BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Saturday, September 26, 2009

၂၆-၉-၀၉(သို့) အိမ်မက်



ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေတာတွေကိုအမြဲရေးနေရတော့

ဖတ်ရတဲ့ ကောင်မလေးတယောက် ပျင်းနေပြီလားမသိဘူး....
ဒီနေ့တော့ တခုခုပြောင်းရေးမယ်ဆိုပြီးစိတ်ကူးမိတယ်....
ဘာရေးမှာလဲဆိုတော့ ....
သိပ်တော့ အထူးအဆန်းမဟုတ်ပါဘူး...
ဒါပေမယ့် တခါမှမရေးဖူးတော့ နဲနဲဆန်းနေမှာ......
သည်းခံပြီးဖတ်ပေးပါဦး ကောင်မလေးရေ...........

ဘာရေးမှာလဲဆိုတော့........ အိမ်မက်..........
အိမ်မက်တခု ............. မက်ခဲ့ရတဲ့ အိမ်မက်တခုပေါ့.......
မကောင်းသောအိမ်မက်လို့ပြောရမှာပါပဲ.......
အိမ်မက်အစက...................

ကောင်မလေးနဲ့ ကောင်လေးတို့အတွက် ကံကြမ္မာကမျက်နှာသာပေးလို့
တနေ့တော့ ........အပြင်မှာ ဆုံတွေ့ခွင့်ရခဲ့ကြတယ်လေ........
နှစ်ယောက်လုံး အပြုံးကိုယ်စီ ကြည်နူးတဲ့ မျက်ဝန်း ပျော်နေတဲ့ စိတ်လေးတွေနဲ့ပေါ့......

ရန်ကုန်မြို့ကြီးရဲ့ ဆိုင်တဆိုင်မှာ အတူတူ ထိုင်ပြီး တယောက်ကိုတယောက်
ကြည့်နေလိုက်ကြတာ လောကကြီးကိုမေ့လို့ပေါ့..........
ကောင်လေး က ကောင်မလေးရဲ့ လက်ကို ဖြေးဖြေးလေးကိုင်လိုက်တယ်
ပထမဆုံးအကြိမ်တွေ့ရတဲ့အချိန်ဆိုတော့ ကောင်မလေး ရှက်ပြီး ခေါင်းလေးငုံ့သွားတယ်လေ....

ကောင်မလေးရဲ့ ရှက်နေတဲ့ မျက်နှာကို ပြုံးပြီးကြည့်နေရင်းကောင်လေး စကားတခွန်းပြောလိုက်တယ်...

ကောင်လေး ။ ။အရမ်းချစ်တယ် ချစ်သူရယ်
ကောင်မလေး။ ။ ကို့ ကိုလဲအရမ်းချစ်တယ်

အင်တာနက်ပေါ်မှာဘယ်လောက်ရင်းနှီးရင်းနှီး
အပြင်မှာ ပထမဆုံး စတွေ့တာဆိုတော့ ချစ်သူနှစ်ယောက်
ပြောစရာစကားတွေပျောက်နေပြီး.......
တယောက်ကိုတယောက်ကြည့်နေလိုက်တာ အချိန်တွေတော်တော်ကုန်သွားတယ်

ကံကြမ္မာဆိုးက ဘယ်အချိန်ဒုက္ခပေးဖို့ စောင့်နေသလားထင်ရလောက်အောင်
ချစ်သူနှစ်ယောက်ကြည်နူးနေတဲ့ဒီအချိန်လေး ကို ချက်ချင်း လာဖျက်ဆီးတော့တာပါပဲ...

ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတယောက်က ကောင်မလေးနဲ့ ကောင်လေးတို့ထိုင်နေတဲ့
နေရာကိုရောက်လာပြီး ကောင်လေးကို လာရန်တွေ့တယ်လေ.....

မိန်းကလေး။ ။ ရှင်က တော်တော် ရက်စက်ပါလား ကျွန်မကတော့ ချိန်းထားတဲ့ နေရာမှာ ။။။။။။။။။။။။။။။။ထိုင်စောင့်နေလိုက်ရတာ မလာနိုင်မလာနိုင်နဲ့ ရှင်က ဒီမှာလာပြီး
။။။။။။။။။။။။။။။။ဖောက်ပြန်နေတာကို

။။။။။။။။။။။။။။။။ရှင်ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ.......

ကောင်လေး။ ။ ခင်ဗျားဘယ်သူလဲမသိဘူး...... ကျွန်တော် ခင်ဗျားကိုမသိဘူး.....
။။။။။။။။။။။။။။။။။ဘယ်တုန်းကခင်ဗျားနဲ့ချိန်းပြီး ဘယ်တုန်းကခင်ဗျားကို စောင့်ခိုင်းထားလို့လဲ
။။။။။။။။။။။။။။။။ခင်ဗျားလူမှားနေပြီထင်တယ်..... သေချာစဉ်းစားပါဦးဗျာ

မိန်းကလေး ။ ။ တော်စမ်းပါ ...... အခုမှ ရူးချင်ဟန်ဆောင်မနေနဲ့... ရှင်တနေ့ဝဠ်လည်စေရမယ်..

အဲ့ဒီလို စကားတွေအခြေအတင်များနေချိန်မှာတော့ ကောင်မလေး တယောက်
မျက်လုံးလေးပြူးပြီး ကြည့်နေရင်း ဒေါသတွေကအရမ်းထွက်လာပြီး ချက်ချင်း
နေရာကထထွက်သွားတယ်။
ကောင်လေးလဲ ကောင်မလေး နောက်ချက်ချင်းလိုက်သွားပြီး...

ကောင်လေး။ ။ ကို ရှင်းပြပါရစေဦး ကို အဲ့ဒီမိန်းကလေး ကို တကယ်မသိတာပါ
။။။။။။။။။။။။။။။။။ကို ပြောတာကို ယုံပါနော် ကို မလိမ်ပါဘူး တကယ်ပါ

ကောင်မလေး။ ။ ရှင်ကျွန်မနောက်ထပ်လိုက်မလာနဲ့နော် ရှင့် မျက်နှာကိုထပ်မမြင်ချင်ဘူး

။။။။။။။။။။။။။။။။။။ရှင့်အသံကိုလဲမကြားချင်ဘူး ရှင်ထပ်မလိုက်လာနဲ့ နေခဲ့
။။။။။။။။။။။။။။။။။။ရှင့်ကို ကျွန်မ အရမ်းမုန်းတယ်
။။။။။။။။။။။။။။။။။။သတ်ပစ်ချင်လောက်အောင်မုန်းတယ်

ကောင်မလေး မျက်ရည်တွေနဲ့ ကားလေးပေါ်တက်ပြီး ထွက်သွားပါပြီ
ကောင်လေး လိုက်ပြေးလဲမမှီတော့ပါဘူး ..........
ကောင်လေး ရှင်းပြတာလဲ ကောင်မလေး လက်မခံတော့ပါဘူး
ကောင်မလေးရဲ့ အမုန်းဆုံး သစ္စာမရှိဘူးဆိုတဲ့ပြသာနာကြီးက တည့်တည့်ကိုဝင်လာတော့
ဘယ်လိုမှသည်းမခံတော့ပဲ ထွက်သွားလိုက်ပါပြီ.........
ကောင်လေး တယောက်ထဲကျန်ခဲ့တယ်။

ဒီလိုနဲ့ ကောင်လေး လမ်းလျှောက်ပြီး
ကောင်မလေး မထွက်လာရင် မထဘူးဆိုပြီး ကောင်မလေးရဲ့ အိမ်ရှေ့ မှာသွားထိုင်နေလိုက်တယ်
ကောင်လေး ထိုင်စောင့်နေတာကို ကောင်မလေး မြင်ပါတယ်
ဒါပေမယ့် လုံးဝခွင့်မလွှတ်နိုင်တဲ့အမှားဆိုတော့ ကောင်မလေး ကောင်လေး ကို လုံးဝထွက်မတွေ့ဘူး

ဒီလိုနဲ့ ကောင်လေး ထိုင်စောင့်နေတာ ညမိုးချုပ်သွားခဲ့တယ်
နောက်နေ့ မနက်လင်းတဲ့အထိ ကောင်လေး မထသေးပဲ အဲ့ဒီနေရာမှာထိုင်စောင့်နေတုန်းပဲ
မအိပ်ပဲ မစားပဲ ထိုင်စောင့်နေတာပေါ့
၁ ရက်
၂ ရက်
၃ ရက် မြောက်နေ့မှာ ကောင်မလေး ထွက်လာပါတယ်.....

ကောင်လေး အရမ်းပျော်သွားပြီး ကောင်မလေး ကိုရှင်ပြဖို့ စိတ်ကူးနဲ့ထလိုက်တဲ့ အချိန်မှာ
မအိပ်မစားပဲ ထိုင်စောင့်နေရတာကြောင်း ခေါင်းထဲမှာ တချက် မိုက်ကနဲဖြစ်ပြီး မူးသွားတယ်လေ

ကောင်မလေးဆီသွားမယ်ဆိုပြီး ခြေလှမ်း စလှမ်းလိုက်တဲ့ အချိန်မှာပဲ
ကောင်မလေး ဘေးမှာ ကောင်မလေးကို လူတယောက်ဖက်ထားတာလှမ်းမြင်လိုက်ရတယ်
ကောင်လေး အမြင်တွေေ၀၀ါးလာပြီး တလောကလုံးမှောင်သွားသလိုပဲ ဘာဆိုဘာမှမမြင်ရတော့ဘူး
ခေါင်းတွေအရမ်းမူးလာပြီး ကားလမ်း ကို ဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပါတယ်........

တလောကလုံး အမှောင်ကျလို့ ဘာဆိုဘာမှ မရှိတော့ပါဘူး..........

