွေပေါ့...
ဒီလို အဖြစ်အပျက်ကြုံရတာ များလာတာနဲ့ အမျှ ခုဆိုရင် ကောင်မလေးကြောက်တတ်လာတယ်...
ကောင်လေးမျက်နှာ တစ်ချက်ပျက်လိုက်တာနဲ့ ကို ကောင်မလေး ရူးမလောက်ဖြစ်နေတတ်တယ်...
ပြသနာ မရှာပါဘူး ... ဒေါသထိန်းပါ့မယ် ..ဆိုတဲ့ ကတိကြောင့် အတတ်နိုင်ဆုံး ထိန်းခဲ့ပေမယ့်
ကြာလာတာနဲ့ အမျှ ကောင်မလေး ရင်တွေပူလာပြီလေ...
ကောင်လေး ကတော့ ဘယ်သိပါ့မလဲနော်... ဒါကြောင့်လဲ ကောင်မလေးဘက်က ပြသနာရှာရမှ ကျေနပ်နေတာလို့ ကောင်လေးထင်နေတာနေမှာပါ ...

ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးလဲ အရင်လိုမဟုတ်ဘဲ ပြောင်းလဲနေပါပြီ... အရင်လို တစ်ခုခုဆို ဒေါသရှေ့တန်းတင်တတ်တာတွေ
ကောင်လေးအပေါ်မှာ စက်ရုပ်တစ်ရုပ်လို ခိုင်းစေနေတာတွေ ကောင်မလေးဆင်ခြင်နေပါပြီ ...
ပတ်ဝန်းကျင်နဲ့ သင့်တင့်အောင်လဲ ကောင်မလေးနေသွားမှာပါ... ကောင်လေးဖြစ်စေချင်တဲ့ အရာလေးတွေကို တဖြေးဖြေးနဲ့ ကောင်မလေး ကြိုးစားပေးမှာပါ... ကောင်မလေးစရိုက်နဲ့ ဆန့်ကျင်ဘက် တွေဖြစ်နေပေမယ့် ကောင်လေးကို ချစ်တဲ့စိတ်လေးနဲ့ ပြင်သွားမှာပါ... ဒါပေမယ့် ကောင်လေးရဲ့ ဟိုးအရင်ကလို မပြောင်းလဲတဲ့ အချစ်တွေနဲ့ ကြင်နာယုယတာလေး ကိုတော့ ကောင်မလေး
အလိုချင်ဆုံး အမျှော်လင့်ဆုံး အလိုချင်ဆုံးဆိုတာ ကောင်လေးသိမှာပါနော်...

ကောင်လေးနဲ့ကောင်မလေး ကအရမ်းချစ်ကြတဲ့ ချစ်သူတွေဆိုပေမယ့် ကောင်လေးဇာတိမြို့ဆိုတာ ကောင်မလေးကြားဖူးရုံသက်သက်နေရာလေးပါ... ကောင်လေးအတွက်ကလဲ ကောင်မလေးရဲ့မြို့လေးဆိုတာ တစ်ခဏတာ ခြေချဖူးတဲ့နေရာလေးလောက်ပါပဲ... ခုလို ချစ်သူတွေဖြစ်ခဲ့ကြတော့လဲ ကောင်လေး နဲ့ ကောင်မလေး နေတဲ့ နေရာတွေက မိုင်တွေအများကြီး ဝေးနေပြန်ရော...တစ်ယောက်မျက်နှာ ကို တစ်ယောက် ကွန်ပျူတာထဲမှာ သာမြင်တွေ့ခွင့်ရပြီး အသဲနစ်အောင်ချစ်ခဲ့ကြရတာ.... တစ်ခြား စုံတွဲ ချစ်သူတွေလို အထိအတွေ့ မပါ အချစ်သက်သက်နဲ့ ဖြူဖြူစင်စင်ပဲ ချစ်သူဘဝလေးကို
တည်ဆောက်ခဲ့ကြတာ... တစ်ခုရှိသေးတယ်.... ကောင်မလေးကြည်နူးမိတာလေးတစ်ခု... ဘာလဲ ဆိုတော့ ... ကောင်လေးနဲ့ကောင်မလေး ရုပ်ချင်း တူတာပါ.... သူငယ်ချင်းတွေ က နင်တို့ နှစ်ယောက် ရုပ်ချင်းအရမ်းတူတာပဲ လို့ ပြောတဲ့အချိန်တွေမှာလဲ ကောင်မလေးအရမ်းပျော်တတ်ပါတယ်... ဒါတွေအားလုံးက ကောင်မလေး နဲ့ ကောင်လေး က တစ်ကယ့်ဖူးစာရှင်
အစစ်အမှန်တွေ ဆိုတဲ့ သက်သေတွေလိုပဲ ..... ကောင်လေး လက်ခံလား...ဟင်....

