BLOGGER TEMPLATES AND TWITTER BACKGROUNDS »

အရမ်းချစ်တယ် သဲ ရယ်............

အချိန်တိုင်းသာ ..........

zwani.com myspace graphic comments

ချစ်သူအတွက် သီချင်း တပုဒ်.....

နင်ဟာငါ့ကောင်းကင်တခုပါ....... ငါပိုင်သမျှနင့်တယောက်ထဲပါ.. ငါအချိန်တိုင်းနင့်ရဲ့အနားမှာ... နင်လိုသမျှဖြည့်ဆည်းချင်လို့ပါ.. ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ.... နင်ကြေကွဲအားငယ်တဲ့အခါ... ငါနင့်အနားနှစ်သိမ့်မြဲပါ...... ငါတယောက်ထဲမဖြစ်နိုင်လို့ပါ.. နင်ဘယ်သွားသွားငါ့ကိုခေါ်ပါ ငါဆန္ဒတွေရယ်အလှမ်းကွာ... တကယ်ကိုငါမင်းအနားမှာ နေချင်ပေမယ့်လဲပဲ (အတူတူနေဖို့ ဘယ်လောက်အထိဝေးရမလဲ... အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ... ငါဒီလိုမျှော်လင့်ရင်းဝေးပြီ.... အချိန်တွေသာဒီလိုနဲ့လည်ပတ်ခဲ့/ ပါပြီ)2

သူနဲ့ကျွန်တော်.....

Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPic Image and video hosting by TinyPicImage and video hosting by TinyPic

Thursday, August 6, 2009

တဦးတည်းသောပရိသတ် ..................


အခုတလော ဘာမှမရေး ဖြစ်ဘူးဖြစ်နေတယ်........
အချိန်မရတာတွေကြောင့်ရော .....
ရေးဖို့ ကွန်ပျူတာမအားတာတွေကြောင့် မရေးဖြစ်ဘူးဖြစ်နေတယ်

ကောင်လေး နဲ့ ကောင်မလေး က တော့
အဆင်ပြေနေကြပါပြီ.....

တော်တော်လေး အဆင်ပြေနေတယ်လို့ပြောရမလားပဲ ....

ကောင်လေး က လဲ ကောင်မလေး ကို
တကယ့်ကို အသည်းအသန်ချစ်နေပြီလေ

ကောင်မလေး ကို အသေရရ အရှင်ရရ လိုချင်နေတဲ့ သူ

ကောင်မလေး က လဲ ကောင်လေး ကိုချစ်ရှာပါတယ်......

ဘယ်လိုချစ်တယ်ဆိုတာတော့ မပြောပြတတ်ဘူးဖြစ်နေတယ်


ကောင်လေး နဲ့ ကောင်မလေး ကတော့ အရင် လိုပါပဲ

အမြဲတမ်း ပုံမှန်ဖုန်းဆက်ကြတယ်လေ


ကောင်မလေး နေ့လည်ထမင်းစားချိန်တွေမှာဆက်တယ်
ပြီးရင်
ကောင်မလေး အလုပ်ဆင်းချိန်မှာဆက်တယ် ..


ကောင်မလေး အလုပ်ဆင်းချိန်ကစလို့ ဆက်လိုက်တာ

ကောင်မလေး အိမ်ပြန်ရောက်တဲ့အထိဆက်တာပေါ့

ကောင်မလေး အိမ်ပြန်ရောက်ပြီဆိုတော့ ဖုန်းမဆက်တော့ပါဘူး

နှစ်ယောက်သား အွန်လိုင်းမှာ ချိန်းတွေ့ကြပြန်ရော ........

တနေကုန်နီးပါးလောက်တွေ့နေရတယ်ဆိုပါတော့ ......
ဒါကိုလဲ နှစ်ယောက်လုံး အားမရနိုင်ဘူးဖြစ်နေသေးတယ် .....


ဒီလောက်တွေ့ရတာနဲ့ တင်မကျေနပ်နိုင်ကြဘူး

အပြင်မှာ မြန်မြန်တွေ့ချင်နေကြတယ်လေ........


ကံကြမ္မာကလဲ မတရားတာတွေကများနေပါပြီ ...........