ဆေးရုံပေါ်မှာ ........... ကောင်လေး သတိရလာတော့ဆေးရုံပေါ်မှာရောက်နေပြီ
ကောင်လေး ဘေးမှာ ဘယ်သူမှမရှိကြဘူး...... ကောင်လေး တယောက်ထဲ ဟိုကြည့်ဒီကြည့်နဲ့
အဲ့ဒီအချိန်မှာ ပဲ ဒေါက်တာရောက်လာပြီး ကောင်လေး ကို ပြောပါတယ်။

ဒေါက်တာ။ ။ ခင်ဗျား သတိလစ်နေတာ ၃ ရက်လောက်ရှိပြီဗျ
။။။။။။။။။။။။။။စိတ်တော့မကောင်းပါဘူးဗျာ စိတ်အေးအေးထားပြီး နားထောင်ပေါ့
။။။။။။။။။။။။။။ခင်ဗျား ကားတိုက်ခံရလို့ ခင်းဗျားရဲ့ ခြေထောက်ကျိုးသွားပြီ
။။။။။။။။။။။။။။ဒါပေမယ့် မစိုးရိမ်ပါနဲ့ ပြန်ပြီး ကောင်းလာအောင် ကုနိုင်မှာပါ
။။။။။။။။။။။။။။အားတင်းထားပေါ့ဗျာ

ဒေါက်တာပြောနေတာတွေ ကောင်လေး ဘာမှမကြားတော့ပဲ အလောတကြီးနဲ့မေးလိုက်ပါတယ်

ကောင်လေး။ ။ ဒေါက်တာ ကျွန်တော် အခုဆေးရုံက ဆင်းလို့ရမလား
။။။။။။။။။။။။။။။။ကျွန်တော် အရေးကြီးတဲ့ လူတယောက်ကိုတွေ့စရာရှိလို့ပါ အရမ်းအရေးကြီးလို့ပါ
။။။။။။။။။။။။။။။။ကူညီပါဒေါက်တာ........

ဒေါက်တာ။ ။ မဖြစ်နိုင်ပါဘူးဗျာ ခင်ဗျား ဆေးရုံမှာ အနည်းဆုံး ၁ လလောက်နေရလိမ့်မယ်
။။။။။။။။။။။။။။။ခင်ဗျားကို ဘယ်လိုနည်းနဲ့မှ ဆင်းခွင့်ပေးလို့မရပါဘူး
။။။။။။။။။။။။။။။စိတ်မရှိပါနဲ့........

ကောင်လေး မျက်ဝန်းက မျက်ရည်စတချို့ကို မကျလာအောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
မျက်လုံးကို လုံးဝမှိတ်ထားလိုက်ပါတော့တယ်။

ကောင်မလေးရဲ့ မြန်မာနိုင်ငံမှာနေဖို့အချိန်ကသိပ်မကျန်တော့ဘူး
အဲ့ဒီမကျန်တော့တဲ့ အချိန်ခနလေးမှာ ကောင်မလေး ကို ရှင်းပြချင်တာတောင်
ရှင်းပြခွင့်မရတော့ဘူး ကောင်မလေး ကိုတွေ့ခွင့်လဲမရှိတော့ဘူး

ကောင်လေးရင်ထဲကမျှော်လင့်ချက်တွေ အနာဂတ်တွေ အားလုံး ဘာမှမရှိတော့ပါဘူး

ဒီလိုနဲ့ကောင်လေး ၁ လလောက်နေတော့ ဆေးရုံကဆင်းခွင့်ရခဲ့တယ်
ကောင်လေး ဆေးရုံက ဆင်းတဲ့ နေ့မှာပဲ
မိန်းကလေး ရောက်လာပြီး

မိန်းကလေး ။ ။ ကျွန်မတောင်းပန်ပါတယ်
။။။။။။။။။။။။။။။။။ကျွန်မကြောင့် ရှင် အခုလိုဘ၀ရောက်ရတာပါ
။။။။။။။။။။။။။။။။။တကယ်တော့ ကျွန်မ လူမှားသွားတာပါ
။။။။။။။။။။။။။။။။။ရှင့် သတင်းကို အခုမှရပြီး ရှင်ဆေးရုံတက်နေရတယ်ဆိုတာတွေ
။။။။။။။။။။။။။။။။။ရှင့်ကောင်မလေးနဲ့ အကြောင်းတွေကို ကျွန်မလဲဒီနေ့မှသိရတာပါ
။။။။။။။။။။။။။။။။။ရှင့်ကောင်မလေးကို ကျွန်မ လိုက်ရှင်းပြ ပေးပါ့မယ်
။။။။။။။။။။။။။။။။။ရှင့်ကောင်မလေး လက်ခံလာတဲ့ အထိ ကျွန်မရှင်းပြပေးပါ့မယ်

ကောင်လေး။ ။ အရမ်းနောက်ကျသွားပြီ မိန်းကလေး
။။။။။။။။။။။။။။။။။ကျွန်တော့်ချစ်သူ ဒီမှာမရှိတော့ဘူး သူချစ်တဲ့သူနဲ့ နိုင်ငံခြားထွက်သွားပြီ
။။။။။။။။။။။။။။။။။ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး ဘာဆိုဘာမှမရှိတော့ဘူး...........
။။။။။။။။။။။။။။။။။ကျေးဇူးပြုပြီး ကျွန်တော့်အရှေ့ကထွက်သွားပေးပါဗျာ...........
။။။။။။။။။။။။။။။။။ဘာမလဲလာမပြောပါနဲ့ ထွက်သွားပေးပါ
။။။။။။။။။။။။။။။။။ကျွန်တော် ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူး.......
။။။။။။။။။။။။။။။။။ထွက်သွားပါ ......... ထွက်သွားးးးးးးးးးးးးး

ဘယ်သူနဲ့မှ မတွေ့ချင်တော့လို့ ကောင်လေး အားလုံးကိုထွက်သွားဖို့ပြောပြီး
ဘယ်သူမှမရှိတဲ့ နေရာမှာ တယောက်ထဲသွားထိုင်နေရင်းက ..........
အိတ်ကပ်ထဲက ဗူးလေး တဗူးကိုထုတ်ပြီး ဗူးထဲက ဖြူဖြူ လုံးလေးတွေကိုဝါးစားလိုက်တယ်
သိပ်မကြာပါဘူး............. ဘယ်သူနဲ့မှမတွေ့ချင်တော့တဲ့ ကောင်လေးတယောက်
ဘယ်သူနဲ့မှ မတွေ့နိုင်တော့တဲ့ နေရာတခုကို ရောက်သွားပါပြီ.......

တလောကလုံး အမှောင်ကျလို့ပေါ့............


ဒါတွေအားလုံးက အိမ်မက် ........ မကောင်းတဲ့ အိမ်မက်တခုပါ......
ဘာပဲပြောပြော ........ ကောင်မလေးရေ.....
အိမ်မက်ဆိုတာ အိမ်မက်ပါပဲ........... စိတ်ထဲမှာ မထားပါနဲ့ ...........

အိမ်မက်လေး ကတော့ ပြီးသွားပါပြီ........
ဖတ်နေရတဲ့ တယောက်ထဲသော ကောင်မလေးလဲပျင်းနေပြီလားမသိပါဘူး..........
အဆုံးထိသည်းခံပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်........ ကောင်မလေးရေ

အရမ်းချစ်တယ် ပိုးရယ်........

Friday, September 25, 2009

၂၅-၉-၀၉(သို့)ယုံကြည်မှု


ဒီနေရာလေးတောင် ခြောက်ကပ်ကပ်နဲ့
သူလဲမလာ ကိုယ်လဲမရောက်ဖြစ်နေတာကြာပြီ....


အခု ရောက်လို့ သေချာကြည့်လိုက်တော့
အမှတ်တရဆိုတဲ့ နေရာလေးက ဖုန်တွေဘာတွေတက်လို့
တော်တော် ခြောက်ကပ်နေတာပဲ....

အဲ့ဒါနဲ့ ကျွန်တော်လဲ နေရာလေးကို နဲနဲ ပါးပါး ပြင်သင့်တာပြင် ဖုန်တွေဘာတွေခါ အမှိုက်တွေဘာတွေကောက်ပြီး အရင်လို စိုစိုပြေပြေလေးပြန်ဖြစ်အောင် ရှင်းလင်းရေးလေးလုပ်လိုက်တယ်....

အခုတော့ရှင်းလို့ လင်းလို့ လဲပြီးသွားပြီဆိုတော့
ရေးမယ့် အကြောင်းလေးကို စရေးတော့မယ်....


ဒီ နေရာလေးကို လာမယ့်သူက အများကြီးမရှိပါဘူး....

ကျွန်တော်ရယ် ကျွန်တော့် ကောင်မလေးရယ်.... နှစ်ယောက်ထဲရှိတာပါ...

နောက်ပြီးတော့ ရှိသေးတယ်....

အရူးရယ် အရူးမရယ်

ယုန်လေး ရယ် ယုန်စုတ်ရယ်

လပ်ပရိုစီရယ် အဖြူရောင်လေးရယ်

ကောင်လေး ရယ် ကောင်မလေးရယ်

သူတို့အတွဲတွေလဲ တခါတလေမှာလာတတ်တယ်.....

ဒီနေရာလေးမှာ လာလာချိန်းတွေ့တာပေါ့....
အခုတော့ သူတို့ အတွဲတွေလဲ ဒီနေရာကိုမရောက်ဖြစ်ဘူးထင်ပါတယ် ဖုန်တွေဘာတွေတောင်တက်နေပြီ.....

အဲ့ဒါနဲ့ရေးမယ့်အကြောင်းကို မရောက်တော့ဘူး.... လိုရင်းကတခြားရေးနေတာကတခြားဖြစ်ဖြစ်နေတယ်

အခု ရေးချင်တာကဘာလဲဆိုတော့ ....


အားလုံးသိထားကြတဲ့ ....
အမြဲတမ်းပြသာနာတွေနဲ့ ရှင်သန်ပြီးတော့ ချစ်သူဆိုတဲ့ ရက်တွေကို အသက်ဆက်နေရတဲ့ ကောင်လေးနဲ့ ကောင်မလေး ....
အခုတော့ ပြသာနာတွေမဖြစ်တာကြာပါပြီ...... ကြာပါပြီဆိုတာတော်တော်ကြာပါပြီ...

အရင် က စာမရေးဖြစ်တာကြာတဲ့ အကြောင်းက ပြသာနာတွေဖြစ်လို့ ပြသာနာအကြောင်းတွေကိုမရေးချင်လို့

အခုတော့ပြသာနာတွေမဖြစ်ပဲ ကြည်ကြည်နူးနူးနဲ့ ပျော်နေရလို့ ရေးဖို့အချိန်တောင်မပေးနိုင်လောက်အောင်
ပါပဲ...
နောက်ပြီး ကောင်လေး စာမေးပွဲရှိလို့ပါ.....


ဘာပဲပြောပြောပါ
ကောင်မလေး နဲ့ ကောင်းလေး အဆင်ပြေဖို့ပဲအရေးကြီးတာမဟုတ်လား...

အခုရက်ပိုင်းတွေမှာ ကောင်မလေး က လဲ ကောင်လေး အပေါ်မှာ ဆက်ဆံတာဟာ အရင်လိုမဟုတ်တော့ပါဘူး..


