BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Wednesday, September 9, 2009

၉-၉-၂၀၀၉ (သို့) ၂ လပြည့်အမှတ်တရ



ပြသာနာ....
ပြသာနာ ဆိုတာ ကောင်မလေး နဲ့ ကောင်လေး တို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ အရာပဲလား


နေ့တိုင်းပြသာနာတွေနဲ့
ချစ်သူတွေရဲ့ သက်တမ်းကို ရက်ဆက်နေရတယ်......


ဒီနေ့ အမှတ်တရနေ့လေး ပါ.......

တကယ့် တကယ် အမှတ်တရ ဖြစ်စရာနေ့လေးပါ....

တယောက်နဲ့ တယောက်ချစ်ခဲ့ကြတာ ၂ လ ပြည့်တဲ့နေ့လေးပါ.......


ဒီလိုနေ့လေးမှာလဲ ပြသာနာတွေဖြစ်ခဲ့ပါတယ်........
မနက်မိုးလင်းလို့ ကောင်မလေးရဲ့ အလုပ်သွားချိန်က စပြီးဖြစ်တာပါပဲ.......


ကောင်မလေး ဖက် က ပေးထားတဲ့ ကတိအတိုင်း ဒေါသတွေလျော့ပြီး......
ပြသာနာကို မရှာတော့တာ အမှန်ပါ........
တခုခု ဖြစ်ရင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းတတ်လာပါတယ်........

ဒါပေမယ့် ကောင်လေး ဖက်ကပဲလွန်နေခဲ့တယ်......
ဒီနေ့မနက် ကောင်မလေး အလုပ်သွားတော့
အရင်လိုပါပဲ စကားတွေပြောဖြစ်ခဲ့ကြတာပေါ့.....


ဒီလိုပြောနေရင်းနဲ့.....

ကောင်မလေး က မြန်မာနိုင်ငံကိုပြန်ရမယ့်အကြောင်း ပြောပြပါတယ်....

ကောင်မလေးရဲ့ အလုပ်ပိတ်ရက်ဖြစ်တဲ့ ၂ လပိုင်းမှာ ပြန်လို့ရပါတယ်...
ဒါပေမယ့် အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံကိုပြန်မယ့်သူတွေများနေလို့

အဲ့ဒီအချိန်မပြန်ပဲ .....
နောက် ပြန်ချင်တဲ့ အချိန် တခုမှာ ပြန်ခွင့်ရမယ်လို့ကောင်မလေးပြောပြတယ်...


ကောင်မလေး အပြင်မှာ ကောင်လေး နဲ့ တွေ့ချင်တယ်.....

ကောင်လေး ရဲ့ မြန်မာနိုင်ငံ ကို ပြန်လာရမယ့် အချိန်က ခန့်မှန်းရသလောက် ၆ လပိုင်းမှပါ

အဲ့ဒါကြောင့် ကောင်မလေး က ၂ လပိုင်း သူများတွေပြန်တဲ့ အချိန်မှာ
မပြန်ပဲ
ကောင်လေး ပြန်လာမယ့် ၆ လပိုင်းမှ ပြန်လာပြီး
ကောင်လေး နဲ့ တွေ့မယ်လို့ပြောပြတယ်.....


အဲ့လိုပြောပြတော့ ကောင်လေးပြန်ပြောပါတယ်.......
ပြန်ပြောမိတဲ့ စကားက ကောင်မလေး အတွက် အကြီးအကျယ်အထင်လွဲစရာဖြစ်သွားပါတယ်
ကောင်လေး ပြောတဲ့ စကားကလဲ တကယ်ကိုမပြောသင့်တဲ့ စကားပါ....