အရမ်းချစ်ရတဲ့ သူ့ကို တွေ့ရမယ့်ရက်လေးတွေကို ပဲ ကောင်မလေးတွက်နေမိတယ်...
တွေ့ခွင့်ရတဲ့ အချိန်ကျရင် ကောင်လေးပြောတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးထဲက လို အရမ်းကို ကြည်နူးစရာကောင်းမှာ...
အရမ်းချစ်တယ်.... ကောင်လေးရေ...
ကောင်လေးရဲ့ အနားမှာ တစ်သက်လုံးရှိနေပါရစေနော်...
ကောင်လေးရဲ့ လက်လေးတွေကို တစ်သက်လုံး တွဲထားပါရစေ...
ကောင်လေးရဲ့ ရင်ခွင်ထဲမှာ ပဲ တစ်သက်လုံး ကောင်မလေးကို သိမ်းထားပေးပါနော်....


ကို့ ကို အရမ်းချစ်တယ်.....

Friday, May 21, 2010

တနေ့နေ့......... စိတ်ကူးယဉ်အိပ်မက်တချို့


ညနေခင်းလေးတခု........
လေပြေနုနုတို့က တိုးဝှေ့တိုက်ခတ် နေလိုက်တာ
အရမ်းမပူတော့ပဲ
အေးချမ်းပြီးတော့ အရမ်းကိုနေလို့ကောင်းတဲ့ရာသီဥတုလေးတခုလေးပေါ့


ဒီလိုညနေခင်း မှောင်ရီပျိုးစ အချိန်လေးမှာ
တနေကုန်အလုပ်ခွင်မှာပင်ပန်းထားတဲ့သူတွေ
ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေလမ်းလျှောက်ထွက်ကြ

လမ်းမှာ စကားစမြည်ပြောကြနဲ့ ....

ညနေခင်းလေးက အရမ်းကိုအသက်ဝင်တဲ့ပန်းချီကားလေးတချပ်ဖြစ်နေခဲ့တယ်

ဒီလို လူတွေအများကြီး အမောဖြေ အပန်းဖြေနေတဲ့ကြားထဲမှာ...
လူနှစ်ယောက် ........ လူနှစ်ယောက်ဆိုတာထက် ကောင်မလေးနဲ့ကောင်လေး ...
သူတို့နှစ်ယောက်ကလဲ ဒီလိုလူတွေလိုပဲ အပန်းဖြေလမ်းတူတူလျှောက်နေကြတာပေါ့....


ထူးခြားတာက သူတို့နှစ်ယောက်
တယောက်ကို တယောက်လွတ်ထွက်သွားမလားထင်ရလောက်အောင်

တင်းတင်းကျပ်ကျပ်လေး ဖက်ပြီးလမ်းလျှောက်နေကြတယ်...


နောက်ထပ် သူတို့ နှစ်ယောက်က အကျီ င်္ ဆင်တူ ဦးထုပ်ဆင်တူလေး ရယ်...

MP 4 လေးရဲ့ earphone လေး နှစ်ခုကို တယောက်တခုဆီ
နားမှာ တပ်ပြီးသီချင်းနားထောင်နေကြတယ်လေ


သူတို့ နှစ်ယောက်ကတော့ အရမ်းကိုချစ်ကြတဲ့ ချစ်သူစုံတွဲလေးတတွဲပါပဲ..
နှစ်ယောက်လုံး သီချင်းတပုဒ်ကို တူညီတဲ့ ခံစားချက်တွေနဲ့
အတူတူနားထောင်ရင်း
ဖြေးဖြေးချင်း လမ်းလျှောက်နေကြတာပေါ့.....