ကောင်မလေး ပြောပြသလိုဆိုရင်တော့
ကောင်လေး ကို ကောင်မလေး ယုံကြည်လိုက်ပါပြီတဲ့...


စိတ်ချပါကောင်မလေးရေ....
ယုံကြည်ပေးတဲ့အတွက် တကယ်ကို ပျော်ပါတယ်....
အဲ့လိုယုံကြည်မှုပေးထားတာကို အလွဲသုံးစားမလုပ်ပါဘူး....

ဘယ်အချိန်ပဲကြည့်ကြည့် စိတ်ထဲမှာ ကောင်မလေး တယောက်ထဲပဲ ရှိနေစေရမယ်....
အဲ့ဒါတကယ်ပါ....

ကောင်မလေးအတွက် ပျော်စရာကောင်းမယ့်နေ့တွေကို ဖန်တီးပေးချင်တယ်...
ကောင်မလေးရဲ့ မျက်နှာလေး အမြဲပြုံးနေစေချင်တယ်...
ပြီးခဲ့တဲ့ စိတ်ညစ်စရာ စိတ်ရှုပ်စရာ ၀မ်းနည်းစရာ အချိန်တွေအားလုံး ကို ထားခဲ့ပြီးတော့ ... ပျော်စရာကောင်းမယ့် နေ့ရက်တွေကို အတူတူ ဖန်တီးနေပြီပဲ....
ကောင်မလေး လဲပျော်မယ်ထင်တာပဲ....

ကောင်မလေးရေ... ဒီလိုရက်တွေမှာ တကယ်ပဲပျော်နေပါစေ..
စိတ်ထဲမှာ ကြိတ်ပြီး ဘာမှမထားပါနဲ့...
ကောင်မလေး ရဲ့မျက်နှာ ညှိုးနေပြီဆိုရင် တကယ်ကို နေရခက်လို့ပါ...
ကောင်မလေး မျက်နှာ ညှိုးနေပြီဆိုတာနဲ့
ကောင်လေး ကိုယ်တိုင် မပြုံးနိုင်မရီနိုင်ဖြစ်သွားတတ်တယ်


ကောင်မလေး ကိုယ်တိုင်ကလဲ ကောင်လေး မျက်နှာ ပျက်နေတာကို မကြိုက်ဘူး
ကောင်လေးကို အမြဲတမ်းရီနေစေချင်တယ်တဲ့ ...

ကောင်လေး လဲ ကောင်မလေး ကို ပြုံးနေရီနေပျော်နေတာပဲမြင်ချင်တာပါ......


မနေ့ကဖြစ်တဲ့ ကိစ္စလေး တခုပေါ့....
ကောင်လေး ကျောင်းကနေပြန်လာတဲ့အချိန်
ကောင်မလေးနဲ့တွေ့တယ်လေ


ကောင်လေး ကကျောင်းမှာကထဲက ကောင်မလေးနဲ့တွေ့ဖို့ကို စိတ်ကူးနေတာလေ
အရမ်းလဲတွေ့ချင်နေတာ
ဘာတွေပဲဖြစ်လာဖြစ်လာ ကောင်မလေးရီသံကြားတာနဲ့ကောင်မလေးပြုံးတာမြင်တာနဲ့

ကောင်လေး ပျော်တယ်.....


ဒါပေမယ့် မနေ့က ကောင်လေး ကျောင်းကပြန်ရောက်ရောက်ချင်း

ကောင်မလေး ကိုတွေ့လိုက်ရတာ ထင်တာနဲ့ တခြားဖြစ်နေတယ်

ကောင်မလေး မျက်နှာတော်တော်ပျက်နေတယ်လေ....


ဘာကြောင့်လဲမေးတော့ ခေါင်းကိုက်လို့ပါတဲ့ ....

ဒါပေမယ့် ခေါင်းကိုက်တာနဲ့ အဲ့လောက်တော့
မျက်နှာမပျက်လောက်ဘူးလေ...

သေချာမေးတော့မှ....

ကောင်လေး က တနေ့လုံး ပစ်ထားတယ်တဲ့
မက်ဆေ့ခ်ျလဲမပို့ဘူးတဲ့
အဲ့ဒါကြောင့် စိတ်မကောင်းဖြစ်နေတာတဲ့...

သေချာတာတခုကတော့ ကောင်လေး မက်ဆေ့ခ်ျတွေလဲပို့ပါတယ်
ဒါပေမယ့် အခုရက်ပိုင်း ကောင်မလေး ဖုန်းကလဲ ဘာတွေဖြစ်နေမှန်းမသိပါဘူး

ကောင်လေး ဖုန်းကလဲ ဘာတွေဖြစ်နေမှန်းမသိပါဘူး..

ကောင်လေး ပိုတဲ့ မက်ဆေ့ခ်ျတွေကောင်မလေး ဆီမရောက်ဘူးတဲ့
အဲ့ဒါတွေကြောင့် ကောင်မလေး စိတ်မကောင်းဖြစ်နေတာတဲ့....
ကောင်လေး သေချာရှင်းပြလိုက်တော့ ကောင်မလေး လက်ခံပါတယ်....


ကောင်မလေး လက်ခံပြီးတဖြေးဖြေးနဲ့ ကောင်မလေး ပြန်ပြီးပြုံးလာရီလာပါတယ်...
အဲ့ဒီအချိန်ရောက်တော့မှ ကောင်လေး လဲ ပြန်ပြီးပြုံးနိုင်တော့တယ်...

ဒီလိုပါပဲ ကောင်လေး မျက်နှာပျက်နေရင်
ကောင်မလေး အမျိုးမျိုးလုပ်ပြီး
ကောင်လေး ကို ပြုံးလာအောင်လုပ်ပါတယ်.....

တကယ့်ကို ချစ်စရာကောင်းတဲ့ မိန်းကလေး တယောက်ပါ...

ဘာဆိုဘာမှမသိပဲ အဖြူထည်သက်သက် ရိုးရှင်းတဲ့ မိန်းကလေးပါ....

ကောင်မလေး ကို ကောင်လေး အဆုံးရှုံးခံမှာမဟုတ်ပါဘူး....

ဘယ်လိုနည်းနဲ့မှလဲ အဆုံးရှုံးမခံနိုင်ပါဘူး.....


ကောင်မလေး ကို အရမ်းချစ်တယ် ကောင်လေး အရမ်းချစ်မိနေပြီလေ...

အရမ်းကို ချစ်မိနေပြီ.....
တဘ၀လုံးအတွက် ချစ်မိတယ်ဆိုရင် ယုံမလား....

တချို့ က ပြောတယ်....
ဒီလိုအချစ်ကမဖြစ်နိုင်ဘူးတဲ့

အပြင်မှာ တခါမှမတွေ့ဖူးပဲ ချစ်တယ်ဆိုတာ ဖြစ်နိုင်လားတဲ့....
ပြီးတော့ ချစ်တယ်ပဲ ထားဦး အပြင်မှာဘယ်လိုတွေ့မလဲတဲ့ ..
တဘ၀လုံး ကို အတူတူ ဘယ်လိုဖြတ်သန်းမလဲတဲ့....

စိတ်ကူးယဉ်ပြီး ရူးနေတာတဲ့ ....

တချို့ တချို့ သောလူတွေရဲ့အထင်ပါ...


သူတို့ပြောသလိုမဖြစ်နိုင်ဘူးဆိုတာကို မဖြစ်ဖြစ်အောင်လုပ်ပြပြီး....

တနေ့ သူတို့ ရှေ့မှာ
ကောင်မလေး ကို ဖက်ပြီး လမ်းလျှောက်ပြလိုက်ဦးမယ်.......


အရမ်းချစ်တယ် ပိုးရယ်.........

Thursday, September 17, 2009




ဒီနေ့တော့ စာလေးတကြောင်းနှစ်ကြောင်းလောက်ရေးဦးမယ်...

ရေးမှာကတော့ ထုံးစံအတိုင်း ချစ်သူ နှစ်ယောက်အကြောင်းနဲ့
ချစ်ရတဲ့ ကောင်မလေး အကြောင်းပါပဲ......

မရေးဖြစ်တာကလဲ အရင်လိုပါပဲ တခုပြီးတခုမရိုးအောင်ဖြစ်နေတဲ့
နေ့စဉ်ဖြစ်နေကြ ကိစ္စ ပြသာနာတွေအထပ်ထပ်တက်နေခဲ့ရလို့ပါပဲ....
ဒီမှာ စာရေးပေးဖို့ကိုလဲ တယောက်ထဲသောဖတ်မယ့်သူ ကိုယ်တိုင်လဲမပြောခဲ့ဘူးလေ...

နောက်ပြီး ဒီအမှတ်တရနေရာလေးရဲ့ အပြင်အဆင်ကို ပြောင်းနေတာနဲ့
ဘယ်လိုမှရေးဖို့ အချိန်မရခဲ့လို့ပါ......

ဒါပေမယ့် အခုတော့ ဘာပဲဖြစ်ဖြစ်ပြန်ရေးလိုက်ပါဦးမယ်...
စာပြန်ရေးတယ်ဆိုတော့ ပြသာနာမရှိဘူး အဆင်ပြေနေလို့ဆိုပါတော့...

ကောင်မလေး နားလည်မှုပေးလိုက်ပြီလို့ထင်ရပါတယ်....
နားလည်မှုပေးနိုင်အောင်ကြိုးစားပေးတဲ့ ကောင်မလေး ကို ဒီနေရာကကျေးဇူးတင်ပါတယ်..
အခုရက်ပိုင်းမှာ ၃ ရက်လောက်ရှိပြီပေါ့...... ပြသာနာတွေနဲ့ဝေးနေပြီး
ကောင်လေးရော ကောင်မလေးရော တယောက်ကို တယောက်ပျော်စရာတွေပေးလို့
ပျော်နေကြပါပြီ.....

အမြဲတမ်းမယုံကြည်တတ်တဲ့ ကောင်မလေး အခုတော့ ယုံကြည်လာတာပဲလား....
ဒါမှမဟုတ်..... တခြား အကြောင်းတခုခု ကြောင့်ပဲလားတော့မသိပါဘူး..
ဒါကိုတော့ ကောင်မလေး ပဲသိမှာလေ....
တကယ်ပဲ ယုံပေးနိုင်ပြီလားဆိုတာကို ကောင်မလေး ကိုယ်တိုင် တချိန်ချိန်တော့ရေးမယ်ထင်တာပါပဲ...