ဘာပြောလိုက်တာလဲဆိုတော့......
ကောင်မလေး က တကယ်လို့ ၆ လပိုင်းမှ ပြန်မယ်ဆိုရင်
၂ လပိုင်းအားလုံးပြန်နေတဲ့အချိန်မှာ
ဘယ်သူမှမရှိပဲ ပျင်းနေမှာစိုးလို့....
အဲ့ဒီ ၂ လပိုင်း အလုပ်ပိတ်ချိန်မှာ ဘာလုပ်နေမှာလဲလို့ မေးလိုက်တာပါ...


တကယ်ကို မမေးသင့်ပါဘူး.......

ကောင်လေးမေးလိုက်တဲ့ စကား က ကောင်မလေး အတွက်
၂ လပိုင်းပဲ ပြန်လိုက်ပါဆိုတဲ့ သဘော ဖြစ်သွားခဲ့တယ်လေ........


ကောင်မလေး အကြီးအကျယ်စိတ်ဆိုးသွားပါတယ်...
မိန်းကလေး တယောက်ဖြစ်ပြီး ကိုယ့်ချစ်သူနဲ့ တွေ့ဖို့ အတွက်
ဒီလောက်အထိကြိုးစားနေတာကို

ကောင်လေးက ဒီလိုတွေပြောလိုက်တော့ ကောင်မလေး စိတ်လဲဆိုးသွားတယ်...

အရမ်းလဲစိတ်မကောင်းဖြစ်သွားပါတယ်.....
ကောင်လေး ပြန်ရှင်းပြပါတယ်......

ကောင်လေးပြောချင်တာ အဲ့လိုမဟုတ်တဲ့ အကြောင်းတွေ ....

ကောင်မလေး အတွက် ပျင်းနေမှာစိုးလို့ ဆိုတာတွေ ကောင်လေး ရှင်းပြပါတယ်...

ကောင်မလေး လုံးဝလက်မခံတော့ပါဘူး...
လက်ခံနိုင်စရာအကြောင်းလဲမရှိတော့ဘူးလေ.....

ဒီလိုနဲ့ ကောင်မလေး တော်တော် စိတ်မကောင်းဖြစ်သွားပြီး...

အလုပ်ရောက်ပြီ ဖုန်းချလိုက်တော့မယ်လို့ပြောတော့...

ကောင်လေး ဖက်ကပဲ ချပေးလိုက်ပါတယ်......

ဖုန်းချပြီးတော့ ကောင်လေး ပြန်အိပ်လို့မရတော့ပါဘူး....
တယောက်ထဲ အကြာကြီးထိုင်ပြီး ပြန်စဉ်းစားပါတယ်.....


တကယ်ကို လွန်သွားပြီလေ......
ကောင်လေး ပြောလိုက်တဲ့ စကားတွေက တကယ်ကိုမှားသွားပြီဆိုတာ

ကောင်လေး သိလိုက်တယ်.....
စိတ်လဲမကောင်းဘူး....

ဒီလိုနဲ့ ကောင်လေး တယောက်ထဲ ထိုင်နေတာ ၂ နာရီနီးပါးကြာတော့....

မအိပ်လို့မဖြစ်တော့တာနဲ့ ကောင်လေး ၀င်အိပ်လိုက်တယ်.....

ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်ခါနီး မိနစ် ၅၀ လောက်အလိုမှ
ကောင်လေး အိပ်ရာနိုးခဲ့တယ်....


ကောင်မလေး မှာထားတာတွေရှိတယ်လေ.......

ကောင်မလေး အတွက် တခြား ဆိုဒ်တွေမှာ စာရေးပေးဖို့ပါ...
တခြားဆိုဒ် ၂ ခုမှာ တခုကို စာ ၁၀ ခုစီနဲ့ အခု ၂၀ ဒီဘလော့လေးမှာ ၂ ခု
စုစုပေါင်း ၂၂ ခုရေးပေးဖို့
သေချာမှာထားတာဆိုတော့...
ကောင်လေး အသည်းအသန် ရေးပါတယ် ....