ဘေးနားကဖြတ်သွားကြတဲ့လူတွေ ကလေးတွေ အားလုံးက

သူတို့ နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်ပြီး...

သိပ်ချစ်ကြတာပါလားလို့ ထင်မြင်ချက်လေးတွေပေးသွားကြတယ်..


ကြည့်တဲ့မြင်တဲ့သူတိုင်းကလဲ သူတို့ နှစ်ယောက်ကို မြင်တာနဲ့
ကြည်ကြည်နူးနူးလေးပြုံးသွားကြတယ်လေ..


တကယ်လဲသိပ်ချစ်ကြတဲ့ စုံတွဲလေးပါ..
ဒီလိုနဲ့ ညနေခင်းလေးရဲ့ မှောင်ရီပျိုးစအချိန်တွေကုန်လွန်လို့

နေမင်းကြီး ပျောက်သွားတဲ့အချိန်ကိုတောင် ရောက်လာခဲ့တာပေါ့...


ကောင်လေး။ ။ သဲ ညောင်းနေပြီလား ညောင်းနေရင်နားရအောင်လေ

ရှေ့ကထိုင်ခုံလေးမှာ အေးဆေးထိုင်ပြီးနားရအောင်

ကောင်မလေး။ ။ အင်း ဟုတ်တယ် သဲလဲ ကိုနဲ့အတူတူမလို့ ညောင်းရမှန်းတောင်မသိဘူး
လျှောက်လာတာ တော်တော်ကိုဝေးနေပြီ။ ရှေ့ရောက်ရင်နားရအောင်လေ

ကောင်လေး။ ။ နေဦး အဲ့ဒီရှေ့က ထိုင်ခုံကို ဘယ်သူအရင်ရောက်မလဲ အပြေးပြိုင်မယ်

ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာလုပ်ရမယ်။ ဘယ်လိုလဲ ပြိုင်ရဲလား

ကောင်မလေး။ ။စိမ်လိုက်လေ ပြိုင်ရဲသားပဲ....
ဒါပေမယ့် ကို က ယောက်ကျားလေး ကို ပဲနိုင်မှာပေါ့

သဲကိုတော့ တ၀က် အကြောပေးရမယ် အဲ့ဒါဆိုရင်တော့ ပြိုင်မယ်

ဘယ်လိုလဲ ????


ကောင်လေး ။ ။ လုပ်လိုက်လေ ကြာသလားလို့.....

ဒီလိုနဲ့ ကောင်မလေးနဲ့ကောင်လေးတို့ ထိုင်ခုံ ဆီအပြေးပြိုင်ကြတာပေါ့

ထိုင်ခုံဆီအရင်ရောက်သွားတာကတော့ ကောင်မလေး ပါ
ကောင်မလေးက ထိုင်ခုံပေါ်ရောက်ရောက်ချင်း ထိုင်ချလိုက်ပြီး
အရမ်းကိုမောတာကြောင့်
အသက်ကို ပြင်းပြင်းရှူ အမောဖြေရင်း
ကောင်လေးကို ပြောင်ပြနေတယ်လေ


ကောင်မလေး ။ ။ သနားတယ် ကရော် ကရော် ........

ကောင်လေးက နှုတ်ခမ်းကို ကိုက်ရင်း မျက်မှောင်ကျုံ့ပြီးတော့


ကောင်လေး ။ ။ သနားလို့ မိန်းကလေးမလို့ အရှုံးပေးလိုက်တာ ... ဟဲဟဲ


ဒီလိုနဲ့ ကောင်လေးက ကောင်မလေးဘေးဝင်ထိုင်လိုက်ပြီးတော့ ...


ကောင်လေး။ ။ အရမ်းမောနေတာလား သဲ ကို့ ရင်ဘတ်ပေါ်မှီပြီး ခနနားပြီး အမောဖြေလိုက်ဦး လာ...