ဘာပဲဖြစ်ဖြစ်ပါ... အခုလို ပြသာနာတွေမဖြစ် စကားတွေမများပဲ
ပျော်ရတဲ့ ရက်တွေကို ကောင်လေး ရော ကောင်မလေးရော မျှော်လင့်နေကြတာပါ....
ဒါပေမယ့် အခြေအနေ အချိန်အခါ နဲ့ ကံကြမ္မာ ရဲ့ လှည့်စားမှုတွေကြောင့်
ပျော်ရွှင်စရာတွေ ပျောက်ခဲ့ရတဲ့ ရက်ပေါင်းမနည်းတော့ဘူးလေ........

ဒီနေ့အတွက်က ရေးမယ်ဆိုပြီး အချိန်ရတုန်းလေး ၀င်ရေးတယ်ဆိုပေမယ့်...
ကောင်လေး နဲ့ ကောင်မလေး ဒီနေ့ တနေ့လုံး မတွေ့ရသေးဘူး...
သိပ်မကြာတော့တဲ့ အချိန်မှာတော့ တွေ့ရတော့မှာပါ....

ကောင်လေး စောင့်နေတဲ့ ကောင်မလေးရဲ့ အလုပ်ဆင်းချိန်နဲ့
ကောင်မလေး စောင့်နေတဲ့ ကောင်လေး ရဲ့ဖုန်းဆက်မယ့်အချိန်ရောက်တော့မှာလေ....

နောက်ထပ် ၅ မိနစ်လောက်ပဲကျန်တော့တယ်....

ကောင်မလေးရေ...
တနေ့လုံးမတွေ့ရသေးလို့ လွမ်းနေတဲ့ အလွမ်းတွေနဲ့ တွေ့ရတော့မယ်....
ကောင်မလေး တယောက်ရော.... သတိရနေရဲ့လား......
အလုပ်တွေများပြီး စိတ်ညစ်နေပြီလား.....
ခေါင်းတွေများကိုက်နေပြီလား.....
ဗိုက်ဆာလို့များ ဒေါသတွေထွက်နေပြန်ပြီလား....
ဒါမှမဟုတ်မိုးအေးလို့အိပ်ချင်နေမလား......

ကောင်မလေး နဲ့မတွေ့ရသေးလို့ တွေ့ပြီးမှပဲ ဘာတွေဖြစ်တယ်ဆိုတာဆက်ရေးတော့မယ်
အခုတော့ဒီလောက်ပဲပေါ့ .........

အရမ်းချစ်တယ် ပိုးရယ်.......

Thursday, September 10, 2009

၁၁ ၀၉ ၀၉...၄:၅၆am

တောင်းပန်ပါတယ်....
တောင်းပန်ပါတယ်....
တောင်းပန်ပါတယ်....


ပိုးက ကို့စိတ်ထဲမှာ ချစ်စရာကောင်မလေးဆိုပြီးပြောပြောနေတာ....
တကယ်တမ်းတော့ ဟုတ်မှမဟုတ်တော့ဘဲ....
ကို ပြောနေတာတွေအားလုံးမှန်ပါတယ်...
ပိုးလုပ်ခဲ့တာတွေအားလုံးမှားနေခဲ့တာပါ....
ပိုးလုပ်ခဲ့တာတွေ မှားနေပေမယ့် ကို့စိတ်ထဲမှာ ပိုးကိုအဲလောက်ထိထင်နေတာ
သိရတော့ ပိုးတကယ်ကို စိတ်မကောင်းဘူး....
ပိုး ဟာပိုးလဲပြန်မြင်လာတာအမှန်ပါ....
ပိုး လုပ်ခဲ့တာတွေအားလုံးအတွက် ပိုးတောင်းပန်ပါတယ်....
ကိုမမှားပါဘူး....ပိုးပဲအားလံးမှားနေခဲ့တာ....
ပိုးခုလိုပြောနေလို့ ရွဲ့နေတယ်လို့ ကျေးဇူးပြုပြီး မထင်ပါနဲ့....
ကို နဲ့ပတ်သက်ပြီး ပိုးကောင်းခဲ့တဲ့အချိန် ခနလေးတောင်မရှိခဲ့တာ ....
ပိုးခုမှသိလိုက်ရတာ...ဟုတ်ပါတယ် ပြန်စဉ်းစားကြည့်တော့....
ပိုးအားလုံးလွန်ခဲ့တာ...တော်တော်လေးကိုလွန်ခဲ့တာ...
ပိုးကိုယ်ပိုးသိပြီ....
ပိုးမှားနေတာတွေအတွက်.... ကို့အတွက် ပိုးဘာပြန်လုပ်ပေးရမလဲပဲပိုးစဉ်းစားရမယ်...
တောင်းပန်နေလဲ ဘာမှထူးလာမှာနဟုတ်တော့ဘူး....
ကို့စိတ်ထဲမှာ ပိုးကဘယ်လိုပုံစံနဲ့ရှိနေလဲဆိုတာ ပိုးသေချာ ကြားလိုက် သိလိုက်ရပြီပဲ...
ကို့စိတ်ထဲမှာလဲ ဖျက်မရအောင်ဆွဲနေပြီပဲ....


ကိုနဲ့ခနလောက် အဆင်ပြေနေတဲ့အချိန်လေးမှာ ပိုးပျော်ခဲပေမယ့်
ကို မပျော်ခဲ့ဘူးထင်ပါတယ်....
ကို ပျော်ခဲ့မယ်ဆိုရင်တောင် ပိုးပျော်တာနဲ့တူချင်မှတူတော့မှာ...

ပိုးမှားခဲ့ပါတယ်....
ဒီလိုခနနပြောပြီး ဆက်ပြီးမှားနေတုန်းပဲ....
မပြင်နိုင်သေးတဲ့ ပိုးကို ကို့ဘက်ကဆကိပြီးလက်ခံပေးဖို့လဲ
ဖြစ်နိုင်ချင်မှဖြစ်နိုင်မယ်.....
ပိုးအတွက်ကတော့ ကိုယ့်ချစ်သူရဲ့စိတ်ထဲမှာ ကိုယ်ကဒီလိုပုံစံနဲ့ရှိနေတာ
သိရတော့ တော်တော်လဲ စိတ်မကောင်းဖြစ်မိတယ်...
ရင်ဘတ်ထဲကအောင့်လာတဲ့အထိ ခံစားရပါတယ်...
ကို့ အပေါ်လဲပိုး အရမ်းအားလဲနာတယ်.....
ကို့အတွက်လဲ ပိုးအရမ်းစိတ်မကောင်းဖြစ်တယ်....
ပိုးတကယ်ကို တောင်းပန်ပါတယ် ကို.....
တကယ်ပါ ပိုးစိတ်ထဲကကို တောင်းပန်တာပါ...

ခု ကို ပိုးကိုချစ်တယ်လို့ ပြောနေပေမယ့် နောက်မကြာတော့မယ့်တစ်နေ့...
ကိုး ပိုးကိုကြည့်ချင်စိတ် မရှိလောက်အောင်ဖြစ်လာမှပါ...
ခုတောင် ကို့ရဲ့စိတ်ထဲက အစိုင်အခဲကတော်တော်ကြီးနေပြီလေ....
ကိုအဲ့လို ဖြစ်လာရင်....
ကို့ကို ပိုးအပြစ်မတင်ပါဘူး....
ကိုပြောသလို ကို့မှာလဲစိတ်နဲ့ပဲ....
ပိုးလိုခုမျိုးကို ခုချိန်ထိ သည်းခံနေပေးနေတာကိုပဲ
ပိုးကျေးဇူးတငါပါတယ်....


ကို့နားကထွက်သွားမယ်လို့ပြောရင်
ကိုခုချိန်မှာ လက်ခံချင်မှခံမယ်....
ပိုးအဲ့လိုမပြောတော့ပါဘူး.....
ကို ထွက်သွားခိုင်းတဲ့တစ်နေ့ ဒါမှမဟုတ်
ကို ထွက်သွားမယ့်နေ့.....

ပိုးလက်ခံနိုင်အောင် ပြင်ဆင်ထားပါ့မယ်....



ကို့ ကို ပိုးအရမ်းချစ်တယ်....
အဲ့ဒီ့တစ်ခုပဲ....
ကို့စိတ်ထဲမှာ နေရာကောင်းကောင်းလေးယူပါရစေ....

Wednesday, September 9, 2009

၉-၉-၂၀၀၉ (သို့) ၂ လပြည့်အမှတ်တရ



ပြသာနာ....
ပြသာနာ ဆိုတာ ကောင်မလေး နဲ့ ကောင်လေး တို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ အရာပဲလား


နေ့တိုင်းပြသာနာတွေနဲ့
ချစ်သူတွေရဲ့ သက်တမ်းကို ရက်ဆက်နေရတယ်......


ဒီနေ့ အမှတ်တရနေ့လေး ပါ.......

တကယ့် တကယ် အမှတ်တရ ဖြစ်စရာနေ့လေးပါ....

တယောက်နဲ့ တယောက်ချစ်ခဲ့ကြတာ ၂ လ ပြည့်တဲ့နေ့လေးပါ.......


ဒီလိုနေ့လေးမှာလဲ ပြသာနာတွေဖြစ်ခဲ့ပါတယ်........
မနက်မိုးလင်းလို့ ကောင်မလေးရဲ့ အလုပ်သွားချိန်က စပြီးဖြစ်တာပါပဲ.......


ကောင်မလေး ဖက် က ပေးထားတဲ့ ကတိအတိုင်း ဒေါသတွေလျော့ပြီး......
ပြသာနာကို မရှာတော့တာ အမှန်ပါ........
တခုခု ဖြစ်ရင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းတတ်လာပါတယ်........

ဒါပေမယ့် ကောင်လေး ဖက်ကပဲလွန်နေခဲ့တယ်......
ဒီနေ့မနက် ကောင်မလေး အလုပ်သွားတော့
အရင်လိုပါပဲ စကားတွေပြောဖြစ်ခဲ့ကြတာပေါ့.....


ဒီလိုပြောနေရင်းနဲ့.....

ကောင်မလေး က မြန်မာနိုင်ငံကိုပြန်ရမယ့်အကြောင်း ပြောပြပါတယ်....

ကောင်မလေးရဲ့ အလုပ်ပိတ်ရက်ဖြစ်တဲ့ ၂ လပိုင်းမှာ ပြန်လို့ရပါတယ်...
ဒါပေမယ့် အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံကိုပြန်မယ့်သူတွေများနေလို့

အဲ့ဒီအချိန်မပြန်ပဲ .....
နောက် ပြန်ချင်တဲ့ အချိန် တခုမှာ ပြန်ခွင့်ရမယ်လို့ကောင်မလေးပြောပြတယ်...