ဒီလို ချစ်နေတဲ့ ကောင်လေး နဲ့ ကောင်မလေး ကို
အချိန်တွေ အကြာကြီးခွဲထားတယ်

အကြာကြီးလဲ သူ ထပ်ခွဲထားဦးမှာပဲ


ဘယ်လိုခွဲခွဲပါ.......... ကောင်မလေး နဲ့ ကောင်လေး အချစ်က
မြဲနေမယ်ဆိုရင်
ကံကြမ္မာကိုလဲ ဂရုစိုက်စရာမလိုပါဘူး.......

တနေ့နေ့ဆိုတဲ့ မျှော်လင့်ချက်တခုထဲ နဲ့
ကောင်မလေး နဲ့ ကောင်လေး တို့ နှစ်ယောက် တသက်စာ ချစ်နေလို့ရတယ်လေ


အဲ့ဒီတနေ့နေ့ ဆိုတာကိုရောက်ဖို့ .........

ဖြတ်သန်းရမယ့် အချိန်တွေက တော့ များလွန်းပါတယ် ......

ကောင်လေးက လဲ နားလည်တယ် ........... ကောင်မလေးကလဲ နားလည်တယ် ဘယ်လောက်အချိန်များများ စောင့်နေကြဖို့လဲ ...........
သဘောတူထားပြီးသားလေ


ဒါပေမယ့် တခုတော့ ရှိတယ် . . . . . .
ကောင်မလေးက မိန်းကလေးဆိုတော့ မိန်းကလေး တို့ရဲ့ သဘာဝ သ၀န်တိုတာ အူတိုတာတွေရှိတတ်တာမဆန်းပါဘူး .....

အဲ့ဒီလိုသ၀န်တိုတယ် အူတိုတယ်ဆိုတာကလဲ

တကယ် ချစ်တဲ့ မိန်းကလေး တိုင်းဖြစ်တတ်တဲ့ သဘာဝပဲလေ


ကောင်မလေးရဲ့ တခါတလေ သ၀န်တိုတာ အူတိုတာလေးတွေက

ချစ်စရာအရမ်းကောင်းတယ်လေ ..........


ဒါပေမယ့် တခါတလေကြပြန်တော့လဲ ......
သ၀န်တိုတာ အူတိုတာတွေက
ကောင်လေးနဲ့ ကောင်မလေး ကြား
ပြသာနာတွေဖြစ်ဖို့ ဖန်တီးလာသလိုဖြစ်သွားပြန်ရော ........


အဲလိုတွေဖြစ်သွားတဲ့ အခါကြရင်တော့ ထုံးစံအတိုင်းပေါ့ .......
ဇာတ်လမ်းတွေထဲကလို .......

မင်းသမီးကို မင်းသားက လိုက်ချော့ရပြန်တာပေါ့ ..........

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သံသရာလည်ပြီး ...............
ကောင်မလေး နဲ့ ကောင်လေး နဲ့ ပိုပိုချစ်လာကြတယ်.....


ဒီစာကိုဖတ်နေတဲ့ သူများ ယုံမလားတော့မသိဘူး
တခုပြောပြမယ်

ကောင်လေးက ကောင်မလေး ကိုသေလောက်အောင်ချစ်တာနော်...........


အဲ့ဒါကတော့ တကယ်........ အဲ့ဒီကောင်လေး အကြောင်း
ကျွန်တော် အသိဆုံးပဲလေ

အဲ့ဒီကောင်လေး ကိုယ်တိုင်တောင် သူ့အကြောင်းကို သူ
ကျွန်တော့်လောက်သိချင်မှသိမှာ .......


အဲ့လိုတွေသိနေလို့လဲ ကျွန်တော် ဒီလိုတွေရေးနိုင်တာပေါ့ ......

ကောင်မလေး အကြောင်းသိနေတဲ့ မိန်းကလေး တယောက်လဲရှိသေးတယ်
အဲ့ဒီမိန်းကလေး က တော့ ကျွန်တော့်လို မရေးနိုင်ဘူးဗျ
သူလဲ မအားဘူးထင်ပါတယ် ..........