ကောင်မလေး။ ။ အခုမှပဲအမောပြေတော့တယ် ကို နော် ကတိတည်ရမယ် သဲ ခိုင်းတာလုပ်ရမယ်


ကောင်လေး။ ။ လုပ်ပါ့မယ်ဗျာ လုပ်ပါ့မယ် ကျွန်တော်မျိုး ရှုံးထားတဲ့လူဆိုတော့လဲ သခင်မလေး
အလိုကျအားလုံးလုပ်ပါ့မယ်ဗျ ဘာများခိုင်းချင်တာလဲမသိဘူး
မိန့်တော်မူပါဗျာ


ကောင်မလေး။ ။ ဟဲဟဲ ကျွန်မ ချစ်သူ အရမ်းတော်တာပဲ အရှုံးကိုဝန်ခံရဲတယ် တိုးတက်ဦးမယ်
သခင်မလေးခိုင်းချင်တာကတော့ မခက်ပါဘူးရှင်
အခုလို ကို့ ရင်ဘတ်ပေါ်မှာ မှီနေပြီးတော့ ကို သီချင်းဆိုတာလေး နားထောင်ချင်တယ်


ကောင်လေး ။ ။ အော် ... အဲ့လိုလား ရပါတယ် နားထောင်ပါဗျာ နားထောင်ပါ....... ဆိုမယ်နော်....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2


အဲ သခင်မလေး သခင်မလေး ခက်တော့ခက်နေပြီ သီချင်းနားထောင်ရင်းတောင်
အိပ်ပျော်သွားရတယ်လို့...... သဲ .... ထထ ဘယ်လိုဖြစ်လို့အိပ်ပျော်သွားရတာတုန်း

ကောင်မလေး ။ ။ ဟီးးးး ဘယ်လိုဖြစ်သွားမှန်းမသိဘူး မှေးကနဲ ဖြစ်သွားတာ

ကောင်လေး ။ ။ သဲ အရမ်းပင်ပန်းနေပြီထင်တယ် သဲပြန်ချင်ပြီလား ပြန်ချင်ပြီဆိုပြန်ရအောင်လေ မိုးလဲချုပ်တော့မယ်.....

ကောင်မလေး။ ။ အာ မပြန်ချင်သေးဘူး ဒီလိုလေးထိုင်နေရတာ သဲ ပျော်လို့ .. မပြန်သေးဘူးနော် ခနနေဦးမယ်လေနော်...

ကောင်လေး ။ ။ သဘောပါဗျာ သဘောပါ မပြန်ချင်သေးဘူးဆိုလဲ ဆက်ထိုင်ကြတာပေါ့ ပြန်ရမှာဝေးလို့ ပြောတာပါ အပြန်ကျရင်တော့ လမ်းလျှောက်မပြန်တော့ဘူးနော် ကားငှားပြီးပဲ ပြန်တော့မယ် သဲ ပင်ပန်းနေပြီမလို့...

ကောင်မလေး။ ။ အင်း အပြန်ကျရင် ကားငှားပြန်မယ် အဲ့ဒါကောင်းတယ်

ဒီလိုနဲ့ ချစ်သူနှစ်ယောက် တယောက်ကို တယောက်တင်းတင်းကျပ်ကျပ်ဖက်ထားပြီး
ထိုင်ခုံလေးမှာထိုင်ရင်း ထွက်ခါစ ပြုလာတဲ့ ကြယ်တွေကြည့်လို့ ငြိမ်ငြိမ်လေးနဲ့နေနေကြတာပေါ့
အချိန်တွေကလဲ တရွေ့ရွေ့ နဲ့ကုန်လာတာ တဖြေးဖြေးမိုးချုပ်လာပြီး အေးလာတယ်

ကောင်မလေး ။ ။ ကို သဲ အေးလာပြီ ပြန်ရအောင်နော်... ပြီးတော့ ဗိုက်လဲဆာတယ်

ကောင်လေး ။ ။ အင်း အင်း .. အဲ့ဒါဆို ပြန်ရအောင် အရမ်းအေးနေရင် ဖျားနေဦးမယ်...

ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ထပြီးတော့ အနီးဆုံးက ကားလေးငှားပြီးပြန်ကြတာပေါ့
နှစ်ယောက်လုံး ထိုင်ခဲ့တဲ့ ထိုင်ခုံလေးကို လှည့်ကြည့်ပြီး တယောက်ကို တယောက်ကြည်ကြည်နူးနူးလေး
ပြုံးပြီးကြည့်ရင်းပြန်လာလိုက်တာ တည်းခိုခန်းကိုရောက်လာခဲ့တယ်...

ကောင်မလေးနဲ့ကောင်လေးက တောင်ပေါ်မြို့လေးတခုကို အတူတူ ခရီးထွက်လာကြတဲ့ချစ်သူတွေလေ
တည်းခိုခန်းရောက်ပြီး အခန်းထဲရောက်တာနဲ့ ကောင်မလေးက အရမ်းမောလာပြီး
အိပ်ယာပေါ်မှာခြေပစ်လက်ပစ်နဲ့ လှဲနေရင်း.....

ကောင်မလေး။ ။ ကို သဲဗိုက်ချာရယ် တထုထု ရုပ်ပေး ဗိုက်ချာရယ် ဗိုက်ချာရယ် အဟင့် အဟင့်

ကောင်လေး။ ။ လုပ်ပြန်ပြီ အသည်းယားအောင် ကိုက်စားမိတော့မယ် အသည်းယားအောင်မလုပ်နဲ့ ခနလေးစောင့် ကို သွားဝယ်လိုက်ဦးမယ် ... ခနလေးနော်

ဒီလိုနဲ့ ကောင်လေး ကောင်မလေး စားဖို့ အတွက် အပြင်မှာ စားဖို့သောက်ဖို့ အစုံဝယ်ပြီးတည်းခိုခန်းကို
ပြန်ရောက်တော့ အရမ်းကို အအိပ်ကြီးတဲ့ ကောင်မလေး အဝေးကြီးလမ်းလျှောက်ရလို့ပင်ပန်းပြီး
အိပ်ပျော်နေပြီလေ....

ကောင်လေး။ ။ အောင်မလေးဗျာ အမောကိုပြေရော အိပ်သွားပြန်ပြီ.... သဲ ထ ထ ထ ဗိုက်ဆာနေတာကို
စားပြီးမှ အိပ် ထထ ထမင်းစားလိုက်ဦး ... လိမ်မာတယ် သဲ ထ ထ

ကောင်မလေး ။ ။ အင်း အိပ်ပျော်သွားပြန်ပြီ ကို ကသွားလိုက်တော့ တယောက်ထဲ
ပျင်းတာနဲ့အိပ်ပျော်သွားတာ
ဟီး.... ဘာတွေဝယ်လာတာလဲ တူတူစားမယ်နော်

ကောင်လေး။ ။ နှစ်ယောက်ထဲ ရှိတာကို တူတူ စားမှာပေါ့ တယောက်တကွဲစားလို့ဘယ်ဖြစ်မလဲ
ပါးစပ်ဟ ခွံ့ကျွေးမယ် ...... ဟဲဟဲ

ကောင်မလေး။ ။ ဆိုးပြန်ပြီ ဟိဟိ

ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေးတို့ တယောက်ကို တယောက် ခွံ့ကျွေးလိုက်စားလိုက်နဲ့
ထမင်းစားလို့ပြီးသွားခဲ့တယ်။

ကောင်လေး ။ ။ ထမင်းတော့စားလို့ပြီးသွားပြီ စားစားပြီးချင်းမအိပ်နဲ့ဦးနော် မကောင်းဘူး
လာ ပြတင်းပေါက်မှာ သွားရပ်ရအောင် ပြတင်းပေါက်မှာလေတွေတိုက်နေတာ

နေလို့ကောင်းတယ် လာ သဲ သွားရအောင်


ကောင်မလေး။ ။ ကောင်းတယ် ကောင်းတယ် အဲ့ဒါကောင်းတယ် ကို ကအရမ်းချစ်ဖို့ကောင်းတာပဲ

ကောင်မလေးနဲ့ ကောင်လေးတို့ ပြတင်းပေါက်ရှေ့မှာရပ်ရင်း
တိုက်နေတဲ့လေညှင်းလေးကိုမျက်နှာလေးတွေမော့ပြီး လေညှင်းခံကြတာပေါ့
ခနကြာတော့ ကောင်လေးက ကောင်မလေးရဲ့ အနောက်မှာရပ်ပြီး
ကောင်မလေးရဲ့ခါးလေးတွေဖက်လိုက်တယ်....... ဖက်ပြီးတော့....