ဒါပေမယ့် မမှီတော့ပါဘူး......
ကောင်မလေး ပြောထားတဲ့အရေအတွက်ကိုပြည့်အောင်
ကောင်လေး
မရေးနိုင်လိုက်ဘူး... ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်သွားတယ်.... ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ထုံးစံအတိုင်း ကောင်မလေး ဆီဖုန်းဆက်ပါတယ်...


ကောင်လေး သတိထားမိတာက ဖုန်းစပြောကထဲက ကောင်မလေး ရဲ့အသံတွေ

သိသိသာသာ ပြောင်းလဲနေတယ်လေ......
ကောင်လေး မေးပါတယ်...
ကောင်မလေး ကလဲ ဘာမှမဖြစ်တော့တဲ့အကြောင်းပြောပြတယ်...


ကောင်မလေးရဲ့စိတ်ထဲမှာ မနက်က ကိစ္စကိုစွဲသွားပြီဆိုတာကောင်လေး သိလိုက်ပါတယ်....
ကောင်လေး သေသေချာချာ ရှင်းပြတယ်....
တကယ်ဆိုရင် ကောင်မလေး နဲ့ ကောင်လေး က
အပြင်မှာ တခါမှ တွေ့ခွင့်မရသေးပါဘူး....


ကောင်မလေး တွေ့ချင်သလို ကောင်လေး လဲ အရမ်းတွေ့ချင်ပါတယ်....
ဒါပေမယ့် ..... ကောင်လေး ရဲ့မြန်မာနိုင်ငံ ကိုပြန်ရမယ့် အချိန်က လဲ ခန့်မှန်း ပဲ သိရတာပါ အတိအကျမသိရသေးဘူးလေ....

အဲ့ဒါကြောင့် ကောင်လေး ကိုယ်တိုင်ကလဲ အပြင်မှာတွေ့ဖို့ ကိစ္စကို တိတိကျကျမဆွေးနွေးပဲနေခဲ့တာပါ...

တကယ်တော့ ကောင်လေး စိတ်ထဲမှာလဲ ကောင်မလေး နဲ့ တွေ့ဖို့
တွေးထားတာတွေရှိပါတယ်.....

ဒီလိုနဲ့ တခုချင်း အေးအေးဆေးဆေးရှင်းပြတော့


ကောင်မလေး လက်ခံလိုက်တာလား
နားလည်လိုက်တာလား
စိတ်ကုန်သွားတာလား

စိတ်လျော့လိုက်တာလား
မသိနိုင်တဲ့ အဖြေတခုနဲ့အတူ
ကောင်မလေး ရဲ့ အသံတွေ အမူအရာတွေ ပြောင်းလာပါတယ်
နဲနဲ တက်ကြွလာသလိုပါပဲ.....

ဒီလိုနဲ့ ပြောနေရင်း ကောင်မလေး အိမ်ပြန်ရောက်လာတော့

ဗိုက်အရမ်း ဆာနေတဲ့အကြောင်း ပြောတယ်...

အဲ့ဒီမှာကောင်လေးက တခြား ဟာတွေဘာမှမလုပ်ခင်
အရင်ဆုံး ဟင်းချက်ဖို့ ပြောတယ်

ကောင်မလေး ကလဲချက်မယ်လို့ပြောပါတယ်...


ကောင်လေး အရှေ့မှာပဲ ဟင်းချက်တာပါ...

ကောင်မလေး ဟင်းချက်နေတဲ့ အချိန်မှာတော့ ကောင်မလေး ပြောထားတဲ့
တခြားဆိုဒ်မှာ စာရေးပေးဖို့ကိစ္စကို ကောင်လေး ဆက်လုပ်နေပါတယ်...

ဒီလိုနဲ့ ကောင်မလေး ဟင်းချက်လို့ပြီးသွားတော့

ဗိုက်အရမ်းဆာနဲ့ ချက်ချင်းပဲ ကောင်လေး အရှေ့မှာ ထမင်းစားတယ်.....