ကောင်မလေး အပြင်မှာ ကောင်လေး နဲ့ တွေ့ချင်တယ်.....

ကောင်လေး ရဲ့ မြန်မာနိုင်ငံ ကို ပြန်လာရမယ့် အချိန်က ခန့်မှန်းရသလောက် ၆ လပိုင်းမှပါ

အဲ့ဒါကြောင့် ကောင်မလေး က ၂ လပိုင်း သူများတွေပြန်တဲ့ အချိန်မှာ
မပြန်ပဲ
ကောင်လေး ပြန်လာမယ့် ၆ လပိုင်းမှ ပြန်လာပြီး
ကောင်လေး နဲ့ တွေ့မယ်လို့ပြောပြတယ်.....


အဲ့လိုပြောပြတော့ ကောင်လေးပြန်ပြောပါတယ်.......
ပြန်ပြောမိတဲ့ စကားက ကောင်မလေး အတွက် အကြီးအကျယ်အထင်လွဲစရာဖြစ်သွားပါတယ်
ကောင်လေး ပြောတဲ့ စကားကလဲ တကယ်ကိုမပြောသင့်တဲ့ စကားပါ....

ဘာပြောလိုက်တာလဲဆိုတော့......
ကောင်မလေး က တကယ်လို့ ၆ လပိုင်းမှ ပြန်မယ်ဆိုရင်
၂ လပိုင်းအားလုံးပြန်နေတဲ့အချိန်မှာ
ဘယ်သူမှမရှိပဲ ပျင်းနေမှာစိုးလို့....
အဲ့ဒီ ၂ လပိုင်း အလုပ်ပိတ်ချိန်မှာ ဘာလုပ်နေမှာလဲလို့ မေးလိုက်တာပါ...


တကယ်ကို မမေးသင့်ပါဘူး.......

ကောင်လေးမေးလိုက်တဲ့ စကား က ကောင်မလေး အတွက်
၂ လပိုင်းပဲ ပြန်လိုက်ပါဆိုတဲ့ သဘော ဖြစ်သွားခဲ့တယ်လေ........


ကောင်မလေး အကြီးအကျယ်စိတ်ဆိုးသွားပါတယ်...
မိန်းကလေး တယောက်ဖြစ်ပြီး ကိုယ့်ချစ်သူနဲ့ တွေ့ဖို့ အတွက်
ဒီလောက်အထိကြိုးစားနေတာကို

ကောင်လေးက ဒီလိုတွေပြောလိုက်တော့ ကောင်မလေး စိတ်လဲဆိုးသွားတယ်...

အရမ်းလဲစိတ်မကောင်းဖြစ်သွားပါတယ်.....
ကောင်လေး ပြန်ရှင်းပြပါတယ်......

ကောင်လေးပြောချင်တာ အဲ့လိုမဟုတ်တဲ့ အကြောင်းတွေ ....

ကောင်မလေး အတွက် ပျင်းနေမှာစိုးလို့ ဆိုတာတွေ ကောင်လေး ရှင်းပြပါတယ်...

ကောင်မလေး လုံးဝလက်မခံတော့ပါဘူး...
လက်ခံနိုင်စရာအကြောင်းလဲမရှိတော့ဘူးလေ.....

ဒီလိုနဲ့ ကောင်မလေး တော်တော် စိတ်မကောင်းဖြစ်သွားပြီး...

အလုပ်ရောက်ပြီ ဖုန်းချလိုက်တော့မယ်လို့ပြောတော့...

ကောင်လေး ဖက်ကပဲ ချပေးလိုက်ပါတယ်......

ဖုန်းချပြီးတော့ ကောင်လေး ပြန်အိပ်လို့မရတော့ပါဘူး....
တယောက်ထဲ အကြာကြီးထိုင်ပြီး ပြန်စဉ်းစားပါတယ်.....


တကယ်ကို လွန်သွားပြီလေ......
ကောင်လေး ပြောလိုက်တဲ့ စကားတွေက တကယ်ကိုမှားသွားပြီဆိုတာ

ကောင်လေး သိလိုက်တယ်.....
စိတ်လဲမကောင်းဘူး....

ဒီလိုနဲ့ ကောင်လေး တယောက်ထဲ ထိုင်နေတာ ၂ နာရီနီးပါးကြာတော့....

မအိပ်လို့မဖြစ်တော့တာနဲ့ ကောင်လေး ၀င်အိပ်လိုက်တယ်.....

ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်ခါနီး မိနစ် ၅၀ လောက်အလိုမှ
ကောင်လေး အိပ်ရာနိုးခဲ့တယ်....


ကောင်မလေး မှာထားတာတွေရှိတယ်လေ.......

ကောင်မလေး အတွက် တခြား ဆိုဒ်တွေမှာ စာရေးပေးဖို့ပါ...
တခြားဆိုဒ် ၂ ခုမှာ တခုကို စာ ၁၀ ခုစီနဲ့ အခု ၂၀ ဒီဘလော့လေးမှာ ၂ ခု
စုစုပေါင်း ၂၂ ခုရေးပေးဖို့
သေချာမှာထားတာဆိုတော့...
ကောင်လေး အသည်းအသန် ရေးပါတယ် ....

ဒါပေမယ့် မမှီတော့ပါဘူး......
ကောင်မလေး ပြောထားတဲ့အရေအတွက်ကိုပြည့်အောင်
ကောင်လေး
မရေးနိုင်လိုက်ဘူး... ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်သွားတယ်.... ကောင်မလေး ရဲ့ အလုပ်ဆင်းချိန်ရောက်တော့
ထုံးစံအတိုင်း ကောင်မလေး ဆီဖုန်းဆက်ပါတယ်...


ကောင်လေး သတိထားမိတာက ဖုန်းစပြောကထဲက ကောင်မလေး ရဲ့အသံတွေ

သိသိသာသာ ပြောင်းလဲနေတယ်လေ......
ကောင်လေး မေးပါတယ်...
ကောင်မလေး ကလဲ ဘာမှမဖြစ်တော့တဲ့အကြောင်းပြောပြတယ်...


ကောင်မလေးရဲ့စိတ်ထဲမှာ မနက်က ကိစ္စကိုစွဲသွားပြီဆိုတာကောင်လေး သိလိုက်ပါတယ်....
ကောင်လေး သေသေချာချာ ရှင်းပြတယ်....
တကယ်ဆိုရင် ကောင်မလေး နဲ့ ကောင်လေး က
အပြင်မှာ တခါမှ တွေ့ခွင့်မရသေးပါဘူး....


ကောင်မလေး တွေ့ချင်သလို ကောင်လေး လဲ အရမ်းတွေ့ချင်ပါတယ်....
ဒါပေမယ့် ..... ကောင်လေး ရဲ့မြန်မာနိုင်ငံ ကိုပြန်ရမယ့် အချိန်က လဲ ခန့်မှန်း ပဲ သိရတာပါ အတိအကျမသိရသေးဘူးလေ....

အဲ့ဒါကြောင့် ကောင်လေး ကိုယ်တိုင်ကလဲ အပြင်မှာတွေ့ဖို့ ကိစ္စကို တိတိကျကျမဆွေးနွေးပဲနေခဲ့တာပါ...

တကယ်တော့ ကောင်လေး စိတ်ထဲမှာလဲ ကောင်မလေး နဲ့ တွေ့ဖို့
တွေးထားတာတွေရှိပါတယ်.....

ဒီလိုနဲ့ တခုချင်း အေးအေးဆေးဆေးရှင်းပြတော့


ကောင်မလေး လက်ခံလိုက်တာလား
နားလည်လိုက်တာလား
စိတ်ကုန်သွားတာလား

စိတ်လျော့လိုက်တာလား
မသိနိုင်တဲ့ အဖြေတခုနဲ့အတူ
ကောင်မလေး ရဲ့ အသံတွေ အမူအရာတွေ ပြောင်းလာပါတယ်
နဲနဲ တက်ကြွလာသလိုပါပဲ.....

ဒီလိုနဲ့ ပြောနေရင်း ကောင်မလေး အိမ်ပြန်ရောက်လာတော့

ဗိုက်အရမ်း ဆာနေတဲ့အကြောင်း ပြောတယ်...

အဲ့ဒီမှာကောင်လေးက တခြား ဟာတွေဘာမှမလုပ်ခင်
အရင်ဆုံး ဟင်းချက်ဖို့ ပြောတယ်

ကောင်မလေး ကလဲချက်မယ်လို့ပြောပါတယ်...


ကောင်လေး အရှေ့မှာပဲ ဟင်းချက်တာပါ...

ကောင်မလေး ဟင်းချက်နေတဲ့ အချိန်မှာတော့ ကောင်မလေး ပြောထားတဲ့
တခြားဆိုဒ်မှာ စာရေးပေးဖို့ကိစ္စကို ကောင်လေး ဆက်လုပ်နေပါတယ်...

ဒီလိုနဲ့ ကောင်မလေး ဟင်းချက်လို့ပြီးသွားတော့

ဗိုက်အရမ်းဆာနဲ့ ချက်ချင်းပဲ ကောင်လေး အရှေ့မှာ ထမင်းစားတယ်.....

ကောင်လေး ကောင်မလေး ထမင်းစားတာကြည့်လိုက်...

ကောင်မလေးအတွက် ၂ လပြည့်အမှတ်တရတခုဖြစ်အောင် လုပ်လိုက်နဲ့
ပျော်နေတာပေါ့.

ဒီလိုနဲ့ ကောင်မလေး ထမင်းစားပြီးသွားတော့ အခန်းထဲပြန်ပြီး...
ကောင်လေး နဲ့ အေးအေးဆေးဆေး စကားတွေပြောခဲ့တယ်.....


ကံကြမ္မာက ဒီလိုရက်မှာ ပြသာနာနဲ့ စိတ်ညစ်စရာတွေ
တခုပြီးတခုလာလာပေးတာတော့ တကယ်မတရားပါဘူး


ကောင်မလေး စိတ်တွေ ကြည်ကြည်လင်လင်ပြန်ဖြစ်တာခနပဲရှိပါသေးတယ်....

ကောင်လေးရဲ့ ရှုပ်ခဲ့တဲ့ ကိစ္စတွေက ကောင်မလေးဆီ
ဆိုက်ဆိုက်မြိုက်မြိုက်ပဲရောက်သွားပြန်ပါတယ်...