ကောင်လေး ။ ။ အရမ်းချစ်တယ် သဲ ရယ်...... သဲ နဲ့ တသက်လုံးအတူတူနေချင်တယ်... သဲ ရော

ကောင်မလေး။ ။ သဲလဲအတူတူပဲပေါ့ ကို ကလဲ။ တသက်လုံး
ဒီလိုလေး အတူတူနေရရင် အရမ်းကောင်းမှာပဲ
သဲကို မမေ့လိုက်နဲ့နော် ..
ကို့ ကိုလဲသဲအရမ်းချစ်တယ်......


လေပြင်းပြင်းလေး တချက်တိုးဝှေ့ပြီးတိုက်သွားတော့ ကောင်မလေးက
ကောင်လေးရဲ့ရင်ထဲတိုးဝင်လာတယ်
ကောင်လေး က ကောင်မလေးရဲ့ ပါးပြင်ကို အနမ်းစက် တွေခြွေချရင်း..

ကောင်လေး။ ။ချစ်တယ် သဲ ရယ်.........

ကောင်မလေး။ ။ ကို သဲ အိပ်ချင်ပြီ အေးလဲအေးလာပြီ။

ကောင်လေး။ ။ အင်း အိပ်လေ သဲ နောက်လဲနောက်ကျနေပြီ အိပ်တော့နော်...

ကောင်မလေး။ ။ ကို ကရော မအိပ်သေးဘူးလား။ ကို လဲအိပ်တော့လေ မိုးချုပ်နေပြီကို

ကောင်လေး။ ။ ကို ခနနေရင် အိပ်မယ်လေ သဲ အိပ်ပျော်အောင် အိပ်ပါ

ကောင်မလေး။ ။ အင်း အဲ့ဒါဆို သဲကို သီချင်းဆိုပြီး ချော့သိပ်လေနော် ကို သီချင်းဆိုတာ နားထောင်ပြီး အိပ်ချင်တယ် နော် ကိုနော်...

ကောင်လေး။ ။ ဆိုပြမှာပေါ့ သဲ ကလဲ .. သဲ သာအိပ်ပျော်အောင်အိပ်
ကို သဲအိပ်ပျော်တဲ့အထိ သီချင်းဆိုပြမယ်


ဒီလိုနဲ့ ကောင်မလေး အိပ်ယာပေါ်တက် မျက်လုံးလေးတွေမှိတ်ပြီး ငြိမ်ငြိမ်လေးလှဲရင်းအိပ်တာပေါ့
ကောင်လေးကတော့ သီချင်းတွေ တပုဒ်ပြီးတပုဒ်ဆိုပြရင်း တဖြေးဖြေးနဲ့ ကောင်မလေး တယောက်
အိပ်ပျော်သွားခဲ့တယ်

ကောင်မလေး အိပ်ပျော်နေတဲ့ မျက်နှာလေးကို ကောင်လေး တယောက်ထဲ ထိုင်ကြည့်ရင်း
ပြုံးနေခဲ့တာပေါ့.....
ဒီလိုထိုင်ကြည့်ရင်း ထိုင်ကြည့်ရင်း အချိန်တွေ တရွေ့ရွေ့နဲ့ကုန်လာရင်း
ကောင်လေး လဲမျက်လုံးတွေ မှေးစင်းလာပြီး အိပ်ချင်လာတယ်...
နောက်ဆုံး ကောင်လေး အိပ်ခါနီးမှာ ကောင်မလေးရဲ့ နဖူးကို ဖွဖွလေး တချက်နမ်းပြီး....

ကောင်လေး။ ။ ချစ်ဖို့ကောင်းလိုက်တာ ချစ်သူ ရယ်............

ဒီလိုနဲ့ ကောင်လေးလဲ အိပ်ပျော်သွားခဲ့တာပေါ့......


အရမ်းချစ်တယ် သဲ ရယ်............


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်