ကောင်လေး ကောင်မလေး ထမင်းစားတာကြည့်လိုက်...

ကောင်မလေးအတွက် ၂ လပြည့်အမှတ်တရတခုဖြစ်အောင် လုပ်လိုက်နဲ့
ပျော်နေတာပေါ့.

ဒီလိုနဲ့ ကောင်မလေး ထမင်းစားပြီးသွားတော့ အခန်းထဲပြန်ပြီး...
ကောင်လေး နဲ့ အေးအေးဆေးဆေး စကားတွေပြောခဲ့တယ်.....


ကံကြမ္မာက ဒီလိုရက်မှာ ပြသာနာနဲ့ စိတ်ညစ်စရာတွေ
တခုပြီးတခုလာလာပေးတာတော့ တကယ်မတရားပါဘူး


ကောင်မလေး စိတ်တွေ ကြည်ကြည်လင်လင်ပြန်ဖြစ်တာခနပဲရှိပါသေးတယ်....

ကောင်လေးရဲ့ ရှုပ်ခဲ့တဲ့ ကိစ္စတွေက ကောင်မလေးဆီ
ဆိုက်ဆိုက်မြိုက်မြိုက်ပဲရောက်သွားပြန်ပါတယ်...


ကောင်မလေး ရဲ့ အမူအရာတွေ အသံတွေ သိသိသာသာပြောင်းသွားတာ
ကောင်လေး သိလိုက်ပါတယ်..


ဒါပေမယ့် ဘာကြောင့်ဆိုတာကို ကောင်လေး မသိဘူး...

ကောင်မလေး ကိုမေးတယ်...

ကောင်မလေး ကလဲ ပြသာနာဖြစ် စကားများမှာစိုးလို့ ဆိုပြီး ဘာမှမပြောဘူး...

ဘာမှမဖြစ်ပါဘူး ဆိုတာကိုပဲ ပြောခဲ့တယ်.......


ဒီလိုနဲ့ ကောင်မလေး စကားတွေဆက်ပြီးပြောတာပေါ့...

ဒါပေမယ့် ကောင်မလေးကြာကြာဟန်မဆောင်နိုင်ပါဘူး...

ကောင်မလေး စိတ်ညစ်ရတဲ့ အကြောင်းနဲ့ စိတ်ရှုပ်ရတဲ့ အကြောင်း ကိုပြောပြတယ်...


ကောင်လေး ရှုပ်ခဲ့တဲ့ ကိစ္စတွေပါပဲ... အရင်ကကိစ္စတွေပါ...
ဒါကြောင့် ကောင်မလေး ကို ရှင်းပြတယ်....

ကောင်မလေး လက်ခံပါတယ်....


ဒီလိုနဲ့ .. ပြန်အဆင်ပြေတာ မိနစ်ပိုင်းပဲရှိသေးတယ်..

ကောင်လေး က ပြသာနာပြန်ရှာပြန်ရော..


ကောင်မလေး က ဓါတ်ပုံရိုက်ထားတဲ့အကြောင်းပြောပြတယ်..

ကောင်လေး ကလဲ ကြည့်ချင်လို့ ပို့ပေးဖို့ပြောတော့
ကောင်မလေး ပို့ပေးလိုက်ပါတယ်....


အဲ့ဒီမှာ ပြသာနာဖြစ်တော့တာပါပဲ...

ကောင်မလေး ပို့ပေးလိုက်တဲ့ပုံတွေက

ကောင်လေး အတွက်ဒေါသထွက်စရာတွေဖြစ်သွားခဲ့ပါတယ်....


ပို့ပေးလိုက်တဲ့ ပုံတွေနဲ့ ကောင်မလေး ပြောထားတာတွေက တခုမှ ကိုက်ညီမှုမရှိပဲ
အကုန်လွဲနေပါတယ်....
ပို့လိုက်တဲ့ ပုံတွေက လွန်ခဲ့တဲ့ ၂ လလောက်တုန်းကပုံတွေရော
လွန်ခဲ့တဲ့ ၁ လလောက်တုန်းကပုံတွေရော..