အဲ့ဒီတော့ အဲ့ဒီ ကောင်မလေး နဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းကို ကျွန်တော်တယောက်ထဲရေးတာပေါ့ ..........
ရေးတဲ့ အခါမှာ ကျွန်တော်က ယောက်ကျားလေး ပြီးတော့
ကောင်လေး အကြောင်းလောက်ပဲ
တိတိကျကျသိတာလေ .........

အဲ့ဒီတော့ ကောင်မလေး အကြောင်းကို တိတိကျကျမရေးနိုင်ခဲ့ဘူး ...


ကောင်မလေး ရဲ့စိတ်ခံစားချက်တွေ...... ကောင်မလေး ရဲ့အချစ်တွေ
ကောင်မလေးရဲ့ မေတ္တာတွေ .......... အတိအကျကျွန်တော် မသိနိုင်ဘူး

တကယ်လို့ကျွန်တော်ထင်တဲ့အတိုင်းရေးလိုက်လို့ မှားသွားမှာလဲဆိုးရသေးတယ်
အဲ့ဒါကြောင့် အဲ့ဒီကောင်မလေး အကြောင်း ကို
တိတိကျကျ သိနေတဲ့ မိန်းကလေး ကို
ရေးစေချင်တာပါ.........

ဒါပေမယ့် အဲ့ဒီမိန်းကလေး ကလဲ ရေးမယ်လို့မထင်ပါဘူး.......
ကျွန်တော်ပဲဒီလိုဆက်ရေးနေမှာပါ...........
ဖတ်နေတဲ့ ပရိသတ်ကလဲ အခိုင်အမာ တယောက်တိတိရှိတယ် ဆိုတော့

ရေးရတဲ့ ကျွန်တော် အားရှိတာပေါ့ဗျာ .........


ဖတ်မယ့်သူတယောက်ထဲရှိတာတောင်
ကျွန်တော် ဘာလို့များ ကျေကျေနပ်နပ်ရေးနေမိပါလိမ့် ........

မထူးဆန်းပါဘူး ........


ဘာလို့လဲဆိုတော့ ........ ဖတ်နေတယ်ဆိုတဲ့ တယောက်က ........
ရေးနေတဲ့ ဒီဇာတ်လမ်း ထဲ က ကောင်မလေး ကိုယ်တိုင်ပဲ ........
နောက်တခု ..........
အဲ့ဒီကောင်မလေး အကြောင်း တိတိကျကျသိတဲ့ မိန်းကလေးဆိုတာကလဲ

အခုဖတ်နေတဲ့ ကျွန့်တော့်ရဲ့ တဦးတည်းသော ပရိသတ်.........


အဲ့ဒီတဦးတည်းသော ပရိသတ်ကလဲ ကောင်လေးရဲ့ ဘ၀ .............
ရှုပ်ကုန်ပြီထင်ပါတယ်.........

နားမလည်ဘူးဆိုရင် ဖတ်တဲ့ အခါပြန်မေးပေါ့ .....
နားလည်မယ်လို့ထင်ပါတယ် .......


ဒီနေ့တော့ ဒီလောက်ပဲပေါ့ .........
ဘာလို့ ဒီလောက်ပဲလို့ပြောလဲဆိုတော့ ........

ကောင်မလေး ဆီ ကောင်လေး ရဲ့ဂျူတီ ဖုန်းဆက်ရမယ့်အချိန်အရမ်းကိုနီးကပ်နေပြီလေ
အဲ့ဒီတော့ ကောင်လေး လွတ်လွတ်လပ်လပ်ဖုန်းဆက်ဖို့အတွက် ......
ကျွန်တော်က အလိုက်သိသိရှောင်ပေးရမှာမလို့ ............. ဆက်မရေးတော့ပါဘူး

ဖတ်နေတဲ့ တဦးတည်းသောပရိသတ် ရေ ..........
ကောင်လေး ဖုန်းဆက်တော့မှာမလို့ ဆက်မရေးဖြစ်တော့တာ .......... နားလည်ပေးပါ..........

နောက်နေ့တွေပေါ့ .................
ကောင်လေး ပြောတာလေး တခုဖတ်သွားပါဦး ...........


အရမ်းချစ်တယ်ကောင်မလေးရယ် ...........

0 comments:


ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ် ချစ်တယ်သဲရယ်