ကောင်မလေး ရဲ့ အမူအရာတွေ အသံတွေ သိသိသာသာပြောင်းသွားတာ
ကောင်လေး သိလိုက်ပါတယ်..


ဒါပေမယ့် ဘာကြောင့်ဆိုတာကို ကောင်လေး မသိဘူး...

ကောင်မလေး ကိုမေးတယ်...

ကောင်မလေး ကလဲ ပြသာနာဖြစ် စကားများမှာစိုးလို့ ဆိုပြီး ဘာမှမပြောဘူး...

ဘာမှမဖြစ်ပါဘူး ဆိုတာကိုပဲ ပြောခဲ့တယ်.......


ဒီလိုနဲ့ ကောင်မလေး စကားတွေဆက်ပြီးပြောတာပေါ့...

ဒါပေမယ့် ကောင်မလေးကြာကြာဟန်မဆောင်နိုင်ပါဘူး...

ကောင်မလေး စိတ်ညစ်ရတဲ့ အကြောင်းနဲ့ စိတ်ရှုပ်ရတဲ့ အကြောင်း ကိုပြောပြတယ်...


ကောင်လေး ရှုပ်ခဲ့တဲ့ ကိစ္စတွေပါပဲ... အရင်ကကိစ္စတွေပါ...
ဒါကြောင့် ကောင်မလေး ကို ရှင်းပြတယ်....

ကောင်မလေး လက်ခံပါတယ်....


ဒီလိုနဲ့ .. ပြန်အဆင်ပြေတာ မိနစ်ပိုင်းပဲရှိသေးတယ်..

ကောင်လေး က ပြသာနာပြန်ရှာပြန်ရော..


ကောင်မလေး က ဓါတ်ပုံရိုက်ထားတဲ့အကြောင်းပြောပြတယ်..

ကောင်လေး ကလဲ ကြည့်ချင်လို့ ပို့ပေးဖို့ပြောတော့
ကောင်မလေး ပို့ပေးလိုက်ပါတယ်....


အဲ့ဒီမှာ ပြသာနာဖြစ်တော့တာပါပဲ...

ကောင်မလေး ပို့ပေးလိုက်တဲ့ပုံတွေက

ကောင်လေး အတွက်ဒေါသထွက်စရာတွေဖြစ်သွားခဲ့ပါတယ်....


ပို့ပေးလိုက်တဲ့ ပုံတွေနဲ့ ကောင်မလေး ပြောထားတာတွေက တခုမှ ကိုက်ညီမှုမရှိပဲ
အကုန်လွဲနေပါတယ်....
ပို့လိုက်တဲ့ ပုံတွေက လွန်ခဲ့တဲ့ ၂ လလောက်တုန်းကပုံတွေရော
လွန်ခဲ့တဲ့ ၁ လလောက်တုန်းကပုံတွေရော..


ပြီးတော့ ကောင်မလေး ပြောထားတာတွေအားလုံးနဲ့ကလွဲနေတော့
ကောင်လေး စိတ်ထဲမှာ ကောင်မလေး တခြား လူ တယောက်ယောက်နဲ့ စကားပြောရင်းရိုက်ထားတယ်ထင်ပြီး ဒေါသတွေအရမ်းထွက်သွားတယ်........

ကောင်မလေး ချက်ချင်းရှင်းပြပါတယ်....

ကောင်မလေး ဘယ်လိုရှင်းပြရှင်းပြ ကောင်လေး လက်မခံပဲ
တခုပြီးတခုလိုက်မေးနေခဲ့မိတယ်...


ပိုဆိုးတာက ကောင်လေး ဒေါသတွေအရမ်းထွက်ပြီး
တော်တော်နေရခက်နေတာကို သိသိကြီးကြီး
နဲ့
ကောင်မလေး ဘာမှမဖြစ်သလိုရီနေခဲ့တယ်......


အဲ့ဒီမှာ ကောင်လေး ရဲ့ဒေါသတွေက ပိုပိုဆိုးလာတော့တာပါပဲ.....
ကောင်လေး တခုချင်းအကုန် သေသေချာချာလိုက်မေးတယ်.....
ကောင်မလေး ကို ယုံယုံကြည်ကြည်နဲ့ချစ်ခဲ့ပြီး
ဘာဆိုဘာမှ လိုက်မေးတာတွေ မလုပ်ခဲ့တဲ့ကောင်လေး

အခု ကောင်မလေး ကို တခုချင်း သေချာလိုက်မေးတယ်...

ကောင်မလေး ကလဲရှင်းပြတယ်
ကောင်လေးစိတ်ထဲမှာ စွဲသွားတာက
ကောင်မလေး တခြားတယောက်နဲ့ စကားပြောနေတယ်ဆိုတာကိုပါပဲ...


ကောင်မလေး ကလဲ မဟုတ်တဲ့အကြောင်းကို ခနခန ပြောပြတယ်...

ဒါပေမယ့် ကောင်လေး စိတ်ထဲမှာ ဒေါသတွေ သ၀န်တိုတာတွေကြောင့်
ကောင်မလေး ပြောသမျှ ဘာကိုမှ လက်မခံခဲ့ဘူး........


ကောင်လေး အရမ်းစိတ်တိုပြီး ကောင်မလေး ရှင်းပြတာတွေကို
လက်မခံမှန်းသိတော့
ကောင်မလေး မျက်ရည်တွေ ကျလာတယ်...

ကောင်မလေး ရဲ့ မျက်ရည်တွေမြင်တိုင်း
ကောင်မလေး ရဲ့ငိုသံတွေကြားတိုင်း
ကောင်လေး ဘယ်လိုမှမနေနိုင်ပါဘူး....

ဒေါသတွေဘယ်ရောက်သွားမှန်းလဲမသိဘူး....
ကောင်လေး စိတ်ထဲမှာ မှားများမှားနေပြီလားဆိုပြီး
ကိုယ့်ကိုပြန်သံသယ၀င်လာတော့တာပါပဲ....


ဒါကြောင့်ကောင်မလေးကို နောက်နေ့မှရှင်းပြဖို့နဲ့
နောက်ကျနေလို့ အိပ်ဖို့ပြောပြီး အိပ်ခိုင်းတယ်...

ကောင်မလေး က ကောင်လေး ဒီလိုအထင်လွဲပြီးစိတ်ဆိုးနေရင်
မအိပ်ဘူးဆိုပြီး မအိပ်ပဲနေပါတယ်..


အဲ့ဒီမှာ ကောင်လေး ကဘာမှမဖြစ်တော့တဲ့အကြောင်း
မနက်မှဆက်ပြောရင်ပိုကောင်းမယ့်အကြောင်းတွေ ပြောပြပြီးအိပ်ခိုင်းတယ်...
ကောင်မလေး က မနက်ကျရင် သူ အကုန်လုံး ကို ပြန်ရှင်းပြပါ့မယ်လို့ပြောပြီး အိပ်သွားပါတယ်

အခုတော့ ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပါပြီ....

ကောင်လေး ကတော့ စဉ်းစားစရာတွေ အပြည့်နဲ့ကျန်ခဲ့တယ်...
ကောင်မလေး ပြောတာတွေ အမှန်ပဲလား
ကိုယ်တိုင်ကပဲ အထင်တွေ လွဲပြီးမှားနေတာလား........


ကောင်လေး သိတာ တခုကတော့ ကောင်မလေး ကို ဘယ်သူ့ကိုမှမပေးနိုင်ပါဘူး....
ကောင်မလေး ကို အတ္တကြီးတယ်လို့ အမြဲပြောခဲ့တဲ့
ကောင်လေး ကိုယ်တိုင်က ပိုပြီးအတ္တကြီးပါတယ်..


ကောင်မလေး ဟာ ဘယ်သူ့အတွက်မှမဖြစ်ရဘူး ......
ကောင်မလေး ကို ဘယ်သူ့ကိုမှမပေးနိုင်ပါဘူး..

ကောင်မလေး ဟာ ကောင်လေး တယောက်အတွက်ပဲဖြစ်ရမယ်..........

ကောင်မလေး တခြား တယောက်နဲ့ ပြောနေတယ်လို့
အထင်လွဲနေတာတွေ မမှန်ပါစေနဲ့.........

ကောင်လေး ထင်နေတာတွေမှားနေပါစေလို့ ဆုတောင်းနေမိတယ်.....


ဘာလို့လဲဆိုတော့ ကောင်လေး ထင်နေတာတွေအားလုံးလွဲမှရမှာ...

ကောင်မလေး ကိုကောင်လေး မစွန့်လွှတ်နိုင်လို့ အဆုံးအရှုံးမခံနိုင်လို့ပါ.....


အရမ်းချစ်လို့ပါ......
ဒီလို ၂ လပြည့်တဲ့နေ့ လေး မှာတောင်
ကောင်မလေး ကိုပျော်အောင်မထားပေးခဲ့နိုင်တဲ့အတွက်...

တောင်းပန်ပါတယ် ကောင်မလေးရယ်........


ကောင်မလေး အတွက် ကဗျာတပုဒ် ...........ဖတ်ပြီးသားပဲဖြစ်နေမလား.....

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက

ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေကြားမှာ

သူ့ လက်ကလေးကိုင် အတူမထိုင်ခဲ့ဖူးပါဘူး

သူ့ ပါးပြင်ထက် အနမ်းစက်လဲ မခြွေခဲ့ဖူးပါဘူး

သူ့ ပခုံးလေးဖက် ဘုရားပေါ်လဲ အတူ မတက်ခဲ့ဖူးပါဘူး

ရင်ခွင်ခြင်းအပ် ရင်ခုန်သံ ခြင်းလဲ ထပ်တူမကျခဲ့ဖူးပါဘူး

ဒါပေမယ့်လဲ

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက

ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေအောက်မှာ

ရယူခြင်း ပိုင်ဆိုင်ခြင်းကင်းမဲ့စွာ ချစ်ရင်းနဲ့

တနေ့နေ့တော့

သူ့လက်လေးတွဲ ဘ၀ဆိုတဲ့ လမ်းထဲ

အတူလျှောက်လှမ်း ချင်မိပါရဲ့

အရမ်းချစ်တယ် ပိုး ရယ်.........

Sunday, September 6, 2009

အရမ်းချစ်တယ် ပိုး ရယ်



ကျွန်တော်ဖတ်ချင်သော ကောင်မလေးရဲ့ ရင်ထဲစာတချို့

ဒီနေ့ဖတ်လိုက်ရပါပြီ........
အရမ်းပျော်ပါတယ် ရင်ထဲမှာ နွေးသွားပြီး မျက်ရည်ပါဝဲ ခဲ့မိတာအမှန်ပါ ......