ပြီးတော့ ကောင်မလေး ပြောထားတာတွေအားလုံးနဲ့ကလွဲနေတော့
ကောင်လေး စိတ်ထဲမှာ ကောင်မလေး တခြား လူ တယောက်ယောက်နဲ့ စကားပြောရင်းရိုက်ထားတယ်ထင်ပြီး ဒေါသတွေအရမ်းထွက်သွားတယ်........

ကောင်မလေး ချက်ချင်းရှင်းပြပါတယ်....

ကောင်မလေး ဘယ်လိုရှင်းပြရှင်းပြ ကောင်လေး လက်မခံပဲ
တခုပြီးတခုလိုက်မေးနေခဲ့မိတယ်...


ပိုဆိုးတာက ကောင်လေး ဒေါသတွေအရမ်းထွက်ပြီး
တော်တော်နေရခက်နေတာကို သိသိကြီးကြီး
နဲ့
ကောင်မလေး ဘာမှမဖြစ်သလိုရီနေခဲ့တယ်......


အဲ့ဒီမှာ ကောင်လေး ရဲ့ဒေါသတွေက ပိုပိုဆိုးလာတော့တာပါပဲ.....
ကောင်လေး တခုချင်းအကုန် သေသေချာချာလိုက်မေးတယ်.....
ကောင်မလေး ကို ယုံယုံကြည်ကြည်နဲ့ချစ်ခဲ့ပြီး
ဘာဆိုဘာမှ လိုက်မေးတာတွေ မလုပ်ခဲ့တဲ့ကောင်လေး

အခု ကောင်မလေး ကို တခုချင်း သေချာလိုက်မေးတယ်...

ကောင်မလေး ကလဲရှင်းပြတယ်
ကောင်လေးစိတ်ထဲမှာ စွဲသွားတာက
ကောင်မလေး တခြားတယောက်နဲ့ စကားပြောနေတယ်ဆိုတာကိုပါပဲ...


ကောင်မလေး ကလဲ မဟုတ်တဲ့အကြောင်းကို ခနခန ပြောပြတယ်...

ဒါပေမယ့် ကောင်လေး စိတ်ထဲမှာ ဒေါသတွေ သ၀န်တိုတာတွေကြောင့်
ကောင်မလေး ပြောသမျှ ဘာကိုမှ လက်မခံခဲ့ဘူး........


ကောင်လေး အရမ်းစိတ်တိုပြီး ကောင်မလေး ရှင်းပြတာတွေကို
လက်မခံမှန်းသိတော့
ကောင်မလေး မျက်ရည်တွေ ကျလာတယ်...

ကောင်မလေး ရဲ့ မျက်ရည်တွေမြင်တိုင်း
ကောင်မလေး ရဲ့ငိုသံတွေကြားတိုင်း
ကောင်လေး ဘယ်လိုမှမနေနိုင်ပါဘူး....

ဒေါသတွေဘယ်ရောက်သွားမှန်းလဲမသိဘူး....
ကောင်လေး စိတ်ထဲမှာ မှားများမှားနေပြီလားဆိုပြီး
ကိုယ့်ကိုပြန်သံသယ၀င်လာတော့တာပါပဲ....


ဒါကြောင့်ကောင်မလေးကို နောက်နေ့မှရှင်းပြဖို့နဲ့
နောက်ကျနေလို့ အိပ်ဖို့ပြောပြီး အိပ်ခိုင်းတယ်...

ကောင်မလေး က ကောင်လေး ဒီလိုအထင်လွဲပြီးစိတ်ဆိုးနေရင်
မအိပ်ဘူးဆိုပြီး မအိပ်ပဲနေပါတယ်..


အဲ့ဒီမှာ ကောင်လေး ကဘာမှမဖြစ်တော့တဲ့အကြောင်း
မနက်မှဆက်ပြောရင်ပိုကောင်းမယ့်အကြောင်းတွေ ပြောပြပြီးအိပ်ခိုင်းတယ်...
ကောင်မလေး က မနက်ကျရင် သူ အကုန်လုံး ကို ပြန်ရှင်းပြပါ့မယ်လို့ပြောပြီး အိပ်သွားပါတယ်

အခုတော့ ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပါပြီ....

ကောင်လေး ကတော့ စဉ်းစားစရာတွေ အပြည့်နဲ့ကျန်ခဲ့တယ်...
ကောင်မလေး ပြောတာတွေ အမှန်ပဲလား
ကိုယ်တိုင်ကပဲ အထင်တွေ လွဲပြီးမှားနေတာလား........


ကောင်လေး သိတာ တခုကတော့ ကောင်မလေး ကို ဘယ်သူ့ကိုမှမပေးနိုင်ပါဘူး....
ကောင်မလေး ကို အတ္တကြီးတယ်လို့ အမြဲပြောခဲ့တဲ့
ကောင်လေး ကိုယ်တိုင်က ပိုပြီးအတ္တကြီးပါတယ်..


ကောင်မလေး ဟာ ဘယ်သူ့အတွက်မှမဖြစ်ရဘူး ......
ကောင်မလေး ကို ဘယ်သူ့ကိုမှမပေးနိုင်ပါဘူး..

ကောင်မလေး ဟာ ကောင်လေး တယောက်အတွက်ပဲဖြစ်ရမယ်..........

ကောင်မလေး တခြား တယောက်နဲ့ ပြောနေတယ်လို့
အထင်လွဲနေတာတွေ မမှန်ပါစေနဲ့.........

ကောင်လေး ထင်နေတာတွေမှားနေပါစေလို့ ဆုတောင်းနေမိတယ်.....


ဘာလို့လဲဆိုတော့ ကောင်လေး ထင်နေတာတွေအားလုံးလွဲမှရမှာ...

ကောင်မလေး ကိုကောင်လေး မစွန့်လွှတ်နိုင်လို့ အဆုံးအရှုံးမခံနိုင်လို့ပါ.....


အရမ်းချစ်လို့ပါ......
ဒီလို ၂ လပြည့်တဲ့နေ့ လေး မှာတောင်
ကောင်မလေး ကိုပျော်အောင်မထားပေးခဲ့နိုင်တဲ့အတွက်...

တောင်းပန်ပါတယ် ကောင်မလေးရယ်........


ကောင်မလေး အတွက် ကဗျာတပုဒ် ...........ဖတ်ပြီးသားပဲဖြစ်နေမလား.....

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက

ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေကြားမှာ

သူ့ လက်ကလေးကိုင် အတူမထိုင်ခဲ့ဖူးပါဘူး

သူ့ ပါးပြင်ထက် အနမ်းစက်လဲ မခြွေခဲ့ဖူးပါဘူး

သူ့ ပခုံးလေးဖက် ဘုရားပေါ်လဲ အတူ မတက်ခဲ့ဖူးပါဘူး

ရင်ခွင်ခြင်းအပ် ရင်ခုန်သံ ခြင်းလဲ ထပ်တူမကျခဲ့ဖူးပါဘူး

ဒါပေမယ့်လဲ

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက

ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေအောက်မှာ

ရယူခြင်း ပိုင်ဆိုင်ခြင်းကင်းမဲ့စွာ ချစ်ရင်းနဲ့

တနေ့နေ့တော့

သူ့လက်လေးတွဲ ဘ၀ဆိုတဲ့ လမ်းထဲ

အတူလျှောက်လှမ်း ချင်မိပါရဲ့

အရမ်းချစ်တယ် ပိုး ရယ်.........

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်