ကောင်မလေးရဲ့ ရင်ထဲက အချစ်တွေနဲ့ မေတ္တာတွေကို သိအောင်
ရေးပေးတဲ့ ကောင်မလေး ကို ကျေးဇူးတင်ပါတယ် ......

ကောင်မလေး ရေးပေးလို့ ပြသာနာတွေဖြစ်နေကြတဲ့
ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့
စကားများ ပြသာနာဖြစ်ရတာတွေကိုထပ်မရေးတော့ပါဘူး

အမြဲတမ်းပြသာနာဖြစ်နေတာ မထူးဆန်း ဘူးဆိုပေမယ့်.......

တနေ့ထက်တနေ့ ဖြစ်လာတဲ့ ပြသာနာတွေက ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ
အခြေအနေတွေကလဲ အရမ်းတင်းမာခဲ့ပါတယ်........
ဒါပေမယ့် .............

ပိုးရေ .........
ကို ပိုးကိုအရမ်းချစ်ပါတယ်.........
တကယ်ကိုမြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့တာပါ......

ပိုး နဲ့ တွေ့မှ ကို့ အတွက် ပြောင်းလို့မရနိုင်တဲ့ အမှားတွေကိုပါ ပြောင်းလို့ရခဲ့တာပါ.....
ပိုးက ကို့ ဘ၀ပါ.........
စွန့်လွှတ်လိုက်ဖို့ ဆုံးရှုံးလိုက်ဖို့ဆိုတာ မတွေးရဲပါဘူး......

ပိုး ဘေးက ထွက်သွားဖို့ ကို ပြောခဲ့ဖူးပါတယ်...
ဘာလို့ပြောခဲ့တာလဲ ဆိုတော့ ပိုး ခနခန စိတ်ညစ်နေတာတွေ မျက်ရည်ကျနေတာတွေကို
ထပ်မမြင်ချင်တော့လို့ပါ .........

စိတ်ညစ်လိုက်တိုင်း မျက်ရည်ကျလိုက်တိုင်း ကို့ ကြောင့်ပဲဖြစ်ဖြစ်နေခဲ့တယ်မဟုတ်လား......
ကို့ ချစ်သူတယောက် နေ့တိုင်း ကို့အတွက်ကြောင့် မျက်ရည်ကျနေတာ
ဘယ်သူက ဆက်မြင်ချင်မလဲ ............

ဒါကြောင့် ပိုးဘေးက ထွက်သွားမယ်လို့ ပြောခဲ့တာပါ ......
ထွက်သွားတယ်ဆိုတာ လူပဲထွက်သွားမှာပါ......

ကို့ ရင်ထဲက ပိုးကို ထုတ်ပြီး ဘယ်ကိုမှ ထွက်မသွားပါဘူး .....
ရင်ထဲက ထုတ်ပြီးထွက်သွားရလောက်အောင်လဲ ခံနိုင်ရည်မရှိပါဘူး.......

ကို့ ရင်ထဲ ကို့စိတ်ထဲမှာ ပိုး ကို ထည့်ပြီး ပိုး ပျော်စေချင်လို့
ပိုး မသိတဲ့ ပိုး မမြင်နိုင်တဲ့ တနေရာက ချစ်နေဖို့ ဆုံးဖြတ်ပြီး
ထွက်သွားဖို့ ပြောခဲ့တာပါ........

မုန်းသွားလို့ စိတ်ကုန်သွားလို့ မချစ်တော့လို့ လုံးဝမဟုတ်ပါဘူး.........

မုန်းလို့လဲ မရပါဘူး .........
မုန်းရအောင်လဲ ပိုး ဖက်က ဘာအမှားမှမရှိခဲ့ဘူးလေ.....

တကယ်ကို ကလေးလေး တယောက်လို ဖြူစင်တဲ့ ပိုး မှာ အမှားဆိုတာမရှိပါဘူး........
မဖြူမစင် အမှားတွေ အထပ်ထပ် နဲ့ အပြစ်တွေမကင်းတဲ့ ကို့ အပြစ်တွေကြောင့်
ပိုး မျက်ရည်တွေကျခဲ့ရတာမဟုတ်လား ........

တကယ်တမ်း မုန်းမယ်ဆိုရင် ကို့ ရဲ့ မကောင်းတဲ့ အမှားတွေက ပိုး မုန်းလိုက်ဖို့အတွက်လုံလောက်တဲ့
အကြောင်းပြချက်တွေပါ........

ဒီလို လူတယောက်ကို တောင် မမုန်းပဲ ပိုး ခွင့်လွှတ်ပြီးဆက်ချစ်ပေးခဲ့တာပဲ.......
ိကို့အတွက်မုန်းဖို့ ဆိုတာ ဘာအတွက်ကြောင့်မုန်းရမှာလဲ .......

ဖြူစင်လွန်းပြီး အပြစ်ကင်းလွန်းတဲ့ ပိုး ကို
ကို ဘယ်တော့မှမမုန်းပါဘူး........

အမြဲတမ်းအတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပါ ......... မုန်းဖို့ချစ်ခဲ့တာမဟုတ်ပါဘူး
ပိုး ဆိုတဲ့ မိန်းကလေး က ကို့ ရင်ထဲမှာ အမြဲရှိနေမယ်ဆိုတာ ယုံပေးပါ .....
ယုံပေးပါ ပိုး ........... ပိုး ကို အရမ်းချစ်တယ် ...................

ချစ်ခဲ့ကြတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ပါဦး ........

ပိုး ရဲ့ ညအိပ်တဲ့အချိန်တွေတိုင်း
ပိုး မျက်နှာလေး ကို ကြည့်ပြီး ပျော်ခဲ့ဖူးတယ်.......


ပိုးရဲ့ မနက် အိပ်ရာထတဲ့ အချိန်ထိ
စောင့်နေရတာကို ပျော်ခဲ့ဖူးတယ် .........


မနက် အိပ်ရာထလို့ ပိုး ရဲ့ အလုပ်ကို ရောက်တဲ့အထိ
စကားတွေပြောပြီးလိုက်ပို့ခဲ့ရတာတွေကိုလဲ ပျော်ခဲ့ဖူးတယ်...........

နေ့လည် အလုပ်နားလို့ ပိုးရဲ့ နေ့လည်စာ စားချိန်တွေမှာ
စကားတွေပြောပြီး ပိုး ကို များများစားအောင်ပြောခဲ့ရတာတွေကိုလဲ ပျော်ခဲ့ဖူးတယ်
...........

ညနေ ပိုး အလုပ်ပြန်လို့ အလုပ်ကနေ အခန်းထဲ ရောက်တဲ့ အထိ
စကားတွေပြောပြီး ပြန်ပို့ပေးခဲ့ရတာတွေကိုလဲ ပျော်ခဲ့ဖူးတယ်
...........

အချိန်တိုင်းပျော်ခဲ့ရပါတယ် ...............

စိတ်ညစ်ရတဲ့ စိတ်ရှုပ်ရတဲ့ အချိန်တွေ မရှိဘူးလို့လဲမဟုတ်ပါဘူး.....
ရှိခဲ့ပါတယ် ...............

အဲ့ဒီစိတ်ညစ်ရတာတွေ စိတ်ရှုပ်ရတာတွေနဲ့ တော့ ပိုးကို စိတ်မကုန်ပါဘူး ......
စိတ်ညစ်ရတဲ့ အချိန်တွေနဲ့ စိတ်ရှုပ်ရတဲ့အချိန်တွေထက်
ပိုး နဲ့ ပတ်သက်ပြီး ပျော်စရာကောင်းတဲ့ အချိန်တွေက ပိုများတာ အမှန်ပါ ..........

ပိုးနဲ့ပတ်သက်ပြီး ပျော်ခဲ့ရတဲ့ အချိန်တွေ ကြည်နူးခဲ့ရတဲ့ အချိန်တွေက ပိုများပါတယ်...........

တကယ်လို့ .............
ပိုး မရှိတော့ဘူးဆိုရင် ......... ပိုးနဲ့ လမ်းခွဲလိုက်မယ်ဆိုရင် ........

ပိုးရဲ့ညအိပ်ချိန်တွေမှာ ဘယ်လိုနေရမလဲ ............

ပိုးရဲ့ အိပ်ရာထချိန်ကို ဘယ်လို စောင့်ရမလဲ .......

ပိုးရဲ့ အလုပ်သွားချိန်မှာ ဘယ်လို စကားတွေပြောပြီး ဘယ်လို လိုက်ပို့ရမလဲ......

ပိုးရဲ့ နေ့လည်စာစားတဲ့အချိန်မှာ ပိုး များများစားအောင် ဘယ်လိုပြောရတော့မလဲ......

ပိုးရဲ့ အလုပ်ပြီးတဲ့ အချိန်တွေ မှာ အခန်းပြန်ရောက်တဲ့အထိ ဘယ်လို စကားတွေပြောတော့မလဲ ....

စဉ်းစားကြည့်ရင်......... တကယ် နေရခက်ပါတယ်.........
အမြဲတမ်း ပုံမှန် တခုလိုဖြစ်နေတာတွေ အားလုံးကို
ချက်ချင်း အဆက်ဖြတ်လိုက်မယ်ဆိုရင် ............
ကို တကယ်မနေနိုင်ပါဘူး........

ဘာလို့လဲ ဆိုတော့ ..........
ပိုး ကို အရမ်းချစ်လို့ပါ .......

ကောင်လေးရဲ့ အချစ်တွေနဲ့ ကောင်မလေးရဲ့ အချစ်တွေ
နှစ်ယောက်လုံး တကယ်ကို ရင်ထဲမှာ နှစ်နှစ်ကာကာချစ်နေပါလျှက်နဲ့
ဘာကြောင့် ခနခန လမ်းခွဲဖို့ ပြောနေကြတာလဲ ........
ဘာကြောင့် ခနခန ပြသာနာတွေတက်နေကြတာလဲ......
ဘာကြောင့် ခနခန အဆင်မပြေဖြစ်နေကြတာလဲ .......
မစဉ်းစားတတ်အောင်ပါပဲ .........
ကောင်လေး နဲ့ ကောင်မလေး အဆင်ပြေကြပါစေ ....
အမြဲတမ်း အဆင်ပြေနေကြပါစေ .......

ဒါမှ ရေးတဲ့ အခါမှာ ကြည်နူးနေတဲ့ ကောင်မလေးရဲ့ ကောင်လေး အကြောင်းကို
ကြည်ကြည်နူးနူး နဲ့ ရေးပြီး ဖတ်တဲ့ တဦးတည်းသော ပရိသတ်လဲ ကြည်ကြည်နူးနူးနဲ့ဖတ်နိုင်မှာမဟုတ်လား.....

ကောင်လေး နဲ့ ကောင်မလေး တို့ အဆင်ပြေကြပါစေ ............

အခု အောက်ဆုံးမှာ အမြဲရေးနေကြစာလေး တကြောင်းရှိပါတယ်........
အဲ့ဒီစာလေး ကို နဲနဲလေး ပြောင်းရေးလိုက်တော့မယ်......
ဘာလဲဆိုတော့ .........

အရမ်းချစ်တယ် ပိုး ရယ်..............

Friday, September 4, 2009

ဖြေပေးပါဦး


ဒီနေ့ တော့ တခုခု ရေးဖြစ်ပြန်ပါပြီ .........
အရင်ကလို တနေ့တနေ့ ဖြစ်နေခဲ့တာတွေ ကို ပြန်မရေးတော့ပါဘူး .....

ဘာကြောင့် ဒီနေ့ရေးဖြစ်လဲဆိုတော့ ......
ပုံမှန်ရေးနေကြရေးပေးတဲ့ စာတွေကို ကောင်မလေး စိတ်မ၀င်စားတော့ဘူးလေ
ဒါကြောင့်လဲ နေ့တိုင်း စာတွေမရေးပေးဖြစ်ခဲ့တော့ဘူး

ဒီနေ့ရေးဖြစ်တဲ့ အကြောင်းကလဲ

ကောင်လေး စိတ်ထဲမှာ ဒီနေ့ စိတ်မကောင်းစရာ တခုခု ခံစားနေရလို့ပါပဲ
ဝမ်းလဲဝမ်းနည်းနေပါတယ်...........

ကောင်မလေး ကို အမြဲတမ်း စိတ်ညစ်စရာတွေ မစဉ်းစားဖို့
ပျော်ပျော်နေဖို့ လျှောက်မတွေးဖို့ အထင်မလွဲဖို့ အမြဲမှာနေတဲ့ ကောင်လေး
အခုတော့ ကိုယ်တိုင် စိတ်ညစ်စရာတွေကို စဉ်းစား တတ်နေပါပြီ....
စဉ်းစားမိနေပါပြီ......

ပျော်ပျော်နေတတ်တယ်လို့ ကိုယ့်ကို ယူဆ ထားတဲ့ ကောင်လေး
စိတ်မကောင်းစရာတွေနဲ့ စိတ်ညစ်စရာတွေကို စဉ်းစားတတ်နေပါပြီ......

ဘာကြောင့်ဒါတွေစဉ်းစားမိလဲ ဆိုတော့ ......
ကောင်မလေး ကြောင့်ပါပဲ ............
ကောင်မလေးကြောင့်ဆိုပေမယ့် ကောင်မလေးရဲ့ အပြစ်မဟုတ်ပါဘူး
အပြစ်ရှိတာကတော့ ကောင်လေး ကိုယ်တိုင်ပါပဲ......

အခု ကောင်လေး ပြောချင်နေတာကဘာလဲဆိုတော့........
ဒီ ချစ်သူအတွက်အမှတ်တရ ဆိုတဲ့ နေရာလေးကို
ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ကြားမှာ အမြဲတမ်းအတွက်
အမှတ်တရ ဖြစ်စေချင်တဲ့ စိတ်နဲ့ လုပ်ထားတဲ့ နေရာလေးတခုပါ .......

ဒီနေရာလေး စလုပ်ချိန်တုန်းကတော့.........
အရမ်းကိုပျော်စရာကောင်းတဲ့ နေရာလေး တခုအဖြစ် နှစ်ယောက်လုံးရဲ့စိတ်ထဲမှာ
ဒီနေရာလေး က ရှင်သန်နေခဲ့ပါတယ်.....

ကောင်လေးရဲ့စိတ်ထဲမှာ အမြဲတမ်း ဒီလိုပျော်စရာတွေနဲ့
ဆက်ပြီးရှင်သန်နေမယ်လို့ထင်ခဲ့မိတယ်....
ဒါပေမယ့် အခု ကောင်လေး စိတ်ကူးတွေ
ကောင်လေး အတွေးတွေ မှားနေပြီလားမသိပါဘူး.....

ဒီနေရာက ခြောက်ကပ်ကပ်တခုလိုဖြစ်နေပြီ........
ကောင်မလေး ကိုယ်တိုင်ကလဲ
ဒီနေရာလေး ကို စိတ်မ၀င်စားတော့ဘူးလားမသိပါဘူး.....

ဒီနေရာအကြောင်းကို စကားထဲထည့်မပြောတာကြာပါပြီ......
ဒီနေရာလေးမှာရေးနေကြ စာတွေဖတ်ဖြစ်ရဲ့လားလဲမသိတော့ပါဘူး.....

ဘာကြောင့်ဒီလိုပြောတာလဲဆိုတော့
အရင် က ကောင်မလေး ဒီနေရာလေးကို လာပြီး

စာတွေဖတ်ပြီးတိုင်း သူဖတ်ထားတဲ့ စာတွေအကြောင်းကိုပြန်ပြောလေ့ရှိတယ်......
အခု ကောင်မလေး ဒီနေရာနဲ့ ပတ်သက်လို့ ဘာမှမပြောတော့ပါဘူး........

စကားတွေနေ့တိုင်းပြောဖြစ်နေပေမယ့်
ဒီနေရာလေး အကြောင်းကို တနေ့မှာ တခါတောင်

မပြောဖြစ်ခဲ့ပါဘူး ............

တကယ်ပဲ ဒီနေရာလေး က
ကောင်မလေး အတွက်

စိတ်ဝင်စားစရာမကောင်းတော့တဲ့ နေရာလေး တခုဖြစ်နေပြီလား ...........

ကောင်မလေး အတွက်
ပျော်စရာတွေ မပေးနိုင်တော့တဲ့ နေရာတခု ဖြစ်နေပြီလား..............


ကောင်မလေး အတွက်
စိတ်ခံစားမှုတစုံတရာလေး တောင်မပေးနိုင်တော့ဘူးလား .....
......

နောက်တခုက ကောင်မလေး ကိုယ်တိုင်
ဒီနေရာလေး မှာ စာတွေရေးမယ်လို့ပြောခဲ့ဖူးပါတယ်

ရေးလဲရေးခဲ့ဖူးပါတယ် ...

ဒါပေမယ့် အရင်က ပြောခဲ့ဖူးပါတယ်
ကောင်မလေးရဲ့ ဒေါသတခုကြောင့်

သူရေးထားတဲ့ စာတွေ အားလုံးကို ဘာမှမကျန်အောင် ဖျက်ပစ်ခဲ့ပါတယ်........

ကောင်မလေး ကိုယ်တိုင်ရေးထားတဲ့ စာတွေကို ကောင်လေး ဖတ်ချင်တယ်
အရမ်း ဖတ်ချင်ပါတယ်.....

ဖျက်ပစ်လိုက်ပြီးလို့ နောက်ထပ်ရေးပေးမယ်လို့
စိတ်ကူးထားတာတွေ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့ပါဘူး


ကောင်မလေး အတွက် ဒီနေရာမှာ စာထပ်ရေးပေးဖို့ဆိုတာ
မဖြစ်နိုင်တော့တဲ့ ကိစ္စတခုဖြစ်နေပြီလား .....


ရေးပေးပါလို့လဲ အတင်းမပြောချင်ဘူး........
စိတ်ခံစားမှုတခုကြောင့်ရေးပေးတဲ့စာကိုပဲဖတ်ချင်ခဲ့တာဆိုတော့
ရေးပေးမလားဆိုတဲ့စိတ်နဲ့ ကောင်လေး စောင့်နေခဲ့ပါတယ်......

ဒါပေမယ့် ......
ဒီနေ့ ဒီအချိန်အထိ ဖြစ်မလာခဲ့ပါဘူး......

ဒီနေရာလေး က
တကယ်ပဲ ကောင်မလေးအတွက် မလိုတော့ဘူးလား ............

ဖြေပေးပါဦး ......... ကောင်မလေးရေ ............

ကောင်မလေး အတွက် ပျော်စရာတွေမပေးနိုင်တော့ဘူးလား ......
ဖြေပေးပါဦး ............

ကောင်မလေး ရေ ........ စိတ်ကုန်နေပြီလား.....
ဖြေပေးပါဦး...........

အရမ်းချစ်တယ်ကောင်မလေးရယ်............

Thursday, September 3, 2009

လွမ်းခြင်းကဗျာ..........



အလွမ်းတစ္ဆေ ရင်မှာမွှေလို့

ခဏလေးခွဲ မျက်ရည်တွေလဲဝဲခဲ့ဖူးတယ်.........

မတွေ့ရတဲ့ ခဏ နေရ ခက်လွန်းလှပါတယ် .......


တချိန်ချိန်မှာ ခဏတာမဟုတ်တဲ့

ကာလရှည်ကြာ ခွဲခဲ့ရပါက


ဝေးသွားခဲ့တဲ့ အနမ်းတွေနဲ့ ခံစားရမယ့် အလွမ်း တွေ

တွေးတွေးမိတိုင်း ငါ့ရင်တွေ ရိုင်းရိုင်းသွားတယ် .......


သူလဲပဲ တွေး ရင်မှာဆွေးနေမလား

ခံစားချက်တွေကြောင့်ပဲ တခုခု ကို ငေးနေမလား ........


ငါနဲ့ထပ်တူ လွမ်းအပူတွေတော့ မယူစေချင်ဘူး
မျက်ရည်စက်တွေနဲ့ အနေခက်နေတဲ့

သူ့မျက်ဝန်းလေးကိုလဲ မမြင်ချင်ဘူး........


ငါ့အတွေး ငါ့အလွမ်း ငါ့အနမ်းတွေနဲ့

ငါမှန်းဆထားတဲ့ အနာဂတ်တွေ
ရင်မှာ အထပ်ထပ် တွယ်ကပ်နေပါလျှက်နဲ့

သူယုံအောင်ပြောဖို့ မတတ်နိုင်ခဲ့လို့


သူ့ ရင်ခွင်ထဲ မယုံကြည်မှုနဲ့ သံသယတွေစွဲ နေခဲ့ပြီ................

အရမ်းချစ်တယ် ကောင်မလေးရယ်.................


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်